ဥရောပသတင်း

ရှုံးထွက်အဆင့်တက်ရောက်နိုင်မည့် ခြေစွမ်းပြသရမည်ဟု ဗန်ဟားလ်ပြောကြား

မန်ယူနည်းပြဗန်ဟားလ်က ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယနေ့ညတွင်ယှဉ်ပြိုင်ကစားမည့် ၀ုဖ်ဘတ်နှင့်ပွဲတွင် ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်မည့် ခြေစွမ်းမျိုး မဖြစ်မနေပြသနိုင်ရမည်ဟု ပြောကြားသွားခဲ့သည်။ နည်းပြဗန်ဟားလ်က ”အသင်းအတွက် နောက်တစ်ဆင့်တက်ဖို့ အရမ်းအရေးကြီးနေတဲ့အချိန်ပါ။ သူများရဲ့ ပွဲရလဒ်ပေါ်မှာ မှီခိုနေလို့မရပါဘူး။ ကလပ်လို၊ အသင်းလို၊ ကစားသမားလို၊ စိတ်သွင်းပြီး ခြေစွမ်းပြနိုင်ရမယ်” ဟုပြောကြားခဲ့သည်။ လက်ရှိအုပ်စု (ခ) အမှတ်ပေးဇယားတွင် မန်ယူအသင်းသည် ဒုတိယနေရာ၌...
Read More

လာဇီယိုကစားသမား ကီတာ ယူရိုပါလိဂ် ၄ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ

လာဇီယိုကစားသမား ကီတာဘယ်လ်ဒီဒိုင်အိုသည် ရိုဆန်ဘော့နှင့်ပွဲစဉ်တွင် အနီကတ်ပြသခံခဲ့ရသည့်အတွက် ၄ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံလိုက်ရကြောင်း သိရှိရသည်။ ထိုကစားသမားမှာ အနိုင်ရခဲ့သည့် အဆိုပါပွဲတွင် ပြိုင်ဘက်ကစားသမား ဟေးလ်လန့်နှင့် အချင်းများခဲ့ပြီး အနီကတ်ပြသခံခဲ့ရကာ ၁ ပွဲပယ်ပြစ်ဒဏ်ကျခံပြီးဖြစ်သော်လည်း ယခုထပ်မံချမှတ်ခံရသော ၄ ပွဲပယ်ပြစ်ဒဏ်ကြောင့် စိန့်အက်တီယန်နှင့်ကစားမည့်ပွဲ၊ နောက်တစ်ဆင့်တက်ရောက်ပြီးဖြစ်သော လာဇီယို၏ ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ၂ ကျော့လုံးကို ပါဝင်ခွင့်ရတော့မည်...
Read More

ချန်ပီယံလိဂ်တွင် အုပ်စုပထမနေရာရရေး အလွန်အရေးကြီးဟု ဂျူဗီနည်းပြ ဆို

ဂျူဗင်တပ်နည်းပြ အယ်လီဂရီက ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ပထမနေရာရရေးမှာ အလွန်အရေးကြီးသည်ဟု ပြောကြားလိုက်သည်။ ဂျူဗင်တပ်မှာ ဆီဗီလာနှင့်ကစားမည့် အုပ်စုနောက်ဆုံးပွဲတွင် သရေကျရုံဖြင့် အုပ်စုပထမနေရာရမည်ဖြစ်ပြီး အခြားအုပ်စုများမှ ပထမနေရာဖြင့် နောက်အဆင့်တက်လာမည့်အသင်းများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အယ်လီဂရီက” အုပ်စုပထမနေရာရဖို့ အရင်လုပ်ရမယ်။ အဲဒီနေရာရဖို့က အရမ်းအရေးကြီးတယ်။ ဘာစီလိုနာ၊ ရီးရဲလ်၊ ဘိုင်ယန်မြူးနစ်တို့က သူတို့အုပ်စုတွေမှာ ပထမနေရာယူပြီးတက်လာမှာ သေချာတယ်။ သူတို့တွေက...
Read More

မန်စီးတီး အုပ်စုဗိုလ်မဖြစ်နိုင်ဆိုသော ဝေဖန်မှုများကို ပယ်လီဂရီနီလက်မခံ

ယနေ့ညတွင်ကစားမည့် မန်စီးတီးအသင်းမှာ နောက်ဆုံး ၅ ပွဲရလဒ်တွင် ၃ ပွဲအရေးနိမ့်ခဲ့ပြီးနောက် အဂူရို၊ ကွန်ပနီတို့ ပါဝင်ရန်မသေချာသည့် ချန်ပီယံလိဂ်၌ အုပ်စုဗိုလ်ဖြစ်နိုင်ခြေမရှိဆိုသော ဝေဖန်မှုများကို လက်မခံကြောင်း နည်းပြပယ်လီဂရီနီက ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါနည်းပြက ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သော အာဆင်နယ်၊ ချဲလ်ဆီးနှင့် မန်ယူတို့သည်လည်း ယခုတစ်ပတ်ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲတွင် အောင်မြင်မှုရရှိနိုင်ရန်အတွက် မိမိတို့ကဲ့သို့ ကြိုးပမ်းရမည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။...
Read More

မန်ယူနှင့်ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ်ပွဲတွင် ဂတ်စ်တာဗို ပါဝင်ရန်မသေချာ

ဝုဖ်ဘတ်ကွင်းလယ်လူဂတ်စ်တာဗိုမှာ မန်ယူနှင့်ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်ကို ဒူးဒဏ်ရာကြောင့် ကြံ့ခိုင်မှုမပြည့်ဝသဖြင့် ပါဝင်ကစားရန် မသေချာကြောင်း သိရှိရသည်။ အဆိုပါဘိုင်ယန်မြူးနစ်ကစားသမားဟောင်း၏ ဒဏ်ရာပြဿနာနှင့်ပတ်သက်၍ ၀ုဖ်ဘတ်အားကစားဒါရိုက်တာ အောလော့ဖ်က အပြည့်အ၀ကြံ့ခိုင်မှုမရှိသေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ၀ုဖ်ဘတ်နည်းပြဟက်ကင်းက အဆိုပါဘရာဇီးကစားသမားကို မန်ယူနှင့်ပွဲတွင်ထည့်သွင်းရန်စီစဉ်ခဲ့သော်လည်း အားကစားဒါရိုက်တာ အောလော့ဖ်က ဒဏ်ရာအခြေအနေဆိုးရွားမှုမရှိစေရေးအတွက် ချန်လှပ်ရန် ပြောကြားထားသည်။ ဂတ်စ်တာဗိုသည် ပြီးခဲ့သည့်ဇွန်လတွင် အဆိုပါဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် ကြံ့ခိုင်မှုအပြည့်အ၀ရရှိရန်အတွက် ရုန်းကန်နေရသူဖြစ်သည်။...
Read More

လုံခြုံရေးအခြေအနေကြောင့် လာဇီယိုအသင်းပရိသတ်များ ယူရိုပါလိဂ်ပွဲစဉ်ကြည့်ရှုခွင့် ပိတ်ပင်ခံရ

ပြင်သစ်ကလပ် စိန့်အက်တီယန်၏ အိမ်ကွင်းတွင် ယူရိုပါလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမည့်ပွဲစဉ်တွင် လုံခြုံရေးအခြေ အနေအကြောင်းပြချက်အရ အဝေးကွင်းသို့သွားရောက်အားပေးမည့် လာဇီယိုအသင်းပရိသတ်များအနေဖြင့် ပွဲကြည့်ရှုခွင့်ပိတ်ပင်ခံရကြောင်း ယင်းစီးရီးအေအသင်းကသတင်းထုတ်ပြန်ခဲ့သည်။ အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခံရမှုများကြောင့် လူပေါင်း ၁၃၀ကျော် သေဆုံးခဲ့ပြီး ၄၀၀ နီးပါးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပဲရစ်မြို့အကြမ်းဖက်ခံခဲ့ရပြီးနော က် ပြင်သစ်လိဂ်-၁၊ လိဂ်-၂ ပွဲစဉ်များကို ပုံမှန်အတိုင်းအတိုင်း ယှဉ်ပြိုင်ကစားလျက်ရှိသော်လည်း နိုင်ငံတော်အဆင့် လုံခြုံရေးသတ်မှတ်မှုများကြောင့်...
Read More

ဥရောပအချမ်းသာဆုံးအသင်းအဖြစ် ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာနှင့် မန်ယူတို့အစဉ်လိုက်ဦးဆောင်

စပိန်လာလီဂါထိပ်တန်းအသင်းများဖြစ်သည့် ရီးရဲလ်နှင့် ဘာစီလိုနာတို့သည့် ဥရောပဘောလုံးကလပ်များထဲတွင် ငွေကြေးချမ်းသာမှုအများဆုံးအသင်းအဖြစ်ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်း ဘဏ္ဍာရေးစစ်တမ်းတစ်ခုအရသိရသည်။ ယင်းစစ်တမ်းအရ ရီးရဲလ်သည်ပေါင်၂.၁၆၁ ဘီလျံဖြင့် ပထမနေရာ ရရှိခဲ့ကာ ဘာစီလိုနာအသင်းက ပေါင် ၂.၀၉၅ ဘီလျံဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။ ဥရောပ၏ အချမ်းသာဆုံးအသင်းတတိယနေရာတွင် မန်ယူ၊ စတုတ္တနေရာတွင် မန်စီးတီးနှင့် ပဉ္ဇမနေရာတွင် ဘိုင်ယန်မြူးနစ်ကရပ်တည်လျက်ရှိကာ ချဲလ်ဆီးအသင်းမှာဆဋ္ဌမနေရာတွင်ရပ်တည်လျက်ရှိကြောင်းသိရသည်။ ယခုထုတ်ပြန်ခဲ့သောစာရင်းအရ ထိပ်တန်း၁၀ သင်းစာရင်းတွင်...
Read More

ယူရိုပါလိဂ် အုပ်စုပွဲစဉ်များမပြီးဆုံးမီ လီဗာပူးလ်၊ စပါးအပါအ၀င် အသင်းကြီးများရှုံးထွက်အဆင့်သို့တက်ရောက်

ယူရိုပါလိဂ် အုပ်စုပွဲစဉ် (၅) ကို ကြာသပတေးညက ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ အုပ်စုနောက်ဆုံးပွဲစဉ်များ ယှဉ်ပြိုင်မကစားမီ ၃၂ သင်းအဆင့်သို့ တက်ရောက်သွားနိုင်ခဲ့သည့်အသင်း စုစုပေါင်း ၁၅ သင်း ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။ အုပ်စု (က) တွင် တူရကီကလပ် ဖီနာဘာချီမှာ အုပ်စုအားဦးဆောင်နေသည့် မိုလ်ဒီကို အနိုင်ကစားနိုင်ခဲ့သဖြင့် ရှုံးထွက်အဆင့်သို့တက်ရောက်ရန် ဆဲလ်တစ်နှင့်အုပ်စုနောက်ဆုံးပွဲစဉ်မှာ အဓိကကျလာမည်ဖြစ်သည်။ မိုလ်ဒီအသင်းမှာ ဖီနာဘာချီအသင်းနှင့်ပွဲမတိုင်မီကပင်...
Read More

၁၆ သင်းအဆင့်သို့ အာဆင်နယ်ရောက်ရန် မလိုလားဟု မော်ရင်ညိုဖွင့်ဟ

ချဲလ်ဆီးနည်းပြမော်ရင်ညိုက ချန်ပီယံလိဂ်တွင် အာဆင်နယ်အသင်း ၁၆ သင်းအဆင့်သို့တက်ရောက်မည်ကို မလိုလားကြောင်း ပြောကြားလိုက်သည်။ အာဆင်နယ်မှာ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံပွဲတွင် အိုလံပီယာကော့စ်အိမ်ကွင်း၌ ၂ ဂိုးပြတ်အနိုင်ရရှိမည်ဆိုပါက နောက်တစ်ဆင့်တက်ရောက်နိုင်မည်ဖြစ်သည်။ သို့သော် မော်ရင်ညိုက ၎င်းနှင့်ကာလရှည်ကြာရင်းနှီးခဲ့သည့် နည်းပြမာကိုဆေးလ်ဗား၏ အိုလံပီယာကော့စ်အသင်းသာ ရှုံးထွက်အဆင့်သို့ရောက်ရှိရန်လိုလားကြောင်း ပြောကြားခဲ့သည်ဟု Daily Mirror က ဖော်ပြခဲ့သည်။ အဆိုပါပေါ်တူဂီလူမျိုးနည်းပြက ”အင်္ဂလိပ်အသင်းတွေ ပထမနေရာကနေ နောက်တစ်ဆင့်တက်ရင်...
Read More

မန်ယူအုပ်စုမှလွဲ၍ ချန်ပီယံလိဂ်နောက်တစ်ဆင့်တက်သည့်အသင်းများ ပေါ်ထွက်လာ

ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၅၊ ဒုတိယနေ့ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ အုပ်စု (ခ) မှအပ ကျန်အုပ်စု ၃ ခုတွင် ရှုံးထွက်အဆင့်သို့ တက်ရောက်သွားသည့်အသင်းများ အတိအကျ ပေါ်ထွက်လာပြီဖြစ်သည်။ အုပ်စု (က) တွင် ရီးရဲလ်မက်ဒရစ်နှင့် ပီအက်စ်ဂျီတို့ အုပ်စုပွဲစဉ်များ မပြီးဆုံးမီမှာပင် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး အုပ်စုဗိုလ်နေရာအတွက် ရီးရဲလ်မက်ဒရစ်က သေချာသွားခဲ့ပြီဖြစ်ကာ...
Read More
error: Content is protected !!