ဥရောပသတင်း

ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တက်ရောက်သည့် အသင်းများ ထပ်မံထွက်ပေါ်လာ

ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်များ၏ ဒုတိယနေ့ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းက ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ အသင်းကြီးအများစု ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြသည်။ အုပ်စု (င) ရိုးမားသည် ဘိုရီဆော့ဗ်ကို သရေသာ ကစားနိုင်ခဲ့ပြီး အခြားပွဲစဉ်တွင် လေဗာကူဆင်မှာလည်း ဘာစီလိုနာကို သရေကျခဲ့သဖြင့် ရမှတ်တူဖြစ်သွားခဲ့သည်။  ထိပ်တိုက်တွေ့ဆုံမှုတွင် ရိုးမားက လေဗာကူဆင်ကို အသာရထားသဖြင့် ရှုံးထွက်အဆင့်သို့ ရိုးမားက အုပ်စုဒုတိယဖြင့် တက်ရောက်သွားခဲ့ပြီး...
Read More

ယနေ့ညပွဲတွင် ရိုးမားအတွက် ဆာလာပြန်လည်ပွဲထွက်မည်

ဘိုရီဆော့ဗ်နှင့်ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဒဏ်ရာပြဿနာမှရုန်းထွက်ပြီး ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာသော ကွင်းလယ်လူဆာလာမှာ ရိုးမားနှင့်ပြန်လည်ပွဲထွက်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါဒဏ်ရာပြဿနာကြောင့် ဆာလာမှာ ပွဲစဉ် ၄ ပွဲလွဲချော်ခဲ့ရပြီးနောက် ဂါဗင်ဟို၊ တော့တီ၊ တိုရိုဆီဒစ်နှင့်  စထရော့မန်းတို့ဒဏ်ရာရရှိနေချိန်တွင် ပြန်လည်ပွဲထွက်နိုင်ခြင်းသည် ရိုးမားအတွက် အားတက်စရာဖြစ်လာခဲ့သည်။ ရိုးမားအသင်းသည် အုပ်စု(င)အမှတ်ပေးဇယားတွင် ဒုတိယနေရာ၌ရပ်တည်နေသော်လည်း တတိယနေရာမှ လေဗာကူဆင်နှင့်ရမှတ်တူညီနေပြီး ဘိုရီဆော့ဗ်နှင့် ၁ မှတ်သာကွာဟနေသောကြောင့် နောက်တစ်ဆင့်တက်ရောက်နိုင်ရန်အတွက် နိုင်ပွဲလိုအပ်နေသည်။...
Read More

ယနေ့ညတွင်ခြေစွမ်းပြနိုင်မည်ဟု ယုံကြည်ကြောင်း အာစင်ဝင်းဂါးပြောကြား

အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယနေ့ညတွင်ယှဉ်ပြိုင်ကစားမည့် အိုလံပီယာကော့စ်နှင့်ပွဲတွင်  ခြေစွမ်းပြနိုင်မည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့သည်။ အိုလံပီယာကော့စ်နှင့်ယှဉ်ပြိုင်မည့်ပွဲစဉ်နှင့်ပတ်သက်၍ အာစင်ဝင်းဂါးက ”ပြိုင်ဘက်နဲ့ရင်ဆိုင်တဲ့နေရာမှာ တက်တက်ကြွကြွကစားရပါလိမ့်မယ်။ ကျွန်တော်တို့ အပတ်တိုင်းဒီလိုပုံစံနဲ့ယှဉ်ပြိုင်ခဲ့တာပါ။ ကျွန်တော်တို့ပြိုင်ဘက်ကလည်း နောက်တစ်ဆင့်တက်နိုင်တဲ့အနေအထားပါ။ ဒါပေမဲ့ တုန်လှုပ်သွားအောင်ကစားနိုင်ရင်တော့ သူတို့အရေးနိမ့်နိုင်တယ်။ ကျွန်တော်တို့အတွက် အကောင်းဆုံးနည်းလမ်းက ကိုယ့်ခြေစွမ်းကို ယုံကြည်မှုရှိဖို့ပါပဲ” ဟု ပြောကြားခဲ့သည်။ အာဆင်နယ်မှာ အုပ်စု(စ)အမှတ်ပေးဇယားတွင် ဒုတိယနေရာမှ အိုလံပီယာကော့စ်နှင့် ၃...
Read More

ပေါ်တိုနှင့်ပွဲတွင် ဂျွန်တယ်ရီပါဝင်လာမည်ဟု သိရ

ချဲလ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီသည် ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပြီးနောက်ပိုင်း ပထမဆုံးအဖြစ် ချန်ပီယံလိဂ်နောက်တစ်ဆင့်တက်ရေး အဆုံးအဖြတ်ပွဲဖြစ်သည့် ပေါ်တိုနှင့်ပွဲတွင် ပါဝင်လာမည်ဟု သိရှိရသည်။ ဗဟိုနောက်ခံလူ တယ်ရီသည် စပါး၊ ဘုန်းမောက်တို့နှင့် ပရီးမီးယားလိဂ်ပွဲစဉ်များကို လွဲချော်ခဲ့ပြီးနောက် ယခုသီတင်းပတ်တွင် လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပြီး ဘရာဇီးကွင်းလယ်လူ ရာမီရက်စ်မှာလည်း ပါဝင်ကစားနိုင်မည်ဟု ဘီဘီစီက ဖော်ပြခဲ့သည်။ သို့သော် ပေါ်တိုတိုက်စစ်မှူးဟောင်း ဖယ်လ်ကာအိုမှာ အင်္ဂါနေ့လေ့ကျင့်ခန်းအစီအစဉ်တွင် အချိန်အနည်းငယ်သာပါဝင်နိုင်ခဲ့ပြီး ပါဝင်ကစားနိုင်မည်မဟုတ်ဟု...
Read More

နေမာပါဝင်ဖွယ်မရှိသည့် ယနေ့ညပွဲတွင် မက်ဆီပါဝင်ဖွယ်ရှိနေ

ဘာစီလိုနာတိုက်စစ်မှူးမက်ဆီသည် ချန်ပီယံလိဂ်နောက်တစ်ဆင့်တက်ရောက်ပြီးဖြစ်သည့် ဘာစီလိုနာနှင့် လေဗာကူဆင်တို့ပွဲတွင် ပွဲကြံ့ခိုင်မှုရရှိရန်အတွက် ပါဝင်ကစားဖွယ်ရှိကြောင်း သိရှိရသည်။ မက်ဆီသည် ဒူးဒဏ်ရာကြောင့် ၂ လကြာ အနားယူခဲ့ပြီးနောက် ၄ ပွဲ ပြန်လည်ကစားထားသော်လည်း တွဲဖက်တိုက်စစ်မှူးဖြစ်သူနေမာမှာ အင်္ဂါနေ့လေ့ကျင့်ခန်းအစီအစဉ်တွင် အသေးစားဒူးဒဏ်ရာရရှိခဲ့၍ ယခုပွဲကို ပါဝင်ကစားနိုင်ဖွယ်မရှိသည့်အတွက် မက်ဆီပါဝင်လာဖွယ်ရှိနေခြင်းဖြစ်သည်။ ဘာစီလိုနာမှာ ဒဏ်ရာကြောင့် နေမာမှာ မည်သည့်အတိုင်းအတာအထိအနားယူရမည်ကို မထုတ်ပြန်ခဲ့ပေ။ ဘာစီလိုနာတွင် ညာနောက်ခံလူ...
Read More

ချန်ပီယံလိဂ်တွင် ၁ ပွဲအတွင်း ၄ ဂိုးသွင်းယူနိုင်သည့် ပထမဆုံးရီးရဲလ်ကစားသမားအဖြစ် ရော်နယ်ဒိုစံချိန်တင်

ရီးရဲလ်တိုက်စစ်မှူးရော်နယ်ဒိုသည် ယမန်နေ့ကယှဉ်ပြိုင်ခဲ့သော မယ်လ်မိုနှင့်ချန်ပီယံလိဂ်ပွဲစဉ်တွင် ၄ ဂိုးသွင်းယူနိုင်ခဲ့သဖြင့် ချန်ပီယံလိဂ်ပွဲစဉ် ၁ ပွဲအတွင် ၄ ဂိုးသွင်းယူနိုင်သည့် ပထမဆုံးရီးရဲလ်ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သည်။ အဆိုပါပွဲတွင် ရီးရဲလ်မှာ မယ်လ်မိုက ၈-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရော်နယ်ဒိုသည် ပွဲချိန် ၃၉၊ ၄၇၊ ၅၀၊ ၅၈ မိနစ်တို့တွင် စံချိန်တင်နိုင်မည့် သွင်းဂိုးများရယူခဲ့ခြင်းဖြစ်သည်။ ရော်နယ်ဒိုသည်...
Read More

အသင်းပိုင်ရှင်က မိမိကိုထုတ်ပယ်မည်မဟုတ်ဟု မော်ရင်ညိုပြောကြား

ချဲလ်ဆီးနည်းပြမော်ရင်ညိုက ဆိုးရွားသည့်ရလဒ်များနှင့်ကြုံတွေ့နေရသော်လည်း ၎င်းကို အသင်းပိုင်ရှင်အေဘရာမိုဗစ်မှ အဆင်ခြင်မဲ့ထုတ်ပယ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ နည်းပြမော်ရင်ညိုက ”ကျွန်တော်ဒီအသင်းအတွက် ကောင်းတာတွေအများကြီး လုပ်ပေးခဲ့ပြီးပြီ။ ဒါကြောင့် အသင်းပိုင်ရှင်က နည်းပြနောက်တစ်ယောက်ပြောင်းမယ်လို့ ကျွန်တော်မထင်ဘူး။ အေဘရာမိုဗစ်ရဲ့ယုံကြည်မှု ၂ ကြိမ်ရခဲ့ပါတယ်။ တစ်ကြိမ်က ကျွန်တော့်ကို ပြန်ခေါ်ခဲ့တာဖြစ်ပြီး နောက်တစ်ကြိမ်ကတော့ အခုနွေရာသီမှာ ၄ နှစ်စာချုပ်သစ် ချုပ်ခဲ့တာပါပဲ။ ဒီနေ့ညကစားမယ့် ချန်ပီယံလိဂ်ပွဲရလဒ်က အရေးကြီးတာကျွန်တော်သိတယ်။...
Read More

တိုးတက်ကောင်းမွန်သည့်အသင်းဖြစ်ခဲ့သည်ဟု ဗန်ဟားလ်ပြောကြား

ယမန်နေ့က ယှဉ်ပြိုင်ခဲ့သော ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွင် မန်ယူအသင်းမှာ ၀ုဖ်ဘတ်ကို ၃-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့သော်လည်း နည်းပြဗန်ဟားလ်က ယခုနှစ်တွင်တိုးတက်ကောင်းမွန်သည့်အသင်းဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ နည်းပြဗန်ဟားလ်က ”အခုအချိန်မှာ ကျွန်တော့်ကိုယ်ကျွန်တော် ကာကွယ်ပြီးပြောနေမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တွေ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရလို့ပါ။ ဒါပေမဲ့ အမှန်တရားတစ်ခုကတော့ ပြီးခဲ့တဲ့နှစ်ကထက် ပိုကောင်းလာတယ်ဆိုတာပါပဲ။ အခုနှစ် Capital One ဖလားပြိုင်ပွဲမှာလည်း ကျွန်တော်တို့...
Read More

ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှ နောက်တစ်ဆင့်တက်အသင်းများနှင့် ဆက်လက်ရုန်းကန်ရမည့်အသင်းများ

ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်များ၏ ပထမနေ့ပွဲများကို ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့ရာတွင် နာမည်ကြီးမန်ယူမှာ နောက်တစ်ဆင့်နှင့်လွဲချော်ခဲ့ကာ ကျန်အသင်းများမှာ အောက်ပါအခြေအနေများနှင့် ကြုံတွေ့ခဲ့သည်။ အုပ်စု (က) အုပ်စု (က) တွင် ရီးရဲလ်မက်ဒရစ်က မယ်လ်မိုကို ဂိုးပြတ်အနိုင်ရခဲ့ပြီး အုပ်စုပထမနေရာသေချာခဲ့သည်။ အခြားတစ်ဖက်တွင် မယ်လ်မိုအသင်းရှုံးနိမ့်ခဲ့သဖြင့်  ရှက်တာဒိုးနက်မှာ အုပ်စုဒုတိယနေရာရခဲ့သည့် ပီအက်စ်ဂျီကို ရှုံးနိမ့်ခဲ့သော်လည်း ယူရိုပါလိဂ်တွင် ကစားခွင့်ရခဲ့သည်။ အုပ်စု(ခ)...
Read More

အလှည့်ကျကစားသမားသုံးစွဲမည်ဖြစ်သော်လည်း လက်ရှိခြေစွမ်းဆက်ထိန်းမည်ဟု ဘင်နီတက်ဇ်ပြောကြား

ရီးရဲလ်နည်းပြဘင်နီတက်ဇ်က ယနေ့ညတွင် မယ်လ်မိုနှင့်ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲ၌ အလှည့်ကျကစားသမားစနစ်သုံးစွဲမည်ဖြစ်သော်လည်း မူလခြေစွမ်းကိုထိန်းသိမ်းသွားမည်ဟု ပြောကြားခဲ့သည်။ မယ်လ်မိုနှင့်ပွဲနှင့်ပတ်သက်၍ နည်းပြဘင်နီတက်ဇ်က ”ဒီနေ့ညကစားမယ့်ပွဲက အလှည့်ကျကစားသမားသုံးစွဲခွင့်ရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့တစ်သမတ်တည်းရည်ရွယ်ချက်က နိုင်ပွဲရဖို့ဖြစ်ပြီး ဒါတွေအားလုံးအဆင်ပြေဖို့ ကြိုးပမ်းမှာပါ။ အလှည့်ကျကစားသမား သုံးစွဲတာကလည်း ဗီလာရီးရဲလ်နဲ့ပွဲမှာ ရလဒ်ကောင်းဖို့အတွက်ပါပဲ” ဟု ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ရီးရဲလ်မှာ ဘာစီလိုနာနှင့်ယှဉ်ပြိုင်ခဲ့သည့် အယ်လ်ကလက်စီကိုရှုံးပွဲအပြီးတွင် ပုံမှန်ခြေစွမ်းရရန်ပြန်လည်ရုန်းကန်ခဲ့ပြီးနောက်...
Read More
error: Content is protected !!