ဥရောပသတင်း

တစ်ရာသီအတွင်း ၅ ဦးမြောက်နည်းပြကို ၁ ပွဲတာဝန်ယူအပြီး တူရကီကလပ်ထုတ်ပယ်

တူရကီအဆင့်မြင့်တန်းကလပ် ဂျီစလာဘီလီအသင်းသည် ယခုဘောလုံးရာသီတွင် ၅ ဦးမြောက်နည်းပြအဖြစ် ခန့်အပ်ထားသူအား ၁ ပွဲကိုင်တွယ်အပြီးတွင် ထုတ်ပယ်လိုက်ကြောင်း သိရှိရသည်။ အသက် ၆၂ နှစ်အရွယ်ရှိ ဂျီစလာဘီလီနည်းပြ ယီမက်ဇ်ဗူရယ်လ်သည် အသင်းအား ၆ ရက်သာ ကိုင်တွယ်ခွင့်ရခဲ့ပြီး အဝေးကွင်းတွင် ၂-၀ ဖြင့်အရေးနိမ့်ခဲ့သည့်ပွဲစဉ်ကိုသာ ကြီးကြပ်ခွင့်ရခဲ့သည်။ ဂျီစလာဘီလီမှာ စူပါလိဂ်တွင် ပြိုင်ပွဲဝင် ၁၈ သင်းရှိသည့်အနက်...
Read More

ချန်ပီယံလိဂ်အုပ်စုအဆင့် အကောင်းဆုံးအသင်းတွင် ဘာစီလိုနာတိုက်စစ်မှူးများ မပါဝင်ခဲ့

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက် နောက်ဆုံးဆန်ကာတင် ၃ ဦးစာရင်းတွင်ပါဝင်ခဲ့သော ဘာစီလိုနာတိုက်စစ်မှူး၂ ဦးဖြစ်သည့် မက်ဆီနှင့်နေမာတို့သည် ယူအီးအက်ဖ်အေကထုတ်ပြန်ခဲ့သော ချန်ပီယံလိဂ်အုပ်စုအဆင့်အကောင်းဆုံး ၁၁ ယောက်စာရင်း၌ မပါဝင်ခဲ့ကြောင်းသိရပြီး ဘာစီလိုနာအတွက် အုပ်စုပွဲစဉ်များတွင် ၅ ဂိုးသွင်းပေးနိုင်ခဲ့သော ဆွာရက်ဇ်လည်းမပါဝင်ခဲ့ကြောင်းသိရသည်။ မက်ဆီ၊ နေမာနှင့် ဆွာရက်ဇ် ဦးဆောင်သော ၃ ဦးတွဲတိုက်စစ်သည် ဘာစီလိုနာအတွက် ယခုရာသီ၌ သွင်းဂိုးအရေအတွက် ၄၆ ဂိုးရရှိထားပြီး...
Read More

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် အာဆင်နယ်-ဘာစီလိုနာ၊ ပီအက်စ်ဂျီ-ချဲလ်ဆီးတို့တွေ့ဆုံနေ

ယနေ့တွင်ကျင်းပပြုလုပ်ခဲ့သော ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် မဲခွဲမှုပြီးစီးခဲ့ရာ အာဆင်နယ်အသင်းမှာဘာစီလိုနာနှင့်ထပ်မံတွေ့ဆုံနေပြီး ချဲလ်ဆီးအသင်းမှာ ပီအက်စ်ဂျီနှင့် ထပ်မံတွေ့ဆုံခြင်းကြောင့်၃ ရာသီဆက် တွေ့ဆုံမှုအဖြစ် ရင်ဆိုင်ရမည်ဖြစ်သည်။ အုပ်စုပွဲစဉ်အတွင်း အုပ်စုပထမနေရာဖြင့် ယခုအဆင့်သို့တက်ရောက်လာသော ပရီးမီးယားလိဂ်ကလပ်မန်စီးတီးမှာ ယူကရိန်းကလပ် ဒိုင်နမိုကိဗ်နှင့်ယှဉ်ပြိုင်ရမည်ဖြစ်ကာ ရိုးမားမှာ လာလီဂါထိပ်သီး ရီးရဲလ်နှင့်တွေ့ဆုံခဲ့သောကြောင့် ရုန်းကန်ရမည့်အနေအထားဖြစ်နေသည်။ ပြီးခဲ့သည့်နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် တွေ့ဆုံခဲ့သော ဂျူဗင်တပ်နှင့် ဘိုင်ယန်မြူးနစ်တို့မှာ ယခုနှစ်...
Read More

ယူရို၂၀၁၆ပြိုင်ပွဲတွင် အင်္ဂလန် ရလဒ်ကောင်းမွန်ခဲ့လျှင် ရွိုင်းဟော့ဒ်ဆန်အား အက်ဖ်အေ စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိ

ယူရို၂၀၁၆ပြိုင်ပွဲတွင် အင်္ဂလန်အသင်းအားဦးဆောင်မည့်နည်းပြ ရွိုင်းဟော့ဒ်ဆန်အနေဖြင့် ရလဒ်ကောင်းရရန် ဦးဆောင်ပေးနိုင်လျှင် ၂၀၁၈ ကမ္ဘာ့ဖလားအထိစာချုပ်သစ်ချုပ်ဆိုဖွယ်ရှိကြောင်းအက်ဖ်အေအကြီးအကဲတစ်ဦးဖြစ်သူ မာတင်ဂလန်းက BBC အားကစားသတင်းအစီအစဉ်သို့ပြောကြားခဲ့သည်။ ရွိုင်းဟော့ဒ်ဆန်သည် အင်္ဂလန်နည်းပြအဖြစ် ၂၀၁၂ ခုနှစ်က စတင်ထမ်းဆောင်ခဲ့ပြီး လက်ရှိစာချုပ်မှာ ၂၀၁၆ ယူရိုပြိုင်ပွဲအပြီးတွင်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ မာတင်ဂလန်းက ဟော့ဒ်ဆန်နှင့်ပတ်သက်၍ ” အကယ်၍ယူရိုပြိုင်ပွဲမှာကောင်းမွန်တဲ့စွမ်းဆောင်ရည်ပြသနိုင်မယ်ဆိုရင် သူ့ကိုကျွန်တော်တို့ ၂၀၁၈ ခုနှစ်အထိဆက်လက်ခန့်အပ်သွားမှာပါ။ခုပြိုင်ပွဲမှာကောင်းမွန်တဲ့ရလဒ်ရရှိမယ်လို့လည်းယုံကြည်ပါတယ်။ တကယ်လို့ဒီယူရိုပြိုင်ပွဲမှာအင်္ဂလန်အသင်းအနေနဲ့တိုးတက်မှုတစ်စုံတစ်ရာရှိတယ်ဆိုရင် ဟော့ဒ်ဆန်က အင်္ဂလန်နည်းပြနေရာအတွက်သင့်တော်နေမှာဖြစ်ပြီးနောက်ထပ်လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲအထိ...
Read More

အင်္ဂလန်အသင်းအခက်တွေ့နိုင်သည့် ယူရို၂၀၁၆ပြိုင်ပွဲ အုပ်စုမဲခွဲပွဲပြီးစီး

ပြင်သစ်နိုင်ငံ၌ကျင်းပမည့် ယူရို ၂၀၁၆ ပြိုင်ပွဲအတွက် အုပ်စုပွဲစဉ်များရွေးချယ်ပြီးစီးခဲ့ရာ အုပ်စု (ခ)၌ အင်္ဂလန်သည် ဝေးလ်နှင့် ရုရှား၊စလိုဗက်ကီးယားတို့နှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်ရာ အုပ်စုမှ လွတ်မြောက်နိုင်ရန် အခက်တွေ့နိုင်သည်။ အုပ်စု(ခ)၌ ယှဉ်ပြိုင်ရမည့်အခြား ၂ သင်းမှာ ရုရှားနှင့် စလိုဗက်ကီးယားတို့ဖြစ်ပြီး ယူရိုပြိုင်ပွဲတွင်ပထမဆုံးအကြိမ်စတင်ယှဉ်ပြိုင်မည့် မြောက်အိုင်ယာလန်သည် အုပ်စု (ဂ)တွင်ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီ၊ ပိုလန်၊ ယူကရိန်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စု(င)တွင်...
Read More

နည်းပြဟောင်းကလော့ပ်နှင့်ရင်ဆိုင်ရန် ကြောက်ရွံ့နေမည်မဟုတ်ဟု ဒေါ့မွန်နည်းပြပြောကြား

ဒေါ့မွန်နည်းပြတူချယ်က လာမည့်ယူရိုပါလိဂ် ၃၂ သင်းရှုံးထွက်အဆင့်တွင် နည်းပြဟောင်းကလော့ပ်၏ လီဗာပူးအသင်းနှင့်တွေ့ဆုံခဲ့မည်ဆိုပါက ကြောက်ရွံ့နေမည်မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း ထိပ်တိုက်မတွေ့ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ လီဗာပူးမှာ ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဆီယွန်ကို ဂိုးမရှိသရေရလဒ်သာကစားနိုင်ခဲ့သော်လည်း ရမှတ် ၁၀ မှတ်ဖြင့် ရှုံးပွဲမရှိကစားကာ အုပ်စုပထမအဖြစ် နောက်တစ်ဆင့်တက်ရောက်ခဲ့ပြီး ဒေါ့မွန်မှာ ဂရိကလပ် PAOK ကိုအရေးနိမ့်ခဲ့သောကြောင့် ဒုတိယနေရာဖြင့် ၃၂ သင်းအဆင့်သို့...
Read More

နာပိုလီ၏ ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဟီဂူအင်ကိုအနားပေးမည်

နာပိုလီသည် လီဂီယာဝါဆောနှင့်ယှဉ်ပြိုင်မည့် ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွင် တိုက်စစ်မှူးဟီဂူအင်အား အနားပေးသွားမည်ဖြစ်ကြောင်းသိရသည်။ နာပိုလီမှာ ယူရိုပါလိဂ်အုပ်စု(ဃ)၏ အဆင့် ၁ နေရာတွင်ရပ်တည်ရန်သေချာနေသည့်အတွက် လီဂီယာဝါဆောနှင့် ယှဉ်ပြိုင်မည့် ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွင် ကစားသမားအပြောင်းအလဲများ ပြုလုပ်သွားမည်ဖြစ်သည်။ ထို့အပြင် အသင်း၏ထိပ်တန်းဂိုးသွင်းရှင်ဖြစ်သည့် ဟီဂူအင်ကို တနင်္ဂနွေနေ့တွင် ရိုးမားအသင်းနှင့်ယှဉ်ပြိုင်မည့်စီးရီးအေပွဲစဉ်အတွက် အနားပေးခဲ့ခြင်းဖြစ်သည်။ နာပိုလီသည် ဂိုးသမား ရေနာနှင့် အသင်းခေါင်းဆောင် ဟမ်ဆစ်ခ်တို့ကိုလည်း အနားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။...
Read More

စတာရစ်ခ်ျနေရာတွင် ဝင်ရောက်ကစားရန်အသင့်ရှိဟု လီဗာပူးတိုက်စစ်မှူး အိုရီဂီပြောကြား

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့သည့် နယူးကာဆယ်နှင့်လီဗာပူးပွဲစဉ်တွင်  တိုက်စစ်မှူးစတားရစ်ခ်ျဒဏ်ရာရရှိခဲ့ရာ အိုရီဂီအနေဖြင့် ယူရိုပါလိဂ်ပွဲစဉ်တွင် အဓိကတိုက်စစ်မှူးအဖြစ် ပွဲထွက်ခွင့်ရဖွယ်ရှိသည်။ လီဗာပူးအသင်းသို့ ပေါင် ၉ သန်းဖြင့်ရောက်ရှိလာသည့် အသက် ၂၀ အရွယ် ဘယ်လ်ဂျီယံတိုက်စစ်မှူးအိုရီဂီသည် ပြီးခဲ့သည့် ကပ်ပီတယ်ဝမ်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင် ခြေစွမ်းပြကာ ဆောက်သမ်တန်ဘက်သို့ ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။ လီဗာပူးတိုက်စစ်မှူးတစ်ဦးဖြစ်သည့် ဘန်တီကီမှာလည်း ပုံမှန်ခြေစွမ်းအောက်ရောက်နေသောကြောင့် ယနေ့ညယှဉ်ပြိုင်မည့် ဆီယွန်နှင့်ပွဲစဉ်တွင် အိုရီဂီမှာ...
Read More

ဂုဏ်သိက္ခာအတွက် ၁၆ သင်းအဆင့်သို့ရောက်ရန် ကြိုးပမ်းခဲ့ကြသည်ဟု မော်ရင်ညို ပြောကြား

ချဲလ်ဆီးနည်းပြမော်ရင်ညိုက ပေါ်တိုနှင့်ယှဉ်ပြိုင်ခဲ့သည့်ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲတွင် အသင်းကစားသမားများမှာ ဂုဏ်သိက္ခာအတွက် ရှုံးထွက်အဆင့်တက်ရောက်နိုင်ရန်ကြိုးပမ်းခဲ့ကြခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါပွဲတွင် ချဲလ်ဆီးမှာ ပေါ်တိုကို အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ခ်ျ၌ ၂-၀ ဂိုးရလဒ်ဖြင့်အနိုင်ယူခဲ့သောကြောင့် အုပ်စု(ဆ)၏ ဦးဆောင်သူအဖြစ် ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ အသင်းကစားသမားများ၏ ကြိုးပမ်းမှုနှင့်ပတ်သက်၍ နည်းပြမော်ရင်ညိုက ”အခုပွဲအနိုင်ရဖို့ သူတို့ တကယ့်ကိုကြိုးပမ်းခဲ့ကြတာပါ။ သူတို့ဂုဏ်သိက္ခာအတွက် ကြီးမားတဲ့ထိုက်တန်မှုပါပဲ။ သူတို့အားလုံး ယူရိုပါလိဂ်ကိုမသွားချင်သလို အထူးသဖြင့်...
Read More

အာဆင်နယ်၏ ပြီးပြည့်စုံသည့်စွမ်းဆောင်မှုဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး ဆို

အိုလံပီယာကော့စ်ကိုအနိုင်ရရှိကာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့သည့်ပွဲအပြီးတွင် အာစင်ဝင်းဂါးက အာဆင်နယ်မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သည်ဟု ပြောခဲ့သည်။ အာဆင်နယ်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အေသင်တွင်ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် ပြင်သစ်တိုက်စစ်မှူး အိုလီဗီယာဂီရော့ဒ်၏ ဟက်ထရစ်ဖြင့် အနိုင်ရရှိခဲ့ပြီး ရှုံးထွက်အဆင့်ကို ၁၆ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့သည်။ အာဆင်နယ်၏ အကောင်းဆုံးနိုင်ပွဲအဖြစ် မှတ်ယူပါသလားဟု ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကမေးမြန်းခဲ့ရာ...
Read More
error: Content is protected !!