ဥရောပသတင်း
ပရီးမီးယားလိဂ်
မန်ယူနည်းပြဗန်ဟားလ်က ၎င်း၏အသင်းသည် မစ်ဂျေလန်းကို ၂-၁ ရှုံးနိမ့်ခဲ့ရခြင်းမှာ မာဖီဥပဒေသအရဖြစ်ကြောင်း ပြောကြားခဲ့သည်။ မာဖီဥပဒေသဆိုသည်မှာ မကောင်းသည့်ကိစ္စတစ်ခုခုကြုံရမည်ဟု ကံကြမ္မာကသတ်မှတ်ထားပါက ရှောင်လွှဲ၍မရခြင်း သို့မဟုတ် မည်သည့်ကိစ္စရပ်တွင်မဆို မထင်မှတ်ထားသည့်လွဲချော်မှုများ ဖြစ်လာနိုင်သည်ဟူသော အတွေးအခေါ်ပင်ဖြစ်သည်။ မန်ယူသည် ထိုပွဲတွင် ဒီပေး၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အိမ်ရှင်အသင်းမှ ဆစ်တို၏ချေပဂိုး၊ လူစားဝင်ကစားသမား အိုနူအာချူ၏အနိုင်ဂိုးများကို ပြန်လည်ခွင့်ပြုခဲ့ရပြီး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရကစားသမား ၁၃...
Read More
ဥရောပသတင်း
စပါးဂိုးသမား ဟူဂိုလိုရစ်သည် ပခုံးဒဏ်ရာကြောင့် ဖီအိုရင်တီးနားနှင့် ယနေ့ကစားမည့် ယူရိုပါလိဂ် ၃၂ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း သိရှိရသည်။ ပြင်သစ်လက်ရွေးစင် အသက် ၂၉ နှစ်အရွယ် ထိုဂိုးသမားသည် မန်စီးတီးအနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ယခုဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး တနင်္ဂနွေနေ့တွင် အက်ဖ်အေဖလား ပဉ္စမအဆင့်အဖြစ် ခရစ္စတယ်ပဲလေ့စ်နှင့်ကစားရမည့်ပွဲကိုလည်း လွဲချော်မည်ဖြစ်သည်။ စပါးနည်းပြ ပိုချက်တီနိုက”ဒဏ်ရာအကြီးစား မဟုတ်ပါဘူး။ အသေးစားဒဏ်ရာလေးပါ။...
Read More
ဥရောပသတင်း
ရိုးမားနည်းပြစပယ်လက်တီက ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်တွင် ရီးရဲလ်ကစားသမားရော်နယ်ဒိုကို ပိတ်ဆို့ကစားရန်အစီအစဉ်မရှိကြောင်း ပြောကြားလိုက်သည်။ ရိုးမားသည်ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်များတွင် ၁၆ ဂိုးအထိခွင့်ပြုထားရသော်လည်း စပယ်လက်တီက ရော်နယ်ဒို တစ်ဦးတည်းကို လူကပ်ကစားစေခြင်းဖြင့် ရိုးမားကစားသမားများ၏အင်အားကို အလဟဿအဖြစ်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော့်ကစားသမား ၃ ယောက်လောက်သုံးပြီး ရော်နယ်ဒိုကိုလူကပ်ကစားခိုင်းမှာမဟုတ်ပါဘူး။ ကျွန်တော့်ကစားသမားတစ်ယောက်ဟာ ရော်နယ်ဒိုရဲ့ခြေစွမ်း ၃ ပုံ ၁ ပုံပဲရှိတာမဟုတ်ပါဘူး။ အဲဒီလိုသာဆိုရင် သူတို့နဲ့ကစားဖို့ ကျွန်တော်တို့ကစားသမား...
Read More
ဥရောပသတင်း
ရီးရဲလ်တိုက်စစ်မှူးရော်နယ်ဒိုသည် အင်္ဂါနေ့ကပြုလုပ်သော ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ယခုဘောလုံးရာသီ၌ ၎င်း၏အဝေးကွင်းမှတ်တမ်းနှင့်ပတ်သက်၍ မေးမြန်းခံရမှုကြောင့် ဒေါသတကြီးထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။ အသက် ၃၁ အရွယ်ရော်နယ်ဒိုသည် ယခုဘောလုံးရာသီတွင် ရီးရဲလ်အတွက် ၃၂ ဂိုးသွင်းယူထားနိုင်သော်လည်း အဝေးကွင်းပွဲစဉ်များတွင် နိုဝင်ဘာလ ၂၉ ရက်နေ့ကတည်းက ဂိုးပေါက်ပျောက်ဆုံးနေခဲ့သည်။ “စပိန်ကို ကျွန်တော်ရောက်ပြီးကတည်းက ဘယ်သူကများကျွန်တော့်ထက် အဝေးကွင်းမှာ ဂိုးပိုသွင်းနိုင်ခဲ့လဲ။ ကျွန်တော့်ထက်ပိုသွင်းနိုင်တဲ့ ကစားသမားရှိရင်ပြောပါ။ မဖြေနိုင်ဘူးလား။...
Read More
ဥရောပသတင်း
ကွင်းလယ်လူဗာရာတီသည် ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းတိုးခဲ့သဖြင့် အသင်းနှင့်အတူ ၂၀၂၀ ခုနှစ်အထိဆက်လက်ရှိနေမည်ဖြစ်သည်။ ပီအက်စ်ဂျီ၏အဓိကကစားသမားတစ်ဦးဖြစ်သော အသက် ၂၃ နှစ်အရွယ်ရှိ အဆိုပါကစားသမားသည် ၂၀၁၂ ခုနှစ်က ပက်စ်ကာရာအသင်းမှ ပြောင်းရွှေ့လာခဲ့ပြီး ယခုဘောလုံးရာသီတွင် အသင်းအတွက် ၂၆ ပွဲထိပါဝင်ကစားပေးထားခဲ့သည်။ “အသင်းနဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် ကျွန်တော်အရမ်းပျော်ပါတယ်။ စရောက်ကတည်းက ကျွန်တော့်ကို ယုံကြည်မှုရှိရှိ နေရာပေးခဲ့တဲ့အတွက်လည်း အသင်းကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ပဲရစ်မြို့ကိုရော ပီအက်စ်ဂျီအသင်းကိုရော...
Read More
ဥရောပသတင်း
ဥရောပထိပ်သီးကလပ်များက ချန်ပီယံလိဂ်ကို သင့်လျော်သောအပြောင်းအလဲအချို့ပြုလုပ်ရန် ဆွေးနွေးတိုင်ပင်လျက်ရှိကြောင်း သိရသည်။ ဥရောပအသင်းများအဖွဲ့အစည်း (ECA) က ၂၀၁၈ ခုနှစ်မတိုင်မီ ပိုမိုကောင်းမွန်သော ပြောင်းလဲမှုများကို UEFA နှင့်တိုင်ပင်၍ ပြုလုပ်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။ ECA၏ ဥက္ကဋ္ဌတစ်ဦးဖြစ်သူ ရူမင်နစ်ဂီက အီတလီ၊ အင်္ဂလန်၊ စပိန်၊ ဂျာမနီနှင့် ပြင်သစ်စသော ထိပ်သီးလိဂ် ၅ ခုမှ အသင်းပေါင်း...
Read More
ဥရောပသတင်း
ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်များအတွက် ချဲလ်ဆီးအသင်းမှ ကစားသမား ၂၅ ယောက်စာရင်းထုတ်ပြန်ခဲ့ရာ တိုက်စစ်မှူးဖယ်လ်ကာအိုမှာ လူစာရင်းမှ ချန်လှပ်ခံခဲ့ရကြောင်း သိရသည်။ ပေါင်ခြံဒဏ်ရာကြောင့် အောက်တိုဘာလကတည်းက အနားယူနေရသော ကိုလံဘီယာလက်ရွေးစင်တိုက်စစ်မှူးဖယ်ကာအိုနေရာတွင် အငှားစာချုပ်ဖြင့် ခေါ်ယူထားသော တိုက်စစ်မှူးသစ်ပါတိုဖြင့် အစားထိုးခဲ့ခြင်းဖြစ်သည်။ အသက် ၂၉ နှစ်အရွယ်ရှိ အဆိုပါတိုက်စစ်မှူးမှာ ၂၀၁၅ ဇူလိုင်လတွင် မိုနာကိုမှ ချဲလ်ဆီးသို့ တစ်ရာသီအငှားစာချုပ်ဖြင့်ပြောင်းရွှေ့ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ၁...
Read More
ကမ္ဘာ့သတင်း
အာဆင်နယ်ကစားသမား အိုဇဲလ်သည် ၅ နှစ်အတွင်း ၄ ကြိမ်မြောက်အဖြစ် ဂျာမနီအကောင်းဆုံးဘောလုံးသမားဆု မဲပေးရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။ ကမ္ဘာ့ဖလားဆုရှင် အိုဇဲလ်သည် ယခုရာသီတွင် အာဆင်နယ်၏ပရီးမီးယားလိဂ်အိပ်မက်ကို အဓိကအသက်သွင်းပေးနေသူဖြစ်ပြီး အာဆင်နယ်တွင်လည်း တစ်လတာအကောင်းဆုံးကစားသမားဆု ၃ လဆက်တိုက်ရရှိထားကာ ယခုအချိန်တွင် နိုင်ငံအသင်း၏တစ်နှစ်တာဆုအား ထပ်မံရရှိခဲ့ခြင်းဖြစ်သည်။ အိုဇဲလ်သည် ယူရို-၂၀၁၆ ခြေစစ်ပွဲတစ်လျှောက် ဂျာမနီအတွက် တစ်ပွဲသာပါဝင်ကစားခြင်းမရှိခဲ့ဘဲ တစ်နှစ်တာအကောင်းဆုံးဂျာမန်ဘောလုံးသမားဆုအတွက် မဲအားလုံး၏...
Read More
စီးရီးအေ
ပီအက်စ်ဂျီ၌ ပုံမှန်ပွဲထွက်ခွင့်ရရန်ရုန်းကန်နေရသဖြင့် ယခုအပြောင်းအရွှေ့ကာလတွင် အသင်းပြောင်းရန်နီးစပ်လျက်ရှိသော တောင်ပံကစားသမားလာဗက်ဇီ၏ အေးဂျင့်ဖြစ်သူမက်ဇိုနီက ချဲလ်ဆီးနှင့်ဆွေးနွေးရန်ရှိသည်ဟု ပြောကြားလိုက်သည်။ အဆိုပါအာဂျင်တီးနားလက်ရွေးစင်ကစားသမား၏ ပီအက်စ်ဂျီနှင့်လက်ရှိချုပ်ဆိုထားသောစာချုပ်သက်တမ်းမှာ လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ဥရောပထိပ်သီးကလပ်များဖြစ်သော ဂျူဗင်တပ်၊ အင်တာမီလန်၊ အာဆင်နယ်၊ လီဗာပူး၊ စပါးတို့မှ ခေါ်ယူရန်ဆက်သွယ်လျက်ရှိကြောင်းသိရသည်။ အဆိုပါအသင်းများအနက် ချဲလ်ဆီးနှင့်အင်တာမီလန်မှာ လာဗက်ဇီကိုခေါ်ယူရန် စိတ်ဝင်စားမှုပိုသော အသင်းများဖြစ်ခဲ့ပြီး အဆိုပါကစားသမားနှင့်ပတ်သက်၍ အေးဂျင့်ဖြစ်သူက ”အခုအချိန်မှာ လာဗက်ဇီကိုခေါ်ဖို့...
Read More
ဥရောပသတင်း
ပီအက်စ်ဂျီနည်းပြ လောရင့်ဘလန့်က ဥရုဂွေးကစားသမားကာဗာနီက ပွဲထွက်တိုက်စစ်မှူးအဖြစ်ကစားခွင့်ရရန် တောင်းဆိုမှုကို လိုက်လျောမပေးနိုင်ဟုဆိုခဲ့သဖြင့် လက်ရှိအသင်းမှ ထွက်ခွာဖွယ်ရှိနေကြောင်း သိရှိရသည်။ ကာဗာနီမှာ ၂၀၁၃ ခုနှစ်က နာပိုလီမှ ပီအက်စ်ဂျီသို့ ပေါင် ၅၅ သန်းဖြင့် ပြောင်းရွှေ့လာချိန်မှစကာ အီဘရာဟီမိုဗစ်၏အရန်အဖြစ် ကစားနေရပြီး ၎င်းပိုမိုနှစ်သက်သော ဗဟိုတိုက်စစ်မှူးနေရာထက် တောင်ပံတိုက်စစ်တွင်သာ ကစားခွင့်ရခဲ့သည်။ လောရင့်ဘလန့်က အာဆင်နယ်၊ မန်ယူတို့၏ဆက်သွယ်ခြင်းခံနေရသော ကာဗာနီ၏အပြုအမူမှာ...
Read More