ဥရောပသတင်း
ဥရောပသတင်း
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်၌ ၂-၀ ဖြင့်အနိုင်ရထားခဲ့သော်လည်း ရီးရဲလ်နည်းပြဇီဒန်းက ဒုတိယအကျော့ပွဲစဉ်တွင် ရိုးမားအသင်းကို လျှော့တွက်၍ပေါ့ဆစွာမကစားရန် အသင်းသားများကိုတိုက်တွန်းပြောကြားလိုက်သည်။ “ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့အခွင့်အရေးရှိနေပြီဖြစ်လို့ စိတ်လှုပ်ရှားမိတာတော့အမှန်ပါပဲ။ ဒါပေမဲ့ လာမယ့်ပွဲအတွက် အာရုံစိုက်ထားဖို့လိုပါတယ်။ ရိုးမားဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး သူတို့ရဲ့တိုက်စစ်မှူးတွေကလည်း အရမ်းကောင်းကြပါတယ်။ ကောင်းကောင်းမကစားနိုင်ရင် ကျွန်တော်တို့ကျန်ခဲ့နိုင်ပါတယ်။ ရိုးမားမှာအခွင့်အရေးမရှိတော့ဘူးလို့ပြောလို့မရပါဘူး”ဟု ဇီဒန်းကဖွင့်ဟသွားခဲ့သည်။ စီးရီးအေပြိုင်ပွဲတွင် နောက်ဆုံး ၇...
Read More
ပရီးမီးယားလိဂ်
ချဲလ်ဆီး၊ မန်ယူ၊ မန်စီးတီး၊ လီဗာပူးနှင့် အာဆင်နယ်စသော ပရီးမီးယားလိဂ်ထိပ်သီးအသင်းများသည် ချန်ပီယံလိဂ်ပြိုင်ပွဲအနာဂတ်နှင့် အသင်းကြီးများကိုတိုက်ရိုက်ဝင်ခွင့်ပြုစေမည့် အဆိုပြုချက်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း ဖွင့်ဟသွားခဲ့သည်။ ဥရောပအသင်းကြီးအချို့ကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင်မူလအတိုင်း အမှတ်ပေးဇယားအဆင့်သတ်မှတ်ချက်ဖြင့် ၀င်ရောက်သောအသင်းများသာမက ဘောလုံးလောက၏နာမည်ကြီးအသင်းများအား အဆင့်သတ်မှတ်ချက်ကိုမကြည့်ဘဲ ၀င်ခွင့်ပြုစေရန်အတွက် အကြံပြုချက်များရှိခဲ့သည်။ သို့သော် မန်ယူ၊ လီဗာပူးနှင့် ချဲလ်ဆီးတို့မှာ ပရီးမီးယားလိဂ်တွင် ထိပ်ဆုံး ၄ စာရင်းဝင်ရန်...
Read More
ဥရောပသတင်း
မန်စီးတီးသည် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပထမအကျော့ပွဲစဉ်တွင် ဒိုင်နမိုကိဗ်အသင်းကို အဝေးကွင်းတွင် ၁-၃ ဖြင့်အနိုင်ရခဲ့သော်လည်း နည်းပြပယ်လီဂရီနီက အပိုင်တွက်မရသေးသဖြင့် ဒုတိယအကျော့တွင် ပေါ့ဆစွာမကစားရန် ပြောကြားခဲ့သည်။ အဆိုပါပွဲတွင် ယာယာတိုရေး၏နောက်ကျဂိုးဖြင့် အဝေးဂိုး ၃ ဂိုး ရရှိခဲ့သောကြောင့် မန်စီးတီးသည် ကွာတားဖိုင်နယ်အဆင့်သို့ ပထမဆုံးအကြိမ်တက်ရောက်နိုင်ရန် နီးစပ်သွားခဲ့ပြီဖြစ်သည်။ “ကျွန်တော်အရမ်းပျော်ပါတယ်။ ဒီရလဒ်ဟာ အရမ်းကောင်းတဲ့ရလဒ်ပါ။ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပြီး...
Read More
ဥရောပသတင်း
လီဗာပူးနည်းပြယာဂင်ကလော့ပ်သည် တနင်္ဂနွေနေ့တွင်ကစားမည့် လိဂ်ဖလားဗိုလ်လုပွဲမတိုင်မီ ဒဏ်ရာမှပြန်လည်သက်သာလာသော တိုက်စစ်မှူးစတာရစ်ခ်ျနှင့် ကွင်းလယ်တိုက်စစ်ကော်တင်ညိုတို့ကို ယူရိုပါလိဂ်ပွဲစဉ်တွင် စွန့်စားအသုံးပြုဖွယ်ရှိနေသည်။ လီဗာပူးသည် မန်စီတီးနှင့်ယှဉ်ပြိုင်ကစားမည့်အဆိုပါဗိုလ်လုပွဲမတိုင်မီ ဂျာမနီကလပ်အော့စ်ဘက်အသင်းနှင့် ယနေ့ည၌ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့ကစားရန်ရှိနေသည်။ “အချိန်အကြာကြီးနားနေခဲ့ရတဲ့ စတာရစ်ခ်ျနဲ့ ကော်တင်ညိုတို့ဟာ အခုကစားမယ့်ပွဲစဉ်တွေမှာ အသင်းဟန်ချက်ထိန်းဖို့အတွက် အရေးကြီးတဲ့ကစားသမားတွေပါ”ဟု ပြောကြားခဲ့သည်။ ယခုတစ်ပတ်အတွင်းကစားမည့်ပွဲစဉ်များသည် လီဗာပူး၏ ယခုနှစ်ရာသီအောင်မြင်မှုကို အဆုံးအဖြတ်ပေးဖွယ်ရှိနေသော...
Read More
လာလီဂါ
အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီက လာလီဂါနှင့် ချန်ပီယံလိဂ်မျှော်မှန်းချက်များ ဟန်ချက်မျှစေရန်အတွက် တစ်ပွဲချင်းစီကိုသာ အာရုံစိုက်ကစားရန် အသင်းသားများအား တိုက်တွန်းလိုက်သည်။ အက်သလက်တီကိုမှာ ယခုရာသီတွင် လာလီဂါ၌ ဒုတိယနေရာတွင် ရပ်တည်နေသော်လည်း ဥရောပတွင် အောင်မြင်မှုရရန်မှာ ပိုမိုအလားအလာကောင်းသည်ဟု ယူဆထားသည့် ဆီမြွန်နီက ၎င်းအနေဖြင့် တစ်ပွဲချင်းစီအတွက်သာ တွေးတောသွားမည်ဟု ဖွင့်ဟခဲ့သည်။ “ဗိုလ်လုပွဲကိုရောက်ဖို့အတွက်က ပြည်တွင်းအမှတ်ပေးပွဲမှာ ဗိုလ်စွဲဖို့ထက် ကစားရတဲ့ပွဲ ပိုနည်းပါတယ်။...
Read More
ဥရောပသတင်း
ဒိုင်လူကြီးကိုအနီကတ်ပြသဖြင့် ထုတ်ပယ်ခံခဲ့ရသော နောက်ခံလူဆာလီဒါဆမ်ကို ထောက်ခံကြောင်း ထရက်ဇွန်စပါးအသင်း၏ပရိသတ်များက ဆန္ဒထုတ်ဖော်ခဲ့သည်။ ထရက်ဇွန်စပါးအသင်းမှ ဆာလီဒါဆမ်သည် ဂါလာတာစာရေးအသင်းကို ၂-၁ ဖြင့်ရှုံးနိမ့်ခဲ့သည့်ပွဲ၌ ဒိုင်လူကြီးဒန်းနစ်ဘစ်နယ်ကို အနီကတ်ပြန်လည်ပြသခဲ့သဖြင့် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။ အနီကတ်မှာ မြေကြီးပေါ်သို့လွတ်ကျချိန်တွင် ၎င်းကကောက်ယူကာ ဒိုင်လူကြီးကိုပြသခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ထိုပွဲအတွင်း ၄ ယောက်မြောက်ထုတ်ပယ်ခံရသော ကစားသမားလည်းဖြစ်သည်။ သို့သော်ဒါဆမ်၏အပြုအမူကို ပရိသတ်များကထောက်ခံခဲ့ပြီး အဆိုပါပွဲအတွင်း ဒိုင်လူကြီးဘစ်နယ်၏ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍လည်း ဝေဖန်ခဲ့ကြသည်။...
Read More
ပရီးမီးယားလိဂ်
အင်္ဂါနေ့တွင်ကစားမည့် ဘာစီလိုနာနှင့်ပွဲစဉ်တွင် အာဆင်နယ်အတွက်ပွဲထွက်ကစားမည့် ဆန်းချက်ဇ်က ဘာစီလိုနာမှ အာဆင်နယ်သို့ပြောင်းရွှေ့ခဲ့သည့်အတွက် နောင်တမရကြောင်း ပြောဆိုသွားခဲ့သည်။ ဆန်းချက်ဇ်သည် ၂၀၁၄ ဇူလိုင်လက ဘာစီလိုနာမှ အာဆင်နယ်သို့ ပေါင် ၃၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းဟောင်းနှင့်ထိပ်တိုက်ရင်ဆိုင်ရမည်မှာ စိတ်လှုပ်ရှားစရာကောင်းကြောင်း ၀န်ခံသွားခဲ့သည်။ “ကျွန်တော့်ဆုံးဖြတ်ချက်အတွက် နောင်တမရပါဘူး။ ဘာစီလိုနာကိုစွန့်ခွာဖို့ မလွယ်ကူခဲ့ပါဘူး။ ဒါပေမဲ့ အသင်းတစ်သင်းတည်းမှာပဲ အနားယူတဲ့အထိကစားတဲ့ ကစားသမားမျိုးက...
Read More
ပရီးမီးယားလိဂ်
မန်ယူဂိုးသမားဒီဂီယာသည် ဒူးဒဏ်ရာကို ဓာတ်မှန်ရိုက်စစ်ဆေးခဲ့ပြီးနောက် ပြင်းထန်မှုမရှိဟူသော ရလဒ်ထွက်ပေါ်လာသဖြင့် ဒဏ်ရာပြဿနာကြုံနေရသော မန်ယူအတွက် စိတ်သက်သာရာရစေခဲ့သည်ဟု သိရှိရသည်။ အဆိုပါစပိန်ဂိုးသမားသည် မစ်ဂျေလန်းနှင့်ကစားခဲသည့် ယူရိုပါလိဂ်ပွဲစဉ်မတိုင်မီ သွေးပူလေ့ကျင့်ခန်းဆင်းရာ၌ ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး သောကြာနေ့က ဓာတ်မှန်ရိုက်စစ်ဆေးရာတွင် ဒူးဒဏ်ရာမှာပြင်းထန်မှုမရှိကြောင်း မန်ယူဆေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ ဒီဂီယာသည် ယခုဒဏ်ရာကြောင့် တနင်္လာနေ့အက်ဖ်အေပွဲစဉ်တွင် ပါဝင်ရန် မသေချာသေးသော်လည်း လာမည့်ကြာသပတေးနေ့တွင် အိမ်ကွင်း၌ကစားရမည့် မစ်ဂျေလန်းနှင့် ယူရိုပါလိဂ်ဒုတိယအကျော့ပွဲစဉ်တွင်...
Read More
ပရီးမီးယားလိဂ်
မန်စီးတီးနည်းပြ ပယ်လီဂရီနီက တနင်္ဂနွေနေ့တွင်ကစားမည့် ချဲလ်ဆီးနှင့် အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်ထက် ချန်ပီယံလိဂ်ပွဲစဉ်အား ပိုမိုဦးစားပေးသွားမည်ဟု ဖွင့်ဟပြောကြားလိုက်သည်။ မန်စီးတီးသည် ကက်ပီတယ်ဝမ်းဖလားဗိုလ်လုပွဲမကစားမီ ၄ ရက်အလို လာမည့်ဗုဒ္ဓဟူးနေ့တွင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် ဒိုင်နမိုကိဗ်နှင့် ပထမအကျော့ အဝေးကွင်းပွဲစဉ်ကစားရမည်ဖြစ်သည်။ ပယ်လီဂရီနီက”နောက်တစ်ပွဲအတွက်က အမြဲတမ်းဦးစားပေးပါပဲ။ ဒါပေမဲ့ ဒဏ်ရာရကစားသမားများနေလို့ ခြွင်းချက်တော့ ထားရပါမယ်။ ကျွန်တော်တို့အသင်းမှာ...
Read More
ဥရောပသတင်း
အင်္ဂါနေ့ညက ပီအက်စ်ဂျီကို ၂-၁ ဖြင့်ရှုံးနိမ့်ခဲ့သောပွဲစဉ်အပြီးတွင် ချဲလ်ဆီးကစားသမား ဖာဘရီဂတ်စ်နှင့် ပြိုင်ဘက်တိုက်စစ်မှူး အီဘရာမိုဗစ်တို့ အပြန်အလှန်စကားများခဲ့ကြကြောင်း သိရှိရသည်။ အီဘရာမိုဗစ်သည် ပွဲကစားချိန်အတွင်း ချဲလ်ဆီးကစားသမားများကို ပြောဆိုခဲ့ခြင်းများနှင့်ပတ်သက်၍ ချဲလ်ဆီးအသင်းသားများက မကျေမနပ်ဖြစ်ခဲ့ပြီး ကွင်းတွင်းမှထွက်ခွာချိန်တွင် ဖာဘရီဂတ်စ်က အီဘရာမိုဗစ်ကို ပြန်လည်ရှင်းလင်းပြောဆိုရန် ဒေါသတကြီးတောင်းဆိုခဲ့သည်။ ဖာဘရီဂတ်စ်၏ပြောဆိုမှုကို အီဘရာမိုဗစ်က ကနဦးတွင်နှုတ်ဆိတ်နေခဲ့ပြီးနောက် ပြန်လည်ချေပပြောဆိုခဲ့ပြီး အခြားချဲလ်ဆီးကစားသမားများနှင့်လည်း အပြန်အလှန်စကားများခဲ့ကြောင်းသိရသည်။ ထိုပွဲတွင်ပီအက်စ်ဂျီအတွက်...
Read More