ဥရောပသတင်း
ဥရောပသတင်း
ပြီးခဲ့သည့် ၅၅ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ချန်ပီယံလောင်းစာရင်းတွင် ပါဝင်နိုင်အောင် အစွမ်းပြနေသည့် စပါးကလပ်မှ ကစားသမား ၄ ဦးသည် ဂျာမနီနှင့်ကစားမည့် ခြေစမ်းပွဲတွင် အင်္ဂလန်အသင်း ပွဲထွက်လူစာရင်း၌ ပါဝင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။ ဒန်နီရို့စ်မှာ ဘယ်နောက်ခံလူအဖြစ် ဂျာမနီကိုရင်ဆိုင်ခွင့်ရမည်ဖြစ်ကာ အသင်းဖော် ဒါလီအလိုင်းနှင့် အဲရစ်ဒိုင်ယာတို့မှာ ကွင်းလယ်တွင် ပွဲထွက်ရမည်ဖြစ်ပြီး ပရီးမီးယားလိဂ်တွင် သွင်းဂိုး ၂၁...
Read More
ဥရောပသတင်း
အိုင်ယာလန်နည်းပြမာတင်အိုနေးလ်က ယူရို ၂၀၁၆ ပြိုင်ပွဲကာလအတွင်း ရုပ်ဆိုးသောဇနီးနှင့် ချစ်သူများကို ကစားသမားများတည်းခိုရာဟိုတယ်သို့ လာရောက်လည်ပတ်ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ သတင်းစာရှင်းလင်းပွဲတစ်ခု၌ ယူရို ၂၀၁၆ ပြိုင်ပွဲကာလအတွင်း ကစားသမားများ၏ ဇနီးနှင့် ချစ်သူများကို ပြင်သစ်တွင် ၎င်းတို့အခြေစိုက်မည့်ဟိုတယ်သို့ လာရောက်လည်ပတ်ခွင့်ပြုမည်လောဟု မေးမြန်းခဲ့သည့်အပေါ် အိုနေးလ်က “အဲဒီအဖြေက သူတို့ဇနီးတွေ၊ ကောင်မလေးတွေ ဘယ်လောက်ကြည့်ကောင်းလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ တကယ်ဆွဲဆောင်မှုရှိတဲ့သူတွေဆိုရင်တော့ လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။...
Read More
ဥရောပသတင်း
ဆောက်သမ်တန်နောက်ခံလူ ရိုင်ယန်ဘာထရန်သည် ဒဏ်ရာကြောင့် စနေ့နေ့တွင်ကစားမည့် ဂျာမနီအသင်းနှင့် ခြေစမ်းပွဲစဉ်အတွက် အင်္ဂလန်လူစာရင်းမှ ချန်လှပ်ခံခဲ့ရကြောင်းသိရသည်။ အသက် ၂၆ နှစ်အရွယ် ဘာထရန်သည် ဆောက်သမ်တန်က လီဗာပူးကိုအနိုင်ရခဲ့သည့် တနင်္ဂနွေနေ့ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ယခုရက်သတ္တပတ်အတွင်း လက်ရွေးစင်အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ခြင်းမရှိဘဲ ဆေးကုသမှုခံယူရန်အတွက် ၎င်း၏ကလပ်သို့ပြန်ခဲ့ရသည်။ အင်္ဂလန်အသင်းသည် ဂျာမနီသို့သွားရောက်ကစားမည့်ခြေစမ်းပွဲအပြီးတွင် ဟော်လန်နှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အင်္ဂလန်နည်းပြရွိုင်းဟော့ဒ်ဆန်က ဘာထရန်၏နေရာတွင် လူစားထိုးမှုပြုလုပ်ခြင်းမရှိခဲ့ချေ။...
Read More
ဥရောပသတင်း
ဂျူဗင်တပ်တိုက်စစ်မှူး မာရီယိုမန်ဇူကစ်သည် အသင်းဟောင်းဘိုင်ယန်မြူးနစ်နှင့်ကစားမည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ပွဲထွက်ကစားနိုင်ရန် မသေချာကြောင်း သိရသည်။ ဂျူဗင်တပ်သည် ပထမအကျော့အိမ်ကွင်းပွဲစဉ်တွင် ၀-၂ ဖြင့်ရှုံးနိမ့်နေရာမှ ပွဲပြီးချိန်တွင် ၂-၂ သရေရလဒ်ထွက်ပေါ်အောင် ကစားနိုင်ခဲ့သော်လည်း ယနေ့ညကစားမည့် ဒုတိယအကျော့ပွဲစဉ်တွင် အဓိကကစားသမားများဖြစ်သော ဒိုင်ဘာလာနှင့် မာချီစီယိုတို့လည်း ပါဝင်နိုင်ခြင်းမရှိသောကြောင့် အနည်းငယ်အားလျော့ဖွယ်ရှိနေသည်။ ဘိုင်ယန်မြူးနစ်မှာ ၎င်း၏အားထားရသောကစားသမားများဖြစ်သည့် ရော်ဘင်နှင့်လီဝန်ဒေါစကီးတို့ကို...
Read More
လာလီဂါ
ဘာစီလိုနာနည်းပြ လူးဝစ်အန်းနရစ်က နည်းပြများကို ကာလရှည်စာချုပ်များ ချုပ်ဆိုခန့်အပ်ခြင်းအား အဆုံးသတ်ကာ ၆ လစာချုပ်များဖြင့် ခန့်အပ်သင့်သည်ဟု ၎င်း၏အမြင်ကို ထုတ်ဖော်ပြောကြားခဲ့သည်။ ရိုးမားနှင့် ဆဲလ်တာဗီဂိုတို့တွင် နည်းပြတာဝန်ယူခဲ့ဖူးသူ အန်းနရစ်မှာ ၂၀၁၄ မှစ၍ တာဝန်ယူခဲ့သည့် ဘာစီလိုနာ၌ ဖလား ၅ လုံးရယူပေးထားသူဖြစ်ကာ”၆ လထက် မပိုတဲ့စာချုပ်နဲ့သာ အဲဒီအသင်းတွေမှာ တာဝန်ယူခဲ့ရရင် အခုအချိန်မှာလိုပဲ အောင်မြင်မှာပါ။...
Read More
ဥရောပသတင်း
မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီသည် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဒိုင်နမိုကိဗ်နှင့်ယှဉ်ပြိုင်သည့်ပွဲ၌ ခြေသလုံးဒဏ်ရာရရှိခဲ့သဖြင့် အနည်းဆုံး ၁ လ နားရမည်ဖြစ်ကြောင်း သိရှိရသည်။ ဘယ်လ်ဂျီယံလက်ရွေးစင် ကွန်ပနီသည် ယခုရာသီပရီးမီးယားလိဂ်တွင် ၁၃ ပွဲသာ ပွဲထွက်ကစားထားပြီး ၂၀၀၈ ခုနှစ်က မန်စီးတီးသို့ရောက်ရှိလာပြီးနောက် ခြေသလုံးဒဏ်ရာ ၁၄ ကြိမ်ရရှိထားသည်။ “ကွန်ပနီက ခြေသလုံးကြွက်သားဒဏ်ရာ ထပ်ရခဲ့ပါတယ်။ အရင်ကရခဲ့တဲ့ ဒဏ်ရာမျိုးပါပဲ။ ရာသီကျန်ပွဲစဉ်...
Read More
ပရီးမီးယားလိဂ်
အာဆင်နယ်နှင့် ဝေးလ်ကွင်းလယ်လူ အာရွန်ရမ်ဆေးမှာ ပေါင်ဒဏ်ရာကြောင့် ၄ ပတ်ကြာအနားယူရမည်ဟု သိရှိရသည်။ ထို့ကြောင့် ၎င်းမှာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေပွဲစဉ်များအပြင် မြောက်အိုင်ယာလန်၊ ယူကရိန်းတို့နှင့်ကစားမည့် ဝေးလ်လက်ရွေးစင်အသင်း၏ ခြေစမ်းပွဲများကိုပါ လွဲချော်ရမည်ဖြစ်သည်။ အသက် ၂၅ နှစ်အရွယ် ထိုကစားသမားမှာ ဟူးလ်စီးတီးကို ၄ ဂိုးပြတ်အနိုင်ရခဲ့သည့် အင်္ဂါနေ့ပွဲစဉ်တွင် ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး ၄ ပတ်အနားယူရမည်ဆိုသည်ကို...
Read More
ပရီးမီးယားလိဂ်
မန်ယူမှာ ပြိုင်ပွဲ ၃ ရပ်တွင် ယှဉ်ပြိုင်နေရဆဲဖြစ်သည့်အတွက် မန်ယူတွင် ၎င်း၏နည်းစနစ်များ အောင်မြင်ကြောင်း ဗန်ဟားလ်က ထုတ်ဖော်ပြောကြားလိုက်သည်။ ပရီးမီးယားလိဂ် အဆင့် ၆ နေရာမှ မန်ယူမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရနေရာနှင့် ၃ မှတ်ကွာဟနေပြီး တနင်္ဂနွေနေ့တွင် ၀က်စ်ဟမ်းကို အက်ဖ်အေပြိုင်ပွဲ၌ အိမ်ရှင်အဖြစ် လက်ခံကစားရမည်ဖြစ်သည်။ ထို့နောက် ကြာသပတေးနေ့တွင် ယူရိုပါလိဂ် ၁၆ သင်းအဆင့်...
Read More
ဥရောပသတင်း
စပါးနည်းပြ ပိုချက်တီနိုက ဒေါ့မွန်ကို ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ရင်ဆိုင်ရာတွင် ပွဲထွက်လူစာရင်းအပြောင်းအလဲ ၇ နေရာအထိ ပြုလုပ်ခဲ့သော်လည်း ၃ ဂိုးပြတ်အရေးနိမ့်ခဲ့သည့်အတွက် နောင်တရခြင်းမရှိဟု ဖွင့်ဟပြောကြားလိုက်သည်။ ပရီးမီးယားလိဂ်ချန်ပီယံလောင်းစာရင်းတွင် ပါဝင်နေသော ယူရိုပါလိဂ်ပွဲကစားခဲ့သည့် စပါးတွင် ပိုချက်တီနိုက အဓိကတိုက်စစ်မှူး ဟာရီကိန်းကို အရန်စာရင်းတွင် ထည့်သွင်းခဲ့သည်။ သို့သော်”ရလဒ်ပိုင်းအတွက် ကျွန်တော်အရမ်းစိတ်ပျက်တယ်။ တော်တော်ဆိုးရွားတဲ့နေ့ဖြစ်ပေမယ့် ဒီရလဒ်ကို...
Read More
ပရီးမီးယားလိဂ်
မန်ယူနည်းပြဗန်ဟားက ချန်ပီယံလိဂ်ပြိုင်ပွဲမှ ယူရိုပါလိဂ်တွင် ယှဉ်ပြိုင်ကစားရသည့်အဆင့်သို့ လျှောကျခဲ့ခြင်းအပေါ် ဝေဖန်လျက်ရှိသူများကို မန်ယူအသင်းရွှေထီးဆောင်းခဲ့သည့်အတိတ်မှ ရုန်းမထွက်နိုင်သူများဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ လီဗာပူးနှင့် ယူရိုပါလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်ကို ယနေ့ကစားမည့်မန်ယူသည် ဥရောပတွင်ဒုတိယအဆင့်ပြိုင်ပွဲဖြစ်သော ယူရိုပါလိဂ်ကို နှစ် ၂၀ အတွင်း ဒုတိယအကြိမ်မြောက် ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ ဒီဇင်ဘာလက ၀ုဖ်ဘတ်ကိုရှုံးနိမ့်ကာ ချန်ပီယံလိဂ်မှထွက်ခဲ့ရပြီး ယူရိုပါလိဂ်ပြိုင်ပွဲသို့ကူးပြောင်းယှဉ်ပြိုင်ခဲ့ရခြင်းအပေါ် အသင်းခေါင်းဆောင်ဟောင်းဖာဒီနန်နှင့် တိုက်စစ်မှူးမိုက်ကယ်အိုဝင်တို့က ဝေဖန်မှုများပြုလုပ်ထားခဲ့သည်။...
Read More