ဥရောပသတင်း

နည်းပြကိုဗက်အား ခရိုအေးရှားဘောလုံးအဖွဲ့ချုပ် ရာထူးမှ ထုတ်ပယ်

ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖြစ်သူ ဒေးဗာဆူကာက ယူရို-၂၀၁၆ခြေစစ်ပွဲစဉ်ရလဒ်များဆိုးရွားနေ ခြင်းကြောင့် နည်းပြဖြစ်သူကိုဗက်နှင့် လမ်းခွဲခဲ့ပြီဖြစ်ကြောင်း မီဒီယာများထံအတည်ပြုပြောကြားခဲ့သည်။ ယူရို ၂၀၁၆ခြေစစ်ပွဲတွင်အုပ်စု(ဇ) အီတလီ၊ နော်ဝေအသင်းတို့နှင့်အတူ ခြေစစ်ပွဲအောင်မြင်ရန်သေချာနေခဲ့ပြီဖြစ် သော်လည်း ခြေစစ်ပွဲစဉ်သုံးပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့ခြင်းကြောင့် ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်အနေဖြင့် နည်းပြကိုဗက်နှင့် လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ခရိုအေးရှားအသင်းသည် နောက်ဆုံးကစားခဲ့သည့် ခြေစစ်ပွဲစဉ်သုံးပွဲတွင် အီတလီ၊ အဇာဘိုင်ဂျန်တို့နှင့်သရေ ကျခဲ့ပြီး နော်ဝေအသင်းအားအရေးနိမ့်ခဲ့ခြင်းကြောင့် အမှတ်ပေးဇယားအဆင့်-၃နေရာသို့ဆင်းပေးခဲ့ရသည်။ နည်းပြကိုဗက်အား ရာထူးမှထုတ်ပယ်ခဲ့ပြီဖြစ်ကြောင်း...
Read More

စကော့တလန် နည်းပြအဖြစ် ဂေါ်ဒွန်စတာချန် ဆက်လက်ရှိနေနိုင်

ယူရို-၂၀၁၆ခြေစစ်ပွဲဝင်စကော့တလန်ဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သူအလန်မက်ရီက အသင်းအနေဖြင့် ခြေစစ်မအောင်မြင်ခဲ့ပါကလည်း လက်ရှိနည်းပြဖြစ်သူ ဂေါ်ဒွန်စတာချန်အား ဆက်လက်တာဝန်ပေးခန့်အပ်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ စကော့တလန်အသင်းအနေဖြင့် ဂျာမနီ၊ ပိုလန်၊ အိုင်ယာလန် အစရှိသည့် ဥရောပထိပ်သီးအသင်းများနှင့်အတူ အုပ်စု(ဃ)အတွင်း ကျရောက်ခဲ့ပြီး ပွဲစဉ်-၈ပြီးချိန်တွင် ရမှတ် ၁၁မှတ်သာရရှိထားပြီး Play-Off ၀င်ခွင့်ရရှိမည့် အဆင့်သုံးနေရာမှ အိုင်ယာလန်အသင်းနှင့် လေးမှတ်ကွာ အဆင့်လေးနေရာ၌ ရပ်တည်လျက် ရှိနေသည်။ “နည်းပြဂေါ်ဒွန်အနေနဲ့...
Read More

ဂရယ်လစ်ခ်ျအား ရွိုင်းဟော့ဆန် စည်းရုံးနေကြောင်း အိုင်ယာလန်နည်းပြစွပ်စွဲ

အိုင်ယာလန်လက်ရွေးစင်နည်းပြဖြစ်သူ မာတင်အိုနေးလ်က အင်္ဂလန်လက်ရွေးစင်နည်းပြဖြစ်သူ ရွိုင်းဟော့ဆန် အနေဖြင့် ဗီလာကွင်းလယ်ကစားသမားဖြစ်သူဂရယ်လစ်ခ်ျအား လက်ရွေးစင်အသင်းအဖြစ်ရွေးချယ်ရာတွင်အင်္ဂ လန်အသင်းကို ရွေးချယ်ရန် သွေးဆောင်စည်းရုံးနေကြောင်း စွပ်စွဲပြောကြားလိုက်သည်။ မိခင်ဖြစ်သူဘက်မှအဖိုးဖြစ်သူမှာအိုင်ယာလန်နိုင်ငံသားဖြစ်နေသည့်အတွက် အိုင်ယာလန်ယူ-၂၁အသင်းတွင် ပါဝင်ကစားနေသည့်ဗီလာကွင်းလယ်ကစားသမားဖြစ်သူဂရယ်လစ်ခ်ျသည်အင်္ဂလန်နိုင်ငံ၊ဘာမင်ဂမ်မြို့တွင်မွေးဖွားခဲ့သည့်အတွက် အင်္ဂလန်လက်ရွေးစင်အသင်းတွင်ပါကစားခွင့်ရှိနေခဲ့ခြင်းကြောင့် အင်္ဂလန်နည်းပြရွိုင်းဟော့ ဆန်၏ ဖိတ်ကြားခြင်းကိုခံနေရသူဖြစ်သည်။ ‘‘ နည်းပြဟော့ဆန်အနေနဲ့ ဂရယ်လစ်ခ်ျကို အင်္ဂလန်လက်ရွေးစင်တစ်ယောက်အဖြစ် မြင်တွေ့လိုနေတယ်ထင် ပါတယ်။ အင်္ဂလန်အသင်းကိုရွေးချယ်ဖို့လည်းသွေးဆောင်စည်းရုံးနေသလိုဖိအားပေးမှုတွေလည်း ရှိနေပါတယ်’’ ဟု အိုင်ယာလန်နည်းပြ...
Read More

အင်္ဂလန်နှင့်ခြေစမ်းပွဲကို အယ်ကန်တီမြို့တွင် ပြောင်းလဲကျင်းပရန် စပိန်ဘောလုံးအဖွဲ့ချုပ်ဆုံးဖြတ်

ဥရောပ ထိပ်သီးအသင်းတစ်သင်းဖြစ်သည့် စပိန်အသင်းသည် လာမည့်နိုဝင်ဘာလအတွင်း အင်္ဂလန်လက်ရွေး စင်အသင်းနှင့်ခြေစမ်းပွဲကစားမည့်ပွဲစဉ်အား နေ့ရက်ရွှေ့ပြောင်းခဲ့ပြီး မူလက စီစဉ်ထားသည့် မက်ဒရစ်မြို့အစား အယ်ကန်တီမြို့တွင် ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။ ထို့အတူ စပိန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများအနေဖြင့် နိုဝင်ဘာ ၁၂ရက်နေ့အစား နိုဝင်ဘာ ၁၃ရက်နေ့ထံ ရွှေ့ပြောင်းကစားရန်ဆုံးဖြတ်ခဲ့သည်။ စပိန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများအနေဖြင့် လက်ရွေးစင်နောက်ခံလူ ပီကေးမှာ ကတ်တလန်အသင်းတွင် ၀င်ရောက်ကစားလိုသည်ဟု ပြောကြားခဲ့သည့်အပေါ်ဝေဖန်မှုများမြင့်တက်နေ သည့်အတွက် ပရိသတ်များစွာလာရောက်နိုင်သည့်...
Read More

ဆားဘီးယားနှင့်ပွဲတွင် တိုက်စစ်မှူးဂီရော့ဒ် ပရိသတ်များ၏ လှောင်ပြောင်မှုခံရ

ဆားဘီးယားအသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရသည့် ပွဲစဉ်တွင် ဂိုးသွင်းခွင့်များကို ဖြုန်းတီးပစ်ခဲ့သည့် ပြင်သစ်တိုက်စစ်မှုး ဂီရော့ဒ်မှာ ပရိတ်သတ်များ၏ လှောင်ပြောင်ခြင်း ခံခဲ့ရကြောင်း သိရသည်။ ဂီရော့ဒ်မှာ ပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်၏ ပွဲထွက်လူစာရင်းတွင် အထောင်တိုက်စစ်မှုးအဖြစ် ပါဝင်ခွင့်ရခဲ့သော်လည်း ဂိုးသွင်းခွင့်များကို ဖြုန်းတီးပစ်ခဲ့သောကြောင့် တိုက်စစ်မှုးဘန်ဇီမာနှင့် လူစားလဲချိန်တွင် ပရိတ်သတ်များက လှောင်ပြောင်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် နည်းပြဒက်ချမ့်က ဂီရော့ဒ်မှာ ကံမကောင်းခဲ့သောကြောင့်...
Read More

စီးရီးဘီတွင် အပြုအမူကောင်းသော ကစားသမားများကို အစိမ်းကတ်ပေးမည်

အီတလီစီးရီးဘီပြိုင်ပွဲတွင် သန့်ရှင်းမျှတစွာကစားသော ဘောလုံးသမားများကို အစိမ်းကတ်ပေးကာ ဂုဏ်ပြုသွား မည်ဖြစ်ကြောင်းသိရသည်။ အစိမ်းကတ်ကို ပွဲကစားနေချိန်တွင်ပေးအပ်မည်မဟုတ်ဘဲ ပွဲချိန်အတွင်း အပြုအမူ ကောင်းရှိသည့်ကစားသမားများကို ပေးအပ်မည်ဖြစ်သည်။ ယခုအစီအစဉ်ကြောင့် အီတလီဘောလုံးလောက၏ပုံရိပ်ကို ပြောင်းလဲနိုင်မည်ဟု စီးရီးဘီပြိုင်ပွဲတာဝန်ရှိသူများ က မျှော်လင့်နေပြီး ထိုကတ်ပေးအပ်မည့်စာရင်းတွင် နည်းပြများ၊ ပရိသတ်များကိုလည်း ထည့်သွင်းသွားမည်ဟု သိရှိရသည်။ စီးရီးဘီပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက “ဘောလုံးလောကမှာ အပြုသဘောဆောင်တဲ့အချက်တွေ လည်း လိုအပ်တယ်လို့ထင်ပါတယ်။...
Read More

နိုင်ငံအတွက် ပိုမိုပေးဆပ်လိုဟု မြောက်အိုင်ယာလန် တိုက်စစ်မှူးပြော

မြောက်အိုင်ယာလန်တိုက်စစ်မှူးကိုင်းလ်လက်ဖ်ဖာတီက ယူရိုခြေစစ်ပွဲတစ်လျှောက် လက်ရွေးစင်အသင်း အတွက် ၆ ဂိုးသွင်းယူထားသော်လည်း ယခုထက်ပိုမိုပေးဆပ်လိုသည်ဟု ပြောကြားလိုက်သည်။ အသက် ၂၇ နှစ် အရွယ်ရှိ ထိုကစားသမားမှာ နောဝစ်ခ်ျတွင် ပွဲထွက်ကစားသမားအဖြစ် သတ်မှတ်မခံရသဖြင့် ပွဲဝေးနေသော် လည်း ဖာရိုးကျွန်းစုနှင့်ကစားခဲ့သည့် လက်ရွေးစင်ပွဲတွင် ဂိုးသွင်းယူပြီးနောက် ဟန်ဂေရီကို အနိုင်ရလျှင် ခြေစစ်ပွဲ အောင်မြင်မည့်အနေအထားရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ လက်ဖ်ဖာတီက “ကျွန်တော်တို့အသင်း...
Read More

စကော့တလန်ကို အန္တရာယ်ရှိသောပြိုင်ဘက်ဟု ဟမ်မဲလ်သတ်မှတ်

ဂျာမနီအသင်းနောက်ခံလူ မတ်စ်ဟမ်မဲလ်က စကော့တလန်အသင်းမှာ ဂျော်ဂျီယာကို ယူရိုခြေစစ်ပွဲတွင် အရေး နိမ့်ခဲ့သော်လည်း အန္တရာယ်ရှိသောပြိုင်ဘက်ဟု ယုံကြည်ကြောင်းပြောကြားလိုက်သည်။ ဂျာမနီအသင်းမှာ နောက်ဆုံးကစားခဲ့သည့် ယူရိုခြေစစ်ပွဲတွင် ပိုလန်ကိုအနိုင်ရခဲ့သည်။ ခြေစစ်ပွဲ ၃ ပွဲ ဆက်လက်ကစားရမည့် ဂျာမနီအသင်း နောက်ခံလူ ဟမ်မဲလ်က “ကျွန်တော်တို့အမှားကင်းကင်းနဲ့ ကစားနိုင်ရင်တော့ စကော့တလန်ကို အနိုင်ရမှာပါ။ ကျွန်တော်တို့က နိုင်ပွဲလိုချင်တဲ့အတွက် လိုအပ်တဲ့အတွက် ဒီပွဲက...
Read More

တတိယ နေရာအတွက် ကိုသာ အာရုံစိုက် ရတော့မည်ဟု ဟော်လန်နည်းပြ ၀န်ခံ

ယခုတနင်္ဂနွေနေ့တွင် ကစားမည့် ဥရောပဘောလုံးအင်အားကြီးနိုင်ငံများဖြစ်သည့် ဟော်လန်နှင့်တူရကီတို့ပွဲစဉ် မှာ ၂ သင်းလုံးအတွက် ယူရို-၂၀၁၆ ပြိုင်ပွဲတွင်ပါဝင်ရေး အဆုံးအဖြတ်ပွဲစဉ်ဖြစ်သည်။ ဟော်လန်မှာ အိုက်စလန် ကို အိမ်ကွင်းတွင် အရေးနိမ့်ခဲ့ပြီး တူရကီမှာ လတ်ဗီးယားနှင့်သရေကျခဲ့သည့်အတွက် တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ရေးကို စွန့်လွှတ်လိုက်ရပြီး အုပ်စုတတိယနေရာဖြင့် ရှုံးထွက်ခြေစစ်ပွဲကစားခွင့်ရရေးကိုသာ ဆက်လက်ကြိုးပမ်းကြရတော့မည်ဖြစ်သည်။ ဟော်လန်နည်းပြအဖြစ် ဂုဟစ်ဒင့်နေရာကိုဆက်ခံသော ဒန်နီဘလိုင်းက “အုပ်စုထိပ်ဆုံး ၂...
Read More

ဆန်မာရီနိုနှင့်ကစားရမည့်ကွင်းကို အင်္ဂလန်အသင်းသွားရောက်ကြည့်ရှုခဲ့

ယူရို-၂၀၁၆ ခြေစစ်ပွဲအဖြစ် ဆန်မာရီနိုနှင့်ကစားမည့် အင်္ဂလန်အသင်းသည် ခြေစစ်ပွဲယှဉ်ပြိုင်မည့် အိုလံပီကို ကွင်းအခြေအနေကို ယမန်နေ့က သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။ ထိုသို့သွားရောက်ကြည့်ရှုရာတွင် ကွင်းအနေအထားအပေါ် ကစားသမားအချို့က ကျေနပ်မှုမရှိခဲ့ကြောင်းလည်း သိရှိရသည်။ ပရီးမီယားလိဂ်တွင် အမ်းမရိတ်စ်၊ အိုးထရက်ဖို့ဒ်တို့ကဲ့သို့ ကွင်းကောင်းများပေါ်တွင် ကစားလေ့ရှိကြ သော အင်္ဂလန်အသင်းသားများအတွက် အိုလံပီကိုကွင်းမျက်နှာပြင်မှာ ဆိုးရွားသည်ဟု ပြောရမည့်အနေအထား တွင်ရှိနေသည်။...
Read More
error: Content is protected !!