ဥရောပသတင်း
ဥရောပသတင်း
နည်းပြဟောင်းယာဂင်ကလော့ပ်သည် မိမိတို့ဒေါ့မွန်အသင်းကို ညှာတာမည်မဟုတ်ကြောင်း ဒေါ့မွန်နည်းပြတူချယ်က အသင်းသားများကိုသတိပေးသွားခဲ့သည်။ ဒေါ့မွန်ကိုကိုင်တွယ်ခဲ့သော ၇ နှစ်တာကာလအတွင်း အမှတ်ပေးဖလား ၂ ကြိမ်၊ ပိုကယ်ဖလား ၁ ကြိမ်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဖိုင်နယ်သို့ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ဖူးသော ယာဂင်ကလော့ပ်အတွက် အသင်းဟောင်းနှင့်ရင်ဆိုင်မ ည်ပွဲတွင် နွေးထွေးစွာကြိုဆိုမည်ဖြစ်ကြောင်း တူချယ်ကဖွင့်ဟခဲ့သည်။ “ယာဂင်ကလော့ပ်ကို ကျွန်တော်တို့ နွေးနွေးထွေးထွေး ကြိုဆိုမှာပါ။ ယာဂင်ကလော့ပ်က ဒီပွဲကိုအနိုင်ရဖို့ အကောင်းဆုံးကြိုးစားမယ်ဆိုတာသိပါတယ်။...
Read More
ဥရောပသတင်း
လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က အသင်းဟောင်းနှင့်ရင်ဆိုင်ရမည့်အပေါ် စိတ်လှုပ်ရှားမှုမရှိကြောင်းနှင့် ဒေါ့မွန်ကွင်းတွင်သွားရောက်ကစားရခြင်းသည် မြောက်ကိုရီးယားသို့သွားရခြင်းထက် ပိုမိုကောင်းမွန်ကြောင်းပြောကြားခဲ့သည်။ လီဗာပူးသည် ယနေ့ညတွင် ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမကျော့ပွဲစဉ်ကို ဒေါ့မွန်ကွင်းတွင်သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ “အသင်းဟောင်းနဲ့ ပြန်ကစားရမယ့်အပေါ် လူတွေကအမျိုးမျိုးပြောနေကြပေမယ့် ကျွန်တော့်အတွက်တော့ ဘာမှမခက်ခဲပါဘူး။ ဒီမှာ သူငယ်ချင်းတွေလည်းရှိပါတယ်။ ကျွန်တော် ဘေးကျပ်နံကျပ်မဖြစ်သလို စိတ်ခံစားမှုလည်း ကြီးကြီး မားမားမရှိပါဘူး။ ဒီမှာကစားရတာ မြောက်ကိုရီးယား ဒါမှမဟုတ် တစ်နေရာမှာ...
Read More
ဥရောပသတင်း
မန်စီးတီးသည် ယမန်နေ့က ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ပီအက်စ်ဂျီကို အဝေးကွင်း၌ ၂-၂ ဖြင့်သရေရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် နည်းပြပယ်လီဂရီနီက ၎င်း၏အသင်းသည် နောက်တစ်ဆင့်သို့တက်ရောက်နိုင်ရန် ရေပန်းစားသောအသင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်မန်စီးတီးသည် အဝေးဂိုး ၂ ဂိုးရခဲ့သောကြောင့် လာမည့်တစ်ပတ်အင်္ဂါနေ့တွင်ကစားမည့် အိမ်ကွင်းပွဲစဉ်တွင် ၁-၁ ရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်နိုင်လျှင်ပင် ဆီမီးဖိုင်နယ်သို့ရောက်ရှိမည်ဖြစ်သည်။ သို့ရာတွင် ပယ်လီဂရီနီက “ကျွန်တော်တို့ဟာ ဒီပွဲမကန်ခင်ကရော ကန်ပြီးတော့ရော...
Read More
ဥရောပသတင်း
အက်သလက်တီကိုနောက်ခံလူ ဖိလစ်ပီလူးဝစ်က ဘာစီလိုနာ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာရမည်ကို မလိုလားမှုများရှိနေပြီး ယမန်နေ့ကယှဉ်ပြိုင်ခဲ့သည့်ပွဲ၌ ၎င်းတို့အသင်း မမျှမတဆက်ဆံခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ အက်သလက်တီကိုသည် ယမန်နေ့က ဘာစီလိုနာနှင့် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ၁-၀ ဖြင့်ဦးဆောင်နေရာမှ ဂိုးသွင်းယူခဲ့သော တိုက်စစ်မှူးတောရက်စ် ထုတ်ပယ်ခံခဲ့ရပြီး ၂-၁ ဖြင့်ရှုံးနိမ့်ခဲ့သည်။ “ကျွန်တော်တို့အသင်းက ထုတ်ခံရသလိုမျိုး ဘာစီလိုနာကစားသမားတွေ ဘာဖြစ်လို့အထုတ်မခံရလဲဆိုတာ စဉ်းစားလို့မရပါဘူး။ လုံးဝမမျှတတဲ့ပွဲဖြစ်ခဲ့ပါတယ်။...
Read More
ဥရောပသတင်း
ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ယနေ့ညတွင် ဘာစီလိုနာနှင့်ယှဉ်ပြိုင်မည့်ပွဲ၌ အက်သလက်တီကိုခံစစ်အတွဲဖြစ်သော ဂိုဒင်နှင့် ဆာဗစ်တို့ ပါဝင်ကစားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဥရုဂွေးလက်ရွေးစင်နောက်ခံလူသည် အက်သလက်တီကိုခံစစ်၏ အရေးပါသူတစ်ဦးဖြစ်ကာ ၂၀၁၄ ခုနှစ်၊ မေလ၌ ဘာစီလိုနာအိမ်ကွင်းနူးကမ့်တွင် အဆုံးအဖြတ်ဂိုးသွင်းယူ၍ အသင်းအတွက် လာလီဂါချန်ပီယံဆုဆွတ်ခူးပေးနို င်ခဲ့သူလည်းဖြစ်သည်။ ထို့အပြင် ဂိုဒင်သည် ၂၀၁၄ ခုနှစ်၊ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဖြစ် ဘာစီလိုနာနှင့်ရင်ဆိုင်ခဲ့ရာတွင်လည်း နှစ်ကျော့စလုံးပါဝင်ကစားခဲ့သူဖြစ်သည်။...
Read More
ပရီးမီးယားလိဂ်
လီဗာပူးနည်းပြ ယာဂင်ကလော့ပ်သည် အသင်းဟောင်းနှင့်ပြန်လည်ရင်ဆိုင်ရမည့်ပွဲတွင် ဖြစ်ပေါ်လာမည့် စိတ်ခံစားမှုထက် ဒေါ့မွန်၏ ကွင်းတွင်းခြိမ်းခြောက်မှုများကို ပိုမိုစိုးရိမ်မိကြောင်းဖွင့်ဟခဲ့သည်။ ကလော့ပ်သည် ဒေါ့မွန်တွင် ၇ နှစ်ကြာ အောင်မြင်မှုရအောင်စွမ်းဆောင်ခဲ့ပြီးနောက် ပြီးခဲ့သည့်ရာသီကုန်က လီဗာပူးသို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး လာမည့်သီတင်းပတ်အတွင်း အသင်းဟောင်းဒေါ့မွန်နှင့်ယူရိုပါလိဂ်ပွဲအဖြစ် ပြန်လည်ရ င်ဆိုင်ရမည်ဖြစ်သည်။ လီဗာပူးမှာ ပရီးမီးယားလိဂ်တွင် အဆင့် ၉ ၌ရပ်တည်နေပြီး ဘွန်ဒက်စ်လီဂါတွင် ဒုတိယနေရာ၌ရပ်တည်နေသည့်ဒေါ့မွန်ကို ရင်ဆိုင်ရမည်ဖြစ်သော်လည်း အဆိုပါပွဲမှာ...
Read More
ဥရောပသတင်း
လီဗာပူးတိုက်စစ်မှူးစတာရစ်ခ်ျသည် အင်္ဂါနေ့တွင်ဝင်ဘလေကွင်း၌ ဟော်လန်ကို ဧည့်ခံကစားမည့်ခြေစမ်းပွဲစဉ်တွင် အင်္ဂလန်အတွက် ၁၈ လအတွင်း ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရမည်ဖြစ်သည်။ အသက် ၂၆ နှစ်အရွယ်စတာရစ်ခ်ျသည် ယူရို ၂၀၁၆ ခြေစစ်ပွဲကာလတစ်ခုလုံးကို ဒဏ်ရာကြောင့်လွဲချော်ခဲ့ရသော်လည်း ဟော်လန်နှင့်ပွဲတွင် အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမည့် လီဗာပူးအသင်းဖော် ဂျိမ်းစ်မီလ်နာက”စတာရစ်ခ်ျရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး ဘယ်သူမှသံသယမရှိပါဘူး။ သူ့ရဲ့ဂိုးသွင်းစွမ်းရည်ကလည်း မယုံနိုင်စရာပါပဲ” ဟု ပြောကြားခဲ့သည်။ အင်္ဂလန်နည်းပြရွိုင်းဟော့ဆန်သည် ဂျာမနီကို ၃-၂...
Read More
ဥရောပသတင်း
တနင်္ဂနွေနေ့က စပိန်အသင်းအတွက် ပွဲထွက်ကစားခဲ့ပြီးနောက် ဂိုးသမားကာဆီးလက်စ်သည် နိုင်ငံတကာပွဲအများဆုံးကစားထားသော ဥရောပကစားသမားတစ်ဦးဖြစ်လာခဲ့သည်။ အသက် ၃၄ နှစ်အရွယ် ကာဆီးလက်စ်သည် စပိန်အသင်းအတွက် ၁၆၆ ပွဲကစားပေးထားပြီး မူလကလတ်ဗီးယားကစားသမား အက်စတာဖီယက်စ်တင်ထားသောစံချိန်ကို အမီလိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ စပိန်အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူကာ ဥရောပဖလား ၂ ကြိမ်၊ ကမ္ဘာ့ဖလား ၁ ကြိမ်ဆွတ်ခူးနိုင်ခဲ့သော ကာဆီးလက်စ်သည် အီတလီဂိုးသမားဘူဖွန်ထက် နိုင်ငံတကာပွဲ ၁၀ ပွဲပိုမိုကစားထားသည်။...
Read More
ပရီးမီးယားလိဂ်
ဆွီဒင်နှင့် ပီအက်စ်ဂျီတိုက်စစ်မှူး အီဘရာဟီမိုဗစ်က ပရီးမီးယားလိဂ်အသင်းများသည် မိမိကိုခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဖွင့်ဟခဲ့သည်။ လာမည့်နွေရာသီတွင် ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် အသက် ၃၄ နှစ်အရွယ် အီဘရာဟီမိုဗစ်ကို မန်ယူ၊ ချဲလ်ဆီးနှင့် အာဆင်နယ်တို့က ခေါ်ယူရန်စိတ်ဝင်စားနေသည်။ “စိတ်ဝင်စားနေတဲ့အသင်းတွေထဲက ဘယ်အသင်းကကမ်းလှမ်းလာမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ဒါပေမဲ့ အပြောင်းအရွှေ့ကတော့ ပီအက်စ်ဂျီဖက်ကရော ကမ်းလှမ်းမယ့်အသင်းဖက်ကပါ ၂ သင်းစလုံး လိုလိုချင်ချင်ရှိမှ ဖြစ်လာမှာပါ”ဟု...
Read More
ပရီးမီးယားလိဂ်
ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမား ကော်တိုရစ်က လက်ရွေးစင်လေ့ကျင့်ခန်းအစီအစဉ်မှာ ချဲလ်ဆီးထက် ပိုမိုအဆင့်အတန်းမြင့်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ အသက် ၂၃ နှစ်အရွယ် ထိုဂိုးသမားမှာ အင်္ဂါနေ့တွင်ကစားမည့် ပေါ်တူဂီနှင့်ခြေစမ်းပွဲအတွက် လက်ရွေးစင်အသင်းဖော်များနှင့် ပူးပေါင်းလေ့ကျင့်နေပြီး RTBF နှင့် တွေ့ဆုံမေးမြန်းခန်းတွင် “ဘယ်လ်ဂျီယံလေ့ကျင့်ခန်းအစီအစဉ်က ပိုအဆင့်မြင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းမှာက ကမ္ဘာ့အဆင့်လက်ရွေးစင်တွေချည်းပဲ ပါဝင်နေလို့ပါ။ ချဲလ်ဆီးမှာကတော့ အဓိက ကစားသမားတွေက တစ်ခါတလေကျရင် လူငယ်တွေနဲ့လည်း...
Read More