ဥရောပသတင်း

ဂွါဒီယိုလာနှင့် ဘိုင်ယန်မြူးနစ်ဆေးအဖွဲ့ ပြဿနာဖြစ်ပွားခဲ့

ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာက အသင်းတွင်းအချင်းများခဲ့မှုအကြောင်း အသေးစိတ်ဖွင့်ဟခဲ့ပြီးနောက် ဂျာမနီ၏အအောင်မြင်ဆုံးကလပ်အား အတွင်းသူလျှိုက ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဂျာမန်သတင်းစာ Bild က ဂွါဒီယိုလာမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် အက်သလက်တီကိုအား အရေးနိမ့်ခဲ့ပြီးနောက် အသင်းဆေးအဖွဲ့ကို ကစားသမားများဒဏ်ရာရပြီးနောက် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝအောင်ဆောင်ရွက်ပေးရန် အချိန်ဆွဲလွန်းသည်ဟု ဒေါသတကြီးစွပ်စွဲခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ သောကြာနေ့ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဂွါဒီယိုလာက”အများအားဖြင့်တော့ အသင်းတွင်းဖြစ်တဲ့ကိစ္စက အသင်းတွင်းမှာပဲ ထားရမှာပါ။ ဒါပေမဲ့...
Read More

အသင်း၏စွမ်းဆောင်ရည်ကို ချီးကျူးရန် စကားလုံးရှာမတွေ့ခဲ့ကြောင်း ကလော့ပ်ဖွင့်ဟ

ယမန်နေ့က ဗီလာရီးရဲလ်ကိုအနိုင်ရပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ ၉ နှစ်အတွင်း ပထမဆုံးတက်ရောက်နိုင်ခဲ့သည့်ပွဲစဉ်အပြီးတွင် မိမိတို့အသင်း၏စွမ်းဆောင်ရည်ကို ချီးကျူးဂုဏ်ပြုရန် စကားလုံးများပင် ပျောက်ရှခဲ့ရကြောင်း လီဗာပူးနည်ြး ပယာဂင်ကလော့ပ်က ပြောကြားခဲ့သည်။ ပထမအကျော့က ဗီလာရီးရဲလ်ကွင်းတွင် ၁-၀ ဖြင့်ရှုံးနိမ့်ခဲ့သော လီဗာပူးသည် ယမန်နေ့က အိမ်ကွင်းအန်ဖီးလ်၌ စွမ်းဆောင်ရည်ကောင်းများပြသ၍ ၃-၀ ဖြင့်အနိုင်ရခဲ့သောကြောင့် နှစ်ကျော့ပေါင်း ၃-၁ ဖြင့်ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ခြ င်းဖြစ်သည်။ “အသင်းရဲ့စွမ်းဆောင်ရည်ကို...
Read More

လက်ဖြင့်ဂိုးသွင်းယူရန်ကြိုးပမ်းခဲ့သော်လည်း ရော်နယ်ဒို ထုတ်ပယ်မခံခဲ့ရ

ယမန်နေ့က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် ရီးရဲလ်တိုက်စစ်မှူးရော်နယ်ဒိုသည် လက်ဖြင့်ဂိုးသွင်းယူရန် ကြိုးပမ်းခဲ့သော်လည်း ကွင်းလယ်ဒိုင်မှထုတ်ပယ်ခြင်းမရှိခဲ့သဖြင့် ဝေဖန်ခံခဲ့ရသည်။ အဆိုပါပွဲကို ကိုင်တွယ်သော ကွင်းလယ်ဒိုင်လူကြီး စကိုမီနာသည် ပထမပိုင်းတွင် မှန်ကန်စွာကြီးကြပ်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ဆုံးဖြတ်ချက်အချို့မှားယွင်းခဲ့ဖွယ်ရှိသည်။ ရော်နယ်ဒိုသည် ပထမပိုင်းအတွင်း မန်စီးတီးနောက်ခံလူဆက်ဂ်ညာအားဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့သောကြောင့် အ၀ါကတ်တစ်ကြိမ်ပြသခဲ့ရသည်။ သို့သော် ပွဲချိန် ၆၅ မိနစ်တွင် ဘောလုံးကို လက်ဖြင့်ရည်ရွယ်ချက်ရှိရှိဂိုးသွင်းယူရန်ကြိုးပမ်းခဲ့သဖြင့် ရော်နယ်ဒိုအား...
Read More

ရှုံးနိမ့်ခဲ့သော်လည်း နောင်တမရကြောင်း ပယ်လီဂရီနီပြောကြား

ယမန်နေ့ကယှဉ်ပြိုင်ကစားခဲ့သော ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်၍ ပြိုင်ပွဲမှထွက်ခဲ့ရသော်လည်း နောင်တမရကြောင်း မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားခဲ့သည်။ အဆိုပါပွဲစဉ်တွင် ဂါရတ်ဘေးလ်၏ ဖြတ်တင်ဘောသည် မန်စီးတီးကွင်းလယ်လူ ဖာနန်ဒိုနှင့်ထိကာ ဂိုးဝင်သွားခဲ့သောကြောင့် ရီးရဲလ်က ၁-၀ ဖြင့်အနိုင်ရခဲ့ပြီး မေလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ဗိုလ်လုပွဲစဉ်ကို အက်သလက်တီကိုနှင့် ယှ ဉ်ပြိုင်ရမည်ဖြစ်သည်။ ပွဲကိုချဉ်းကပ်သည့် နည်းစနစ်၊ အသင်းလူစာရင်းတို့နှင့်ပတ်သက်၍...
Read More

ဆောက်သမ်တန်နှင့်ပွဲကို ရှေ့မတိုးပေး၍ ပရီးမီးယားလိဂ်အား ပယ်လီဂရီနီအပြစ်တင်

ရီးရဲလ်နှင့် ဘာနေဗျူးတွင်ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မတိုင်မီ ၃ ရက်အလိုဖြစ်သည့် ယခုတနင်္ဂနွေနေ့တွင် ဆောက်သမ်တန်နှင့် ကစားရမည့်ပွဲစဉ်ကို တစ်ရက်ရှေ့မတိုးပေးသည့်အတွက် ပရီးမီးယားလိဂ်အား မန်စီးတီးနည်းပြပယ်လီဂရီနီက ဝေဖန်လိုက်သည်။ မန်စီးတီးမှာ ထိုပွဲကို ၂၄ နာရီရှေ့တိုးပေးရန် တောင်းဆိုခဲ့သော်လည်း ပယ်ချခံခဲ့ရပြီး ပြိုင်ဘက်ဖြစ်သည့်ရီးရဲလ်မှာမူ ယနေ့ညတွင် လာလီဂါပွဲစဉ်ကစားမည်ဖြစ်၍ မန်စီးတီးထက် နားချိန်နှင့် ပြင်ဆင်ချိန် ၂၄ နာရီပိုရမည်ဖြစ်သည်။ အဆင့်...
Read More

အန်ဖီးလ်တွင် ရှုံးကြွေးဆပ်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းမည်ဟု ကလော့ပ်ကြုံးဝါး

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ယမန်နေ့ပွဲရှုံးကြွေးကို ဒုတိယကျော့ပွဲစဉ်တွင် ပြန်ဆပ်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လီဗာပူးသည် ယမန်နေ့က ဗီလာရီးရဲလ်ကွင်းတွင် သွားရောက်ကစားခဲ့သော ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ အက်ဒရီယန်လိုပက်ဇ်၏နောက်ကျဂိုးကြောင့် ၁-၀ ဖြင့်အရေးနိမ့်ခဲ့ရသည်။ “စိတ်ပျက်နေရမယ့် အချိန်မဟုတ်ပါဘူး။ ကစားသမားတွေ ဒေါသထွက်ချင်ရင် ၁၀ မိနစ်လောက်ထွက်ပါ။ ပြီးရင်တော့ လုပ်စရာရှိတာလုပ်ရမှာပါ။ အစကတော့ ကျွန်တော်လည်း စိတ်မကောင်းပါဘူး။...
Read More

ဒေါ့မွန်ကိုအနိုင်ရခဲ့သည့် အတွေ့အကြုံကို အကောင်းဆုံးအသုံးချရန်လိုကြောင်း ကလော့ပ်တိုက်တွန်း

လီဗာပူးနည်းပြယာဂင်ကလော့ပ်က ဒေါ့မွန်နှင့်ပွဲ၌ နောက်ကျဂိုးများဖြင့်အနိုင်ရခဲ့ခြင်းကို အလဟဿအဖြစ်မခံဘဲ ထိုအတွေ့အကြုံဖြင့် ယနေ့ညပွဲစဉ်တွင် ဗီလာရီးရဲလ်ကို ကျော်ဖြတ်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းသင့်ကြောင်း အသင်းသား များကို တိုက်တွန်းသွားခဲ့သည်။ လီဗာပူးသည် ဒေါ့မွန်နှင့်ကစားခဲ့သည့် ယူရိုပါလိဂ် ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် ဦးဆောင်ဂိုးများခွင့်ပြုခဲ့ရပြီး ၃-၁ ဖြင့်ရှုံးနိမ့်နေရာမှ ဒုတိယပိုင်းပွဲချိန်အတွင်း၌ အဖိုးတန်ချေပဂိုးနှင့်အနိုင်ဂိုးများ ပြန်လည်သွင်းယူကာ ဆီမီးဖို င်နယ်အဆင့်သို့တက်လှမ်းနိုင်ခဲ့သည်။ “ခက်ခဲတဲ့ပွဲတွေကို အနိုင်ရတာဟာ အကောင်းဆုံးအတွေ့အကြုံတစ်ခုဖြစ်ပြီးတော့ အဲဒီကနေ...
Read More

အက်သလက်တီကို ၁ – ၀ ဘိုင်ယန်မြူးနစ် (နည်းပြနှစ်ဦး၏ပွဲပြီးပြောစကား)

အက်သလက်တီကိုနည်းပြ ဆီမြွန်နီ —————————————- “ပထမပိုင်းမှာ ကျွန်တော်တို့ လိုချင်တဲ့အတိုင်းဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ သူတို့ပိုအသာရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ယုံကြည်မှုအပြည့်နဲ့ ပိတ်ဆို့ကစားနိုင်ခဲ့ပါတယ်။ ဆောနီဂွက်ဇ်ဟာ အများကြီးတိုးတက်လာပြီး သူ့ရဲ့တ စ်ကိုယ်တော်စွမ်းရည်နဲ့ ဖန်တီးနိုင်မှုကို တွေ့မြင်ခဲ့ရပါတယ်။ နောက်တစ်ပတ်ရောက်ရင် သူတို့ရဲ့ပရိသတ်တွေရှေ့မှာ ယှဉ်ပြိုင်ရမှာဆိုတော့ သူတို့မှာပိုပြီးအခွင့်အရေးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း အဝေးဂိုးသွင်းနိုင်ရင် အခြေ အနေကောင်းပါတယ်။ အခုကစားခဲ့တဲ့ပွဲလိုပဲ...
Read More

ရီးရဲလ်၊ ဘာစီလိုနာတို့နှင့် နှိုင်းယှဉ်ခံရခြင်းသည် အက်သလက်တီကို၏အောင်မြင်မှုကို ပြသနေကြောင်း ဂွါဒီယိုလာချီးကျူး

ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာက ချန်ပီယံလိဂ်တွင် ထပ်တိုက်တွေ့ဆုံမည့် အက်သလက်တီကို၏ခြေစွမ်းနှင့်ပတ်သက်၍ ချီးကျူးခဲ့ပြီး ရီးရဲလ်နှင့်ဘာစီလိုနာတို့ကဲ့သို့ အသင်းကြီးများနှင့် တန်းတူနှိုင်းယှဉ်ခံရခြင်းသည် ၎င်းတို့၏အောင်မြင်မှုကိုပြသနေကြောင်း ပြောကြားခဲ့သည်။ ဘိုင်ယန်မြူးနစ်နှင့် အက်သလက်တီကိုသည် ယနေ့ညတွင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ “ရီးရဲလ်၊ ဘာစီလိုနာတို့နဲ့ တန်းတူနှိုင်းယှဉ်ခံရတာဟာ အက်သလက်တီကိုရဲ့ စွမ်းဆောင်ရည်နဲ့ အောင်မြင်မှု ဘယ်လောက်ရှိလဲဆိုတာ ပြနေပါတယ်။ ဒါဟာ ဆီမြွန်နီရယူနိုင်ခဲ့တဲ့...
Read More

ရီးရဲလ်ကွင်း၌ ကစားရမည်ကို ကြောက်ရွံ့နေမည်မဟုတ်ဟု ပယ်လီဂရီနီပြောကြား

မန်စီးတီးနည်းပြပယ်လီဂရီနီက အသင်းအဓိက ကစားသမားများ ဒဏ်ရာပြဿနာနှင့်ကြုံတွေ့နေရသော်လည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ရီးရဲလ်အိမ်ကွင်း ဘာနေဗျူး၌ ကစားရမည်ကို ကြောက်ရွံ့နေမည်မ ဟုတ်ကြောင်း ပြောကြားလိုက်သည်။ မန်စီးတီးသည် ယမန်နေ့ကယှဉ်ပြိုင်ခဲ့သော ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်တွင် ပွဲပြီးဆုံးချိန်အထိ ရီးရဲလ်ဘက်သို့ ထိရောက်သောဂိုးပေါက်ခြိမ်းခြောက်မှုမပြုလုပ်နိုင်ခဲ့သော်လည်း ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သဖြင့် ဗို လ်လုပွဲရောက်ရန် မျှော်လင့်ချက်ကျန်ရှိနေသေးသည်။ ထိုပွဲတွင် မန်စီးတီး၏ အဓိကကွင်းလယ်လူတစ်ဦးဖြစ်သော ဒေးဗစ်ဆေးလ်ဗားမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့သဖြင့် လာမည့်...
Read More
error: Content is protected !!