ပရီးမီးယားလိဂ်
ပရီးမီးယားလိဂ်
မန်စီးတီးကိုအနိုင်ယူပြီး အက်ဖ်အေဖလားနောက်တစ်ဆင့်တက်ရောက်ခဲ့သည့် ချဲလ်ဆီးသည် ပရီးမီးယားလိဂ်ပြိုင်ဘက် အဲဗာတန်နှင့် ကွာတားဖိုင်နယ်အဝေးကွင်းပွဲစဉ် ကစားရမည်ဖြစ်သည်။ ယနေ့ညတွင် ပဉ္စမအဆင့်ပွဲစဉ်ကစားမည့် မန်ယူနှင့် ရှရူးဘယ်ရီတို့မှ အနိုင်ရသည့်အသင်းမှာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ၀က်စ်ဟမ်းကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်ပြီး ချန်ပီယံရှစ်ကလပ် ရီဒင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းတွင် ဧည့်ခံရမည်ဖြစ်ကာ ၀က်ဖို့ဒ်မှာ အာဆင်နယ်-ဟူးလ်စီးတီးပွဲစဉ်မှ အနိုင်ရသောအသင်းနှင့် အဝေးကွင်းပွဲစဉ်ကစားရမည်ဖြစ်သည်။ အဆိုပါပွဲများကို လာမည့်လ ၁၁...
Read More
ပရီးမီးယားလိဂ်
မန်ယူဂိုးသမားဒီဂီယာသည် ဒူးဒဏ်ရာကို ဓာတ်မှန်ရိုက်စစ်ဆေးခဲ့ပြီးနောက် ပြင်းထန်မှုမရှိဟူသော ရလဒ်ထွက်ပေါ်လာသဖြင့် ဒဏ်ရာပြဿနာကြုံနေရသော မန်ယူအတွက် စိတ်သက်သာရာရစေခဲ့သည်ဟု သိရှိရသည်။ အဆိုပါစပိန်ဂိုးသမားသည် မစ်ဂျေလန်းနှင့်ကစားခဲသည့် ယူရိုပါလိဂ်ပွဲစဉ်မတိုင်မီ သွေးပူလေ့ကျင့်ခန်းဆင်းရာ၌ ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး သောကြာနေ့က ဓာတ်မှန်ရိုက်စစ်ဆေးရာတွင် ဒူးဒဏ်ရာမှာပြင်းထန်မှုမရှိကြောင်း မန်ယူဆေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ ဒီဂီယာသည် ယခုဒဏ်ရာကြောင့် တနင်္လာနေ့အက်ဖ်အေပွဲစဉ်တွင် ပါဝင်ရန် မသေချာသေးသော်လည်း လာမည့်ကြာသပတေးနေ့တွင် အိမ်ကွင်း၌ကစားရမည့် မစ်ဂျေလန်းနှင့် ယူရိုပါလိဂ်ဒုတိယအကျော့ပွဲစဉ်တွင်...
Read More
ပရီးမီးယားလိဂ်
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပရီးမီးယားလိဂ်အသင်းတိုင်းသည် ဘောလုံးပြက္ခဒိန်တွင်မပါဝင်သော အပိုပွဲစဉ်များအား ယှဉ်ပြိုင်နိုင်သည့် လုံလောက်သောကစားသမားအင်အားရှိသဖြင့် အက်ဖ်အေပြန်ကန်ပွဲများကို ဖျက်သိမ်းရန်မလိုဟု ယူဆကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ “ဒီပွဲစဉ်တွေက အင်္ဂလန်ရဲ့ရိုးရာဖြစ်နေပြီ။ ဒါကို အလေးထားပြီး ဒီလိုပဲ ဆက်ထိန်းသိမ်းသင့်တယ်။ အသင်းတိုင်းကလည်း ပွဲစဉ်အများကြီးကို ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ ကျွန်တော်ထင်တယ်”ဟု အာစင်ဝင်းဂါးက ဆိုသည်။ ပြီးခဲ့သည့်နှစ်ရာသီ အက်ဖ်အေဖလားချန်ပီယံ အာဆင်နယ်မှာ ယနေ့တွင် ချန်ပီယံရှစ်ကလပ်...
Read More
ပရီးမီးယားလိဂ်
မန်စီးတီးနည်းပြ ပယ်လီဂရီနီက တနင်္ဂနွေနေ့တွင်ကစားမည့် ချဲလ်ဆီးနှင့် အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်ထက် ချန်ပီယံလိဂ်ပွဲစဉ်အား ပိုမိုဦးစားပေးသွားမည်ဟု ဖွင့်ဟပြောကြားလိုက်သည်။ မန်စီးတီးသည် ကက်ပီတယ်ဝမ်းဖလားဗိုလ်လုပွဲမကစားမီ ၄ ရက်အလို လာမည့်ဗုဒ္ဓဟူးနေ့တွင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် ဒိုင်နမိုကိဗ်နှင့် ပထမအကျော့ အဝေးကွင်းပွဲစဉ်ကစားရမည်ဖြစ်သည်။ ပယ်လီဂရီနီက”နောက်တစ်ပွဲအတွက်က အမြဲတမ်းဦးစားပေးပါပဲ။ ဒါပေမဲ့ ဒဏ်ရာရကစားသမားများနေလို့ ခြွင်းချက်တော့ ထားရပါမယ်။ ကျွန်တော်တို့အသင်းမှာ...
Read More
ပရီးမီးယားလိဂ်
မန်ယူနည်းပြဗန်ဟားလ်က ၎င်း၏အသင်းသည် မစ်ဂျေလန်းကို ၂-၁ ရှုံးနိမ့်ခဲ့ရခြင်းမှာ မာဖီဥပဒေသအရဖြစ်ကြောင်း ပြောကြားခဲ့သည်။ မာဖီဥပဒေသဆိုသည်မှာ မကောင်းသည့်ကိစ္စတစ်ခုခုကြုံရမည်ဟု ကံကြမ္မာကသတ်မှတ်ထားပါက ရှောင်လွှဲ၍မရခြင်း သို့မဟုတ် မည်သည့်ကိစ္စရပ်တွင်မဆို မထင်မှတ်ထားသည့်လွဲချော်မှုများ ဖြစ်လာနိုင်သည်ဟူသော အတွေးအခေါ်ပင်ဖြစ်သည်။ မန်ယူသည် ထိုပွဲတွင် ဒီပေး၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အိမ်ရှင်အသင်းမှ ဆစ်တို၏ချေပဂိုး၊ လူစားဝင်ကစားသမား အိုနူအာချူ၏အနိုင်ဂိုးများကို ပြန်လည်ခွင့်ပြုခဲ့ရပြီး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရကစားသမား ၁၃...
Read More
ပရီးမီးယားလိဂ်
မန်ယူနှင့် အင်္ဂလန်အသင်းခေါင်းဆောင် ၀ိန်းရွန်နီသည် ဒူးဒဏ်ရာကြောင့် ၆ ပတ်ကြာအနားယူရမည်ဖြစ်ကြောင်း သိရှိရသည်။ ရွန်နီမှာ ထိုဒဏ်ရာကို ဆန်းဒါးလန်းအား အရေးနိမ့်ခဲ့သည့်ပွဲစဉ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး မန်ယူနှင့်ပွဲစဉ် ၈ ပွဲကို လွဲချော်ရမည်ဖြစ်သည်။ “သူက ဂိုးအများကြီးသွင်းထားတာဖြစ်လို့ ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့သူပါ။ ကျွန်တော်တို့ အဲဒီပြဿနာကို ဖြေရှင်းရပါလိမ့်မယ်”ဟု မန်ယူနည်းပြ ဗန်ဟားလ်က ပြောကြားခဲ့သည်။ အသက် ၃၀...
Read More
ပရီးမီးယားလိဂ်
အက်ဖ်အေဖလားပြန်ကန်ပွဲများနှင့် ကြားရက်ပွဲစဉ်များကို အင်္ဂလန်ဘောလုံးပြက္ခဒိန်မှဖယ်ထုတ်ရန် လေ့လာဆန်းစစ်မှုများပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။ အက်ဖ်အေဖလားပြန်ကန်ပွဲများနှင့် ကြားရက်ပွဲစဉ်များ ကစားရသည့်အချိန်သည် ဥရောပပြိုင်ပွဲပွဲစဉ်များဖြင့် ပြည့်နှက်နေသောပွဲကျပ်ကာလများဖြစ်နေ၍ ပရီးမီးယားလိဂ်ထိပ်သီးအသင်းများက ချန်ပီယံလိဂ်၊ ယူရိုပါလိဂ် အစရှိသော ဥရောပပွဲစဉ်များတွင် ပွဲပန်းမှုကြောင့် ၎င်းတို့၏အသင်းများ ဥရောပအဆင့်တွင်အောင်မြင်မှုရရန် အခွင့်အရေးများထိခိုက်မည်ကို စိုးရိမ်နေကြသည်။ အက်ဖ်အေကလည်း ပွဲကျပ်ကာလများပြည့်နှက်နေသော ဘောလုံးရာသီကြောင့် နွေရာသီတွင် ယှဉ်ပြိုင်ကစားသောနိုင်ငံတကာပြိုင်ပွဲများအတွက် အင်္ဂလန်လက်ရွေးစင်အသင်း ပွဲပန်းနေမည်ကို စိုးရိမ်လျက်ရှိသည်။...
Read More
ပရီးမီးယားလိဂ်
အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်မှဦးဆောင်နေသော လက်စတာကိုအနိုင်ရပြီးနောက် ၎င်း၏အသင်းသည် ခက်ခဲသောစိတ်ဓာတ်ပိုင်းဆိုင်ရာ စာမေးပွဲတစ်ခုကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီဟု ယုံကြည်ကြောင်းပြောကြားခဲ့သည်။ ၂၀၁၅ ခုနှစ်၊ ဧပြီလကတည်းက ဒဏ်ရာကြောင့်ပါဝင်ကစားခွင့်မရခဲ့သော တိုက်စစ်မှူးဝဲလ်ဘတ်သည် ၎င်းပွဲစဉ်ဒုတိယပိုင်းပွဲချိန်အတွင်း လူစားဝင်ရောက်ခဲ့ပြီး နာကျင်အချိန်ပိုတွင် အဖိုးတန်အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့သည်။ “ဒီပွဲဟာ အရေးကြီးတဲ့စိတ်ဓာတ်စစ်ဆင်ရေးပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ခံစစ်အရမ်းမာကျောတဲ့အသင်းတစ်သင်းကို ၁ ဂိုးရှုံးနိမ့်နေတဲ့အနေအထားကနေ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ မဆုတ်မနစ်ကြိုးစားပြီး ပြန်လည်ရုန်းထွ က်နိုင်ခဲ့တာပါ”ဟု အာစင်ဝင်းဂါးကပြောကြားသွားသည်။...
Read More
ပရီးမီးယားလိဂ်
မန်ယူနည်းပြဗန်ဟားလ်က ယူရိုပါလိဂ်ဖလားကိုရရှိအောင်စွမ်းဆောင်နိုင်မှသည်သာလျှင် လာမည့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်အတွက် အလွယ်ကူဆုံးလမ်းကြောင်းဖြစ်နိုင်ကြောင်း ပြောဆိုသွားခဲ့သည်။ လွန်ခဲ့သောဘောလုံးရာသီကစတင်၍ ပြောင်းလဲခဲ့သောစည်းမျဉ်းအရ ယူရိုပါလိဂ်ဖလားကိုဆွတ်ခူးနိုင်သောအသင်းသည် ချန်ပီယံလိဂ်ခြေစစ်ပွဲနောက်ဆုံးအဆင့် သို့မဟုတ် အုပ်စုအဆင့်သို့ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ချန်ပီယံလိဂ်ဝင်ခွင့်နေရာသို့ ရောက်ရှိနိုင်သေးသလောဟူသော မေးခွန်းနှင့်ပတ်သက်၍ ဗန်ဟားလ်က “တော်တော်ကိုခက်ခဲပါတယ်။ ဒီပွဲရှုံးသွားတော့ ယူရိုပါလိဂ်ဖလားကို အနိုင်ရအောင်ကစားပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ကြိုးစားတာ အကောင်းဆုံးလမ်းကြောင်းပါ။ ဒါပေမဲ့ ယူရိုပါလိဂ်မှာလည်း အသင်းကောင်းတွေအများကြီးပါဝင်တဲ့အတွက် လွယ်ကူမှာတော့မဟုတ်ပါဘူး”ဟု ပြောကြားသွားခဲ့သည်။ မန်ယူအသင်းသည် စနေနေ့က...
Read More
ပရီးမီးယားလိဂ်
ကွင်းလယ်လူပါယက်သည် လာမည့်နွေရာသီတွင် ၀က်စ်ဟမ်းနှင့် ၅ နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုရန်အတွက် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။ ၀က်စ်ဟမ်းအသင်းက အသက် ၂၈ နှစ်အရွယ်ရှိ အဆိုပါပြင်သစ်ကစားသမားဘက်မှ စာချုပ်သစ်ချုပ်ဆိုရန် တောင်းဆိုထားသည်ဆိုသည့် သတင်းများကို ငြင်းဆန်ခဲ့ပြီး ၎င်း၏ ခြေစွမ်းကောင်းမွန်မှုကြောင့် ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။ “သူဟာဒီမှာပျော်ရွှင်နေပြီး မကြာခင်မှာပဲ စာချုပ်သက်တမ်းတိုးနိုင်တော့မှာပါ။ အသင်းမှာရှိတဲ့အကောင်းဆုံးကစားသမားတွေကို ထိန်းသိမ်းနိုင်ဖို့...
Read More