ပရီးမီးယားလိဂ်
ပရီးမီးယားလိဂ်
အာဆင်နယ်ဂိုးသမားပီတာချက်သည် ဆွမ်ဆီးကို ၂-၁ ဂိုးဖြင့်အရေးနိမ့်ခဲ့သောပွဲတွင် တံကောက်ကြောဒဏ်ရာရရှိခဲ့သဖြင့် ယခုတစ်ပတ်စနေနေ့၌ လန်ဒန်မြောက်ပိုင်းဒါဘီအဖြစ် စပါးနှင့်ကစားမည့်ပွဲကို လွဲချော်ဖွယ်ရှိကြောင်း နည်းပြအာ စင်ဝင်းဂါးက ပြောကြားခဲ့သည်။ ဒဏ်ရာရရှိခဲ့သော ဂိုးသမားပီတာချက်နှင့်ပတ်သက်၍ နည်းပြအာစင်ဝင်းဂါးက ”ပီတာချက်ဒဏ်ရာရခဲ့ပါတယ်။ ကျွန်တော့်အထင်ပြောရရင် ဒီဒဏ်ရာကြောင့် စပါးနဲ့ပွဲကို သူလွဲချော်နိုင်ပါတယ်။ ဒါပေမဲ့ အော့စ်ပီနာကို ထည့်သွင်းကစားရမယ် ဆိုရင်လည်း သူ့အပေါ်မှာ ယုံကြည်မှုအပြည့်အ၀ရှိပြီးသားပါ” ဟု ပြောကြားခဲ့သည်။...
Read More
ပရီးမီးယားလိဂ်
လက်စတာနည်းပြရေနီယာရီက အမှတ်ပေးဇယားဒုတိယနေရာမှ စပါးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ဆုံးအသင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပွဲစဉ် ၁၁ ပွဲကျန်ရှိချိန်တွင် အမှတ်ပေးဇယားထိပ်ဆုံးမှဦးဆောင်သူ လက်စတာ၏နောက် ၂ မှတ်အကွာတွင်ရပ်တည်ထားနိုင်သောစပါးသည် အဆင့် ၁ နေရာကို ၂၀၀၉-၂၀၁၀ ဘောလုံးရာသီပထမရက်သတ္တပတ်က နောက်ဆုံးအကြိ မ်တက်လှမ်းနိုင်ခဲ့ဖူးသည်။ “စပါးဟာ အခြေအနေအရပ်ရပ်အတွက် အင်အားကြီးမားတဲ့အသင်းတစ်သင်းပါ။ လူတိုင်းဟာလက်စတာအကြောင်းပဲပြောနေကြတယ်။ စပါးအကြောင်းတော့မပြောကြပါဘူး။ ဒါပေမဲ့ ကျွန်တော့်အထင်ပြောရရင် စပါးဟာ ချန်ပီယံဆုအ...
Read More
ပရီးမီးယားလိဂ်
လက်စတာကွင်းလယ်လူအန်ဂိုလိုကန်တီသည် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် လာမည့်ပွဲစဉ် ၂ ပွဲကို လွဲချော်ဖွယ်ရှိကြောင်း သိရသည်။ အသက် ၂၄ နှစ်ရှိ အဆိုပါကွင်းလယ်လူသည် ၁-၀ ဂိုးဖြင့် နောဝစ်ခ်ျကို အနိုင်ရရှိခဲ့သောပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကာ ယနေ့ညတွင်ကစားမည့် ၀က်စ်ဘရွန်းနှင့်ပွဲအပါအ၀င် စနေနေ့ပွဲစဉ်ဖြစ်သော ၀က်ဖို့ဒ်နှင့်အဝေးကွင်းပွဲကိုပါ လွဲ ချော်နိုင်ဖွယ်ရှိကြောင်း သိရသည်။ ကွင်းလယ်လူကန်တီသည် ယခုနှစ်ဘောလုံးရာသီတွင် လိဂ်ပွဲစဉ်အားလုံးပါဝင်ကစားထားသူဖြစ်ပြီး ပြိုင်ပွဲစုံ ပွဲ...
Read More
ပရီးမီးယားလိဂ်
မန်ယူဆယ်ကျော်သက်တိုက်စစ်မှူး မားကပ်စ်ရက်ခ်ျဖို့ဒ်သည် ထူးခြားကောင်းမွန်သော ခြေစွမ်းခြေစရှိသည့် လူငယ်ကစားသမားတစ်ဦးဖြစ်ကြောင်း နည်းပြဗန်ဟားလ်က ချီးကျူးခဲ့သည်။ အသက် ၁၈ နှစ်သာရှိသေးသောရက်ခ်ျဖို့ဒ်သည် ယမန်နေ့ညက အာဆင်နယ်ကို ၃-၂ ဖြင့်အနိုင်ရခဲ့သောပွဲစဉ်တွင် မန်ယူအတွက် ၃ မိနစ်အတွင်း ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး မန်ယူအသင်းကြီးအတွက် ပွဲဦးထွက်အဖြစ်ကစားခဲ့သော မစ်ဂျေလန်းနှင့် ယူရိုပါလိဂ်ပွဲစဉ်တွင်လည်း ၂ ဂိုးသွင်းယူနိုင်ခဲ့သည်။ “လူငယ်ကစားသမားအများစုဟာ သူတို့ရဲ့ပွဲဦးထွက်မှာအကောင်းဆုံး ကစားပြကြပေမယ့်...
Read More
ပရီးမီးယားလိဂ်
မန်ယူကွင်းမှာ အာဆင်နယ်ရဲ့အရှုံးက စိတ်ပျက်စရာပိုဖြစ်လာစေတာကတော့ ချန်ပီယံလောင်းစာရင်းထဲပါနေပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမရှိလို့ပါပဲ။ ဒီရာသီပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့အတွက် အကောင်းဆုံးအခွင့်အရေးရှိနေတယ်ဆိုတာ ဂန်းနားပရိသတ်တွေက သိနေပေမယ့် အာဆင်နယ်ကစားသမားတွေကတော့ သူတို့အခြေအနေနဲ့ပတ်သက်ပြီး လိုအပ်နေတဲ့ သဘောပေါက်နားလည်မှုမရှိပါဘူး။ ရာသီကုန်ဖို့ ၁၁ ပွဲကျန်သေးပေမယ့် လက်ရှိအခြေအနေအရ ဒီအသင်းက ချန်ပီယံဖြစ်ဖို့အရည်အသွေးပြည့်မီတဲ့အသင်းအဖြစ် စိတ်ကူးမြင်ယောင်လို့ မရသေးပါဘူး။ လက်စတာနဲ့ စပါး ၂ သင်းထဲက ဘယ်အသင်း...
Read More
ပရီးမီးယားလိဂ်
လက်စတာပရိသတ်တစ်ယောက်ဟာ တိုက်စစ်မှူးဂျာမိန်းဗာဒီရဲ့နာမည်ကိုအစွဲပြုပြီး ရင်သွေးကိုနာမည်ပေးဖို့အတွက် အွန်လိုင်းမှာဆန္ဒကောက်ခံပြီးနောက် အဲဒီအစီအစဉ်အတိုင်းလုပ်ဖို့ သူ့ချစ်သူကို စည်းရုံးနိုင်ခဲ့တယ်လို့ သိရပါတယ်။ လက်စတာမြို့က အက်ရှ်လေမာရီရော့လို့အမည်ရတဲ့ ပရိသတ်ဟာ အွန်လိုင်းဆန္ဒမဲကောက်ခံမှုမှာ လက်မှတ်ပေါင်း ၅၀၀၀ ရရှိခဲ့ပြီးနောက် မွေးလာမယ့် သူ့သမီးလေးရဲ့အလယ်နာမည်ကို ဗာဒီဆိုပြီး ထည့်သွင်းကင်ပွန်းတပ်သွားမှာပါ။ သူ့အကြောင်းကို Leicester Mercury ၀က်ဘ်ဆိုက်မှာ သတင်းအဖြစ်ဖော်ပြခဲ့ပြီးနောက်မှာ ဆန္ဒမဲကောက်ခံမှုမှာ သတ်မှတ်အရေအတွက်ပြည့်သွားခဲ့တာဖြစ်ပြီး တစ်ကမ္ဘာလုံးက သူ့ကိုထောက်ခံကြတယ်လို့...
Read More
ပရီးမီးယားလိဂ်
မန်ယူနည်းပြ ဗန်ဟားလ်က မစ်ဂျေလန်းနှင့်ကစားမည့် ယူရိုပါလိဂ်ပွဲစဉ်တွင် အနိုင်ရရေးအတွက် ကစားသမားများကို Sexy ကျကျကစားရန်တိုက်တွန်းထားကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ ဗန်ဟားလ်က”စိတ်ဓာတ်၊ နိုင်လိုစိတ်၊ ခဏခဏသုံးဖြစ်တာကတော့ Sexy ကျကျဆိုတဲ့ စကားပါပဲ”ဟု ကစားသမားများအား မည်သို့စိတ်ဓာတ်မြှင့်တင်ပေးသည်ဆိုသောအချက်ကို ဖွင့်ဟခဲ့သည်။ သို့သော် ဗုဒ္ဓဟူးနေ့အစောပိုင်းက ပြောကြားခဲ့သည့် ထိုစကားအား မန်ယူနောက်ခံလူဟောင်း ရီယိုဖာဒီနန်က ဗန်ဟားလ်၏တိုက်ပွဲခေါ်သံမှာ ဖာဂူဆန်နှင့် လုံးဝကွဲပြားနေကြောင်း သုံးသပ်ခဲ့သည်။...
Read More
ပရီးမီးယားလိဂ်
အာဆင်နယ်အသင်းသည် လာမည့်လတွင် ယခုဘောလုံးရာသီ၏အရေးကြီးပွဲစဉ် ၂ ပွဲကို ၃ ရက်အတွင်း ကစားရမည်ဖြစ်ကြောင်း သိရှိရသည်။ တနင်္လာနေ့တွင် အက်ဖ်အေက မတ်လ ၇ ရက်နေ့မှာ အာဆင်နယ်နှင့် ဟူးလ်စီးတီးတို့ အက်ဖ်အေဖလားပဉ္စမအဆင့် ပြန်ကန်ပွဲကစားရမည့်ရက်ဟု ကြေညာထားသဖြင့် အာဆင်နယ်မှာ မတ်လ ၅ ရက်နေ့တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အရေးကြီးသည့်ပွဲစဉ်ဖြစ်သော စပါးနှင့်ပွဲအပြီး ၄၈ နာရီအကြာတွင်...
Read More
ပရီးမီးယားလိဂ်
ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျသည် အသင်းနည်းပြရာထူးအတွက် ရေရှည်အစီအမံအဖြစ် လက်ရှိအီတလီနည်းပြကွန်တီအားခေါ်ယူရေးအတွက် ထိုနည်းပြနှင့် ယခုလအစောပိုင်းက ပြင်သစ်နိုင်ငံ မိုနာကိုတွင် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ ထိုနည်းပြမှာ ယူရို-၂၀၁၆ အပြီးတွင် အီတလီလက်ရွေးစင်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ထိုပြိုင်ပွဲအပြီးတွင် ကလပ်နည်းပြဘ၀သို့ တစ်ကျော့ပြန်ဝင်ရောက်လိုနေသူဖြစ်သည်။ ကွန်တီနှင့် အေဘရာမိုဗစ်ခ်ျတို့သည် မိုနာကိုတွင်တွေ့ဆုံခဲ့ကြပြီး ထိုတွေ့ဆုံမှုဖြစ်မြောက်စေရန် အီတလီအေးဂျင့်တစ်ဦးက ဆောင်ရွက်ပေးခဲ့ကြောင်းသိရပြီး ကွန်တီမှာ အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)တာဝန်ရှိသူများနှင့်လည်း...
Read More
ပရီးမီးယားလိဂ်
အင်္ဂါနေ့တွင်ကစားမည့် ဘာစီလိုနာနှင့်ပွဲစဉ်တွင် အာဆင်နယ်အတွက်ပွဲထွက်ကစားမည့် ဆန်းချက်ဇ်က ဘာစီလိုနာမှ အာဆင်နယ်သို့ပြောင်းရွှေ့ခဲ့သည့်အတွက် နောင်တမရကြောင်း ပြောဆိုသွားခဲ့သည်။ ဆန်းချက်ဇ်သည် ၂၀၁၄ ဇူလိုင်လက ဘာစီလိုနာမှ အာဆင်နယ်သို့ ပေါင် ၃၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းဟောင်းနှင့်ထိပ်တိုက်ရင်ဆိုင်ရမည်မှာ စိတ်လှုပ်ရှားစရာကောင်းကြောင်း ၀န်ခံသွားခဲ့သည်။ “ကျွန်တော့်ဆုံးဖြတ်ချက်အတွက် နောင်တမရပါဘူး။ ဘာစီလိုနာကိုစွန့်ခွာဖို့ မလွယ်ကူခဲ့ပါဘူး။ ဒါပေမဲ့ အသင်းတစ်သင်းတည်းမှာပဲ အနားယူတဲ့အထိကစားတဲ့ ကစားသမားမျိုးက...
Read More