ပရီးမီးယားလိဂ်

ချဲလ်ဆီးကို အသင်းတိုင်း အနိုင်ယူချင်နေသည်ဟု ဟာဇက်ဆို

ချဲလ်ဆီးအသင်းကွင်းလယ်လူဟာဇက်က ယခုနှစ်ဘောလုံးရာသီတွင် အသင်းတိုင်းက ချဲလ်ဆီးကို ဖိအား ပေးရန် ပြင်ဆင်ထားသောကြောင့် ချန်ပီယံဆုဖလားအတွက် ခက်ခဲလိမ့်မည်ဟု ပြောကြားလိုက်သည်။ ယခုနှစ်ပရီးမီးယားလိဂ်ရာသီအစကတည်းက ရုန်းကန်ခဲ့ရသော ချဲလ်ဆီးအသင်းမှာ ပွဲစဉ်(၄)ပွဲကစားပြီးချိန်တွင် ရမှတ်(၄)မှတ်သာပိုင်ဆိုင်ခဲ့သောကြောင့် အမှတ်ပေးဇယားအဆင့်(၁၃)တွင်ရပ်တည်နေရသည်။ မော်ရင်ညို၏ချဲလ်ဆီးအသင်းသည် အမှတ်ပေးဇယားဦးဆောင်သူ မန်စီးတီးအသင်းနှင့်ရမှတ်(၈)မှတ်ကွာဟ နေသော်လည်း ကွင်းလယ်လူဟာဇက်က ဆုဖလားသိမ်းပိုက်နိုင်ရန် အခွင့်အရေးရှိသေးကြောင်းပြောကြား ခဲ့သည်။ ဟာဇက်က “အသင်းတိုင်းက ဖိအားပေးဖို့ပြင်ဆင်ထားလို့ ချဲလ်ဆီးအတွက်...
Read More

လီဗာပူးနှင့်ပွဲတွင် မန်ယူဂိုးသမားဒီဂီယာ ပြန်လည်ပွဲထွက်ခွင့်ရနိုင်

မန်ယူအသင်းတွင်ပွဲထွက်ခွင့်ဆုံးရှုံးနေသော ဂိုးသမားဒီဂီယာမှာ လာမည့်စနေနေ့တွင် လီဗာပူအသင်းနှင့်ကစား ရမည့်ပွဲစဉ်၌ ပွဲထွက်ကစားသမားအဖြစ် ပြန်လည်ပါဝင်ရန် နီးစပ်လျက်ရှိကြောင်းသိရသည်။ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရန်နီးစပ်ခဲ့သော ဒီဂီယာနှင့် မန်ယူအသင်းနည်းပြဗန်ဟားလ်တို့ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးပြီး နောက် ပွဲထွက်ခွင့်ဆုံးရှုံးနေမှုမှာ အဆုံးသတ်ဖွယ်ရှိကြောင်း The Mirror မှဖော်ပြခဲ့သည်။ ဒီဂီယာသည် ယခုနှစ်ဘောလုံးရာသီတွင် မန်ယူအသင်း၏ရာသီကြိုခရီးစဉ်အဖြစ် အမေရိကန်တွင်ကစားခဲ့သော ပီအက်စ်ဂျီနှင့်ပွဲစဉ်တွင်စွမ်းဆောင်ရည်ကျဆင်းခဲ့ပြီးနောက်နည်းပြဗန်ဟားလ်ကမိမိ၏ဂိုးသမားမှာ ပွဲစဉ်အပေါ်စိတ်နှစ်မြှုပ်မှုပုံမှန်အနေအထားမရှိဟုဆိုကာ ဂိုးသမားသစ်ဆာဂျီယိုရိုမီယိုကို ပွဲထွက်ခွင့်ပေးခဲ့သည်။ အဆိုပါအာဂျင်တီးနားဂိုးသမားမှာ...
Read More

နည်းပြဟောင်း ဖာဂူဆန်နှင့်ဆက်ဆံရေး ပျက်ယွင်းခဲ့သည့်အတွက် နောင်တမရဟု ရွန်နီပြောကြား

မန်ယူအသင်းနည်းပြဟောင်းဖြစ်သူ ဆာအဲလက်စ်ဖာဂူဆန်နှင့် ဆက်ဆံရေးပျက်ယွင်းခဲ့သည့်အတွက် နောင်တမရဟု မန်ယူအသင်းခေါင်းဆောင် ၀ိန်းရွန်နီက ထုတ်ဖော်ပြောကြားလိုက်သည်။ ရွန်နီသည် မန်ယူအသင်းကို ဖာဂူဆန်နောက်ဆုံးတာဝန်ယူခဲ့သည့် ၂၀၁၃ ခုနှစ်နှောင်းပိုင်းတွင် အသင်းမှထွက်ခွာလုနီးပါးဖြစ်ခဲ့ပြီး နောက်ပိုင်းမှသာ အသင်းတွင်ဆက်လက်ရှိနေခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းကို နည်းပြလူးဝစ်ဗန်ဟားတာဝန်ယူပြီးနောက်ပိုင်း အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ရသည့် ရွန်နီက လက်ရှိအချိန်တွင် မန်ယူအသင်းဒါရိုက်တာအဖြစ်တာဝန်ယူနေသည့် ဖာဂူဆန်အား လေးစားမှုရှိနေဆဲဖြစ်ကြောင်းဆိုခဲ့သည်။ “ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘယ်လိုအဆုံးသတ်ခဲ့တယ်ဆိုတာ...
Read More

ဒဏ်ရာခွဲစိတ်ပြီးနောက် ခရစ္စမတ်အထိ ၀ဲလ်ဘက်နားရမည်

အာဆင်နယ် တိုက်စစ်မှူး ဒန်နီဝဲလ်ဘက် သည် ဒူးဒဏ်ရာ ခွဲစိတ်မှု ခံယူပြီးနောက် ခရစ္စမတ် ကာလ အထိ အနားယူ ရတော့ မည်ဖြစ်ကြောင်း သိရသည်။ အသက် ၂၄ နှစ် အရွယ်ရှိ ၀ဲလ်ဘက် သည် ဧပြီလက ရရှိခဲ့သော ဒူးဒဏ်ရာကို ပြီးခဲ့သည့် တစ်ပတ်က ခွဲစိတ်မှုခံယူခဲ့ရသည်။ ၀ဲလ်ဘက်၏ ဒဏ်ရာပြဿနာအကြောင်းကို...
Read More

မန်ယူတွင် မာရှယ် တိုက်စစ်မှူး နေရာ ရရန် အာမမခံနိုင်ဟု ဗန်ဂါးလ်ဆို

မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ လူးဝစ် ဗန်ဂါးလ် သည် မိုနာကို ကစားသမား အန်ထော်နီ မာရှယ်ကို ပေါင် ၃၆ သန်းဖြင့်ခေါ် ယူခဲ့ပြီးနောက် ၎င်းကို တိုက်စစ် မှူးနေရာမှ ကစားခိုင်း မည် ဟု အာမ မခံကြောင်း ပြောကြား လိုက်သည်။ အသက် ၁၉ အရွယ်ရှိ...
Read More

မန်ယူနှင့် ပွဲအား စတာရစ်ခ်ျ လွဲချော်

လီဗာပူး အသင်းတိုက် စစ်မှူး စတာရစ်ခ်ျသည် တင်ပါးဆုံ ဒဏ်ရာကြောင့် ယခုတစ် ပတ်အတွင်း အသင်း၏ ပုံမှန်လေ့ ကျင့်ရေးအ စီအစဉ်များ တွင်ပါဝင်နိုင် တော့မည်မ ဟုတ်သည့် အပြင်စက် တင်ဘာ ၁၂ ရက်နေ့၌ မန်ယူအ သင်းနှင့်တွေ့ ဆုံမည့်ပွဲ စဉ်ကိုပါ လွဲချော်မည် ဖြစ်ကြောင်းသိ ရသည်။ စတားရစ်ခ်ျ သည်လွန်ခဲ့သော...
Read More

အာဂျင်တီးနား လက်ရွေးစင် ဂိုးသမား ရိုမီယိုအား မန်ယူခေါ်ယူ

မန်ယူအသင်း သည် အသင်းတွင် ဆက်ရှိရန် မသေချာ မရေရာနေသည့် ဒီဂီယာနေရာ အတွက်ကြိုတင် အစားထိုး သည့် အနေဖြင့် အာဂျင်တီးနား လက်ရွေးစင် ဂိုးသမားရိုမီယို အားခေါ်ယူ လိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။ ရိုမီယိုသည် ဆမ်ဒိုးရီးယားနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အသင်း လက်မဲ့ဖြစ်နေ ရာမှ မန်ယူက အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ် ယူခဲ့ခြင်းဖြစ်ကာ(၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ယင်းဂိုးသမားမှာ...
Read More

လာလီဂါပြိုင်ပွဲတွင် ပါဝင်ကစား လိုကြောင်း ရမ်ဆေး ၀န်ခံ

 အာဆင်နယ် အသင်း အဓိက ကွင်းလယ် ကစားသမား တစ်ဦးဖြစ်သူ ရမ်ဆေးက ၄င်းအနေဖြင့် အနာဂါတ်တွင် စပိန်လာလီ ဂါပြိုင်ပွဲသို့ သွားရောက် ကစား လိုကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။ ရမ်ဆေးအား စပိန်လာလီဂါ အသင်းကြီး တစ်သင်းဖြစ်သော ဘာစီလိုနာ အသင်းမှခေါ်ယူ ရန် စိတ်ဝင် စားနေကြောင်း သတင်း များထွက်ပေါ် လာခဲ့ပြီးနောက်...
Read More

ကိုပါ အမေရိကဖလား ယှဉ်ပြိုင်ခဲ့သည့် ကစားသမား များကို ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်တွင် မန်စီးတီး အနားပေးဖွယ်ရှိ

မန်စီးတီး အသင်း သည် အာဂျင်တီးနား ကစားသမား များဖြစ်သည့် အဂူရို၊ ဒီမစ်ချယ်လီ၊ ဇာဘာလက်တာနှင့် ဖာနန်ဒင်ဟို တို့အား ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ဖြစ် သည့် ၀က်စ် ဘရွန်းနှင့် ပွဲစဉ်တွင် အနားပေး သွားဖွယ် ရှိနေကြောင်း သိရသည်။ ယင်း ကစား သမားများမှာ ပြီးခဲ့သည့် ကိုပါ အမေရိက ဖလားတွင်...
Read More
error: Content is protected !!