ပရီးမီးယားလိဂ်

ချဲလ်ဆီးဂိုးသမားကော်တိုရစ် ဒူးဒဏ်ရာကြောင့် (၂)လခန့်နားရမည်

ချဲလ်ဆီးဂိုးသမားကော်တိုရစ်သည် ဘယ်လ်ဂျီယံအသင်းနှင့် ယူရိုခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ပြင်းထန်သည့် ဒူးဒဏ်ရာရရှိခဲ့သဖြင့် (၂)လခန့်အနားယူရတော့မည်ဖြစ်ကြောင်း သိရသည်။ အသက်(၂၃)နှစ်ရှိ အဆိုပါဂိုးသမားသည် လက်ရွေးစင်အသင်းနှင့် ကစားပြီးနောက် ချဲလ်ဆီးအသင်းနှင့် ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်တွင် ဒူးဒဏ်ရာမှာ ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ကော်တိုရစ်ဒဏ်ရာရရှိသွားသောကြောင့် ချဲလ်ဆီးမှထွက်ခွာသွားသည့် ပီတာချက်နေရာအတွက် ပေါင်(၈)သန်းဖြင့် စတုတ်စီးတီးမှ ခေါ်ယူထားသော ဂိုးသမားဘီဂိုဗစ်ကို အဲဗာတန်နှင့်ပွဲ၌ ထည့်သွင်းအသုံးပြုရတော့မည်ဖြစ်သည်။ ကော်တိုရစ်သည် ချဲလ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်အဖွင့်ပွဲအဖြစ်...
Read More

စစ်ဘေးရှောင်ဒုက္ခသည်များအတွက် လက်မှတ်တစ်စောင်ရောင်းရလျှင် ၁ ပေါင်နှုန်းဖြင့် အာဆယ်နယ်လှူဒါန်း

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက စတုတ်စီးတီးနှင့်ပွဲစဉ်တွင် ရောင်းချရမည့်လက်မှတ် တစ်စောင်လျှင် ၁ ပေါင်ကို ဆီးရီးယားစစ်ဘေးရှောင်ဒုက္ခသည်များအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း တရားဝင် ပြောကြားလိုက်သည်။ အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက အဆိုပါဒုက္ခသည်များကို လှူဒါန်းမှုပြုလုပ်ခဲ့ပြီး ယခု အချိန်တွင် ပေါင်၄၀၀၀၀၀ အထိရှိပြီဖြစ်ကြောင်းသိရသည်။ ယင်းလှူဒါန်းငွေများမှာ အာဆင်နယ်ယှဉ်ပြိုင် ခဲ့သောဘောလုံးရာသီတစ်ခု၏ ပထမဆုံးချန်ပီယံလိဂ်ပြိုင်ပွဲတွင် လက်မှတ်ရောင်းရငွေမှ တစ်စောင်လျှင် ၁ပေါင်နှုန်းဖြင့်...
Read More

မန်ယူနှင့်ပွဲတွင် လီဗာပူးတိုက်စစ်မှူးစတာရစ်ခ်ျ ပွဲထွက်ခွင့်ရရန်နီးစပ်နေ

အမေရိကန်နိုင်ငံတွင် တင်ပါးဒဏ်ရာခွဲစိတ်ကုသမှုအောင်မြင်ခဲ့ပြီးနောက် ကြာသပတေးနေ့က လေ့ကျင့်ခန်း အပြည့်အ၀ဆင်းနိုင်သော တိုက်စစ်မှူးစတာရစ်ခ်ျမှာ လီဗာပူးနှင့်အတူ ပွဲထွက်ခွင့်ရရှိရန်နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။ တိုက်စစ်မှူးစတာရစ်ခ်ျမှာ (၃)ပတ်ကြာကုသမှုခံယူခဲ့ပြီးနောက် ပထမဆုံးအကြိမ်လေ့ကျင့်ခန်းတွင် အချိန်ပြည့် ကစားသွားနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ အဆိုပါအင်္ဂလန်တိုက်စစ်မှူးသည် ပြီးခဲ့သည့်ဘောလုံးရာသီတွင်လည်း ပေါင်၊ တင်ပါးဆုံနှင့် ခြေသလုံးဒဏ်ရာ များကြောင့် ပွဲထွက်ကစားခွင့်(၁၈)ပွဲသာ ပါဝင်နိုင်ခဲ့ပြီး (၄)ဂိုးသာသွင်းယူနိုင်ခဲ့သည်။ လီဗာပူးအသင်းမှာ ဒဏ်ရာမှပြန်လည်သက်သာလာသည့် စတာရစ်ခ်ျကို မန်ယူနှင့်ပွဲတွင် ထည့်သွင်းရန်...
Read More

ပဲလေ့စ်နောက်ခံလူဂျိုးဝက်ဒ် ဒူးဒဏ်ရာကြောင့် မန်စီးတီးနှင့်ပွဲလွဲမည်

ခရစ္စတယ်ပဲလေ့စ်အသင်း၏ အဓိကနောက်ခံလူဖြစ်သူ ဂျိုးဝက်ဒ်သည် လေ့ကျင့်ရေးကွင်းအတွင်း ဒူးဒဏ်ရာရရှိခဲ့ခြင်းကြောင့် ရက်သတ္တပတ်လေးပတ်ခန့်အထိအနားယူရတော့မည်ဖြစ်ရာ မန်စီးတီးအသင်းနှင့်ပွဲစဉ်အား လွဲချော်တော့မည်ဖြစ်ကြောင်း နည်းပြအလန်ပါဂျူးက အတည်ပြုပြောကြားခဲ့သည်။ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံချဲလ်ဆီးအသင်းအား အနိုင်ရရှိခဲ့သည်ပွဲစဉ်တွင် အသင်းအတွက်အရေးပါသည့် အနိုင်ဂိုးအား သွင်းယူပေးခဲ့သည့် နောက်ခံလူ ဂျိုးဝက်ဒ်သည် ပရီးမီးယားလိဂ်ပွဲစဉ်လေးပွဲတွင် အသင်းအတွက် နှစ်ဂိုးသွင်းယူပေးထားနိုင်ခဲ့သည်။ “ဂျိုးဝက်ဒ်ကို မန်စီးတီးနဲ့ပွဲစဉ်မှာ အသုံးပြုလို့မရတော့ပါဘူး။ လေ့ကျင့်ရေးကွင်းမှာရရှိခဲ့တဲ့ဒဏ်ရာကြောင့် တစ်လခန့်အနားယူရဖို့ရှိနေပါတယ်။ မန်စီးတီးနဲ့အရေးကြီးပွဲစဉ်မှာ ဂျိုးဝက်ဒ်ကို အသုံးပြုခွင့်မရတာက...
Read More

မန်စီးတီးနောက်ခံလူဆက်ဂ်ညာ ဒဏ်ရာပြဿနာမှ ပြန်လည်ရုန်းထွက်နိုင်ခဲ့

ပြီးခဲ့သည့်တနင်္လာနေ့တွင် ဆားဘီးယားနှင့်ကစားခဲ့သောခြေစမ်းပွဲ၌ ပြင်သစ်ညာနောက်ခံလူဆက်ဂ်ညာမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့သော်လည်း အလျင်အမြန်ကောင်းမွန်လာသောကြောင့် ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့သည့် မန်စီးတီးလေ့ကျင့်ရေးအစီအစဉ်တွင် ပြန်လည်ပါဝင်နိုင်ခဲ့ကြောင်းသိရသည်။ မန်စီးတီးအသင်းခံစစ်ပိုင်းတွင် ဒဏ်ရာရကစားသမားများပြားနေပြီး ဘယ်နောက်ခံလူဇာဘလက်တာနှင့် ကွင်း လယ်လူဒီလပ်တို့မှာလည်း ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရသည်။ သို့သော်ကွင်းလယ်ကစားသမားဒီလပ်နေရာတွင်အစားထိုးရန်ပြင်ဆင်ထားသည့် ဖာနန်ဒိုမှာ ကြံ့ခိုင်မှုအပြည့် ရရန်အလွန်နီးစပ်နေပြီး ဆက်ဂ်ညာသည်လည်း ဒဏ်ရာပြဿနာမှ ပြန်လည်ရုန်းထွက်နိုင်ခဲ့သောကြောင့် မန်စီးတီးနည်းပြပယ်လီဂရီနီအတွက် သတင်းကောင်းဖြစ်ခဲ့သည်။ ကွင်းလယ်လူဒီလပ်မှာ အင်္ဂလန်အသင်းအတွက် ယူရို-၂၀၁၆ခြေစစ်ပွဲအဖြစ် ဆွစ်ဇာလန်နှင့်ပွဲတွင် ပါဝင်ခဲ့ခြင်း...
Read More

စပါးအတွက် (၄)ပွဲ (၃)ဂိုးရရှိရုံဖြင့် မလုံလောက်ဟု ချက်ဒလီဆို

စပါးအသင်းတောင်ပံကစားသမားချက်ဒလီက ကစားသမားသစ်ဟောင်မင်ဆန်နှင့်အန်ဂျေးတို့မှာ ယခုတစ်ပတ် တွင်ကစားမည့် ဆန်းဒါးလန်းနှင့်ပွဲတွင်ခြေစွမ်းပြပြီး အမှတ်ပေးဇယားထိပ်ပိုင်းရောက်အောင် ကူညီနိုင်မည့်သူများ ဖြစ်သည်ဟုမျှော်လင့်ထားကြောင်းပြောကြားခဲ့သည်။ ယခုဘောလုံးရာသီတွင် စပါးအသင်း၏ဂိုးရယူနိုင်ရေးကြိုးပမ်းမှုမှာ အမှတ်ပေးဇယားဦးဆောင်သူမန်စီးတီး ထက် အခွင့်အရေး(၁၂)ကြိမ်ပိုရခဲ့သော်လည်း တိုက်စစ်ကဂိုးသွင်းယူနိုင်မှုအားနည်းခဲ့ပြီး (၄)ပွဲတွင် (၃)ဂိုးသာ ရယူနိုင်ခဲ့သည်။ ထိုအချက်နှင့်ပက်သတ်၍ ပြီးခဲ့သည့်ဘောလုံးရာသီတွင် (၁၁)ဂိုးသွင်းယူပေးထားသော ချက်ဒလီက “စပါးလို အသင်းအတွက် (၄)ပွဲ(၃)ဂိုးဆိုတာ လုံလောက်မှုမရှိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ သွင်းဂိုးအများအပြားရယူ ရမှာဖြစ်သလို...
Read More

ဂျွန်စတုန်းအား စာချုပ်သက်တမ်းတိုးရန် အဲဗာတန်ကြိုးစားနေ

အဲဗာတန်အသင်းသည် ချယ်လ်ဆီးအသင်းက ခေါ်ယူရန်ကြိုးစားနေသော နောက်ခံလူဂျွန်စတုန်းအား စာချုပ်သက်တမ်းတိုးနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ကာလတွင် ဂျွန်စတုန်းအား ခေါ်ယူရန် (၄)ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့သော်လည်း အဲဗာတန်အသင်းက ပယ်ချခဲ့သည်။ သို့သော် ဂျွန်စတုန်းသည် အဲဗာတန်မှ ကမ်းလှမ်းလာသော စာချုပ်သစ်တွင် တစ်ခြားအသင်းများက ပေါင် (၃ဂ)သန်းဖြင့် ကမ်းလှမ်းလာခဲ့ပါက အသင်းမှ ထွက်ခွာခွင့်ပေးရမည်ဟူသောအချက်ပါမှ...
Read More

ချဲလ်ဆီးနှင့်စပါး ကွင်းများ မွမ်းမံမည့်ကာလတွင် ၀င်ဘလေကွင်းအသုံးပြုခွင့်ရမည်

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)၏ အမှုဆောင်ချုပ်မာတင်ဂလင်းက ချဲလ်ဆီးနှင့်စပါးအသင်းအနေဖြင့် ၎င်းတို့၏အိမ်ကွင်းများဖြစ်သော စတမ်းဖို့ဒ်ဘရစ်ခ်ျနှင့် ၀ှိုက်ဟတ်လိန်းတို့အား ပြန်လည်မွမ်းမံပြင်ဆင်မည်ဆို ပါက အက်ဖ်အေ၏လုပ်ထုံးလုပ်နည်းများတွင်ပါဝင်သော ထောက်ပံ့ကူညီခြင်းနှင့် တာဝန်သိမှုဆိုသည့်အချက် ဖြင့် ၀င်ဘလေကွင်းကို သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပရီးမီးယားလိဂ်ချန်ပီယံချဲလ်ဆီးအသင်းသည် စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းအား ပရိသတ်(၆၀၀၀၀)ဆံ့ကွင်းအဖြစ် ပေါင်(၅၀၀)သန်းသုံးစွဲ၍ ပြန်လည်မွမ်းမံမည်ဆိုပါက ပြီးစီးရန်အချိန် (၂)နှစ်ခန့်ကြာမြင့်မည်ဖြစ်ပြီး စပါးအသင်း၏ ၀ှိုက်ဟတ်လိန်းကွင်းမှာလည်း (၂၀၁၇-၁၈)ရာသီတွင်မှပြီးစီးနိုင်ဖွယ်ရှိသည်။ ချဲလ်ဆီးနှင့်စပါးအသင်းအနေဖြင့် ၀င်ဘလေကွင်းကို အသုံးပြုမည်ဆိုပါက...
Read More

ရီးရဲလ်သို့  ပြောင်းရွှေ့ရန် ၀င်းဂါး စိတ်ဝင်စားခဲ့ဖူးကြောင်း ကယ်လ်ဒါရွန် ဖွင့်ဟ

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးသည် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားခဲ့ဖူးကြောင်း ယခင်ရီးရဲလ်ဥက္ကဋ္ဌဟောင်း ကယ်လ်ဒါရွန်က ပြောလိုက်သည်။ ၀င်းဂါသည် အာဆင်နယ်အသင်းတွင် (၁၉)နှစ်ကြာ နည်းပြအဖြစ် တာဝန်ယူခဲ့သော်လည်း ရီးရဲလ်မက်ဒရစ်က နည်းပြအဖြစ်ခန့်အပ်ရန် ကြိုးပမ်းခဲ့ သည်။ ရီးရဲလ်မက်ဒရစ်က ၀င်းဂါးအားနည်းပြအဖြစ်ခန့်အပ်နိုင်တော့မည်ဟု သတင်းများကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ဖူးပြီး ယင်းသတင်းများမှာ အမှန်တကယ်ဖြစ်မလာသော်လည်း ၀င်းဂါးကိုယ်တိုင် မိမိတို့အသင်းသို့ ပြောင်းရွှေ့ရန် အလွန်စိတ်ဝင်စားခဲ့ဖူးကြောင်း ကယ်လ်ဒါရွန်က...
Read More

ဟူးလ်စီးတီး ကွင်းလယ်လူ လီဗာမိုး ကိုကင်း သုံးစွဲခဲ့သော်လည်း ပွဲပယ်ပြစ်ဒဏ် ရှောင်လွှဲနိုင်ခဲ့

ဟူးလ်စီးတီးအသင်းကွင်းလယ်လူလီဗာမိုးသည် ပြီးခဲ့သည့်မေလတွင် ကိုကင်းသုံးစွဲကြောင်းတွေ့ရှိရသဖြင့် အက်ဖ်အေကပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း ယခုအချိန်တွင် အဆိုပါပြစ်ဒဏ်အားရုတ်သိမ်းခဲ့ကြောင်း သိရသည်။ အသက်(၂၅)နှစ်ရှိအဆိုပါကွင်းလယ်လူမှာ ဆေးသုံးစွဲမှုတွေ့ရှိပြီးအစောပိုင်းအချိန်တွင် ပွဲပယ်ပြစ်ဒဏ်(၂)နှစ် အထိကျခံရဖွယ်ရှိသော်လည်း အက်ဖ်အေမှ ၎င်း၏ရင်သွေးသေဆုံးချိန်တွင် စိတ်ထိခိုက်၍သုံးစွဲခဲ့ခြင်းဖြစ်သော ကြောင့် ပြစ်ဒဏ်လျော့ပေါ့ခဲ့ခြင်းဖြစ်သည်။ ဟူးလ်စီးတီးနည်းပြစတိဗ်ဘရုစ်က “ဒါဟာ သက်ညှာတဲ့ပြစ်ဒဏ်ဆိုတာမေးခွန်းထုတ်စရာမလိုပါဘူး။ ပြီးခဲ့တဲ့ ဘောလုံးရာသီအက်ဖ်အေဖလားဗိုလ်လုပွဲအပြီးမှာ ကံဆိုးချင်တော့ လီဗာမိုးရင်သွေးသေဆုံးခဲ့ရပါတယ်။ သူ ခံစားရတဲ့စိတ်ထိခိုက်မှုကို ကုစားဖို့သုံးစွဲခဲ့တာပါ။ ဒါကလည်း လူတိုင်းမှားတတ်တဲ့အမှားထဲက...
Read More
error: Content is protected !!