ပရီးမီးယားလိဂ်

အဲဗာတန်နှင့်ပွဲအပြီးမေးမြန်းမှုတွင် မော်ရင်ညိုရိုင်းပျစွာပြောဆိုခဲ့

အဲဗာတန်ကို ၃-၁ ဂိုးဖြင့်အရေးနိမ့်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမေးမြန်းမှုတွင် ချဲလ်ဆီးအသင်းနည်းပြမော်ရင်ညိုက ရိုင်းစိုင်းစွာတုံ့ပြန်ပြောဆိုခဲ့ကြောင်းသိရသည်။ အမှတ်ပေးဇယားထိပ်သို့ ပြန်လည်ရောက်ရှိရန်ကြိုးပမ်းနေသော ချဲလ်ဆီးအသင်းမှာ အဲဗာတန်အိမ်ကွင်း ဂွတ်ဒီဆင်ပတ်ခ်တွင် တိုက်စစ်မှူးနေးစမစ်၏ ဟတ်ထရစ်ဂိုးဖြင့်အရေးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ထုံးစံအရ အိမ်ရှင်အသင်းနည်းပြက ဧည့်သည်အသင်းနည်းပြကို ဦးစားပေး၍ ပြောခွင့်ပေးရမည်ကို အဲဗာတန်နည်းပြမာတီနက်ဇ်က ဆောလျင်စွာပြောဆိုခဲ့သောကြောင့် မော်ရင်ညို အမျက်ထွက်ခဲ့ခြင်းဖြစ်သည်။ အဲဗာတန်နည်းပြရောဘတ်တိုမာတီနက်ဇ်မှ မေးမြန်မှုဖြေကြားစဉ်တွင် အနားသို့ မော်ရင်ညိုရောက်ရှိလာခဲ့ပြီး ”ငါတို့ခရီးဆက်စရာရှိသေးလို့ နောက်တစ်ကြိမ်မင်းမပြောခင်...
Read More

၁၉၈၈-၈၉ ဘောလုံးရာသီနောက်ပိုင်း၂၇နှစ်အတွင်း အဆိုးရွားဆုံးရာသီကို ချဲလ်ဆီးရင်ဆိုင်နေရ

ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ ချဲလ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်-၅တွင် အဲဗာတန်အသင်းအား ထပ်မံအရေးနိမ့်ခဲ့ခြင်းကြောင့် ၁၉၈၈-၈၉ ဘောလုံးရာသီနောက်ပိုင်း ၂၇နှစ်အတွင်း အဆိုးရွားဆုံးရာသီအစအဖြစ်  ရင်ဆိုင်နေရပြီဖြစ်သည်။ ချဲလ်ဆီးအသင်းအနေဖြင့် ၁၉၈၈-၈၉ ဘောလုံးရာသီတွင် အင်္ဂလန်ဒုတိယတန်းအမှတ်ပေးပြိုင်ပွဲရာသီအဖွင့်ပွဲစဉ် ၅ ပွဲကစားခဲ့ရာ၌ ရှုံးပွဲ ၂ ပွဲကြုံတွေ့ခဲ့ရပြီး ၆ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ကာ အဆိုးရွားဆုံး ရာသီအစအဖြစ် ရင်ဆိုင်ခဲ့ရသည်။ အဆိုပါရာသီက  မန်စီးတီး၊ ခရစ္စတယ်ပဲလေ့စ်အစရှိသည့်အသင်းများအား...
Read More

စပါးသို့ ပြောင်းရွှေ့မည်ဆိုသည့် သတင်းများအား စတီဗင်ဂျရတ် ငြင်းဆန်

အယ်လ်အေဂလက်ဇီကွင်းလယ်ကစားသမားဖြစ်သူ စတီဗင်ဂျရတ်က ကာလရှည်ကြာကစားခဲ့သည့် ပရီးမီးယားလိဂ်မှ အသင်းအများစု၏ကမ်းလှမ်းမှုအား လက်ခံရရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် စပါးအသင်းထံ ပြောင်းရွှေ့ဖွယ်ရှိနေသည် ဆိုသည့်သတင်းများမှာ မဟုတ်မှန်ကြောင်း ငြင်းဆန်ပြောကြားခဲ့သည်။ လီဗာပူးအသင်းနှင့်အတူ ကာလရှည်ကြာလက်တွဲခဲ့သည့် အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ဂျရတ်သည် အမေရိကန်မေဂျာ လိဂ်ပွဲစဉ်များပြီးဆုံးချိန်တွင် အခြားထိပ်သီးကစားသမားများနည်းတူ ပရီးမီးယားလိဂ်ထံ ပြန်လည်ခြေချဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်လာခဲ့မှုအပေါ် ကာယကံရှင်နှင့် မေဂျာလိဂ်ကော်မရှင်အဖွဲ့ဝင်အချို့တို့က မဖြစ်နိုင်ဟု ငြင်းဆန်ခဲ့ကြသည်။ “ပရီးမီးယားလိဂ်အသင်းအများစုရဲ့ စိတ်ဝင်စားခြင်းခံနေရတယ်ဆိုတာ...
Read More

လာမည့်အပြောင်းအရွှေ့ ကာလတွင် ကာဗာနီကို အာဆင်နယ် ခေါ်ယူနိုင်မည်

အာဆင်နယ်အသင်းသည် လာမည့်ဇန်န၀ါရီ အပြောင်းအရွှေ့ကာလတွင် ပီအက်စ်ဂျီတိုက်စစ်မှူးကာဗာနီကို ခေါ်ယူနိုင်လိမ့်မည်ဟု သတင်းများကဖော်ပြခဲ့ကြသည်။ အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလတွင် ကာဗာနီကို ခေါ်ယူနိုင်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ လက်ရှိအချိန်တွင် ကာဗာနီကိုယ်တိုင်က ပြင်သစ်တွင် နေထိုင်ရသည်ကို မပျော်ရွှင်ဘဲ အာဆင်နယ်အသင်းသို့  ပြောင်းရွှေ့ ရန် အလိုရှိနေကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။ ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလတွင် အသင်းအင်အားဖြည့်တင်းရန်အတွက်...
Read More

ချဲလ်ဆီးက မိမိကို ထုတ်ပယ်လိမ့်မည်မဟုတ်ဟု မော်ရင်ညို ပြောကြား

ချဲလ်ဆီးအသင်း၏ ရာသီအစ ရလဒ်များကြောင့် မပျော်မရွင်ဖြစ်နေသော်လည်း အသင်းက မိမိကို ထုတ်ပယ်လိမ့်မည် မဟုတ်ကြောင်း နည်းပြမော်ရင်ညိုက ပြောကြားလိုက်သည်။ ချဲလ်ဆီးအသင်းသည် ယခုနှစ် ပရီးမီးယားလိဂ် ပွဲစဉ် ( ၄ ) ပွဲ ကစားပြီးချိန်တွင် တစ်ပွဲသာ အနိုင်ရထားပြီး အမှတ်ပေးဇယားတွင် ရမှတ် ( ၄ ) မှတ်နှင့် အဆင့်...
Read More

ဒဏ်ရာပြဿနာကြောင့် လီဗာပူးနှင့်ပွဲကို ရွန်နီ လွဲချော်မည်

မန်ယူအသင်းခေါင်းဆောင် ရွန်နီသည် တံကောက်ကြောဒဏ်ရာကြောင့်လီဗာပူးအသင်းအား အိမ်ကွင်းတွင် လက်ခံကစားရမည့် ပွဲစဉ်တွင် ပါဝင်နိုင်ဖွယ် မရှိကြောင်း သိရသည်။ ရွန်နီသည် လေ့ကျင့်ရေးကွင်းတွင် ထိုဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး မန်ယူအသင်းက ရွန်နီ၏ဒဏ်ရာသတင်းကို တရားဝင် မထုတ်ပြန်ခဲ့သော်လည်း ရွန်နီမှာ ကြံခိုင်မှုမပြည့်ဝသောကြောင့် လီဗာပူးနှင့် ပွဲစဉ်ကို လွဲချော်မည် ဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။ လီဗာပူးနှင့်ပွဲကို ရွန်နီ လွဲချော်ဖွယ် ရှိနေသောကြောင့်...
Read More

ဆန်းဒါးလန်းနှင့်ပွဲတွင် ဟောင်မင်ဆန်ပါဝင်နိုင်မည်ဟု ပိုချက်တီနို ဆို

ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် လေဗာကူဆင်အသင်းမှ     ပြောင်းရွှေ့ရောက်ရှိလာသော တောင်ပံကစားသမားဟောင်မင်ဆန်မှာ ဆန်းဒါးလန်းနှင့်ပွဲတွင် ပါဝင်ကစားနိုင်သည်ဟု စပါးနည်းပြပိုချက်တီနို က ပြောကြားခဲ့သည်။ ထို့အပြင် ပိုချက်တီနိုက အသက် ၂၃ နှစ်ရှိ အဆိုပါတောင်ကိုရီယားကစားသမားမှာ တိုက်စစ်မှူးအဖြစ်ပွဲထွက်နိုင်သူဖြစ်သည်ဟုလည်း ထပ်မံပြောကြားခဲ့သည်။ ပိုချက်တီနိုက”သူဟာ နိုင်ငံအသင်းအတွက် ၃ ဂိုးသွင်းယူပေးထား သလို စပါးအသင်းကိုရောက်ရှိချိန်ကတည်းကစပြီး လေ့ကျင်းရေး အစီ အစဉ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့တာတွေ့ရပါတယ်။ သူဟာ...
Read More

ခြေကျင်းဝတ်ဒဏ်ရာကြောင့် ပဲလေ့စ်နှင့်ပွဲတွင် ဆေးလ်ဗားမပါဝင်နိုင်

မန်စီးတီး အသင်းကွင်း လယ်လူ ဒေးဗစ် ဆေးလ်ဗားမှာ လေ့ကျင်းရေး ကွင်းတွင်ရ ရှိခဲ့သောခြေကျင်းဝတ်ဒဏ်ရာကြောင့် ခရစ္စတယ်ပဲ လေ့စ် နှင့် ကစားရ မည့်ပွဲတွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း နည်းပြပယ်လီ ဂရီနီက ပြောကြား သွားခဲ့သည်။ အသက် ၂၉နှစ်ရှိ အဆိုပါ စပိန်လက်ရွေးစင်ကစား သမားသည် ယခုနှစ် ဘောလုံး ရာသီတွင် မန်စီးတီး အသင်း...
Read More

မန်ယူအသင်းနှင့် ဂိုးသမားဒီဂီယာ စာချုပ်သစ်ချုပ်ဆို

ရီးရဲလ်သို့ပြောင်းရွှေ့ရန် နောက်ဆုံးအချိန်ထိသဘောတူညီမှုမရရှိခဲ့သော ဂိုးသမားဒီဂီယာမှာ မန်ယူအသင်းနှင့် ၄ နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်းသိရှိရသည်။ ဂိုးသမားဒီဂီယာ၏ လက်ရှိစာချုပ်သက်တမ်းမှာ လာမည့်နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်ပြီး ယခုချုပ်ဆိုခဲ့သော ၄ နှစ်သက်တမ်းရှိ စာချုပ်သစ်တွင် ၁ နှစ်သက်တမ်းထပ်တိုးနိုင်မည့်အချက် ပါဝင်နေကြောင်းသိရသည်။ ၎င်းက”နွေရာသီမှာကြုံတွေ့ခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ချန်ထားပြီး အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားလုပ်ဆောင်မှာဖြစ်ပါတယ်။ ကျေနပ်မှုတွေနဲ့ မန်ယူကစားသမားဘ၀စာမျက်နှာသစ်တွေကို ပြန်လည်စတင်မှာပါ။ မန်ယူရဲ့...
Read More

ပရီးမီးယားလိဂ် ၁ လတာ အကောင်းဆုံးဆုကို အယောနှင့် ပယ်လီဂရီနီသိမ်းပိုက်

ပြီးခဲ့သည့် သြဂုတ်လ၏ တစ်လတာ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို ဆွမ်ဆီးတိုက်စစ်မှူးအယောက သိမ်းပိုက်နိုင်ခဲ့ပြီး အကောင်းဆုံးနည်းပြဆုက မန်စီးမီးနည်းပြပယ်လီဂရီနီမှ ဆွတ်ခူးသွားခဲ့ကြောင်း သိရှိရသည်။ အသက် ၂၅နှစ်ရှိ  အဆိုပါဂါနာအသင်းခေါင်းဆောင်သည် ဆွမ်ဆီးအသင်းအတွက် သွင်းဂိုး ၃ ဂိုးရယူပေးနိုင်ခဲ့ပြီး ပရီးမီယားလိဂ်ပွဲစဉ် ၄ပွဲ ကစားပြီးချိန်တွင် အမှတ်ပေးဇယားအဆင့် ၄နေရာရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။ မန်စီးတီးနည်းပြပယ်လီဂရီနီမှာမူ ၄ ပွဲကစားပြီးချိန်တွင် ရာနှုန်းပြည့်နိုင်ပွဲဖြင့် အမှတ်ပေးဇယားကို...
Read More
error: Content is protected !!