ပရီးမီးယားလိဂ်

စတုတ်နှင့်ပွဲတွင် ပေးဂိုးမရှိပါက ပီဇာအ၀ကျွေးမည်ဟု အသင်းသားများကို လက်စတာနည်းပြ စည်းရုံး

လက်စတာနည်းပြရာနီရေးနီသည် ပရီးမီးယားလိဂ်ပွဲစဉ်-၅ တွင်ယှဉ်ပြိုင်ရမည့် စတုတ်စီးတီးအသင်းနှင့်ပွဲစဉ်၌ ပေးဂိုးမရှိအောင်ကစားနိုင်ခဲ့ပါက ပီဇာအ၀ကျွေးမည် ဖြစ်ကြောင်း အသင်းသား များအး စည်းရုံးပြောကြားခဲ့ကြောင်း ဗြိတိန်မီဒီယာများမှဖော်ပြခဲ့ကြသည်။ ပရီးမီးယားလိဂ်ပွဲစဉ်-၅အပြီးတွင် ရှုံးပွဲမရှိကစားထားနိုင်ခဲ့သည့် လက်စတာအသင်းသည် မန်စီးတီးအသင်းနှင့်အတူ အမှတ်ပေးဇယားအား ဦးဆောင်လျက်ရှိသော်လည်း ပေးဂိုး ၇ ဂိုးအထိရှိနေခဲ့ခြင်းကြောင့် နည်းပြရာနီရေးနီက ယခုကဲ့သို့ စည်းရုံးခဲ့ခြင်းဖြစ်သည်။ “အသင်းသားတွေအနေနဲ့ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်မယ်ဆိုရင် ပီဇာအ၀၀ယ်ကျွေးလိုပါတယ်။ ဒါပေမဲ့...
Read More

အာဆင်နယ်နှင့်ပွဲတွင် ၀ီလျံမပါဝင်နိုင်သော်လည်း ပက်ဒရို၊ ဖယ်လ်ကာအိုနှင့် အော်စကာတို့ ပါဝင်မည်

ချဲလ်ဆီးနည်းပြမော်ရင်ညိုက အာဆင်နယ်နှင့်ကစားမည့် လန်ဒန်ဒါဘီပွဲတွင် ကွင်းလယ်လူဝီလျံမပါဝင်နိုင်သော်လည်း ပက်ဒရို၊ ဖယ်လ်ကာအိုနှင့် အော်စကာတို့ ပါဝင်နိုင်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားသွားခဲ့သည်။ ဖယ်လ်ကာအိုနှင့် ပက်ဒရိုတို့မှာ မက္ကာဘီတဲလ်အဗစ်နှင့်ကစားခဲ့သည့်ပွဲကို လွဲချော်ခဲ့ပြီး အော်စကာမှာလည်း အစောပိုင်းကာလတွင် ပါဝင်နိုင်ခြင်းမရှိခဲ့သော်လည်း ယခုအချိန်တွင် အဆိုပါကစားသမား ၃ ဦးလုံး ပြန်လည်ပါဝင်နိုင်မည်ဟု ချဲလ်ဆီးနည်းပြမော်ရင်ညိုက အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။ မော်ရင်ညိုက ”အခုအချိန်မှာ ၀ီလျံကိုရွေးချယ်ဖို့မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ပက်ဒရို၊...
Read More

ပရိသတ်များ၏နွေးထွေးစွာကြိုဆိုမှုကို မန်စီးတီးကွင်းလယ်လူဒီဘရူနီ ကျေးဇူးတင်

ယခုနွေရာသီအပြောင်းအရွှေ့ကာလမပိတ်သိမ်းမီအချိန်တွင် ၀ုဖ်ဘတ်အသင်းမှ ပေါင် ၅၂ သန်းဖြင့် မန်စီးတီးသို့ ပြောင်းရွှေ့ရောက်ရှိလာသော ကွင်းလယ်လူဒီဘရူနီက အသင်းပရိသတ်များမှ နွေးထွေးစွာကြိုဆိုသည့်အပေါ် ကျေဇူးတင်ရှိကြောင်း တွစ်တာတွင် ရေးသားခဲ့သည်။ အဆိုပါဘယ်လ်ဂျီယံကွင်းလယ်လူသည် ပရီးမီးယားလိဂ်သို့ နောက်တစ်ကြိမ်ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရသည့်ပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သောကြောင့် မန်စီးတီးနှင့်တာထွက်ကောင်းခဲ့ပြီး ဂျူဗင်တပ်နှင့်ပွဲတွင်လည်း အရန်ကစားသမားအဖြစ်ပါဝင်ကစားပေးခဲ့သည်။ ချဲလ်ဆီးကစားသမားဟောင်းဒီဘရူနီမှာ မန်စီးတီးပရိသတ်များ၏ အားပေးမှုရရှိထားခဲ့ပြီး ပြီးခဲ့သည့်ကြာသပတေးနေ့က တွေ့ဆုံမိတ်ဆက်မှုပြုလုပ်ခဲ့ပြီးနောက် နွေးထွေးစွာကြိုဆိုသည့်...
Read More

၁၀ နှစ်အတွင်း အဆိုးဆုံးရလဒ်များနှင့် လီဗာပူးကြုံတွေ့နေရသည့်အပေါ် ရက်နက်စိတ်မကောင်း

ကျူပီအာအသင်းနည်းပြဟောင်း ဟယ်ရီရက်နက်က ယခုနှစ်ဘောလုံးရာသီတွင် လီဗာပူးအသင်းကြုံတွေ့နေရသည့်ရလဒ်များမှာ ၁၀ နှစ်တာကာလအတွင် အဆိုးရွားဆုံးဖြစ်နေသည့်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားသွားခဲ့သည်။ လီဗာပူးအသင်းမှာ ယခုနွေရာသီတွင် မန်စီးတီးသို့  တိုက်စစ်မှူးစတာလင်ပြောင်းရွှေ့မှုအပါအ၀င်၊ အသင်းခေါင်းဆောင်ဂျရတ်ထွက်ခွာသွားခြင်းနှင့် ဘာစီလိုနာသို့ ဆွာရက်ဇ်ရောက်ရှိသွားခြင်းများကြောင့် လူဟောင်းကစားသမားများမရှိတော့သည့်အတွက် ယခုဘောလုံးရာသီမှာ လီဗာပူးအတွက် ခက်ခဲလာနိုင်သည့်အပေါ် စိုးရိမ်ကြောင်း ရက်နက်က ပြောကြားသွားခဲ့သည်။ ရက်နက်က ”လီဗာပူးအသင်းရဲ့ ၁၀ နှစ်တာ ကာလအတွင်း...
Read More

ချန်ပီယံလိဂ်နိုင်ပွဲကြောင့် အာဆင်နယ်ကိုရင်ဆိုင်ရန် အသင့်ဖြစ်နေဟု ကာဟေးလ် ကြုံးဝါး

ချဲလ်ဆီးအသင်းနောက်ခံလူ ကာဟေးလ်က ချန်ပီယံလိဂ်ဖွင့်ပွဲတွင် မက္ကာဘီတဲလ်အဗစ်ကို ၄ ဂိုးပြတ်အနိုင်ရပြီးနောက် ရရှိခဲ့သည့်စိတ်ဓာတ်ခွန်အားဖြင့် အာဆင်နယ်ကိုရင်ဆိုင်ရန် အသင့်ဖြစ်နေကြောင်း ပြောကြားလိုက်သည်။ ပရီးမီးယားလိဂ်တွင် အဆိုးရွားဆုံးရာသီအစဖြင့်ကြုံတွေ့နေရသော ချဲလ်ဆီးမှာ အမှတ်ပေးဇယား၌ အဆင့် ၁၇ နေရာရောက်ရှိနေသဖြင့် ဖိအားအောက်ရောက်ခဲ့ရသော်လည်း ချန်ပီယံလိဂ်နိုင်ပွဲမှာ စိတ်ဓာတ်ခွန်အားပြန်လည်မြင့်တက်စေသည်ဟု ယုံကြည်ကြောင်း ကာဟေးလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ကာဟေးလ်က ”ကျွန်တော်တို့အတွက် တကယ့်ကိုကောင်းမွန်တဲ့ပွဲဖြစ်စေခဲ့ပါတယ်။ ပွဲအစကနေ အဆုံးအထိ...
Read More

ပီတာချက်နှင့် အော့စ်ပီနာတို့ကို အလှည့်ကျဂိုးသမားများအဖြစ် ဆက်လက်အသုံးပြုမည်

ချန်ပီယံလိဂ်ပြိုင်ပွဲတွင်  ဒိုင်နမိုဇာဂရက်ကို အရေးနိမ့်ခဲ့သော်လည်း ပီတာချက်နှင့် အော့စ်ပီနာတို့ကို အလှည့်ကျဂိုးသမားများအဖြစ် အာဆင်နယ်က ဆက်လက်အသုံးပြုမည်ဖြစ်ကြောင်းသိရသည်။ ချန်ပီယံလိဂ်အဖွင့်ပွဲတွင် အရေးနိမ့်ခဲ့သော အာဆင်နယ်မှာ ဂိုးသမားအော့စ်ပီနာကို အိမ်ကွင်းပွဲစဉ်များတွင် ဆက်လက်အသုံးပြုမည်ဖြစ်ပြီး အဝေးကွင်းပွဲများတွင် ပီတာချက်ကိုထည့်သွင်းကစားစေနိုင်သောကြောင့် ချဲလ်ဆီးနှင့်ပွဲတွင် ပီတာချက်ပြန်လည်ပါဝင်နိုင်ကြောင်းသိရသည်။ အော့စ်ပီနာမှာ အာဆင်နယ်မှ ရှက်ဇီနီထွက်ခွာပြီးနောက် ဦးစားပေးဂိုးသမားအဖြစ် ၂၀၁၄-၁၅ ဘောလုံးရာသီတွင် တတိယနေရာဖြင့်ရာသီသိမ်းနိုင်ရန် ကူညီပေးနိုင်ခဲ့သူဖြစ်ပြီး ပီတာချက်ရောက်ရှိလာချိန်၌ ဦးစားပေးကစားသမားအဖြစ်...
Read More

ချဲလ်ဆီးသို့ရောက်ရန် အခွင့်အရေးရခဲ့ဖူးကြောင်း အဲဗာတန်နောက်ခံလူ မိုရီ ဖွင့်ဟ

ပြီးခဲ့သည့် နွေရာသီကစားသမားအပြောင်းအရွှေ့တွင် အဲဗာတန်အသင်းထံရောက်ရှိခဲ့သည့် အာဂျင်တီးနားလက်ရွေးစင်နောက်ခံလူဖြစ်သူ မိုရီက လူငယ်ကစားသမားဘ၀တွင် ချဲလ်ဆီးလူငယ်ကစားသမားဖြစ်ရန် အခွင့်အရေးရရှိခဲ့ဖူးကြောင်း၊ ဥရောပပတ်စ်ပို့မရှိခဲ့သည့်အတွက် အခွင့်အရေးဆုံးရှုံးခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ အာဂျင်တီးနားထိပ်သီးကလပ် ရေးဗားပလိတ်လူငယ်အသင်းမှ ပေါ်ထွက်လာခဲ့သည့် နောက်ခံလူ မိုရီသည် ယခုနှစ်နွေရာသီကစားသမားအပြောင်းအရွှေ့ ဈေးကွက်တွင် ပေါင် ၉.၅သန်းဖြင့် အဲဗာတန်အသင်းထံ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီဖြစ်သော်လည်း အလုပ်လုပ်ခွင့်ပါမစ်မရရှိသေးသဖြင့် ပွဲထွက်ကစားခွင့်ရရှိရန် အချိန်စောင့်ဆိုင်းနေရခြင်းဖြစ်သည်။ “လူငယ်ကစားသမားဘ၀က ဒါးလက်စ်အသင်းရဲ့ တာဝန်ရှိသူတစ်ချို့ရဲ့...
Read More

အာဆင်နယ်ကွင်းလယ်လူ ၀ီလ်ရှိုင်းယား ၃လခန့် အနားယူရတော့မည်

အာဆင်နယ်အသင်းကွင်းလယ်ကစားသမား ၀ီလ်ရှိုင်းယား၏ ဘယ်ခြေထောက်ကြွက်သားဒဏ်ရာမှာ ခွဲစိတ်ကုသရမည်ဖြစ်သောကြောင့် ၃ လခန့်အနားယူရတော့မည်ဖြစ်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့်တစ်ပတ်တွင် အသင်းနည်းပြအာစင်ဝင်းဂါးက ၀ီလ်ရှိုင်းယားရရှိခဲ့သော ဒဏ်ရာမှာ ပြင်းထန်ခြင်းမရှိသဖြင့် ပြန်လည်ကောင်းမွန်ရန်နီးစပ်နေသည်ဟု ပြောကြားခဲ့သော်လည်း နောက်ဆုံးဆေးစစ်မှုအရ ခွဲစိတ်ကုသရန်လိုအပ်ကြောင်းတွေ့ရှိခဲ့ပြီးနောက် လာမည့်ရက်အနည်းငယ်အတွင်း ခွဲစိတ်မည်ဖြစ်ကြောင်းသိရှိရသည်။ ၀ီလ်ရှိုင်းယား ၃ လ အနားယူရမည်ဆိုသောသတင်းမှာ ခရစ္စမတ်ကာလတွင်မှ ပြန်လည်ကောင်းမွန်နိုင်သည့် တိုက်စစ်မှူးဝဲလ်ဘတ်ကို ဆုံးရှုံးထားရသော အာဆင်နယ်အသင်းအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့သည်။...
Read More

အာစင်ဝင်းဂါးနှင့် အသင်းကစားပုံကိုကြိုက်နှစ်သက်၍ ရီးရဲလ်မှ ထွက်ခွာခဲ့သည်ဟု အိုဇဲလ် ပြောကြား

အာဆင်နယ်အသင်းကွင်းလယ်ကစားသမား အိုဇဲလ်က ၂၀၁၃ ခုနှစ်တွင် ရီးရဲလ်မှ အာဆင်နယ်သို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ အသင်းကစားပုံကိုကြိုက်နှစ်သက်သည့်အပြင် နည်းပြအာစင်ဝင်းဂါးကိုပါ လေးစားသောကြောင့်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။ အိုဇဲလ်သည် အာဆင်နယ်အသင်းနှင့် ၃ ရာသီမြောက်ဖြစ်သည့် ယခုနှစ်တွင် ခြေစွမ်းပြသနိုင်ရန်ကြိုးပမ်းနေပြီး ယခု ၂၀၁၅ခုနှစ်အတွင်း အသင်းအတွက်အခွင့်အရေး ၇၆ ကြိမ်ပိုင်ဆိုင်စေရန်စွမ်းဆောင်ပေးထားကာ ပြီးခဲ့သည့်စတုတ်စီးတီးအသင်းအား ၂-၀ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင်လည်း ၀ဲလ်ကော့ဂိုးသွင်းယူနိုင်ရန် ဖန်တီးပေးခဲ့သည်။ ရီးရဲလ်အသင်းမှ ပေါင်...
Read More

လီဗာပူးသို့ ကလော့ပ်ရောက်ရှိလျှင် အောင်မြင်မည်ဟု ဟာမန်းထောက်ခံ

လီဗာပူးအသင်းကစားသမားဟောင်း ဟာမန်းက လက်ရှိနည်းပြရော့ဂျာနေရာတွင် ဒေါ့မွန်အသင်းနည်းပြဟောင်း ယာဂန်ကလော့ပ်နှင့်အစားထိုးမည်ဆိုပါက လီဗာပူးအောင်မြင်မှုရမည်ဟု ထောက်ခံပြောကြားသွားခဲ့သည်။ ရော့ဂျာသည် ပြီးခဲ့သည့်စနေနေ့တွင် မန်ယူအသင်းကို ၃-၁ဖြင့် အရေးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်၌ နိုင်ပွဲ ၂ ပွဲသာရရှိထားသောကြောင့် ဖိအားများနှင့်ရင်ဆိုင်နေရသည်။ ဟာမန်းက”ပရိသတ်တွေဘက်က စိတ်ပျက်နေပမယ့် အသင်းတာဝန်ရှိသူတွေကတော့ ရော့ဂျာဘက်မှာရှိနေပါတယ်။ အခြားတစ်ဖက်မှာ ကလော့ပ်သာ လီဗာပူးကိုရောက်လာမယ်ဆိုရင်၊ ဘောလုံးရာသီမစတင်ခင် သူတို့အနေနဲ့ကလော့ပ်ကို ခေါ်ယူဖို့ကမ်းလှမ်းမယ်ဆိုရင် ကျွန်တော့်ဘက်က...
Read More
error: Content is protected !!