ပရီးမီးယားလိဂ်

ဂျာဂျယ်ကာနှင့် ဂျွန်စတုန်းတို့ကို ပရီးမီးယားလိဂ်အကောင်းဆုံးခံစစ်အတွဲဟု မာတီနက်ဇ် ချီးကျူး

အဲဗာတန်နည်းပြမာတီနက်ဇ်က အသင်း၏ ဗဟိုခံစစ်အတွဲဖြစ်သော ဂျာဂျယ်ကာနှင့် ဂျွန်စတုန်းတို့မှာ ပရီးမီးယားလိဂ်တွင်အကောင်းဆုံးခံစစ်အတွဲဖြစ်ကြောင်း ချီးကျူးပြောကြားသွားခဲ့သည်။ ဂျာဂျယ်ကာနှင့် ဂျွန်စတုန်းတို့သည် ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဆွမ်ဆီးနှင့်ကစားခဲ့သည့် ဂိုးမရှိသရေရလဒ်ပွဲစဉ်အပါအ၀င် အဲဗာတန်အသင်း ၆ ပွဲကစားပြီးချိန်၌ ၃ ပွဲပေးဂိုးမရှိအောင်စွမ်းဆောင်ပေးထားသူများဖြစ်သောကြောင့် မာတီနက်ဇ်က ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ မာတီနက်ဇ်က ”ပရီးမီးယားလိဂ်ခံစစ်အတွဲတွေထဲမှာ သူတို့နှစ်ယောက်ထက် ကောင်းတဲ့သူရှိမယ်မထင်ဘူး။ ဂျွန်စတုန်းဆိုရင် ရင့်ကျက်မှုအပြည့်နဲ့ယှဉ်ပြိုင်သွားတာပါ။ သူအခုလိုကစားနိုင်ခဲ့တာကလည်း ဂျာဂျယ်ကာကြောင့်ပါ။ သူတို့နှစ်ယောက်လုံး...
Read More

လီဗာပူးတောင်ပံကစားသမားကော်တင်ညိုအားခေါ်ယူရန် ဘာစီလိုနာပြင်ဆင်နေ

ဘာစီလိုနာအသင်းသည် လာမည့်ဆောင်းရာသီကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် လီဗာပူးတောင်ပံကစားသမားကော်တင်ညိုအားခေါ်ယူရန် ပြင်ဆင်နေကြောင်း စပိန်မီဒီယာများမှဖော်ပြ လျက်ရှိသည်။ ဘရာဇီးလက်ရွေးစင်ကွင်းလယ်ကစားသမားဖြစ်သူ ကော်တင်ညိုအနေဖြင့် လီဗာပူးအသင်းတွင်တွဲကစားခဲ့ဖူးသည့် အသင်းဖော်ဟောင်းဆွာရက်ဇ်၏ကမ်းလှမ်းမှုအား လက်ခံရရှိခဲ့ပြီးနောက် ယခုကဲ့သို့သတင်းများထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ အသင်း ၂ သင်းလုံးက အတည်ပြုချက်ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း စပိန်မီဒီယာများကမူ ဘာစီလိုနာအသင်းအနေဖြင့် လာမည့်နွေရာသီကစားသမားအပြောင်းအရွှေ့တွင် ကော်တင်ညိုအားခေါ်ယူရန် ရာနှုန်းပြည့်နီးပါးသေချာနေကြောင်း အခိုင်အမာဖော်ပြနေခဲ့ခြင်းဖြစ်သည်။...
Read More

ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်ယူစိန်ခေါ်နိုင်ပြီဟု ဗန်ဟားလ် ကြေညာ

မန်ယူနည်းပြဗန်ဟားလ်က ဆောက်သမ်တန်နှင့်ကစားခဲ့သည့်အဝေးကွင်းပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် စိန်ခေါ်နိုင်ပြီဟု ကြေညာသွားခဲ့သည်။ ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ၆ တွင် မန်ယူအဝေးကွင်းနိုင်ပွဲရသော်လည်း မြို့ခံပြိုင်ဘက်မန်စီးတီးမှာ ၀က်စ်ဟမ်းကို၂-၁ ဂိုးဖြင့်အရေးနိမ့်ခဲ့သောကြောင့် အမှတ်ပေးဇယားရပ်တည်မှု၌ ၂ မှတ်သာကွာဟတော့သဖြင့် မန်ယူနည်းပြဗန်ဟားလ်က ယခုကဲ့သို့ကြုံးဝါးသွားခဲ့ခြင်းလည်းဖြစ်သည်။ ဗန်ဟားလ်က ”ကျွန်တော့်ဘက်ကကြေညာစရာရှိတယ်။ အဲဒါကတော့ အခုနှစ်ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ပြီဆိုတာပါပဲ။ ပြုပြင်ပြောင်းလဲနေချိန်မှာတော့ အောင်မြင်မှုရဖို့မမျှော်လင့်နိုင်ပါဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့...
Read More

အောင်မြင်မှုများရရှိနေသည့်လျှို့ဝှက်ချက်မှာ နည်းစနစ်ကျွမ်းကျင်ခြင်းကြောင့်ဟု ၀က်စ်ဟမ်းနည်းပြ ဆို

ဝက်စ်ဟမ်းနည်းပြဘီလစ်က ပရီးမီးယားလိဂ်အဝေးကွင်း တတိယမြောက်နိုင်ပွဲအဖြစ် မန်စီးတီးကို ၂-၁ ဖြင့်အနိုင်ရခဲ့ခြင်းမှာ အသင်းကစားသမားများ၏ နည်းစနစ်ကျွမ်းကျင်ခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားလိုက်သည်။ ယခုနှစ် ပရီးမီးယားလိဂ်အမှတ်ပေးဇယား တတိယနေရာ၌ရပ်တည်နေသော ၀က်စ်ဟမ်းအသင်းမှာ အာဆင်နယ်၊ လီဗာပူးတို့၏ အိမ်ကွင်းများတွင် အနိုင်ယူနိုင်ခဲ့ပြီး မန်စီးတီးအသင်းကို ထပ်မံအနိုင်ရရှိခဲ့သောကြောင့် အဝေးကွင်းနိုင်ပွဲဆက်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်ဘောလုံးရာသီတွင် ၀က်စ်ဟမ်းနည်းပြအဖြစ်ကိုင်တွယ်ခဲ့သော ဆမ်အလာဒိုက်မှာ ကြံ့ခိုင်မှုအသားပေးယှဉ်ပြိုင်ခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ်အသင်းကြီးများနှင့်ပွဲတွင် အပြင်းအထန်ရုန်းကန်ခဲ့ရပြီး ယခုနည်းပြဘီလစ်က...
Read More

အလျင်အမြန်အထိုင်ကျခဲ့သောကြောင့် ယုံကြည်မှုမြင့်မားလာသည်ဟု ဒီဘရူနီ ပြောကြား

မန်စီးတီးအသင်းက စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူထားသော ကွင်းလယ်လူဒီဘရူနီက ၀က်စ်ဟမ်းကို ၂-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့သော်လည်း အဆိုပါပွဲတွင် ပြသနိုင်ခဲ့သည့် ၎င်း၏ ခြေစွမ်းမှာ အသင်းအတွက် အထောက်အပံ့ဖြစ်ခဲ့သည့်အတွက် ယုံကြည်မှုပိုရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ မန်စီးတီးအသင်းမှာ ၀က်စ်ဟမ်းကိုအရေးနိမ့်ခဲ့သဖြင့် ယခုနှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ရာနှုန်းပြည့်နိုင်ပွဲရစံချိန်ပျက်ခဲ့ရပြီး အမှတ်ပေးဇယား၌ ဒုတိယနေရာမှ မြို့ခံပြိုင်ဘက်မန်ယူနှင့် ရမှတ် ၂ မှတ်သာကွာဟသည့် အခြေအနေသို့ရောက်ရှိခဲ့သည်။ ၀က်စ်ဟမ်းမှာ ယခုနှစ်ဘောလုံးရာသီတွင်...
Read More

Capital One ဖလားပွဲတွင် တယ်ရီပြန်ပါမည်ဟု ချဲလ်ဆီးနည်းပြဆို

ချဲလ်ဆီးနည်းပြမော်ရင်ညိုက၀ယ်လ်ဆယ်နှင့်ကစားမည့်CapitalOneဖလားပြိုင်ပွဲတတိယအဆင့်တွင်အသင်းခေါင်းဆောင် တယ်ရီ ပြန်လည်ပါဝင်မည်ဟု အခိုင်အမာပြောကြားသွားခဲ့သည်။ တယ်ရီမှာ ချန်ပီယံလိဂ်အဖွင့်ပွဲအဖြစ် မက္ကာဘီတဲလ်အဗစ်နှင့်ကစားခဲ့သည့်ပွဲအပါအ၀င် ပြီးခဲ့သည့်စနေနေ့က လန်ဒန်ဒါဘီပွဲစဉ်အဖြစ် အာဆင်နယ်ကိုရင်ဆိုင်ခဲ့သည့်ပွဲများတွင် ပါဝင်ခဲ့ခြင်းမရှိပေ။ အဆိုပါနောက်ခံလူမှာ ပြီးခဲ့သည့်ဘောလုံးရာသီတွင် ချဲလ်ဆီးအသင်းနှင့်အတူ ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သော်လည်း ယခုနှစ်တွင်  ခြေစွမ်းကျဆင်းမှုကိုအဆုံးသတ်ပြီး ပုံမှန်ခြေစွမ်းရရှိရန်ကြိုးပမ်းရမည့်အချိန်သို့ ဆိုက်ရောက်နေသည်။ ၀ယ်လ်ဆယ်နှင့်ကစားမည့်ပွဲတွင် တိုက်စစ်နေရာ၌ ဒီယေဂိုကော်စတာကို အရန်စာရင်းတွင်သာထည့်သွင်း၍ ဖယ်လ်ကာအိုကို ပွဲထွက်ကစားစေမည်ဟု မော်ရင်ညိုက ပြောကြားခဲ့သည်။ မော်ရင်ညိုက...
Read More

အာဆင်နယ်မှာ အမြဲတမ်းညည်းတွားနေသည့်အသင်းဟု မော်ရင်ဟိုဝေဖန်

ပရီးမီးယားလိဂ်ချန်ပီယံချဲလ်ဆီးအား အရေးနိမ့်ခဲ့သည့်ပွဲစဉ်တွင်  ကော်စတာအား အရှက်မရှိ ဆက်ကစားခွင့်ပေးခဲ့သည့် ကွင်းလယ်ဒိုင်အပေါ် စိတ်ပျက်မိကြောင်းဝေဖန်ခဲ့သည့် အာဆင်နယ်မှာ အမြဲတမ်းညည်းတွားနေသည့် အသင်းတစ်သင်းဖြစ်ကြောင်း ချဲလ်ဆီးနည်းပြမော်ရင်ဟိုက ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ပြန်လည်တုံ့ပြန်ဝေဖန်သွားခဲ့သည်။ ချဲလ်ဆီးအသင်းအားအရေးနိမ့်ခဲ့သည့် ပွဲစဉ်တွင် အာဆင်နယ်နောက်တန်းကစားသမား ဂါဘရီရယ်နှင့် ကွင်းလယ်လူကာဇိုလာတို့ အနီကတ်ပြထုတ်ပယ်ခံခဲ့ရသည့်အပေါ် နည်းပြအာစင်ဝင်းဂါးက ပြင်းထန်စွာဝေဖန်ခဲ့ပြီး ကွင်းလယ်ဒိုင်မိုက်ဒင်း၏ ဆုံးဖြတ်ချက်များအပေါ်စိတ်ပျက်မိကြောင်း ဝေဖန်ပြောကြားခဲ့သည်။ “ကွင်းအတွင်း ဖြစ်ရပ်တွေကို အတိအကျမသိရှိခဲ့သလို ဘယ်လိုမှ...
Read More

ဂျွန်တယ်ရီမှာ ချဲလ်ဆီးအသင်းခေါင်းဆောင်အဖြစ် ရှိနေဆဲဖြစ်ကြောင်း အိုင်ဗန်နိုဗစ် ဆို

အာဆင်နယ်အသင်းနှင့်ပွဲစဉ်တွင် အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခွင့်ရရှိခဲ့သည့် ချဲလ်ဆီးနောက်ခံလူ  အိုင်ဗန်နိုဗစ်က အသင်းခေါင်းဆောင်ရာထူးဖြင့် ပွဲထွက်ကစားခွင့်ရရှိနေသော်လည်း ဂျွန်တယ်ရီမှာ အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိနေဆဲဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ ချဲလ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီအနေဖြင့် ရာသီအစပွဲစဉ်များတွင် ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့မှု များကြောင့် နည်းပြမော်ရင်ဟို၏ ပွဲထွက်လူစာရင်းမှ ချန်လှပ်ခြင်းခံခဲ့ရသည်။ ” ဂျွန်တယ်ရီက အသင်းရဲ့ အဓိက ကစားသမားအဖြစ် ဆက်ရှိနေဆဲပါ။ အသင်းအတွက် အရေးကြီးဆုံး ကစားသမားတစ်ယောက်ဖြစ်သလို...
Read More

ဂျွန်တယ်ရီမှာ ကစားသမားဘ၀နောက်ဆုံးအချိန်ရောက်ရှိနေဟု မန်ယူနောက်ခံလူဟောင်း ဖာဒီနန် သုံးသပ်

မန်ယူကစားသမားဟောင်းဖာဒီနန်က ချဲလ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီအနေဖြင့် ကစားသမားဘ၀နောက်ဆုံးအချိန်ကို ရောက်ရှိလာခဲ့ပြီဖြစ်သော်လည်း ပွဲထွက်ခွင့်ပြန်လည်ရရှိရန်ကြိုးစားနေကြောင်း၊ အသက်အရွယ်အရ ပရီးမီးယားလိဂ်အကောင်းဆုံးနောက်တန်းသမားတစ်ဦးအဖြစ် ရပ်တည်ရန်မလွယ်ကူတော့သည်ကို နားလည်သင့်ပြီဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ ချဲလ်ဆီးအသင်းခေါင်းဆောင်ဖြစ်သူ ဂျွန်တယ်ရီသည် ရာသီအစပွဲစဉ်များတွင် အသက်အရွယ်အရ ပုံမှန်ခြေစွမ်းအောက်ကျဆင်းနေသည့်အတွက် နည်းပြမော်ရင်ဟို၏ ပွဲထွက်လူစာရင်းမှ ချန်လှပ်ခံခဲ့ရသော်လည်း ပြန်လည်ပါဝင်ကစားခွင့်ရရှိရန်ကြိုးပမ်းနေသည့်အတွက် ဖာဒီနန်မှ ယခုကဲ့သို့ သုံးသပ်ခဲ့ခြင်းဖြစ်သည်။ “တယ်ရီဆိုတာက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်တန်းကစားသမားတွေထဲက တစ်ယောက်ပါ။ ဒါပေမဲ့...
Read More

ယာဂင်ကလော့ပ်နှင့် လီဗာပူး နိုဝင်ဘာတွင် ဆွေးနွေးဖွယ်ရှိ

လီဗာပူးအသင်းသည် ဒေါ့မွန်နည်းပြဟောင်း ယာဂင်ကလော့ပ်အား လက်ရှိနည်းပြဘရန်ဒန်ရော့ဂျာ၏နေရာတွင် အစားထိုးရန် ၂ ကြိမ်ချဉ်းကပ်ခဲ့ပြီး ထိုနည်းပြကိုခေါ်ယူရေးအတွက် နိုဝင်ဘာလတွင် ဆွေးနွေးဖွယ်ရှိနေကြောင်း သိရသည်။ ရော့ဂျာမှာ ယမန်နှစ်ဘောလုံးရာသီအဆုံးက ရာထူးနေရာမတည်မငြိမ်ဖြစ်ခဲ့ပြီး အသင်းတွင်ဆက်လက်တည်မြဲရေးအတွက် နည်းပြအဖွဲ့ဝင်များကို အပြောင်းအလဲလုပ်ခဲ့ရသည်။ ယာဂင်ကလော့ပ်မှာ ဒေါ့မွန်တွင် ၇ နှစ်ကြာ နည်းပြတာဝန်ယူခဲ့ပြီး ပြီးခဲ့သည့်ရာသီအဆုံးက အသင်းမှာထွက်ခွာလာရာတွင် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး လီဗာပူး၏ ယခုရာသီအစ ရလဒ်ဆိုးရွားမှုများကြောင့်...
Read More
error: Content is protected !!