ပရီးမီးယားလိဂ်
ပရီးမီးယားလိဂ်
Capitaloneစတုတ္ထအဆင့်ပွဲစဉ်များထွက်ပေါ်လာရာနယူးကာဆယ်ကိုကျော်ဖြတ်လာသည့် ရှက်ဖီးဝမ့်နက်စ်ဒေးအသင်းသည် အာဆင်နယ်နှင့် ထပ်မံတွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရလဒ်ပိုင်းကျဆင်းမှုရင်ဆိုင်နေရသည့် လီဗာပူးအသင်းမှာ capital one တတိယအဆင့်တွင် ကာလစ္စလီသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူနိုင်ခဲ့ပြီး ယခုစတုတ္ထအဆင့်တွင် ဘုန်းမောက်အသင်းကို အိမ်ကွင်းတွင် ဧည့်ခံကစားရမည်ဖြစ်သည်။ ထို့အပြင်မန်ယူအသင်းမှာလည်းအိမ်ကွင်းတွင်ချန်ပီယံရှစ်ကလပ်မစ်ဒယ်ဘရော့အသင်းကိုလည်းကောင်း၊ခရစ္စတယ်ပဲလေ့စ်မှာ မန်စီးတီးအသင်းကွင်းသို့လည်းကောင်းသွားရောက် ကစားရမည်ဖြစ်သည်။ လက်ရှိCapitalOneချန်ပီယံချဲလ်ဆီးသည်စတုတ်စီးတီးကွင်းသို့သွားရောက်ကစားရမည်ဖြစ်ကာပရီးမီးယားလိဂ်အသင်းခြင်း တွေ့ဆုံမှုအဖြစ်ဆောက်သမ်တန်နှင့်အက်စ်တွန်ဗီလာ၊ အဲဗာတန်နှင့် နောဝစ်ခ်ျတို့ကစားရမည်ဖြစ်သည်။ Capital one စတုတ္ထအဆင့်ပွဲစဉ်များ မန်စီးတီး...
Read More
ပရီးမီးယားလိဂ်
အာဆင်နယ်နည်းပြ၀င်းဂါးကအသင်း၏ပွဲစဉ်တိုင်းတွင်ဂီရော့ဒ် ဦးစားပေးပွဲထွက်တိုက်စစ်မှူးမဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပြီး ၀ဲလ်ကော့နှင့်အလှည့်ကျကစားရမည်ဟုဆိုခဲ့သည်။ အဆိုပါပြင်သစ်လူမျိုးနည်းပြက”တိုက်စစ်နေရာအတွက် ဂီရော့ဒ်နဲ့ ၀ဲလ်ကော့တို့ ယှဉ်ပြိုင်နေကြရမှာပါ။ အဲဒီနေရာမှာတစ်ယောက်တည်းကစားနေမယ်ဆိုရင် လူတွေပြောလေ့ရှိတာက နောက်တစ်ယောက်ကို ဘာလို့မကစားခိုင်းတာလဲ ဆိုတဲ့စကားပါ။ ထိပ်တန်းတိုက်စစ်မှူး ၂ ဦးရှိနေတဲ့အချိန်မှာ တချို့ပွဲကို ဂီရော့ဒ်ကစားပြီး တချို့ပွဲကို ၀ဲလ်ကော့ကစားရမှာဖြစ်ပါတယ်။ တစ်ရာသီတည်းမှာ ပွဲ ၆၀ ထက်ပိုပြီး ဘယ်သူမှမကစားနိုင်ပါဘူး။ ပွဲစဉ်တစ်ပွဲမှာ အနိုင်ရဖို့အတွက် ကျွန်တော်တို့ဘာလုပ်သင့်တယ်ဆိုတာ...
Read More
ပရီးမီးယားလိဂ်
မန်ယူအသင်းနောက်ခံလူဖီးလ်ဂျုံးစ်မှာ ဘယ်ခြေထောက်သွေးခဲခြင်းပြဿနာကြောင့် ၆ ပတ်ခန့်အနားယူခဲ့ရပြီးနောက် Capital One ဖလားပြိုင်ပွဲအဖြစ် ယနေ့ညကစားမည့် အစ်ဝစ်ခ်ျနှင့်ပွဲ၌ အရန်စာရင်းတွင် ပြန်လည်ပါဝင်နိုင်မည်ဖြစ်ကြောင်း နည်းပြဗန်ဟားလ်က ပြောကြားသွားခဲ့သည်။ ဗန်ဟားလ်က ”ရိုဟို တံကောက်ကြောဒဏ်ရာရနေသလို မက်နီရာကလည်း အသေးစားဒဏ်ရာရှိနေပါတယ်။ ပြောရမယ်ဆိုရင်တော့ နောက်ခံလူ ၃ ယောက်ဒဏ်ရာရနေပါတယ်။ ဖီးလ်ဂျုံးစ်ကိုတော့ အရန်စာရင်းမှာထည့်သွင်းနိုင်ပေမယ့် သူလည်းကြံ့ခိုင်မှုမပြည့်သေးပါဘူး။ သူ့အနေနဲ့ မိနစ် ၃၀...
Read More
ပရီးမီးယားလိဂ်
Capital One ဖလားပြိုင်ပွဲအဖြစ်ယှဉ်ပြိုင်ခဲ့သော ဗီလာနှင့်ဘာမင်ဂမ်ပွဲတွင် ပရိသတ် ၂၈ ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရှိရသည်။ ဗီလာကွင်း၌ကစားခဲ့သည့် အဆိုပါပွဲစဉ်မတိုင်မီတွင် နှစ်ဖက်အသင်းအားပေးသူပရိသတ် ၁၁ ဦးမှာ တစ်ဖက်နှင့်တစ်ဖက် ခိုက်ရန်ဖြစ်ပွားခဲ့သောကြောင့် ရဲအဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ဘာမင်ဂမ်ဘက်မှ အမျိုးသား ၂ ဦးနှင့် ရက်ဒစ်ရှ်မှ ၁ ဦးတို့မှာ ခြိမ်းခြောက်မှုများနှင့် အကြမ်းဖက်အပြုအမူများ ပြုလုပ်ခဲ့သောကြောင့် ရဲအဖွဲ့၏...
Read More
ပရီးမီးယားလိဂ်
Capital One ဖလားတတိယအဆင့်အဖြစ် ယနေ့ညတွင်ကစားမည့် အာဆင်နယ်နှင့်ပွဲတွင် အဓိက ကွင်းလယ်လူများဖြစ်သော ဘန်တယ်လတ်၊ ရိုင်ယန်မာဆင်နှင့် ဒမ်ဘီလီတို့မှာ ကြံ့ခိုင်မှုမပြည့်ဝသဖြင့် ပါဝင်ကစားနိုင်မည်မဟုတ်ကြောင်း စပါးနည်းပြပိုချက်တီနိုက အတည်ပြုပြောကြားလိုက်သည်။ ပိုချက်တီနိုက ”ဘန်တယ်လတ်၊ မာဆင်နဲ့ ဒမ်ဘီလီတို့ မပါဝင်နိုင်ပါဘူး။ သူတို့တိုးတက်မှုနှုန်းကောင်းနေလို့ အသင်းအတွက် ပြန်လည်ပွဲထွက်ဖို့နီးစပ်နေပေမယ့် အခုပွဲမှာအတွက်တော့ မကစားနိုင်သေးပါဘူး။ အသင်းအတွက်ရော သူတို့အတွက်ပါ ကံဆိုးတာပါပဲ”ဟု ပြောကြားခဲ့သည်။...
Read More
ပရီးမီးယားလိဂ်
ယမန်နေ့က အက်ဖ်အေ၏ စွဲချက်တင်ခံရသော ချဲလ်ဆီးတိုက်စစ်မှူးဒီယေဂိုကော်စတာမှာ စည်းကမ်းထိန်းသိမ်းရေးကော်မရှင်၏ဆုံးဖြတ်ချက်ဖြင့် ၃ ပွဲပယ်ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်းသိရှိရသည်။ အာဆင်နယ်နှင့်ချဲလ်ဆီးတို့ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲတွင် ကော်စတာဘက်မှ အာဆင်နယ်နောက်ခံလူ ကိုစီရယ်နီ၏မျက်နှာကို လက်ဖြင့်ရိုက်ခဲ့ပြီးနောက် ဂါဘရီရယ်နှင့် ထပ်မံအချင်းများခဲ့ပြီး ဂါဘရီရယ်ထုတ်ပယ်ခြင်းခံခဲ့ရသည်။ အဆိုပါပွဲကိုကြီးကြပ်ခဲ့သူ ကွင်းလယ်ဒိုင်မိုက်ဒင်းမှာ ကော်စတာက စတင်ရန်ပြုသည်ကိုမတွေ့ရှိခဲ့ဘဲ ဂါဘရီရယ်မှ ကော်စတာကို ရန်ပြုသည်ဆိုကာ ထုတ်ပယ်ခဲ့သည်။ သို့သော် အက်ဖ်အေမှ ရုပ်သံမှတ်တမ်းကို ပြန်လည်ကြည့်ရှုခဲ့ရာတွင်...
Read More
ပရီးမီးယားလိဂ်
ပြီးခဲ့သည့် စနေနေ့က အာဆင်နယ်အသင်းနှင့်ကစားခဲ့သည့် လန်ဒန်ဒါဘီပွဲစဉ်တွင် ချဲလ်ဆီးတိုက်စစ်မှူးဒီယေဂိုကော်စတာဘက်မှ စတင်ရန်ပြုခဲ့ခြင်းဖြစ်သည်ဟု အက်ဖ်အေက စွဲချက်တင်လိုက်သည်။ အဆိုပါပွဲတွင် အသက် ၂၆ နှစ်ရှိကော်စတာဘက်မှ အာဆင်နယ်နောက်ခံလူ ကိုစီရယ်နီ၏ မျက်နှာကို ဘောလုံးယှဉ်လုစဉ်လက်ဖြင့်ရိုက်ခဲ့သည့်ဖြစ်ရပ်အပါအ၀င် ဂါဘရီရယ်နှင့်ပါ အချင်းများခဲ့ခြင်းဖြစ်သည်။ ထို့အပြင်အက်ဖ်အေက အသက် ၂၄ နှစ်ရှိ နောက်ခံလူဂါဘရီရယ်အပါအ၀င် နှစ်ဖက်အသင်းများကိုလည်း ၎င်းတို့၏ ကစားသမားများအပေါ် ကောင်းစွာမထိန်းချုပ်နိုင်ခြင်းနှင့်ပတ်သက်၍ စွဲချက်တင်ထားကြောင်းသိရသည်။...
Read More
ပရီးမီးယားလိဂ်
ချဲလ်ဆီးနှင့်ကစားခဲ့သည့်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သော ကွင်းလယ်လူကိုကွီလင်မှာ Capital One တတိယအဆင့်ဖြစ်သည့် စပါးနှင့်ကစားမည့်ပွဲကို လွဲချော်မည်ဖြစ်သော်လည်း နောက်ခံလူမာတီဆက်ကာ ပြန်လည်ပွဲထွက်မည်ဟု အာဆင်နယ်နည်းပြအာစင်ဝင်းဂါက ပြောကြားသွားခဲ့သည်။ အာဆင်နယ်အသင်းမှာ Capital One ပြိုင်ပွဲတွင် လူငယ်အရန်ကစားသမားများကို ပွဲထုတ်လေ့ရှိသည့် အစဉ်အလာအတိုင်း ယခုပွဲတွင်လည်း တိုက်စစ်နေရာ၌ အရန်ကစားသမားဖြစ်သော အိုင်ဝိုဘီကို ပွဲထုတ်လာနိုင်ကြောင်းသိရှိရသည်။ လန်ဒန်မြောက်ပိုင်းဒါဘီပွဲအဖြစ် စပါးနှင့်ယှဉ်ပြိုင်မည့် ယခုပြိုင်ပွဲ၏ ပွဲထွက်စာရင်းနှင့်ပတ်သက်၍...
Read More
ပရီးမီးယားလိဂ်
လက်စတာနည်းပြရာနီရေးနီက Capital One ဖလားတတိယအဆင့်ပြိုင်ပွဲအဖြစ် ၀က်စ်ဟမ်းနှင့်ယှဉ်ပြိုင်မည့်ပွဲတွင် အသင်းပွဲထွက်လူစာရင်းကို ကြီးကြီးမားမားအပြောင်းအလဲပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။ ရာနီရေးနီမှာ Capital One ဖလားပြိုင်ပွဲ ဒုတိယအဆင့်တွင် ဘာရီနှင့်ရင်ဆိုင်ခဲ့ရပြီး အဆိုပါပွဲ၌ အသင်းပွဲထွက်စာရင်းအပြောင်းအလဲပြုလုပ်ပြီး ၄-၁ ဂိုးဖြင့် အဝေးကွင်းနိုင်ပွဲရရှိခဲ့သည်။ အဆိုပါပွဲတွင် အသက် ၂၀ ရှိ တောင်ပံကစားသမား ဒိုဒိုက ဟတ်ထရစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ထို့ကြောင့် အီတလီလူမျိုးနည်းပြအနေဖြင့်...
Read More
ပရီးမီးယားလိဂ်
လီဗာပူးတိုက်စစ်မှူးဘန်တီကီမှာ ဓာတ်မှန်စစ်ချက်တွင် တံကောက်ကြောဒဏ်ရာပြဿနာတွေ့ရှိပြီးနောက် ကာလစ်လီနှင့်ကစားမည့် Capital One ဖလားပြိုင်ပွဲကိုသာမက အသင်းဟောင်းဗီလာနှင့်ကစားမည့်ပွဲကိုပါ လွဲချော်နိုင်ကြောင်းသိရသည်။ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ်နောဝစ်ခ်ျနှင့်ကစားခဲ့သည့်ပွဲတွင် ယခုနှစ်နွေရာသီ၌ ဗီလာမှ ပေါင် ၃၂.၅ သန်းဖြင့် ပြောင်းရွှေ့လာသော ဘန်တီကီမှာ အဆိုပါတံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပွဲချိန် ၄၆ မိနစ်တွင် ဒန်နီအင့်စ်နှင့် လူစားလဲခဲ့ရသည်။ ဘန်တီကီ၏ ဒဏ်ရာနှင့်ပတ်သက်၍ လူငယ်အသင်းနည်းပြ မက်အယ်လစ်တာက ”ဘန်တီကီရဲ့...
Read More