ပရီးမီးယားလိဂ်

ဆောက်သမ်တန်နှင့်ပွဲအပေါ် စိုးရိမ်ပူပန်မှုမရှိကြောင်း ဆွမ်ဆီးနည်းပြ ပြောကြား

ယခုတစ်ပတ်စနေနေ့တွင် ဆောက်သမ်တန်အိမ်ကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည့်အပေါ် အသင်းခြေစွမ်းနှင့်ပတ်သက်၍ စိုးရိမ်မှုမရှိကြောင်း ဆွမ်ဆီးနည်းပြဂယ်ရီမန့်ခ်က ပြောကြားသွားခဲ့သည်။ ဆွမ်ဆီးအသင်းမှာ Capital One ဖလားပြိုင်ပွဲတွင် ချန်ပီယံရှစ်ကလပ် ဟူးလ်စီးတီးအသင်းကိုအရေးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခဲ့ရသည့်အပြင် နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲဆက်သွင်းဂိုးမရှိဘဲ နိုင်ပွဲပျောက်ခဲ့ရသည်။ အသင်းခြေစွမ်းနှင့်ပတ်သက်၍ နည်းပြဂယ်ရီမန့်ခ်က ”အခက်အခဲတွေကြုံလာရင် အကောင်းဆုံးတုံ့ပြန်ဖို့ ကျွန်တော်တို့အမြဲတမ်းပြင်ဆင်ထားပါတယ်။ ဒါက ဘောလုံးလောကရဲ့သဘောသဘာဝတစ်ခုပါပဲ။ ဘာအကြောင်းကြောင့်မှ...
Read More

စပါးနှင့်ပွဲတွင် မန်စီးတီးအသင်းခေါင်းဆောင်ကွန်ပနီ ကြံ့ခိုင်မှုအပြည့်ဖြင့် ပြန်လည်ပွဲထွက်မည်

မန်စီးတီးအသင်းနည်းပြပယ်လီဂရီနီက စပါးနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းခေါင်းဆောင်ကွန်ပနီ ကြံ့ခိုင်မှုအပြည့်ဖြင့် ပြန်လည်ပွဲထွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါဗဟိုခံစစ်မှူးမှာ တံကောက်ကြောဒဏ်ရာကြောင့် မန်စီးတီးကစားခဲ့သည့် နောက်ဆုံး ၂ ပွဲကိုလွဲချော်ခဲ့ပြီးနောက် ကြံ့ခိုင်မှုအပြည့်ဖြင့် ပြန်လည်ကစားရန်အသင့်ဖြစ်နေကြောင်း သိရသည်။ စပါးနှင့်ယှဉ်ပြိုင်မည့် မန်စီးတီးအသင်းတွင် မန်ဂါလာ၊ ကလစ်ချီ၊ ဒီလပ်၊ ဒေးဗစ်ဆေးလ်ဗားနှင့် ဘိုနီတို့မှာ ဒဏ်ရာပြဿနာများနှင့်ကြုံတွေ့နေရသောကြောင့် ပွဲထွက်နိုင်မည့်အခြေအနေမရှိသည့်ကာလတွင် ကွန်ပနီပြန်လည်ပါဝင်နိုင်ခြင်းမှာ နည်းပြပယ်လီဂရီနီအတွက် အားတက်စရာဖြစ်ခဲ့သည်။...
Read More

ဒူးဒဏ်ရာရနေသော ဘန်ဖော်စတာ ဒီဇင်ဘာလအထိ အနားယူရဦးမည်

ဝက်စ်ဘရွန်းနှင့် အင်္ဂလန်လက်ရွေးစင်ဂိုးသမားဘန်ဖော်စတာ၏ ဒူးဒဏ်ရာမှာ သက်သာခြင်းမရှိသဖြင့် ဒီဇင်ဘာလအထိ အနားယူရမည်ဖြစ်ကြောင်းသိရှိရသည်။ အသက် ၃၂ နှစ်ရှိအဆိုပါဂိုးသမားမှာ ပြီးခဲ့သည့်မတ်လတွင် ဒူးအရွတ်စုတ်ပြဲသည့်ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ပြီး လာမည့်အောက်တိုဘာလတွင် ပြန်လည်ကောင်းမွန်မည်ဟု မျှော်လင့်ထားသော်လည်း သက်သာခြင်းမရှိသောကြောင့် ဒီဇင်ဘာလအထိ ထပ်မံအနားယူရမည်ဖြစ်သည်။ ၀က်စ်ဘရွန်းနည်းပြ တိုနီပူးလစ်က ဘန်ဖော်စတာ၏ ဒဏ်ရာနှင့်ပတ်သက်၍ ”ခရစ္စမတ်ကာလလောက်ရောက်မှ ပြန်လာနိုင်မယ်ထင်တယ်။ ကျွန်တော်တို့ အကောင်းဆုံးဂရုစိုက်မှုတွေပြုလုပ်ထားပါတယ်။ အခုအချိန်က သူ့အတွက်...
Read More

လီဗာပူးနည်းပြအဖြစ်ဆက်ရှိရန် လာမည့် ၃ ပွဲရလဒ်က ရော့ဂျာအတွက် အဓိကဖြစ်နေ

လီဗာပူးနည်းပြဂျော့ရာမှာ ယခုအချိန်တွင် အသင်းပိုင်ရှင်များ၏ ထောက်ခံချက်ရရှိထားသော်လည်း အနာဂတ်နှင့်ပတ်သက်၍ လာမည့် ၃ ပွဲဖြစ်သော ဗီလာ၊ အဲဗာတန်ပွဲအပါအ၀င် ယူရိုပါလိဂ်ပြိုင်ပွဲအဖြစ်ကစားရမည့် ဆွစ်ဇာလန်ကလပ် ဆီယွန်အသင်းနှင့် ပွဲရလဒ်အပေါ် မူတည်ဆုံးဖြတ်ခံရမည်ဖြစ်ကြောင်း Independent သတင်းစာမှ ဖော်ပြခဲ့သည်။ အသက် ၄၂ နှစ်ရှိရော့ဂျာမှာ စနေနေ့တွင်ကစားမည့် ဗီလာအသင်းနှင့်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေပြီး ဗုဒ္ဓဟူးနေ့က ကစားခဲ့သော ဒုတိယတန်းကလပ် ကာလစ်လီနှင့်ပွဲစဉ်ကဲ့သို့...
Read More

အာဆင်နယ်၏ (၁၁)နှစ်ကြာ အမှတ်ပေးချန်ပီယံဖလား လက်မဲ့ဖြစ်ခြင်းကို အံအားသင့်မိဟု ရာနီရေးနီပြော

အာဆင်နယ်အသင်းအနေဖြင့်(၁၁)နှစ်ကြာမြင့်သည်အထိအမှတ်ပေးချန်ပီယံဆုနှင့်ကင်းကွာနေခြင်းအပေါ်အံအားသင့်မိသည် ဟုလက်စတာအသင်းနည်းပြရာနီရေးနီက ၀န်ခံပြောကြားလိုက်သည်။ ရာနီရေးနီသည် ချဲလ်ဆီးအသင်းတွင် ၂၀၀၀ခုနှစ်မှ ၂၀၀၄ခုနှစ်ထိနည်းပြခဲ့သူဖြစ်ကာ အာဆင်နယ်အသင်းမှ ၂၀၀၃-၀၄ ပရီးမီးယား လိဂ်ပြိုင်ပွဲတွင် ရှုံးပွဲမရှိစံချိန်ဖြင့်အမှတ်ပေးချန်ပီယံဆုရယူပြီး ယင်းနောက်ပိုင်းတွင်အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းမရှိတော့ဘဲရာနီရေးနီမှာလည်းယခုနှစ်ဘောလုံးရာသီတွင်မှပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းသို့ ပြန်လည်ရောက်ရှိ လာပြီးယခုတစ်ပတ်နှစ်သင်းထိပ်တိုက်မရင်ဆိုင်မီယင်းသို့ ပြောကြား လိုက်ခြင်းဖြစ်သည်။ “ကျွန်တော်ချဲလ်ဆီးမှာရှိတုန်းက အာဆင်နယ်အသင်းဟာ ရှုံးပွဲမရှိစံချိန်နဲ့ အမှတ်ပေးချန်ပီယံဖြစ်ခဲ့တယ်။ ဒါဟာ မယုံနိုင်လောက်အောင်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခုပါ။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာ သူတို့ဟာချန်ပီယံဆုနဲ့...
Read More

အာဆင်နယ်နှင့်ပွဲတွင် ဟာဇက်သွင်းခဲ့သည့်ဂိုးမှာ ချမ်ဘား၏ ကိုယ့်ဂိုးကိုယ်သွင်းဂိုးဟု ပရီးမီးယားလိဂ်အဖွဲ့ချုပ်သတ်မှတ်

ပရီးမီးယားလိဂ်ပွဲစဉ် ၆ အဖြစ်ကစားခဲ့သော ချဲလ်ဆီး၂-၀အာဆင်နယ် လန်ဒန်ဒါဘီပွဲတွင် ဟာဇက်ကန်သွင်းခဲ့သည့်ဂိုးမှာ အာဆင်နယ်နောက်ခံလူချမ်ဘားနှင့်ထိ၍ ဂိုးဝင်သွားခဲ့သောကြောင့် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ချမ်ဘား၏ ကိုယ့်ဂိုးကိုယ်သွင်းယူမိသည့်ဂိုးအဖြစ်သတ်မှတ်ခဲ့သည်။ ပရီးမီးယားလိဂ်အဖွဲ့ချုပ်၏ကြေညာချက်တွင် ”အာဆင်နယ်နှင့်ကစားခဲ့သည့်ပွဲတွင် ချဲလ်ဆီး၏ ဒုတိယသွင်းဂိုးမှာ ချမ်းဘား၏ ကိုယ့်ဂိုးကိုယ်သွင်းယူမိသည့်ဂိုးဖြစ်ခဲ့သည့်အတွက် ဟာဇက်နှင့် မသက်ဆိုင်စေရ”ဟု ဖော်ပြခဲ့သည်။ ယနေ့တွင်ပရီးမီးယားလိဂ်သွင်းဂိုးအသိအမှတ်ပြုအဖွဲ့မှ ချမ်ဘားဂိုးအဖြစ်သတ်မှတ်ခဲ့ခြင်းကြောင့်ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးဆုရှင်ဟာဇက်မှာယခုနှစ်ဘောလုံးရာသီ၌ဂိုးသွင်းယူနိုင်ခြင်းမရှိသေးသည့်စံချိန်ဆိုးကိုဆက်လက်ထိန်းသိမ်း သွားရသည်။ ဟာဇက်က”အခုတစ်ပတ်အတွင်းမှာ နိုင်ပွဲတွေရခဲ့တာက အသင်းအတွက်ယုံကြည်မှုတိုးပွားစေခဲ့ပါတယ်။ နိုင်ပွဲတွေက...
Read More

ယူအေအီး၊ ကာတာကလပ်များသို့ အဒီဘာယောပြောင်းရွှေ့ဖွယ်ရှိနေ

ပရီးမီးယားလိဂ်ဝါရင့်တိုက်စစ်မှူးဖြစ်သူ အဒီဘာယောသည် စပါးအသင်းလူစာရင်းမှထုတ်ပယ်ခံခဲ့ရပြီးနောက် ယူအေအီး၊ ကာတာနိုင်ငံများမှ ထိပ်သီးကလပ်အသင်းများသို့ ပြောင်းရွှေ့ရောက်ရှိဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ မိသားစုပြဿနာများကြောင့် ခြေစွမ်းပိုင်းကျဆင်းခဲ့ပြီးနောက် စပါးအသင်း၏ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်လူစာရင်းများမှ ချန်လှပ်ခြင်းခံခဲ့ရသည့် အဒီဘာယောသည် တိုဂိုလက်ရွေးစင်အသင်းတွင်လည်း ရွေးချယ်ခံရခြင်းမရှိခဲ့ပေ။ ယင်းအတွက်ကြောင့် ၎င်းအနေဖြင့် စပါးအသင်းနှင့် နှစ်ဖက်သဘောတူစာချုပ် ဖျက်သိမ်းရန်ကမ်းလှမ်းခဲ့ကြောင်း ဗြိတိန်မီဒီယာများမှဖော်ပြလျက်ရှိသည်။ လက်ရှိထွက်ပေါ်နေသည့် သတင်းများအရ ယူအေအီးကလပ်များဖြစ်သည့် အယ်လ်ဝါ၊ အယ်လ်ဂျာဇီယာ...
Read More

ကွင်းလယ်လူအိုဇဲလ်ကို လုပ်ခတိုးမြှင့်၍ သက်တမ်းတိုးစာချုပ်ရန် အာဆင်နယ်နီးစပ်နေ

အာဆင်နယ်အသင်းမှာယခုနွေရာသီအပြောင်းအရွှေ့တွင် အဓိက ကစားသမားအဖြစ် ဂိုးသမားပီတာချက်တစ်ဦးတည်းသာခေါ်ယူခဲ့ပြီးနောက် ယခုအချိန်တွင် အသင်းကစားသမားအများစုကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ အဆိုပါသက်တမ်းတိုးစာချုပ်ချုပ်ဆိုမည့် ကစားသမားများတွင် ကွင်းလယ်လူအိုဇဲလ်ပါဝင်နေပြီး လက်ရှိလုပ်ခ တစ်ပတ် ပေါင် ၁၄၀,၀၀၀ထက် ပိုသည့်လုပ်ခဖြင့် ကမ်းလှမ်းရန်နီးစပ်နေကြောင်းသိရှိရသည်။ ထို့အပြင် ဘယ်နောက်ခံလူမွန်ရီရယ်မှာ ကီရန်ဂစ်ဘ်ထက်ပို၍ ပွဲထွက်ကစားသမားဖြစ်လာပြီးနောက် ၃ နှစ် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန်နီးစပ်နေပြီး ယခုနှစ်ဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းကုန်ဆုံးမည့် ကွင်းလယ်လူအာတီတာကိုလည်း...
Read More

အသင်းသို့ပြန်ရောက်လာသည့် ရာမီရက်ဇ်ကို ဆောက်သမ်တန်နည်းပြ ကြိုဆို

ပြီးခဲ့သည့်ဘောလုံးရာသီက ဟူးလ်စီးတီးသို့ အငှားဖြင့်သွားရောက်ကစားနေသော တိုက်စစ်မှူးရာမီရက်ဇ်မှာ စာချုပ်သက်တမ်းကုန်ဆုံး၍ ဆောက်သမ်တန်သို့ ပြန်ရောက်လာသည့်အပေါ် နည်းပြရော်နယ်ကိုးမန်းက ကြိုဆိုခဲ့ပြီး အသင်းစီမံကိန်းတွင် ပါဝင်သူဖြစ်ကြောင်း ပြောကြားခဲ့သည်။ အသက် ၂၄ နှစ်ရှိ အဆိုပါ ဥရုဂွေးတိုက်စစ်မှူးမှာ ၂၀၁၂ ခုနှစ်တွင် ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းဖြင့် ဘိုလော့နာမှ ဆောက်သမ်တန်သို့ရောက်ရှိခဲ့သူဖြစ်ပြီး ဟူးလ်စီးတီးအသင်း၌ အငှားဖြင့် ၁၃...
Read More

Capital One ဖလားပြိုင်ပွဲမှ နယူးကာဆယ်ထွက်ခဲ့ရပြီးနောက် ကပ်ဆိုးကျရောက်ရန်နီးစပ်နေဟု မက္ကလာရင် ၀န်ခံ

နယူးကာဆယ်နည်းပြမက္ကလာရင်က ရှက်ဖီး Wed အသင်းကို Capital One ဖလားပြိုင်ပွဲ တတိယအဆင့်တွင် အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီးနောက် ကပ်ဆိုးကျရောက်ရန်နီးစပ်နေပြီဟု ၀န်ခံပြောကြားခဲ့သည်။ နယူးကာဆယ်အသင်းမှာ ယခုနှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်၌ ရှုံးပွဲ ၄ ပွဲကြုံပြီး နိုင်ပွဲပျောက်ဆုံးထားကာ ယခုကစား ခဲ့သည့် Capital One ဖလားပြိုင်ပွဲ ဒုတိယအဆင့်တွင် ဒုတိယတန်းကလပ်...
Read More
error: Content is protected !!