ပရီးမီးယားလိဂ်

ချဲလ်ဆီးတွင် ခြွင်းချက်ကစားသမားမရှိဟု မော်ရင်ညိုသတိပေး

ကစားသမားများ ခြေစွမ်းတစ်သမတ်တည်းမရှိလျှင် အသင်းတွင် အာမခံချက်ရှိမည်မဟုတ်ဟု ချဲလ်ဆီးနည်းပြမော်ရင်ညိုက သတိပေးပြောကြားလိုက်သည်။ မော်ရင်ညိုမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲတွင် အသင်းခေါင်းဆောင်ဂျွန်တယ်ရီအား ပွဲထွက်လူစာရင်းမှ ချန်လှပ်ခဲ့ပြီး အိုင်ဗန်နိုဗစ်နှင့် ဖာဘရီဂတ်စ်တို့ကိုလည်း ခြေစွမ်းနှင့်ပတ်သက်၍ ဝေဖန်ထားသူဖြစ်သည်။ “ဘောလုံးလောကရဲ့ ခြွင်းချက်ကစားသမားဆိုတဲ့ဂုဏ်ပုဒ်ကိုရဖို့ ခြေစွမ်းတစ်သမတ်တည်းဖြစ်ရပါမယ်။ ဘောလုံးလောကမှာ ဒီနေ့ခြေစွမ်းကိုကြည့်ပြီး အကဲဖြတ်တာပါ။ လောလောဆယ် ကျွန်တော့်အတွက် ခြွင်းချက်ကစားသမားမရှိပါဘူး”ဟု မော်ရင်ညိုက ပြောကြားခဲ့သည်။...
Read More

မာရှယ်ကြောင့် မန်ယူအနာဂတ်ပိုမိုတောက်ပလာသည်ဟု ရွန်နီ ပြောကြား

မန်ယူအသင်းခေါင်းဆောင်ဝိန်းရွန်နီက တိုက်စစ်မှူးမာရှယ်၏ မှော်ဝင်ခြေစွမ်းကြောင့် မန်ယူအသင်းမှာ ထိပ်ဆုံး၌ရပ်တည်နိုင်သည့်စွမ်းရည် ပိုင်ဆိုင်လာခဲ့သည်ဟု ချီးကျူးပြောကြားသွားခဲ့သည်။ တိုက်စစ်မှူးရွန်နီမှာ ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် မိနစ် ၁၀၀၀ ကြာ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ခြင်းကို ပြီးခဲ့သည့် ဆန်းဒါးလန်းနှင့် ပွဲတွင် အဆုံးသတ်နိုင်ခဲ့ပြီး အဆိုပါသွင်းဂိုးရရှိစေရန် မာရှယ်ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲတွင် တိုက်စစ်မှူးမာရှယ်မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး သွင်းဂိုး ၁ ဂိုးရယူပေးနိုင်ခဲ့သောကြောင့် ဆန်းဒါးလန်းကို ၃ ဂိုးပြတ်...
Read More

ချဲလ်ဆီးဂိုးသမားကော်တိုရစ်၏ ဒူးဒဏ်ရာ တိုးတက်ကောင်းမွန်လာ

ချဲလ်ဆီးအသင်း၏ ပထမဂိုးသမားကော်တိုရစ်မှာ ယူရိုခြေစစ်ပွဲအဖြစ် ဘယ်လ်ဂျီယံအသင်းအတွက် ပါဝင်ကစားခဲ့သည့်ပွဲတွင်ဒဏ်ရာရရှိခဲ့၍ ယခုလအစောပိုင်းတွင် ခွဲစိတ်ကုသမှုခံယူခဲ့ရာ ၂ လခန့်အနားယူရမည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် ယခုအချိန်တွင် အဆိုပါဂိုးသမားမှ ဒဏ်ရာမှာ တိုးတက်ကောင်းမွန်လာသည်ဟု လူမှုကွန်ရက် အင်စတာဂရမ်တွင် ပုံနှင့်တကွ ရေးသားဖော်ပြခဲ့သည်။ အသက် ၂၃ နှစ်ရှိကော်တိုရစ်မှာ ပြန်လည်ကြံ့ခိုင်ရေးအစီအစဉ်ဖြစ်သည့် ရေကူးကန်အတွင်းလေ့ကျင့်ခြင်း အောင်မြင်ခဲ့သောကြောင့် ပုံမှန်လေ့ကျင့်ခန်းများပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။ ကော်တိုရစ်က ”ရေကူးကန်ထဲမှာ...
Read More

စပါးကို အရေးနိမ့်ခဲ့ရသည့်အတွက် မန်စီးတီးနည်းပြပယ်လီဂရီနီ စိတ်ပျက်

မန်စီးတီးအသင်းမှာ စပါးနှင့်ကစားခဲ့သည့်အဝေးကွင်းပွဲတွင် ဒိုင်ယာ၊ အယ်လ်ဒါဝိုင်ရယ်၊ ဟာရီကိန်း၊ လာမယ်လာတို့၏သွင်းဂိုးများဖြင့် ဂိုးပြတ်အရေးနိမ့်ခဲ့ပြီး ဒီဘရူနီ၏ သွင်းဂိုးတစ်ဂိုးဖြင့်ကျေနပ်ခဲ့ရသည့်အပေါ် စိတ်ပျက်မိကြောင်း နည်းပြပယ်လီဂရီနီက ပြောကြားခဲ့သည်။ ပယ်လီဂရီနီက ”ဘာဖြစ်လို့ ၄-၁ နဲ့ကျွန်တော်တို့ရှုံးရတာလဲ။ ဒါကို အရေးတကြီးစဉ်းစားရတော့မှာပါ။ ကျွန်တော်ဒေါသထွက်တယ်ဗျာ။ ဒီရှုံးပွဲကို ဒေါသမထွက်ရဘူးလား” ဟု ပြောကြားခဲ့သည်။ ယခုကစားခဲ့သည့်ပွဲတွင် စပါးအသင်းဘက်မှ သွင်းဂိုးသည့်ဂိုးများအနက် ၂ ဂိုးမှာ...
Read More

လီဗာပူးနည်းပြဖြစ်လာပါက အပြောင်းအရွှေ့ကော်မတီကို ဖျက်သိမ်းမည်ဟု ကလော့ပ် ပြောကြား

ဒေါ့မွန်အသင်းနည်းပြဟောင်း ယာဂင်ကလော့ပ်က လီဗာပူးနည်းပြရော့ဂျာနေရာတွင် အစားထိုးခန့်အပ်ခံရပါက အသင်း၏အပြောင်းအရွှေ့ကော်မတီကို ဖျက်သိမ်းမည်ဟု ပြောကြားသွားခဲ့သည်။ အသက် ၄၈ နှစ်ရှိ အဆိုပါဂျာမန်လူမျိုးနည်းပြကို လီဗာပူးအသင်းမှ ခေါ်ယူနိုင်ခဲ့မည်ဆိုပါက ၎င်းအနေဖြင့် အသင်းကို ပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်ရန်ဆန္ဒရှိနေပြီး လက်ရှိအချိန်တွင် လီဗာပူးအသင်းပိုင်ရှင်များဘက်မှ  ရီးရဲလ်နည်းပြဟောင်းအန်စလော့တီကိုလည်း ခေါ်ယူရန်ပစ်မှတ်ထားနေကြောင်း သိရသည်။ လက်ရှိလီဗာပူးနည်းပြရော့ဂျာမှာ အသင်း၏ အပြောင်းအရွှေ့မူဝါဒများနှင့်ပတ်သက်၍ လမ်းညွှန်မှုပေးနိုင်ခြင်းမရှိခဲ့ချေ။ ဥပမာအားဖြင့် လီဗာပူးကခေါ်ယူခဲ့သည့်ကစားသမားများအနက် ဘာလော့တယ်လီမှာ...
Read More

နှစ်ဖက်သဘောတူညီချက်ဖြင့် စပါးနည်းစနစ်ဒါရိုက်တာ ဘယ်လ်ဒီနီ အသင်းမှ ထွက်ခွာ

စပါးအသင်းနည်းစနစ်ဒါရိုက်တာဘယ်လ်ဒီနီသည် နှစ်ဖက်သဘောတူညီချက်ဖြင့် ရာထူးမှနုတ်ထွက်သွားကြောင်း စပါးအသင်းက အတည်ပြုကြေညာသွားခဲ့သည်။ အဆိုပါအီတလီလူမျိုး နည်းစနစ်ဒါရိုက်တာမှာ ပြီးခဲ့သည့်သြဂုတ်လတွင် စပါးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်သော်လည်း အသင်းကစားသမားများအပြောင်းအရွှေ့နှင့်ပတ်သက်၍ အကူအညီပေးရန် တာဝန်ဆက်လက်ထမ်းဆောင်နေခြင်းဖြစ်သည်။ ဘယ်လ်ဒီနီနှင့်ပတ်သက်၍ စပါးအသင်းက ”နှစ်ဖက်သဘောတူညီချက်ဖြင့် ဘယ်လ်ဒီနီထွက်ခွာသွားခဲ့ကြောင်း အတည်ပြုလိုက်သည်။ ရိုးမားအသင်းအထွေထွေဒါရိုက်တာဟောင်း ဘယ်လ်ဒီနီမှာ ၂၀၁၃ခုနှစ်၊ ဇွန်လတွင် စပါးသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ကာ အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးချိန်၌ ထွက်ခွာခဲ့ခြင်းဖြစ်သည်။ ဘယ်လ်ဒီနီ၏ အနာဂတ်ကောင်းမွန်ပါစေကြောင်း...
Read More

ဖိအားမရှိသည့်ပရီးမီးယားလိဂ်နည်းပြမှာ အာဆင်နယ်နည်းပြတစ်ဦးတည်းသာရှိဟု မော်ရင်ညို ဝေဖန်တိုက်ခိုက်

ချဲလ်ဆီးနည်းပြမော်ရင်ညို က ပရီးမီးယားလိဂ်တွင်တာဝန်ယူကိုင်တွယ်နေသည့် နည်းပြတိုင်း ဖိအားရှိသော်လည်း နည်းပြတစ်ဦးသာ ဖိအားမရှိကြောင်း၊ ရလဒ်ပိုင်းဆိုးရွားခဲ့သည့်တိုင် နည်းပြရာထူးအား ဆက်လက်တာဝန်ယူထားနိုင်သည့်အပေါ် လေးစားမိကြောင်း အာဆင်နယ်နည်းပြအာစင်ဝင်းဂါးအပေါ် ဝေဖန်ပြောကြားခဲ့သည်။ ပရီးမီးယားလိဂ်ထိပ်သီးနည်းပြ ၂ ဦးဖြစ်သည့် မော်ရင်ညိုနှင့် အာစင်ဝင်းဂါးတို့နှစ်ဦးသည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီက အချင်းများခဲ့ရာမှတစ်ဆင့် အပြန်အလှန်ဝေဖန်ပြောကြားမှုများပြုလုပ်ခဲ့ခြင်းကြောင့် နှစ်ဦးကြား တင်းမာမှုများပိုမိုမြင့်တက်လာခဲ့သည်။ “ပရီးမီးယားလိဂ်မှာတာဝန်ယူနေတဲ့ နည်းပြတိုင်း ဖိအားကိုယ်စီရှိပါတယ်။ မက္ကလာရင်၊ ရော့ဂျာ၊...
Read More

အာဆင်နယ်နောက်ခံလူ ဂါဘရီရယ် တစ်ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေ ပေါင်တစ်သောင်း ချမှတ်ခံရ

အက်ဖ်အေတာဝန်ရှိသူများသည် အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်၏ အနီကတ်ပြစ်ဒဏ်အား ပယ်ဖျက်ပေးခဲ့သော်လည်း ချဲလ်ဆီးတိုက်စစ်မှူး ကော်စတာအပေါ် ကစားသမားမပီသသည့် အပြုအမူကျူးလွန်ခဲ့သဖြင့် တစ်ပွဲပယ်ပြစ်ဒဏ်နှင့်အတူ ဒဏ်ငွေပေါင်တစ်သောင်းပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ ဂါဘရီရယ်အနေဖြင့် အသင်းဖော်ကိုစီရယ်နီအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့် ချဲလ်ဆီးတိုက်စစ်မှူးကော်စတာအား ပြန်လည်တုံ့ပြန်ခဲ့သည့်အတွက် အက်ဖ်အေမှ ယခုကဲ့သို့ ပြစ်ဒဏ်များချမှတ်ခဲ့သည့်အပြင် ယင်းအပြုအမူမျိုး ထပ်မံပြုလုပ်ပါက ကြီးလေးသည့်ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း သတိပေးခံခဲ့ရသည်။ အက်ဖ်အေမှချမှတ်ခဲ့သည့် ပြစ်ဒဏ်အပေါ် ဂါဘရီရယ်က လက်ခံခဲ့ပြီး...
Read More

နည်းပြရာထူးအတွက် စိုးရိမ်ပူပန်မှုမရှိကြောင်း လီဗာပူးနည်းပြ ပြောကြား

ရလဒ်ပိုင်းဆိုးရွားနေမှုများကြောင့် အသင်းမှထွက်ခွာရန် ဖိအားပေးခြင်းခံနေရသည့် လီဗာပူးနည်းပြရော့ဂျာက ပရိသတ်များဖိအားပေးမှုကိုခံနေရသည့်အတွက် အပြောင်းအလဲဖြစ်လာနိုင်သည်ကို နားလည်ကြောင်းနှင့် ထိပ်တန်းနည်းပြများနှင့်အစားထိုးခံရမည့်သတင်းများအပေါ်တွင် စိုးရိမ်ပူပန်မှုမရှိကြောင်း ပြောကြားခဲ့သည်။ လီဗာပူးအသင်းပရိသတ်များအနေဖြင့် နည်းပြရော့ဂျာအား ရာထူးမှနုတ်ထွက်ရန် ဖိအားပေးတောင်းဆိုလျက်ရှိသည့်အပြင် ရာထူး မှထုတ်ပယ်ခဲ့ပါက ပေးချေရမည့်လျော်ကြေးကိုပါ အသင်းကိုယ်စားပေးချေရန် အသင့်ရှိကြောင်း အသင်းတာဝန်ရှိသူများထံအသိပေးထားခဲ့သည်။ “ပရော်ဖက်ရှင်နယ်နည်းပြတစ်ယောက်အနေနဲ့ လက်ရှိအခြေအနေအရပ်ရပ်ကိုနားလည်ပါတယ်။ နည်းပြရာထူးကနေနုတ်ထွက်မှာမဟုတ်သလို စိုးရိမ်ပူပန်စရာလည်း မရှိပါဘူး။ ဒါပေမဲ့ လီဗာပူးနည်းပြအဖြစ် ဆက်လက်ရပ်တည်ဖို့အတွက်...
Read More

ဆန်းဒါးလန်းနှင့်ပွဲတွင် ခံစစ်ပိုင်းကို ယာယီကစားကွက်ဖြင့် ယှဉ်ပြိုင်မည်ဟု ဗန်ဟားလ်ပြောကြား

မန်ယူအသင်းမှာ စနေနေ့တွင်ကစားမည့် ဆန်းဒါးလန်းနှင့်ပွဲတွင် ဘယ်နောက်ခံလူနေရာ၌ တံကောက်ကြောဒဏ်ရာရရှိနေသော ရိုဟိုမပါဝင်နိုင်သည့်အတွက် ၎င်း၏နေရာတွင် အစ်ဝစ်ခ်ျနှင့်ကစားခဲ့သည့်ပွဲစဉ်ကဲ့သို့ပင် ကွင်းလယ်လူအက်ရှ်လေယန်းကို ထည့်သွင်းအသုံးပြုဖွယ်ရှိကြောင်းသိရှိရသည်။ ထို့အပြင် အခြားသောနည်းလမ်းအဖြစ် ဒါမီယန်နှင့် ဗလင်စီယာတို့ကိုလည်း ဘယ်တောင်ပံခံစစ်နေရာတွင် ထည့်သွင်းအသုံးပြုနိုင်ကြောင်းသိရှိရပြီး ဒါလေဘလိုင်းကိုမူ ဗဟိုခံစစ်တွင်သာ အသုံးပြုရန်ပြင်ဆင်ထားကြောင်း သိရသည်။ ဒဏ်ရာရနောက်ခံလူများနှင့်ပတ်သက်၍ ဗန်ဟားလ်က ”ဘယ်သန်ကစားသမားတွေဖြစ်တဲ့ လုခ်ရှောနဲ့ ရိုဟိုတို့ဒဏ်ရာရနေတာက ကျွန်တော့်အတွက် ပြဿနာဖြစ်စေပါတယ်။ ကျန်ကစားသမားတွေကို...
Read More
error: Content is protected !!