ပရီးမီးယားလိဂ်

အက်ဖ်အေဆီမီးဖိုင်နယ်တွင် မန်ယူ သို့မဟုတ် ၀က်စ်ဟမ်းနှင့် အဲဗာတန်ရင်ဆိုင်ရမည်

အက်ဖ်အေဖလားဆီမီးဖိုင်နယ်အဆင့်တွင် အဲဗာတန်မှာ မန်ယူ သို့မဟုတ် ၀က်စ်ဟမ်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်မှာ ၀က်ဖို့ဒ်နှင့် ကစားရမည်ဖြစ်သည်။ ထိုပွဲစဉ်များမှာ ၀င်ဘလေကွင်းတွင် ဧပြီ ၂၃-၂၄ ရက်နေ့များတွင် ကစားမည်ဖြစ်ပြီး မန်ယူမှာ အိုးထရက်ဖို့ဒ်တွင် ၀က်စ်ဟမ်းနှင့်သရေကျခဲ့သဖြင့် ကွာတားဖိုင်နယ်ပြန်ကန်ပွဲစဉ်တွင် ၀က်စ်ဟမ်းကွင်းတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ကွာတားဖိုင်နယ်ပြန်ကန်ပွဲ ကစားရမည့်ရက်ကို လာမည့်ကြာသပတေးနေ့တွင် မန်ယူနှင့် လီဗာပူးတို့ ယူရိုပါလိဂ် ၁၆...
Read More

အဲဗာတန်နှင့်ပွဲမှ အနီကတ်အတွက် ကော်စတာစွဲချက်တင်ခံရ

ချဲလ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာသည် စနေနေ့က ကစားခဲ့သော အဲဗာတန်နှင့် အက်ဖ်အေပွဲစဉ်တွင် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီးနောက် ၎င်း၏အပြုအမူအတွက် အက်ဖ်အေက စွဲချက်တင်လိုက်ကြောင်း သိရှိရသည်။ စပိန်တိုက်စစ်မှူး ကော်စတာသည် ပွဲချိန် ၈၄ မိနစ်တွင် အဲဗာတန်ကစားသမား ဂါရတ်ဘာရီနှင့် အချင်းများခဲ့ပြီး ထိုဖြစ်စဉ်တွင် ဘာရီအား ကော်စတာက ကိုက်ခဲ့သည့်ဟန်ပန်ပေါ်ခဲ့သော်လည်း ကာယကံရှင်ကစားသမား ၂ ဦးလုံးက မဟုတ်မှန်ကြောင်း ငြင်းဆန်ထားသည်။...
Read More

အက်ဖ်အေနိုင်ပွဲမှာ နည်းပြဘ၀အမြင့်ဆုံးမှတ်တမ်းဟု ၀က်ဖို့ဒ်နည်းပြဆို

ဝက်ဖို့ဒ်နည်းပြ ဆန်းချက်ဇ်ဖလိုရက်စ်က အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင် လက်ရှိချန်ပီယံအာဆင်နယ်ကို အနိုင်ရခဲ့ခြင်းမှာ ၎င်း၏နည်းပြဘ၀တွင် အမြင့်ဆုံးအခိုက်အတန့်ဖြစ်ကြောင်း ၀န်ခံပြောကြားလိုက်သည်။ ၀က်ဖို့ဒ်ကို အိမ်ကွင်းတွင် ၂-၁ ဖြင့် အရှုံးပေးခဲ့ရသော အာဆင်နယ်မှာ ၃၇ လအတွင်း ပထမဆုံး အက်ဖ်အေရှုံးပွဲကြုံတွေ့ခဲ့ရခြင်းဖြစ်ကာ ၀က်ဖို့ဒ်မှာမူ ခြေစွမ်းပြရာသီတွင် မှတ်တမ်းသစ်ထပ်မံရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။ “ဒီအချိန်၊ ဒီအသင်း၊ ဒီခရီးအတွက် အရမ်းဂုဏ်ယူတယ်။ ကျွန်တော်တို့က အခုဆိုရင်...
Read More

မိမိကို ကော်စတာမကိုက်ခဲ့ဟု ဘာရီဖွင့်ဟ

အဲဗာတန်ကွင်းလယ်လူ ဂါရတ်ဘာရီက အက်ဖ်အေဖလားကွာတားဖိုင်နယ်အဆင့်တွင် ချဲလ်ဆီးနှင့်ကစားခဲ့သည့်ပွဲ၌ ပြိုင်ဘက်တိုက်စစ်မှူး ဒီယေဂိုကော်စတာမှာ မိမိကို ကိုက်ခဲ့ခြင်းမရှိဟု ဖွင့်ဟပြောကြားလိုက်သည်။ ကော်စတာမှာ ပွဲချိန် ၈၄ မိနစ်တွင် ဘာရီနှင့်ထိပ်တိုက်တွေ့ခဲ့သည့်ဖြစ်ရပ်အတွက် ဒုတိယအ၀ါကတ်ပြသခံခဲ့ရကာ ထုတ်ပယ်ခံခဲ့ရသော်လည်း ဘာရီအား ကိုက်ခဲ့ခြင်းမရှိဟု ငြင်းဆိုထားပြီး ၈၇ မိနစ်အရောက်တွင် ထုတ်ပယ်ခံခဲ့ရသူ ဘာရီကလည်း ကော်စတာ၏စကားမှာ ဟုတ်မှန်ကြောင်း ထောက်ခံခဲ့သည်။ လက်ရှိအချိန်တွင် အက်ဖ်အေမှာ...
Read More

အိမ်ကွင်းတွင် မန်ယူနှင့်ပြန်ကန်ပွဲကစားရမည့်အတွက် ဘီလစ်ဝမ်းသာနေ

ဝက်စ်ဟမ်းနည်းပြ ဘီလစ်က မန်ယူကို အိမ်ကွင်းအပ်တန်ပတ်ခ်တွင် အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့် ပြန်ကန်ပွဲကစားရမည့်အတွက် ၀မ်းသာမိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ အိုးထရက်ဖို့ဒ်တွင်ကစားခဲ့သည့် ထိုပွဲစဉ်တွင် ၁-၁ သရေကျခဲ့သည့်အတွက် ၀င်ဘလေတွင်ကစားရမည့် ဆီမီးဖိုင်နယ်သို့တက်ရောက်ရမည့်အသင်း ပေါ်ထွက်လာရေးအတွက် ၀က်စ်ဟမ်းနှင့် မန်ယူတို့မှာ ပြန်ကန်ပွဲကစားရမည်ဖြစ်သည်။ “အဲဒီပွဲက ခက်ခဲတဲ့ပွဲ ဖြစ်မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ယုံကြည်ချက်ပိုရှိလာလို့ ၀မ်းသာပါတယ်။ မန်ယူက အဝေးကွင်းမှာဆိုရင်...
Read More

ပေါင်ဒဏ်ရာကြောင့် ရမ်ဆေး ၄ ပတ် နားရမည်

အာဆင်နယ်နှင့် ဝေးလ်ကွင်းလယ်လူ အာရွန်ရမ်ဆေးမှာ ပေါင်ဒဏ်ရာကြောင့် ၄ ပတ်ကြာအနားယူရမည်ဟု သိရှိရသည်။ ထို့ကြောင့် ၎င်းမှာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေပွဲစဉ်များအပြင် မြောက်အိုင်ယာလန်၊ ယူကရိန်းတို့နှင့်ကစားမည့် ဝေးလ်လက်ရွေးစင်အသင်း၏ ခြေစမ်းပွဲများကိုပါ လွဲချော်ရမည်ဖြစ်သည်။ အသက် ၂၅ နှစ်အရွယ် ထိုကစားသမားမှာ ဟူးလ်စီးတီးကို ၄ ဂိုးပြတ်အနိုင်ရခဲ့သည့် အင်္ဂါနေ့ပွဲစဉ်တွင် ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး ၄ ပတ်အနားယူရမည်ဆိုသည်ကို...
Read More

မန်ယူတွင် ၎င်း၏နည်းစနစ် အလုပ်ဖြစ်နေဟု ဗန်ဟားလ်ဆို

မန်ယူမှာ ပြိုင်ပွဲ ၃ ရပ်တွင် ယှဉ်ပြိုင်နေရဆဲဖြစ်သည့်အတွက် မန်ယူတွင် ၎င်း၏နည်းစနစ်များ အောင်မြင်ကြောင်း ဗန်ဟားလ်က ထုတ်ဖော်ပြောကြားလိုက်သည်။ ပရီးမီးယားလိဂ် အဆင့် ၆ နေရာမှ မန်ယူမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရနေရာနှင့် ၃ မှတ်ကွာဟနေပြီး တနင်္ဂနွေနေ့တွင် ၀က်စ်ဟမ်းကို အက်ဖ်အေပြိုင်ပွဲ၌ အိမ်ရှင်အဖြစ် လက်ခံကစားရမည်ဖြစ်သည်။ ထို့နောက် ကြာသပတေးနေ့တွင် ယူရိုပါလိဂ် ၁၆ သင်းအဆင့်...
Read More

ချန်ပီယံဖြစ်ရန် လက်စတာရေပန်းမစားသေးဟု ရေနီယာရီယူဆနေဆဲ

လက်စတာနည်းပြ ကလော်ဒီယိုရေနီယာရီက ၎င်း၏အသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် ရေပန်းစားသည့်အသင်းမဖြစ်သေးဟု ငြင်းဆိုသွားခဲ့ပြီး ရာသီကျန် ၉ ပွဲတွင်လည်း ချန်ပီယံဖြစ်ရေးမျှော်မှန်းချက် ထားရှိသွားမည်မဟုတ်ဟု ပြောကြားလိုက်သည်။ လက်စတာမှာ လက်ရှိအချိန်တွင် ရမှတ် ၆၀ ဖြင့် ဒုတိယနေရာမှ စပါးကို ၅ မှတ်အသာ၊ တတိယနေရာမှ အာဆင်နယ်ကို ၈ မှတ်အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ပရီးမီးယားလိဂ်ဖလားကို...
Read More

ယူရိုပါလိဂ်တွင်ယှဉ်ပြိုင်နေရ၍ ဝေဖန်နေသူများအား အတိတ်မှရုန်းမထွက်နိုင်သူများဟု ဗန်ဟားလ်တုံ့ပြန်

မန်ယူနည်းပြဗန်ဟားက ချန်ပီယံလိဂ်ပြိုင်ပွဲမှ ယူရိုပါလိဂ်တွင် ယှဉ်ပြိုင်ကစားရသည့်အဆင့်သို့ လျှောကျခဲ့ခြင်းအပေါ် ဝေဖန်လျက်ရှိသူများကို မန်ယူအသင်းရွှေထီးဆောင်းခဲ့သည့်အတိတ်မှ ရုန်းမထွက်နိုင်သူများဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ လီဗာပူးနှင့် ယူရိုပါလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်ကို ယနေ့ကစားမည့်မန်ယူသည် ဥရောပတွင်ဒုတိယအဆင့်ပြိုင်ပွဲဖြစ်သော ယူရိုပါလိဂ်ကို နှစ် ၂၀ အတွင်း ဒုတိယအကြိမ်မြောက် ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ ဒီဇင်ဘာလက ၀ုဖ်ဘတ်ကိုရှုံးနိမ့်ကာ ချန်ပီယံလိဂ်မှထွက်ခဲ့ရပြီး ယူရိုပါလိဂ်ပြိုင်ပွဲသို့ကူးပြောင်းယှဉ်ပြိုင်ခဲ့ရခြင်းအပေါ် အသင်းခေါင်းဆောင်ဟောင်းဖာဒီနန်နှင့် တိုက်စစ်မှူးမိုက်ကယ်အိုဝင်တို့က ဝေဖန်မှုများပြုလုပ်ထားခဲ့သည်။...
Read More

ကစားသမားများသာပါဝင်သော ဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ကြောင်း ၀ဲလ်ကော့ဖွင့်ဟ

အာဆင်နယ်ကစားသမားများသည် ရလဒ်ဆိုးရွားနေမှုမှရုန်းထွက်ရေးအတွက် နည်းပြများမပါဝင်သောဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ကြကြောင်း အဓိက ကစားသမားဝဲလ်ကော့က ထုတ်ဖော်ပြောကြားခဲ့သည်။ “ကျွန်တော်တို့အချင်းချင်း ကောင်းမွန်တဲ့စကားဝိုင်းတစ်ခုကို နည်းပြတွေမပါဘဲ ဆွေနွေးနိုင်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ကစားသမားတစ်ယောက်ချင်းစီက သူတို့ဘယ်လိုခံစားနေရလဲဆိုတာကို ဖွင့်ပြောခဲ့ကြပြီး အလုပ်ဖြစ်ခဲ့ပါတယ်”ဟု ၀ဲလ်ကော့ကပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲကြောင့် စပါးကွင်းတွင်သွားရောက်ကစားသည့်ပွဲ၌ ကိုကွီလင်ထုတ်ပယ်ခံရသော်လည်း သရေတစ်မှတ်ခွဲယူနိုင်ခဲ့စေရန် လိုအပ်သောစိတ်ဓာတ်ခွန်အားရရှိစေခဲ့သည်ဟု ၀ဲလ်ကော့ကယုံကြည်နေသည်။ “ကျွန်တော်တို့အချင်းချင်းဘာတွေပြောခဲ့လဲ ဆိုတာကိုတော့ ထုတ်မပြောတော့ပါဘူး။ ဒါပေမဲ့ အဲဒီစကားတွေဟာ...
Read More
error: Content is protected !!