ပရီးမီးယားလိဂ်

ချန်ပီယံလိဂ်ကစားရန် နယူးကာဆယ်မှ ထွက်ခွာလိုသည်ဟု ဆစ်ဆိုကို ထပ်မံပြောကြား

နယူးကာဆယ်အသင်းကွင်းလယ်လူ ဆစ်ဆိုကိုက မန်စီးတီးကို ၆-၁ ဂိုးဖြင့်အရေးနိမ့်သည့် ပွဲအပြီးတွင် ချန်ပီယံလိဂ်ပြိုင်ပွဲကစားလို၍ နယူးကာဆယ်အသင်းမှ ထွက်ခွာလိုကြောင်း ပြောကြားခဲ့သည်။ အသက် ၂၆ နှစ်ရှိ အဆိုပါကွင်းလယ်လူသည် ၂၀၁၃ ခုနှစ်တွင် တူလော့အသင်းမှပြောင်းရွှေ့၍ နယူးကာဆယ်အသင်းသို့ရောက်ရှိခဲ့သူဖြစ်ပြီး ၈၃ ပွဲတွင် ၁၀ ဂိုးသွင်းယူပေးထားသူဖြစ်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင် ဥရောပအသင်းကြီးများသို့ ပြောင်းရွှေ့ကစားလိုသည်ဟု အစောပိုင်းကာလတွင်လည်း ဖွင့်ဟထားသူဖြစ်သည်။ ပြင်သစ်လက်ရွေးစင်ဆစ်ဆိုကိုက...
Read More

နည်းပြရော့ဂျာအား လီဗာပူးထုတ်ပယ်

လီဗာပူးအသင်းသည် နည်းပြအဖြစ် ၃ နှစ်ခွဲကြာတာဝန်ယူခဲ့သည့် ဘရန်ဒန်ရော့ဂျာအား ရာထူးမှထုတ်ပယ်လိုက်ကြောင်းသိရှိရသည်။ ရော့ဂျာမှာ ယမန်နေ့က ကစားခဲ့သည့် အဲဗာတန်နှင့်သရေကျခဲ့သောပွဲအပြီးတွင် ထုတ်ပယ်ခံရခြင်းဖြစ်ပြီး ထိုပွဲရလဒ်ကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၀ သို့ရောက်ရှိနေသည့် လီဗာပူးတာဝန်ရှိသူများက ပွဲမတိုင်ခင်ကတည်းက ၎င်းကိုထုတ်ပယ်ရန် ဆုံးဖြတ်ထားခဲ့သည်ဟုလည်း သိရသည်။ လီဗာပူး၏ထုတ်ပြန်ချက်တွင်”ခက်ခဲသည့်ဆုံးဖြတ်ချက်ဖြစ်သော်လည်း ကွင်းတွင်းရလဒ်များကောင်းမွန်လာစေရန် ယခုဆုံးဖြတ်ချက်က အရေးပါလိမ့်မည်”ဟု ပါရှိသည်။ လီဗာပူးနည်းပြသစ်အဖြစ် ဒေါ့မွန်နည်းပြဟောင်း...
Read More

ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက် မိနစ်(၂၀)အတွင်း(၅)ဂိုးသွင်းပြီး အဂူရိုစံချိန်တင်

မန်စီးတီးတိုက်စစ်မှူးအဂူရိုသည် နယူးကာဆယ်ကိုအနိုင်ရခဲ့သည့် ပွဲစဉ်တွင် တစ်ဦးတည်းမှ (၂၀)မိနစ်အတွင်း (၅)ဂိုးသွင်းယူပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ မှတ်တမ်းသစ်ကို ရေးထိုးနိုင်ခဲ့သည်။ ယခင်က တစ်ဦးတည်းမှ (၅)ဂိုးသွင်းယူနိုင်သူများအဖြစ် အင်ဒီကိုးလ်(မန်ယူ)၊ အလန်ရှီးယား(နယူးကာဆယ်)၊ ဒီဖိုး(စပါး)၊ဘာဘာတော့ဗ်(မန်ယူ)တို့ဖြစ်ပြီး အဂူရိုအနေဖြင့် တစ်ပွဲတည်း(၅)ဂိုးသာမကဘဲ အမြန်ဆုံး(၅)ဂိုးသွင်း သူပါဖြစ်လာသည်။ ၎င်းအနေဖြင့် (၄၂)မိနစ်မှာပထမဂိုးစတင်သွင်းခဲ့တာဖြစ်ပြီး သူ့ရဲ့(၅)ဂိုးမြောက်ဂိုးကို (၆၂)မိနစ်မှာသွင်းယူခဲ့ခြင်း ဖြစ်သည်။ အဂူရိုမှ ယင်းကဲ့သို့ မှတ်တမ်းမတင်နိုင်ခင် ဒီဖိုးက...
Read More

ချဲလ်ဆီးနည်းပြရာထူးမှ နုတ်ထွက်မည်မဟုတ်ဟု မော်ရင်ဟို ထုတ်ဖော်ပြောကြား

ချဲလ်ဆီးနည်းပြမော်ရင်ဟိုက မိမိအားအသင်းမှ ထုတ်ပယ်ခွင့်ရှိသော်လည်း မိမိကိုယ်တိုင်ရာထူးမှ နုတ်ထွက် မည်မဟုတ်ကြောင်း ပြောလိုက်သည်။ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ ချဲလ်ဆီးအသင်းမှာ အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်တွင် ဆောက်သမ်တန်အား (၃-၁)ဂိုးဖြင့် ရှုံးပြီး အမှတ်ပေးပွဲ(၈)ပွဲကစားပြီးချိန် (၄)ပွဲမြောက် အရှုံးပွဲကိုတွေ့ကြုံခဲ့သည်။ “ကျွန်တော်အနေနဲ့ ရှင်းရှင်းလင်းလင်းပြောရရင် ပထမအနေနဲ့ ဒီအရှုံးရလဒ်တွေအတွက် ရှောင်ပြေးမှာမဟုတ် ဘူး။ ဒုတိယအနေနဲ့ အသင်းကကျွန်တော့်ကို ထုတ်ပယ်ချင်ရင် ထုတ်ပယ်နိုင်တယ်။ ဒါပေမဲ့ မိမိအနေနဲ့...
Read More

ဆန်းဒါးလန်းနည်းပြနှင့်အတူ အားကစားဒါရိုက်တာလည်း နုတ်ထွက်ဖွယ်ရှိ

ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရသည့် ဆန်းဒါးလန်းအသင်းမှာ နည်းပြဖြစ်သူအက်ဗိုကတ်နှင့်အတူ အားကစားဒါရိုက်တာမှာလည်း နုတ်ထွက်ဖွယ်ရှိနေသည့်အတွက် အခက်ကြုံနေကြောင်း သိရှိရသည်။ ဆန်းဒါးလန်းအားကစားဒါရိုက်တာအဖြစ် ၁၈ လ တာဝန်ယူထားသည့် ကွန်ဂါတန်မှာ ရာထူးမှနုတ်ထွက်ဖွယ်ရှိသည်ဟု သိရှိရပြီး ချဲလ်ဆီး ကင်းထောက်ချုပ်နှင့် ဟမ်းဘတ် နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သော ၎င်းမှာ အသင်းတွင်း မကျေလည်မှုများ၊ အပြောင်းအရွှေ့ဘတ်ဂျက်ကန့်သတ်မှုများကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သတင်းထွက်ပေါ်လျက်ရှိသည်။ ဆန်းဒါးလန်းမှာ...
Read More

မန်ယူသို့ မာရှယ်ရောက်ရှိမှုကို အံ့အားသင့်ကြောင်း အာစင်ဝင်းဂါးဖွင့်ဟ

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက အပြောင်းအရွှေ့နောက်ဆုံးရက်တွင် မန်ယူသို့ တိုက်စစ်မှူးမာရှယ် ရောက်ရှိသွားခြင်းကို အံ့အားသင့်မိကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ အာဆင်နယ်အသင်းပရိသတ်များအနေဖြင့် တနင်္ဂနွေနေ့တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အမ်းမရိတ်စ်ကွင်းသို့ လာရောက်ကစားမည့် မန်ယူတိုက်စစ်မှူးမာရှယ်ကို အသင်းနောက်ခံလူများထိန်းချုပ်ကစားနိုင်ရန် မျှော်လင့်နေကြောင်း သိရှိရသည်။ မန်ယူအသင်းမှ တိုက်စစ်မှူးမာရှယ်ကို ပေါင် ၃၆ သန်းဖြင့်ခေါ်ယူခဲ့သော်လည်း ယခုအချိန်တွင် အဆိုပါကစားသမား၏ ပြောင်းရွှေ့ကြေးမှာ ပေါင် ၅၈ သန်းအထိမြင့်တက်ခဲ့ကြောင်းသိရှိရပြီး...
Read More

စုံစမ်းစစ်ဆေးမှုရုပ်သိမ်းပေးလိုက်၍ အက်ဖ်အေကို ချဲလ်ဆီးဆရာဝန်ဟောင်းဝေဖန်

ချဲလ်ဆီးအသင်းဆရာဝန် ကာနဲရိုးထွက်ခွာသွားပြီးနောက် ရက်အနည်းငယ်အကြာတွင် ချဲလ်ဆီးနည်းပြမော်ရင်ညိုအပေါ်စုံစမ်းစစ်ဆေးမှုအား အက်ဖ်အေက ရုပ်သိမ်းပေးလိုက်သည့်အတွက် အဆိုပါဆရာဝန်က အက်ဖ်အေအား ဝေဖန်ပြောကြားလိုက်သည်။ ချဲလ်ဆီးမှထွက်ခွာခဲ့ပြီးနောက် ပထမဆုံးအဖြစ် ဒေါက်တာကာနဲရိုးကပြောကြားရာတွင်”အက်ဖ်အေက စာနယ်ဇင်းတွေကတစ်ဆင့် ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးခဲ့တယ်ဆိုတာ သိရတော့ အရမ်းအံ့သြမိပါတယ်။ ကျွန်မကိုလည်း ထွက်ဆိုချက်လာပေးဖို့ အက်ဖ်အေက မတောင်းဆိုခဲ့ဘူး။ တကယ့်အဖြစ်အပျက်မှာပါဝင်ခဲ့သူတွေရဲ့ ထွက်ဆိုချက်ကိုမယူဘဲ စုံစမ်းစစ်ဆေးတယ်ဆိုတာ ဒီနိုင်ငံမှာ တကယ်ရှိနေတာလား တွေးနေမိပါတယ်။ သက်သေအထောက်အထားတွေကို...
Read More

ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဗီလာတိုက်စစ်မှူး ထရာအိုရီ ရုန်းကန်နေရ

ဗီလာအသင်းတိုက်စစ်မှူးထရာအိုရီမှာ ပြီးခဲ့သည့်ဝက်စ်ဘရွန်းနှင့်ယှဉ်ပြိုင်ခဲ့သောပွဲတွင် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့သောကြောင့် စတုတ်စီးတီးနှင့်ကစားမည့်ပွဲ၌ ပြဿနာတစ်ရပ်ဖြစ်နိုင်ကြောင်း နည်းပြတင်ရှားဝုဒ်က ပြောကြားခဲ့သည်။ ယခုကဲ့သို့ တိုက်စစ်မှူးထရာအိုရီဒဏ်ရာပြဿနာနှင့် ရုန်းကန်နေရချိန်တွင် တိုက်စစ်မှူးအဘွန်လဟော်သည်လည်း ခြေသလုံးကြွက်သားဒဏ်ရာရရှိနေသောကြောင့် ပြီးခဲ့သည့်လီဗာပူးနှင့်ပွဲစဉ်တွင် ပါဝင်နိုင်ခြင်းမရှိခဲ့ချေ။ ထို့အတူ ကွင်းလယ်လူဂူရီသည်လည်း တံကောက်ကြောဒဏ်ရာမှပြန်လည်သက်သာစေရန် ကုသမှုခံယူနေရပြီး လာမည့်ပွဲများတွင်ပြန်လည်ပါဝင်နိုင်ရေး ဗီလာအသင်းမှ မျှော်လင့်လျက်ရှိသည်။ှဗီလာအသင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲကစားပြီးချိန်တွင် နိုင်ပွဲ ၁ ပွဲသာရရှိထားပြီး...
Read More

အမှတ်ပေးဇယားကို မန်ယူဦးဆောင်နေမှုအား ဂရုစိုက်မည်မဟုတ်ဟု ပယ်လီဂရီနီ ပြောကြား

မန်စီးတီးအသင်းနည်းပြပယ်လီဂရီနီက ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို မန်ယူဦးဆောင်နေမှုအား ဂရုစိုက်မည်မဟုတ်ကြောင်း ပြောကြားသွားခဲ့သည်။ မန်စီးတီးအသင်းသည် ၀က်စ်ဟမ်း၊ စပါးတို့နှင့်ပွဲတွင် ရှုံးပွဲကြုံပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူနေရာကို နိုင်ပွဲဆက်ခဲ့သည့် မန်ယူထံ လွှဲပြောင်းပေးခဲ့ရသည်။ သို့သော် မန်စီးတီးနည်းပြပယ်လီဂရီနီက အမှတ်ပေးဇယားကို မန်ယူဦးဆောင်ခြင်းကို စိတ်ပူပန်နေမည်မဟုတ်ဘဲ ဘောလုံးရာသီပြီးဆုံးချိန်တွင် မည်သည့်အသင်းအမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နိုင်မည်ဆိုသည်ကိုသာ စဉ်းစားရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ နယူးကာဆယ်နှင့် စနေနေ့တွင်ရင်ဆိုင်ရမည့် မန်စီးတီးအသင်းနည်းပြပယ်လီဂရီနီက ”ဘယ်အသင်း အမှတ်ပေးဇယားထိပ်ကိုရောက်နေတယ်ဆိုတာ တွေးနေမှာမဟုတ်ဘူး။...
Read More

မာဆေးဆိုက်ဒါဘီပွဲနှင့်ပတ်သက်၍ ဖိအားမရှိကြောင်း လီဗာပူးနည်းပြ ပြောကြား

လီဗာပူးအသင်းနည်းပြရော့ဂျာက ယူရိုပါလိဂ်ပြိုင်ပွဲအဖြစ် ဆီယွန်နှင့်ကစားခဲ့သည့်ပွဲတွင် သရေကျခဲ့သော်လည်း မာဆေးဆိုက်ဒါဘီပွဲအဖြစ် အဲဗာတန်နှင့်ကစားမည့် တနင်္ဂနွေပွဲစဉ်အတွက် ယုံကြည်မှုရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ လီဗာပူးနည်းပြရော့ဂျာမှာ အသင်းအိမ်ကွင်း အန်ဖီးလ်တွင်ကစားခဲ့သော ဆီယွန်နှင့်ပွဲ၌ နိုင်ပွဲမရခဲ့သောကြောင့် လှောင်ပြောင်ခံခဲ့ရပြီး ဖိအားများနှင့်ရင်ဆိုင်နေရသည်။ သို့သော် အဆိုပါနည်းပြက အဲဗာတန်နှင့်ကစားရမည့်ပွဲအတွက် ယခုအချိန်ထိ မည်သည့်ဖိအားမှ ခံစားရခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ ရော့ဂျာက ”ပွဲတိုင်းက အတူတူပါပဲ။ အဲဗာတန်နဲ့ပွဲအတွက် ဘာဖိအားမှမရှိပါဘူး။...
Read More
error: Content is protected !!