ပရီးမီးယားလိဂ်

ချဲလ်ဆီးနှင့် အေစီမီလန်ဂိုးသမားဟောင်း အမီလီယာ ကာလတိုစာချုပ်ချုပ်ဆို

အေစီမီလန်ဂိုးသမားဟောင်း အမီလီယာမှာ ချဲလ်ဆီးနှင့် ကာလတိုစာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း အေးဂျင့်ပက်စ်တိုရယ်လိုက ပြောကြားလိုက်သည်။ အသက် ၃၃ နှစ်ရှိ အဆိုပါ အီတလီဂိုးသမားဟောင်းသည် ကာလရှည်အနားယူနေရသော ဂိုးသမားကော်တိုရစ်၏နေရာတွင် ၀င်ရောက်ကစားနေသည့် ဘီဂိုဗစ်၏ အရန်ဂိုးသမားအဖြစ် တာဝန်ယူရမည်ဖြစ်သည်။ အမီလီယာမှာ ပြီးခဲ့သည့်လနှောင်းပိုင်းက ချဲလ်ဆီးနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီချက်ရရှိခဲ့ပြီးနောက် ယခုအချိန်တွင် ကာလတိုစာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်ပြီး အသင်းလက်မဲ့ဖြစ်နေသောအဆိုပါဂိုးသမားမှာ အေစီမီလန်မှထွက်ခွာပြီးချိန်တွင် အပျော်တမ်းကလပ်ရော့ကာပရီအိုရာအသင်းနှင့် စီးရီးဘီကလပ် ပီရူးဂျီယာသို့...
Read More

ကြံ့ခိုင်မှုအသားပေးသည့် ပရီးမီးယားလိဂ်ကစားဟန်နှင့် အသားကျရန် ကြိုးစားနေရဆဲဟု ဒီပေး ဆို

မန်ယူအသင်းတောင်ပံကစားသမား ဒီပေးက ကြံ့ခိုင်မှုအသားပေးသည့် ပရီးမီးယားလိဂ်ကစားဟန်နှင့် အသားကျရန် ကြိုးစားကစားနေရသည်ဟု ဖွင့်ဟပြောကြားခဲ့သည်။ ပေါင် ၂၅ သန်းဖြင့် ပီအက်စ်ဗီအသင်းမှ ပြောင်းရွှေ့ရောက်ရှိခဲ့သူ ဒီပေးမှာ လျင်မြန်မှုအသားပေးကစားနေသော်လည်း သိသိသာသာခြေစွမ်းပြနိုင်ခြင်းမရှိသေးဘဲ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲကစားပြီးချိန်တွင် ၁ ဂိုး သွင်းယူပေးထားနိုင်ခဲ့သည်။ သို့သော် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြနေနိုင်သည့် အသက် ၂၁ နှစ်ရှိ...
Read More

လီဗာပူးကဲ့သို့ မန်ယူကျရှုံးမည်မဟုတ်ဟု ဒေးဗစ်ဘက်ခမ်း ပြောကြား

မန်ယူအသင်းကွင်းလယ်လူဟောင်း ဒေးဗစ်ဘက်ခမ်းက ယခုဘောလုံးရာသီတွင် ရလဒ်ဆိုးများနှင့်ကြုံတွေ့ခဲ့သော မဟာပြိုင်ဘက်လီဗာပူးကဲ့သို့ မန်ယူမှာ မည်သည့်အချိန်တွင်မှ ကျရှုံးမည့်အသင်းမဟုတ်ကြောင်း အခိုင်အမာပြောကြားလိုက်သည်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဘက်ခမ်းက ”မန်ယူအသင်း ဘယ်တော့မှ ကျရှုံးမှာမဟုတ်သလို ဆုဖလားအောင်မြင်မှုနဲ့ပတ်သက်ပြီး ဘယ်တော့မှ ငြင်းခုန်စရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ မန်ယူမှာ သမိုင်းကောင်းတွေ အများကြီးရှိနေလို့ပါ။ ဒါက ငြင်းနေစရာမလိုပါဘူး။ ဒီကလပ်အကြောင်း ထဲထဲဝင်ဝင်သိလာတဲ့အချိန်ကျရင် အမှားအယွင်း နည်းနည်းလေးတောင် မြင်လာမှာမဟုတ်ဘူး”ဟု ပြောကြားခဲ့သည်။...
Read More

ကစားသမားများမှာ အာဆင်နယ်နှင့်ပွဲတွင် ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမရှိခဲ့ဟု ဗန်ဟားလ် ပြောကြား

မန်ယူအသင်းနည်းပြဗန်ဟားလ်က အာဆင်နယ်နှင့်ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် အသင်းကစားသမားများအနေဖြင့် ၎င်းညွှန်ကြားခဲ့သည့်ဗျူဟာအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိခဲ့ကြောင်း ပြောကြားလိုက်သည်။ အဆိုပါပွဲတွင် မန်ယူအသင်းကစားသမားများကို ဖြတ်တင်ဘောများပေးပို့၍ တိုက်စစ်ဖွင့်ကစားရန် ဗန်ဟားလ်မှ ညွှန်ကြားခဲ့သော်လည်း ကစားသမားများက တန်ပြန်တိုက်စစ်သုံး၍ ကစားခဲ့ခြင်းကြောင့် စိတ်ပျက်ခဲ့ရသည်ဟု ဆိုခဲ့သည်။ မန်ယူအသင်းမှာ အာဆင်နယ်အသင်းနှင့်တွေ့ဆုံမှုတွင် ၂၀၁၁ ခုနှစ်မှ စ၍ ရှုံးပွဲမရှိကစားနိုင်ခဲ့သော်လည်း ယခုကစားခဲ့သည့်ပွဲတွင် မန်ယူကွင်းလယ်ကစားသမားများဖြစ်သော ကာရစ်၊ ရှဝိန်းစတိုင်ဂါနှင့် ရှနိုက်ဒါတို့ကို...
Read More

မေဂျာလိဂ်တွင် ကစားသမားဘ၀အဆုံးသတ်မည်ဟု နာဆရီဖွင့်ဟ

မန်စီးတီးအသင်းကွင်းလယ်လူနာဆရီက ပရီးမီးယားလိဂ်ကစားသမားဘ၀ကုန်ဆုံးချိန်တွင် အမေရိကန်မေဂျာလိဂ်ပြိုင်ပွဲသို့ သွားရောက်ကစား၍ ကစားသမားဘ၀အဆုံးသတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဆင်နယ်ကစားသမားဟောင်း နာဆရီမှာ ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် မေဂျာလိဂ်သို့ သွားရောက်ကစားလိုသည်ဟု ဖွင့်ဟခဲ့ဖူးပြီး ယခုအချိန်တွင် နောက်တစ်ကြိမ်ထပ်မံပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါပြင်သစ်ကွင်းလယ်လူက ”ပရီးမီးယားလိဂ်ကိုကျွန်တော်နှစ်သက်သလို ကျွန်တော့်ဘ၀ကလည်း အင်္ဂလန်မှာရှိနေပါတယ်။ ဒါတွေပြီးဆုံးသွားရင်တော့ မေဂျာလိဂ်မှာ ကစားဖို့စဉ်းစားထားပါတယ်။ ကွဲပြားတဲ့အတွေ့အကြုံတွေ ရယူဖို့ဆန္ဒရှိပြီး အခြားတစ်ဖက်မှာလည်း ပြင်သစ်မှာ အခြေချဖို့စိတ်ကူး ရှိပါတယ်” ဟု...
Read More

အာဆင်နယ်လူငယ်တိုက်စစ်မှူးအိုင်ဝိုဘီ အသင်းကြီးနှင့် ကာလရှည်စာချုပ်သစ်ချုပ်ဆို

အသက် ၁၉ နှစ်ရှိ အာဆင်နယ်လူငယ်တိုက်စစ်မှူးအိုင်ဝိုဘီမှာ လူငယ်အသင်းကစားသမားအဖြစ်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် အသင်းကြီး၏ ယခုရာသီကြိုခြေစမ်းပွဲများတွင် ခြေစွမ်းပြနိုင်ခဲ့သဖြင့် နည်းပြအာစင်ဝင်းဂါးက အခြားအသင်းများသို့ အငှားချရန်ဆန္ဒမရှိဘဲ ကာလရှည်စာချုပ်၍ ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်း၏ ယခုရာသီကြိုခြေစမ်းပွဲများဖြစ်သော စင်ကာပူခရီးစဉ်တွင် အသင်းလူစာရင်း၌ အိုင်ဝိုဘီကိုထည့်သွင်းခဲ့ပြီး အမ်းမရိတ်စ်ဖလားပြိုင်ပွဲအဖြစ် လိုင်ယွန်နှင့်ကစားခဲ့သည့်ပွဲတွင်လည်း အသင်းကြီးအတွက် ပထမဆုံးသွင်းဂိုးရယူပေးနိုင်ခဲ့သည်။ ထို့ကြောင့် အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက အသင်းအကယ်ဒမီထွက် အဆိုပါလူငယ်အသင်းခေါင်းဆောင်ကို အငှားချရန်ဆန္ဒမရှိဘဲ ဆက်လက်ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။...
Read More

ဆောက်သမ်တန်နှင့်ပွဲတွင် ဒိုင်များ ဘက်လိုက်သည်ဟု ပြောဆိုချက်ကြောင့် မော်ရင်ညို စွဲချက်တင်ခံရ

ပရီးမီးယားလိဂ်ပွဲစဉ် ၈ အဖြစ် ဆောက်သမ်တန်နှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ၁-၃ ဂိုးဖြင့်အရေးနိမ့်ခဲ့သည့် ချဲလ်ဆီးအသင်းမှာ ဒိုင်များ၏ဘက်လိုက်ခြင်း ခံခဲ့ရသည် ဟု မော်ရင်ညို၏စွပ်စွဲပြောဆိုချက်ကို အက်ဖ်အေက စွဲချက်တင်လိုက်ကြောင်း သိရှိရသည်။ ချဲလ်ဆီးအသင်းနည်းပြမော်ရင်ညိုမှာ ရလဒ်ဆိုးများကြုံတွေ့နေရသဖြင့် အသင်းမှထုတ်ပယ်ခြင်းခံရမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ယမန်နေ့တွင် ချဲလ်ဆီးအသင်းဝက်ဆိုက်မှ မော်ရင်ညိုနှင့် အသင်းကစားသမားများအပေါ်ယုံကြည်လျက်ရှိသည်ဟု တရားဝင်ကြေညာစာထုတ်ပြန်ခဲ့ပြီးနောက် အက်ဖ်အေ၏ စွဲချက်တင်ခံခဲ့ရခြင်းဖြစ်သည်။ ယခုဖြစ်ရပ်မှာ ဆောက်သမ်တန်နှင့်...
Read More

ယခုတစ်ပတ်အတွင်း ကလော့ပ်အား နည်းပြသစ်ခန့်အပ်နိုင်ရန် လီဗာပူးမျှော်မှန်း

လာမည့်သောကြာနေ့တွင်နည်းပြဘရန်ဒန်ရောဂျာ၏ နေရာကိုယာဂင်ကလော့ပ်နှင့်အစားထိုးခန့်အပ်နိုင်ရန် လီဗာပူးအသင်း မျှော်မှန်းထားကြောင်း ဘီဘီစီမှဖော်ပြသည့် သတင်းတစ်ရပ်အရသိရသည်။ လီဗာပူးအသင်းနည်းပြသစ်ဖြစ်လာရန် အန်ဆလော့တီထက် ယာဂင်ကလော့ပ်မှ ပိုမိုရေပန်းစားလျက်ရှိပြီး ယင်းဂျာမန်လူမျိုးနည်းပြမှာ လီဗာပူးအသင်းနည်းပြရာထူးအတွက် စိတ်ဝင်စားနိုင်ကြောင်း အဆိုပါသတင်း တစ်ရပ်တွင်ဆက်လက်ဖော်ပြထားသည်။ ယာဂင်ကလော့ပ်၏တာဝန်ရှိသူများနှင့် လီဗာပူးအသင်းတာဝန်ရှိသူများအကြား ဆွေးနွေးမှုမှာ တိုးတက်လာမှုရှိ နေပြီး လာမည့်အောက်တိုဘာ(၁၇)တွင် စပါးနှင့် ကစားမည့်ပွဲမတိုင်မီ စောလျင်စွာ နည်းပြခန့်အပ်နိုင်ရန် လီဗာပူးအသင်းမှ အလိုရှိနေသည်။ ထို့အပြင်...
Read More

ချန်ပီယံလိဂ်မှ စောစီးစွာထွက်ခွာခြင်းသည် အာဆင်နယ်အတွက် အကျိုးများစေမည်ဟု ကာရေဂါ သုံးသပ်

လီဗာပူးနောက်ခံလူဟောင်း ဂျင်မီကာရေဂါက ချန်ပီယံလိဂ်ပြိုင်ပွဲမှ အာဆင်နယ်အသင်း စောစီးစွာထွက်ခွာခြင်းသည် ယခုနှစ်ပရီးမီးယားလိဂ်ဖလားရရှိရန် အကျိုးဖြစ်စေနိုင်သည်ဟု ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းသည် ယမန်နေ့က ပရီးမီးယားလိဂ်ပွဲစဉ် ၈ အဖြစ် မန်ယူအသင်းနှင့်ယှဉ်ပြိုင်ခဲ့ရာတွင် ၃-၀ ရလဒ်ဖြင့်အနိုင်ရခဲ့သောကြောင့် အမှတ်ပေးဇယား၌ ဦးဆောင်သူမန်စီးတီးနှင့် ၂ မှတ်အကွာ ဒုတိယနေရာသို့ရောက်ရှိလာခဲ့သည်။ ကာရေဂါက ”မန်ယူရဲ့ရပ်တည်မှုကလည်း မတည်ငြိမ်သေးဘူး။ ချဲလ်ဆီးကလည်း ပြေးလမ်းချော်နေတယ်။ မန်စီးတီးကတော့ အမှတ်ပေးဇယားဦးဆောင်နေပေမယ့်...
Read More

ကစားသမားများက မယုံကြည်တော့ချိန်တွင် ရာထူးမှနုတ်ထွက်မည်ဟု မော်ရင်ညိုပြောကြား

ချဲလ်ဆီးအသင်းနည်းပြမော်ရင်ညိုက ၎င်းအပေါ်ထားရှိသည့် အသင်းကစားသမားများ၏ယုံကြည်မှု ပျောက်ဆုံးချိန်တွင် နည်းပြရာထူးမှထွက်ခွာမည်ဟု ပြောကြားလိုက်သည်။ မော်ရင်ညိုမှာ ဆောက်သမ်တန်အသင်းကို အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ခ်ျ၌ ၁-၃ ဂိုးဖြင့်အရေးနိမ့်ခဲ့ပြီးနောက် အနာဂတ်နှင့်ပတ်သက်၍ ချဲလ်ဆီးအသင်းဘုတ်အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ရသော်လည်း ယခုအချိန်တွင် နည်းပြအဖြစ် ဆက်လက်တာဝန်ယူရဦးမည်ဖြစ်ကြောင်း သတင်းများကဖော်ပြခဲ့သည်။ အဆိုပါတွေ့ဆုံမှုတွင် ချဲလ်ဆီးအသင်းဘုတ်အဖွဲ့ဝင်များနှင့် မော်ရင်ညိုကြား တင်းမာမှုများရှိခဲ့ပြီး မော်ရင်ညိုက နည်းပြရာထူးမှထွက်ခွာမည်မဟုတ်ကြောင်း ပြောကြားကာ အသင်းကစားသမားများက ၎င်းအပေါ်ထားရှိသည့် ယုံကြည်မှုပျောက်ဆုံးသည့်အချိန်တွင်...
Read More
error: Content is protected !!