ပရီးမီးယားလိဂ်

ချန်ပီယံအသင်းစာရင်းတွင် ချဲလ်ဆီးအသင်းပါဝင်နေဆဲဖြစ်ကြောင်း အာဆင်နယ်ဂိုးသမားပီတာချက် သုံးသပ်

အာဆင်နယ်ဂိုးသမားပီတာချက်က လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ ချဲလ်ဆီးအသင်းအနေဖြင့် ရလဒ်များဆိုးရွားနေသော်လည်း ချန်ပီယံလောင်းစာရင်းတွင် ပါဝင်နေဆဲဖြစ်ကြောင်း၊ နည်းပြမော်ရင်ဟိုအနေဖြင့် ချန်ပီယံဆုကာကွယ်နိုင်ရေးအတွက် အသင်းကိုလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံချဲလ်ဆီးအသင်းသည် ၂၀၁၅-၁၆ ဘောလုံးရာသီ ပွဲစဉ် ၈ ပွဲကစားပြီးချိန်၌ နိုင်ပွဲ ၂ ပွဲရရှိထားခဲ့ပြီး ရှုံးပွဲ ၄ ပွဲအထိရှိခဲ့ခြင်းကြောင့် အမှတ်ပေးဇယား အဆင့် ၁၆ အထိ...
Read More

ကလော့ပ်အားခန့်အပ်မှုမှာ အကောင်းဆုံးဖြစ်ပြီး မော်ရင်ညိုမှာ လက်ရှိအခက်အခဲကို ကျော်လွှားနိုင်မည်ဟု ဖာဂူဆန်ဆို

မန်ယူနည်းပြဟောင်းဖာဂူဆန်က လီဗာပူးအသင်းသည် ယာဂင်ကလော့ပ်အား နည်းပြအဖြစ်ခန့်အပ်လိုက်သည်မှာ ကောင်းမွန်သည်ဟု ချီးကျူးလိုက်သော်လည်း ထိုနည်းပြမှာ အပြောင်းအရွှေ့ကော်မတီနှင့် ပြဿနာဖြစ်ပွားလိမ့်မည်ဟုလည်း ဟောကိန်းထုတ်လိုက်သည်။ မန်ယူဂန္ထ၀င်နည်းပြဖာဂူဆန်က ESPN နှင့်အင်တာဗျူးတစ်ခုတွင် ပြောကြားရာ၌”အရမ်းကောင်းတဲ့ ခန့်အပ်မှုပါ။ သူ့ကို ကျွန်တော်သဘောကျတယ်။ ဖီဖာနည်းပြအစည်းအဝေးမှာ တွေ့ဖူးတော့ သူပအကြောင်း ကောင်းကောင်းသိတယ်။ အရည်အချင်းရှိတယ်၊ စိတ်ဓာတ်ကြံ့ခိုင်တယ်၊ အရမ်းခေါင်းမာတယ်၊ စိတ်ဆန္ဒပြင်းပြတယ်။ ဒေါ့မွန်မှာ သူနည်းပြလုပ်ခဲ့တဲ့သမိုင်းကောင်းက သူ့ကိုထိပ်ဆုံးရောက်စေခဲ့တယ်။...
Read More

ဆမ်အလာဒွိုက်စ်အား ၂ နှစ်စာချုပ်ဖြင့် ဆန်းဒါးလန်းက နည်းပြခန့်အပ်

ဆန်းဒါးလန်းအသင်းသည် ဆမ်အလာဒွိုက်စ်အား ၂ နှစ်သက်တမ်းရှိစာချုပ်ဖြင့် နည်းပြခန့်အပ်လိုက်ကြောင်း သိရှိရသည်။ ယခုရာသီအဖွင့် ပရီးမီယားလိဂ် ပွဲစဉ် ၈ ပွဲတွင် နိုင်ပွဲမရှိဘဲ အမှတ်ပေးဇယားကြမ်းခင်းသို့ ရောက်နေခဲ့သည့် ဆန်းဒါးလန်းနည်းပြ အက်ဗိုကက်မှာ ပြီးခဲ့သည့်တနင်္ဂနွေနေ့က နုတ်ထွက်သွားခဲ့သည်။ ထို့ကြောင့် ဆန်းဒါးလန်းသည် ပြီးခဲ့သည့်ရာသီအပြီး ၀က်စ်ဟမ်းနည်းပြရာထူးမှ ထွက်ခွာသွားသော အလာဒွိုက်စ်အား လစ်လပ်နေသော နည်းပြရာထူးတွင် ခေါ်ယူခန့်အပ်ခဲ့ခြင်းဖြစ်သည်။ “ဒီရာထူးက...
Read More

ဆန်းဒါးလန်းနည်းပြသစ်အဖြစ် ဆမ်အလာဒွိုက်စ်ကို ခန့်အပ်ဖွယ်ရှိနေ

နည်းပြလစ်လပ်နေသည့် ဆန်းဒါးလန်းအသင်းသည် မန်ယူနည်းပြဟောင်း ဒေးဗစ်မိုရက်စ် အပါအ၀င် နည်းပြအများစုအား ကမ်းလှမ်းခဲ့ရာ ပယ်ချခံခဲ့ရပြီးနောက် ပရီးမီးယားလိဂ်ဝါရင့်နည်းပြတစ်ဦးဖြစ်သူ ဆမ်အလာဒွိုက်စ်နှင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ရာ၌ နည်းပြသစ်အဖြစ် ခန့်အပ်ဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ ဆန်းဒါးလန်းအသင်းတာဝန်ရှိသူများသည် ရာထူးမှနုတ်ထွက်သွားခဲ့သည့် နည်းပြအက်ဗိုကတ်၏နေရာတွင် အစားထိုးရန်အတွက် နည်းပြများစွာကို ကမ်းလှမ်းမှုများပြုလုပ်ခဲ့သော်လည်း ပယ်ချခံခဲ့ရသဖြင့် ဆမ်အလာဒွိုက်စ်နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ရာတွင် အဆင်ပြေမှုခဲ့ပြီး သဘောတူညီမှုအချို့ ရရှိခဲ့ကြောင်း သိရသည်။ ပရီးမီးယားလိဂ်ပွဲစဉ်...
Read More

တံကောက်ကြောဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တစ်ချို့ အဂူရိုလွဲချော်ဖွယ်ရှိနေ

အာဂျင်တီးနားတိုက်စစ်မှူး အဂူရိုသည် အီကွေဒေါအသင်းအား ၀-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့သည့် တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရရှိခဲ့ခြင်းကြောင့် အချိန်အနည်းငယ်အနားယူရတော့မည်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်အချို့ လွဲချော်တော့မည်ဖြစ်ကြောင်း သိရှိရသည်။ အဂူရို၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက ဒဏ်ရာအခြေအနေကို စစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်ကြောင်း၊ အနားယူရမည့်ကာလကို အတိအကျမထုတ်ပြန်သေးသော်လည်း ပါရာဂွေးနှင့် ခြေစစ်ပွဲအား သေချာပေါက်လွဲချော်တော့မည်ဖြစ်ကြောင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်အချို့ကိုပါ လွဲချော်ဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။ နယူးကာဆယ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင်...
Read More

ကိုယ်အလေးချိန်တိုးခဲ့သဖြင့် အခက်အခဲများနှင့်ရင်ဆိုင်ခဲ့ရကြောင်း ဒီယေဂိုကော်စတာ ၀န်ခံ

ပရီးမီးယားလိဂ်ချန်ပီယံ ချဲလ်ဆီးအသင်း၏ အဓိကတိုက်စစ်မှူးဖြစ်သူ ဒီယေဂိုကော်စတာက ရာသီသစ်မစတင်မီ ကိုယ်အလေးချိန်တိုးခဲ့သဖြင့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ ကြံ့ခိုင်မှုအားနည်းခဲ့ခြင်းများကြောင့် ၆ ပွဲကစားပြီးချိန်အထိ အကောင်းဆုံးပုံစံမရရှိခဲ့ကြောင်း ၀န်ခံပြောကြားခဲ့သည်။ ချဲလ်ဆီးအသင်းသို့ရောက်ရှိခဲ့သည့် ပထမရာသီတွင်ပင် ပရီးမီးယားသွင်းဂိုး ၂၁ ဂိုးနှင့် ခြေစွမ်းပြခဲ့သည့် ဒီယေဂိုကော်စတာမှာ ယခုရာသီတွင် အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁ ဂိုးသာ ရယူပေးထားနိုင်သည်။ “ရာသီအစပွဲစဉ်တွေမှာ ကြံ့ခိုင်မှုပိုင်းအားနည်းနေခဲ့တယ်ဆိုတာ...
Read More

လီဗာပူးနည်းပြသစ် ယာဂင်ကလော့ပ်ရဲ့ ပထမဆုံးအင်တာဗျူး

လီဗာပူးနည်းပြသစ်အဖြစ် ယာဂင်ကလော့ပ်ဟာ ဒီရာထူးကို သူဘာကြောင့်လက်ခံခဲ့လဲဆိုတာ ပထမဆုံးထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် ၄၈ နှစ်အရွယ် နည်းပြသစ်ဟာ မနေ့က ညနေပိုင်းမှာ ဂျာမနီကနေ လေကြောင်းနဲ့ရောက်ရှိလာပြီး ၃ နှစ်စာချုပ်ချုပ်ဆိုလိုက်ပါတယ်။ ကလော့ပ်ကို ဒီနေ့မှာ လီဗာပူးက မီဒီယာတွေနဲ့ ပထမဆုံးမိတ်ဆက်ပေးပေမယ့် အဲဒီမတိုင်ခင်မှာ လီဗာပူးအသင်းပိုင်ရုပ်သံလိုင်းက သူ့ကိုပထမဆုံးအင်တာဗျူးလုပ်ခွင့် ရရှိခဲ့ပါတယ်။ ကလော့ပ်ကို အသင်းပိုင်ရုပ်သံက အမေးအဖြေလုပ်ခဲ့တာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။...
Read More

ဗန်ဟားလ်နှင့်အဆင်မပြေသော ဂိုးသမားဗဲလ်ဒက်စ် တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းနေရ

မန်ယူအသင်းဂိုးသမားဗစ်တာဗဲလ်ဒက်စ်မှာ အသင်းအ၀တ်လဲခန်းအတွင်း အ၀တ်ဗီရိုသုံးစွဲခွင့်မရခြင်းအပါအ၀င် အသင်းလိုက်ပုံများတွင်လည်း ဖယ်ရှားခြင်းခံထားရကြောင်း သိရှိရသည့်အပြင် ယူ-၂၁အသင်း သို့မဟုတ် လူငယ်အသင်းကစားသမားများနှင့် လေ့ကျင့်ခန်းဆင်းနေရသည်ဟု သိရှိရသည်။ မန်ယူအသင်းနည်းပြဗန်ဟားလ်မှာ ဂိုးသမားဗဲလ်ဒက်စ်ကို အခြားမန်ယူကစားသမားများကဲ့သို့ အသင်းသားအဖြစ် လက်ခံရန်ဆန္ဒမရှိဘဲ နည်းပြဟောင်း ဖာဂူဆင်ကဲ့သို့ပင် ၎င်းစိတ်တိုင်းမကျသည့်ကစားသမားများနှင့် ဆွေးနွေးညှိနှိုင်းခြင်းမရှိကြောင်းလည်း သိရှိရသည်။ ဗဲလ်ဒက်စ်၏ လေ့ကျင့်ခန်းအစီအစဉ်အချိန်ဇယားမှာ နေ့ရက်တစ်ရက်တွင် အခြားအသင်းဖော်ဟောင်းများနှင့် တွေ့ဆုံခွင့်မရှိစေရန်ရေးဆွဲထားပြီး မန်ယူအသင်းကစားသမားများ နံနက်ပိုင်းလေ့ကျင်မည်ဆိုပါက...
Read More

ယာဂင်ကလော့ပ်နှင့် ၃ နှစ်စာချုပ် ချုပ်ဆိုရန် လီဗာပူး သဘောတူညီမှုရရှိခဲ့

လီဗာပူးအသင်းတာဝန်ရှိသူများသည် လစ်လပ်နေသည့် နည်းပြရာထူးအတွက် ဒေါ့မွန်နည်းပြဟောင်းဖြစ်သူ ယာဂင်ကလော့ပ်နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ရာတွင် အောင်မြင်မှုရရှိခဲ့ပြီးနောက် ၃ နှစ်စာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများ၏ဖော်ပြချက်အရ သိရသည်။ နည်းပြသစ်ရာထူးအတွက် ထိပ်တန်းနည်းပြအချို့နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့သည့် လီဗာပူးအသင်းသည် စပါးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ နည်းပြသစ်တစ်ဦးအား ခန့်အပ်တာဝန်ပေးမည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် နည်းပြယာဂင်ကလော့ပ်နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မီဒီယာများ၏ဖော်ပြချက်များတွင် နည်းပြယာဂင်ကလော့ပ်အနေဖြင့် လီဗာပူးအသင်းနှင့်သဘောတူညီမှုရရှိခဲ့ပြီးနောက် ၎င်း၏လက်ထောက်နည်းပြများဖြစ်သည့်...
Read More

မန်ယူပရိသတ်ယူစိန်ဘော့ အလောင်းအစားရှုံး၍ အာဆင်နယ်ဂျာစီဝတ်ခဲ့ရ

မီတာ ၁၀၀ ကမ္ဘာ့အပြေးချန်ပီယံ မန်ယူပရိသတ်ယူစိန်ဘော့မှာ သူငယ်ချင်းဖြစ်သည့် မက္ကဆီကိုရုပ်သံအစီအစဉ်တင်ဆက်သူ ဆာဒါနှင့် အာဆင်နယ်-မန်ယူပွဲကို အလောင်းအစားပြုလုပ်ခဲ့ရာတွင် မန်ယူအသင်းက ၃ ဂိုးပြတ်အရေးနိမ့်ခဲ့သောကြောင့် ယူစိန်ဘော့မှာ အာဆင်နယ်အသင်းဂျာစီဝတ်ဆင်ခဲ့ရကြောင်းသိရသည်။ ယူစိန်ဘော့မှာ မန်ယူကွင်းလယ်ကစားသမားအဖြစ်ပါဝင်ရန်ပြောကြားခဲ့ဖူးသည့် အမာခံပရိသတ်တစ်ဦးဖြစ်ပြီး အာဆင်နယ်ကို အနိုင်ကစားနိုင်မည်ဟု ယုံကြည်သောကြောင့် အာဆင်နယ်အမာခံပရိသတ် ဆာဒါနှင့် လောင်းကြေးထပ်ခဲ့ခြင်းဖြစ်သည်။ မန်ယူမှာ ဆန်းချက်ဇ်၊ အိုဇဲလ်တို့၏ သွင်းဂိုးများဖြင့် ၃...
Read More
error: Content is protected !!