ပရီးမီးယားလိဂ်

အဂူရိုမပါဝင်နိုင်ချိန်တွင် မန်စီးတီးအတွက် အကောင်းဆုံးကြိုးပမ်းပေးမည်ဟု ဒီဘရူနီပြောကြား

မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဒီဘရူနီက တိုက်စစ်မှူးအဂူရို တံကောက်ကြောဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်တွင် အသင်းအတွက် အကောင်းဆုံးကြိုးပမ်း ကစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဂူရို၏ဒဏ်ရာ ပြန်လည်သက်သာရန် ရက်သတ္တပတ်အနည်းငယ် အနားယူရမည်ဖြစ်ပြီး ဒီဘရူနီက အဆိုပါအာဂျင်တီးနားတိုက်စစ်မှူး ပြန်လည်ပါဝင်မည့်အချိန်တွင် အသင်းရပ်တည်မှုကောင်းရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ဒီဘရူနီက ”သူဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်သလို ဂိုးရဖို့အခွင့်အရေးတွေလည်း ဖန်တီးတတ်သူပါ။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ၅...
Read More

ပေါ်တိုကွင်းလယ်လူ ရူဘင်နီဗက်စ်ကို ခေါ်ယူရန် လီဗာပူးဘုတ်အဖွဲ့ကို ကလော့ပ်ပြောကြားထား

လီဗာပူးအသင်းနည်းပြယာဂင်ကလော့ပ်က ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ပေါ်တိုကွင်းလယ်ကြယ်ပွင့် ရူဘင်နီဗက်စ်ကို ခေါ်ယူရန်ပေးရန် အသင်းဘုတ်အဖွဲ့ကို ပြောကြားထားကြောင်း သိရသည်။ အဆိုပါ ကွင်းလယ်ကစားသမားကိုခေါ်ယူရန် ချဲလ်ဆီး၊ ဘာစီလိုနာနှင့် ရီးရဲလ်အသင်းတို့မှ ဆက်သွယ်မှုများရှိခဲ့ပြီး ချဲလ်ဆီးအသင်းမှာ အစောပိုင်းကတည်းက ၎င်းကိုခေါ်ယူရန် ပြင်ဆင်ထားသည့်အသင်းဖြစ်ကြောင်း သိရသည်။ အသက် ၁၈ နှစ်ရှိ ပေါ်တူဂီလူငယ်ကစားသမားနှင့် ပေါ်တိုအသင်းတို့ ချုပ်ဆိုထားသည့်စာချုပ်တွင် ပေါင် ၂၁.၅...
Read More

တင်ကရူးလ်နေရာ အစားထိုးရန် ဗဲလ်ဒက်စ်ကို ခေါ်ယူမည်ဟု နယူးကာဆယ်ထုတ်ပြန်

နယူးကာဆယ်အသင်းသည်  ဒူးဒဏ်ရာကြောင့် ဘောလုံးရာသီကုန်ဆုံးချိန်အထိ အနားယူရမည့် ဂိုးသမားတင်ကရူးလ်နေရာတွင် အစားထိုးရန်အတွက် ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် မန်ယူဂိုးသမားဗဲလ်ဒက်စ်ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ အခိုင်အမာပြောကြားလိုက်သည်။ မန်ယူဂိုးသမားဗဲလ်ဒက်စ်မှာ ယခုအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာမှ အိုးထရက်ဖို့ဒ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိခဲ့ပြီးနောက် နည်းပြဗန်ဟားလ်နှင့် အဆင်မပြေမှုများရှိနေသဖြင့် ပွဲထွက်ခွင့်ပျောက်ဆုံးကာ တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းနေရသောကြောင့် အသင်းပြောင်းရွှေ့ရန်ဆန္ဒရှိနေသူဖြစ်သည်။ ယခုအချိန်အထိ နိုင်ပွဲပျောက်ဆုံး၍ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အောက်ဆုံးရောက်နေသော နယူးကာဆယ်အသင်းမှ ဒုတိယဂိုးသမား...
Read More

ပေါင် ၃၅ သန်းဖြင့် လီဗာပူးသို့ အူဘာမီယန် ပြောင်းရွှေ့ဖွယ်ရှိ

လီဗာပူးအသင်း နည်းပြအဖြစ် ယာဂင်ကလော့ပ် တာဝန်ယူပြီးချိန်တွင် ဒေါ့မွန်အသင်း ကစားသမား အများစုကို ခေါ်ယူရန်ပြင် ဆင်နေကြောင်း သတင်းထွက်ပေါ် လာခဲ့ပြီးနောက် တိုက်စစ်မှူး အူဘာမီယန်သည် ပေါင် ၃၅ သန်းဖြင့် ရောက်ရှိနိုင်ကြောင်း သိရှိရသည်။ အဆိုပါ ဒေါ့မွန်နည်းပြဟောင်းမှာ လာမည့်ဇန်န၀ါရီ အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များကို အပြင်းအထန်ရှာဖွေမည် မဟုတ်ကြောင်း ပြောကြား ထားသော်လည်း လီဗာပူးအသင်းကို...
Read More

ပရီးမီးယားလိဂ်အသင်းများ၏ လစာပေးချေမှုမှာ အလွန်ဆွဲဆောင်မှုရှိကြောင်း မူလာဖွင့်ဟ

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးမူလာက ပရီးမီးယားလိဂ်အသင်းများ၏ လစာပေးချေမှုမှာ အလွန်ဆွဲဆောင်မှုရှိသည်ဟု ဆိုခဲ့ပြီး စိတ်မ၀င်စားကြောင်းပြောကြားသူများမှာ သူတော်ကောင်းယောင်ဆောင်သူများသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘိုင်ယန်မြူးနစ်မှာ ယခုနွေရာသီအပြောင်းအရွှေ့တွင် တိုက်စစ်မှူးမူလာကို မန်ယူက ပေါင်သန်း ၆၀ ဖြင့် ခေါ်ယူရန်ကမ်းလှမ်းမှုအား ပယ်ချခဲ့ပြီး အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ အသင်းအမှုဆောင်အရာရှိချုပ် ရူမင်နစ်ဂီက ”သူဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်လို့ ကျွန်တော်တို့ တန်ဖိုးသတ်မှတ်ပေးလို့မရပါဘူး” ဟု ပြောကြားခဲ့သည်။ ထို့အပြင် အသက်...
Read More

လက်ရွေးစင်ပွဲတွင် ပါဝင်ကစားခြင်းမပြုရန် မန်စီးတီးပရိသတ်များက ကွန်ပနီအား တောင်းဆို

မန်စီးတီး ပရိသတ်များသည် အသင်းခေါင်းဆောင် နောက်ခံလူ ကွန်ပနီအား လက်ရွေးစင်အသင်း၏ ယူရိုခြေစစ်ပွဲတွင် ပါဝင်ကစားခြင်းမပြုရန် တွစ်တာအကောင့်များမှ တစ်ဆင့် တောင်းဆိုထားကြောင်း သိရှိရသည်။ ကွန်ပနီမှာ ခြေသလုံးကြွက်သား ဒဏ်ရာရရှိနေကာ မန်စီးတီးနည်းပြ ပယ်လီဂရီနီက ၎င်းမှာ ပွဲကစားရန် ကြံ့ခိုင်မှုမရှိဟု ဆိုထားပြီး ယခုသီတင်းပတ်တွင် ကလပ်အသင်းဆေးအဖွဲ့နှင့် စစ်ဆေးမှုခံယူရန် အသင်းသို့ ပြန်လည်ရောက်ရှိလာမည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော်...
Read More

ပရီးမီးယားလိဂ်သို့ ပြန်လည်ခြေချရန် အန်စလော့တီ ဆန္ဒရှိနေ

ရီးရဲလ်နည်းပြဟောင်းအန်စလော့တီသည် လာမည့်ဘောလုံးရာသီတွင် နည်းပြလောကသို့ ပြန်လည်ခြေချရန် စီစဉ်နေပြီး ပရီးမီးယားလိဂ်အသင်းတစ်သင်းကို တာဝန်ယူကိုင်တွယ်လိုကြောင်း အီတလီအားကစားမီဒီယာ Corriere dello Sport က ဖော်ပြခဲ့သည်။ အသက် ၅၆နှစ်အရွယ်ရှိ နည်းပြအန်စလော့တီသည် ၂၀၀၉ မှ ၂၀၁၁ အထိ ပရီးမီးယားလိဂ်ကလပ်ချဲလ်ဆီးအသင်းနှင့်အတူ အောင်မြင်မှုရရှိခဲ့သည့် နည်းပြတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားများ ရရှိခဲ့ဖူးသူဖြစ်သည်။ “ထိပ်တန်းအသင်းတစ်သင်းကို...
Read More

နယူးကာဆယ်ဂိုးသမားတင်ကရူးလ် ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ နားရမည်

နယူးကာဆယ်ဂိုးသမားတင်ကရူးလ်မှာ ယူရို-၂၀၁၆ ခြေစစ်ပွဲအဖြစ် လက်ရွေးစင်ဟော်လန်အသင်းနှင့် ကာဇက်စတန်တို့ကစားခဲ့သောပွဲ၌ ညာဘက်ဒူးတွင် ပြင်းထန်သည့် အရွတ်ကြောဒဏ်ရာရရှိခဲ့သောကြောင့် ဘောလုံးရာသီကုန်ဆုံးချိန်အထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။ အသက် ၂၇ နှစ်ရှိ အဆိုပါဂိုးသမားက ”ဓာတ်မှန်အဖြေထွက်လာတဲ့အချိန်မှာ အရမ်းစိတ်ပျက်ပြီး အကြီးအကျယ်တုန်လှုပ်သွားတယ်။ ဒဏ်ရာသက်သာပြီး ကြံ့ခိုင်မှုပြည့်ဝလာဖို့ ပြင်းပြင်းထန်ထန်ကြိုးပမ်းသွားမှာပါ” ဟု တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။ တင်ကရူးလ်မှာ နယူးကာဆယ်အသင်းအတွက် ယခုနှစ်ပရီးမီးယားလိဂ်ပွဲစဉ်အားလုံး ပါဝင်ကစားပေးခဲ့သူဖြစ်ကာ...
Read More

လီဝန်ဒေါစကီးအားလီဗာပူးနည်းပြသစ်ကလော့ပ်က ပေါင်သန်း၄၀ပေး ခေါ်ယူမည်ဟု သတင်းထွက်ပေါ်

လီဗာပူးနည်းပြသစ်ကလော့ပ်သည် ဒေါ့မွန်အသင်းတွင်လက်တွဲခဲ့ဖူးသည့်ဘိုင်ယန်တိုက်စစ်မှူးလီဝန်ဒေါစကီးအားပေါင်သန်း၄၀ပေးကာ ခေါ်ယူမည်ဖြစ်ကြောင်း သတင်းများတွင်ဖော်ပြလျက်ရှိသည်။ ကလော့ပ်သည် လီဝန်ဒေါစကီးအား ၂၀၁၀ခုနှစ်က ပိုလန်ကလပ်လက်ခ်ျပေါ့ဇ်နန်အသင်းမှခေါ်ယူခဲ့ကာ ၎င်းအားဥရောပ၏ အန္တရယ်အပေးနိုင်ဆုံးတိုက်စစ်မှူးဖြစ်လာစေရန် လမ်းညွန်ပေးနိုင်ခဲ့သည်။ လီဝန်ဒေါစကီးသည်ဘိုင်ယန်မြူးနစ်သို့ပြီးခဲ့သည့်၂၀၁၄နွေရာသီက အလွတ်ပြောင်းရွှေ့ကြေး ဖြင့်ပြောင်းရွှေ့ခဲ့ သူဖြစ်ကာယခုနှစ်တွင်ကလပ်အသင်းနှင့် ပိုလန်အတွက် ၁၄ဂိုးသွင်းယူပေးထားနိုင်ခဲ့သည်။ အင်္ဂလန်နေ့စဉ်ထုတ်SundayMirrorကအသက်၂၇နှစ်ရှိလီဝန်ဒေါစကီးအားလာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင်ပေါင် သန်း၄၀ဖြင့်ခေါ်ယူရန်ဆုံးဖြတ်ထားကြောင်းဖော်ပြခဲ့သည်။ “ပိုလန်ကလပ်အသင်းသေးတစ်ခုရဲ့ ကစားသမားတစ်ယောက်ကိုခေါ်ယူနိုင်တာ အရမ်းကိုစိတ်ကျေ နပ်ဆုံးဖြစ်မှာပါ။ ကျွန်တော်အနေနဲ့ သူကစားခဲ့တဲ့ပွဲကို ကြည့်ဖြစ်ခဲ့တယ်။ကျွန်တော်လက်မှတ်ထိုးခေါ်ခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်ရဲ့ ကနေ့ကစားပုံက...
Read More

နည်းပြရာထူးလက်ခံပြီး နောက်တစ်ရက်တွင် လီဗာပူးအကယ်ဒမီသို့ ယာဂင်ကလော့ပ်သွားရောက်ခဲ့

လီဗာပူးနည်းပြသစ် ယာဂင်ကလော့ပ်မှာ နည်းပြရာထူးလက်ခံပြီး နောက်တစ်ရက်ဖြစ်သည့် ယနေ့မနက်ပိုင်းက လီဗာပူးအကယ်ဒမီသို့ သွားရောက်ကာ လီဗာပူး-၁၈ အသင်းနှင့် စတုတ်စီးတီး ယူ-၁၈ အသင်း ယှဉ်ပြိုင်ကစားသည်ကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။ ကလော့ပ်သည် ထိုပွဲစဉ်ကို လီဗာပူးအကယ်ဒမီဒါရိုက်တာ၊ ယူ-၂၁ နည်းပြတို့နှင့်အတူ သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။ ထိုပွဲစဉ်တွင် လီဗာပူးလူငယ်အသင်းမှာ စတုတ်စီးတီးလူငယ်အသင်းကို ၁-၀ ဖြင့် အနိုင်ရခဲ့သဖြင့် လီဗာပူးကို...
Read More
error: Content is protected !!