ပရီးမီးယားလိဂ်

ပွဲထွက်ခွင့်အာမခံချက်ရရန် မမျှော်လင့်ခဲ့ကြောင်း ရွန်နီဖွင့်ဟ

အင်္ဂလန်အသင်းခေါင်းဆောင်ဝိန်းရွန်နီက ပွဲထွက်လူစာရင်းအတွက်အာမခံချက်ရရန် မည်သည့်အခါကမှ မမျှော်လင့်ခဲ့ကြောင်း ဖွင့်ဟခဲ့ပြီး ယူရို ၂၀၁၆ တွင် အင်္ဂလန်အသင်း၏အလားအလာနှင့်ပတ်သက်၍ စိတ်လှုပ်ရှားနေကြောင်း ပြော ကြားခဲ့သည်။ ရွန်နီသည်လက်ရှိအချိန်တွင် ဒူးဒဏ်ရာကြောင့် ပွဲထွက်ကစားနိုင်ခြင်းမရှိသော်လည်း တစ်ပတ် သို့မဟုတ် ၁၀ ရက်အတွင်း လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖွယ်ရှိနေသည်။ ဟယ်ရီကိန်းနှင့်ဗာဒီတို့ခြေစွမ်းပြနေခြင်း၊ စတာရစ်ခ်ျဒဏ်ရာမှသက်သာလာခြင်းတို့က ရွန်နီ၏အင်္ဂလန်ပွဲထွက်ခွင့်အတွက် ခြိမ်းခြောက်မှုဖြစ်ခဲ့သော်လည်း ထိုကဲ့သို့ ၎င်းအပေါ်ဖိအားများရှိလာခြင်းကိုကျေနပ်ကြောင်း ရွန်နီကဖွင့်ဟခဲ့သည်။ “ကျွန်တော်စိတ်လှုပ်ရှားမိပါတယ်။...
Read More

ဗီလာနည်းပြ ဂါဒီ အသင်းနှင့်လမ်းခွဲ

ရီမီဂါဒီသည် အက်စ်တွန်ဗီလာနည်းပြအဖြစ် ၁၄၇ ရက်ကြာတာဝန်ယူပြီးနောက် နှစ်ဦးနှစ်ဖက်သဘောတူညီချက်ဖြင့် ရာထူးမှနုတ်ထွက်သွားခဲ့သည်။ အသက် ၄၉ နှစ်အရွယ် ပြင်သစ်နိုင်ငံသားဂါဒီသည် နိုဝင်ဘာလက ၃ နှစ်ခွဲစာချုပ်ဖြင့် အက်စ်တွန်ဗီလာနည်းပြဟောင်းတင်ရှားဝုဒ်၏နေရာကို ဆက်ခံခဲ့သော်လည်း နောက်ဆုံး ၆ ပွဲဆက်ရှုံးပွဲကြုံရပြီးနောက် ရာထူးမှနုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ခက်ခဲသောကာလအတွင်း အသင်းနှင့်အတူရှိနေသည့်အတွက် ဂါဒီကိုကျေးဇူးတင်ကြောင်း အသင်းဘက်မှ ထုတ်ပြန်ခဲ့ပြီး နည်းပြသစ်တစ်ဦးမခန့်အပ်မီ အဲရစ်ဘလက်က တာဝန်ယူကိုင်တွယ်မည်ဖြစ်သည်။ ဗီလာသည်...
Read More

ဂေါ့ဇီကို နည်းပြဟောင်းယာဂင်ကလော့ပ်၏လီဗာပူးအသင်းမှ ပေါင်သန်း ၂၀ ဖြင့် ကမ်းလှမ်းဖွယ်ရှိ

လီဗာပူးသည် ဂျာမနီနှင့်အတူ ကမ္ဘာ့ဖလားဆွတ်ခူးထားသော ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ မာရီယိုဂေါ့ဇီကို ပေါင်သန်း ၂၀ ဖြင့် ခေါ်ယူရန်စီစဉ်နေကြောင်းသိရသည်။ ဂေါ့ဇီသည်ဘိုင်ယန်မြူးနစ်သို့မပြောင်းရွှေ့မီ ဒေါ့မွန်၌ လက်ရှိလီဗာပူးနည်းပြယာဂင်ကလော့ပ်နှင့်အတူ အောင်မြင်မှုများရခဲ့ပြီး ဘွန်ဒက်စ်လီဂါဖလား ၂ ကြိမ်ဆွတ်ခူးနိုင်ခဲ့သည်။ ဘိုင်ယန်မြူးနစ်က ဂေါ့ဇီ၏ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၃၀ ခန့်သတ်မှတ်ထားသော်လည်း စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိသောကြောင့် ဥရောပ၏ခြေစွမ်းခြေစအရှိဆုံး လူငယ်ကစားသမားတစ်ဦးအဖြစ်သတ်မှတ်ခံထားရသည့် ဂေါ့ဇီကို လီဗာပူးက ပြောင်းရွှေ့ကြေးသက်သက်သာသာဖြင့်...
Read More

ပရီးမီးယားလိဂ်ကလပ်များက ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း အီဘရာဟီမိုဗစ်ဖွင့်ဟ

ဆွီဒင်နှင့် ပီအက်စ်ဂျီတိုက်စစ်မှူး အီဘရာဟီမိုဗစ်က ပရီးမီးယားလိဂ်အသင်းများသည် မိမိကိုခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဖွင့်ဟခဲ့သည်။ လာမည့်နွေရာသီတွင် ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် အသက် ၃၄ နှစ်အရွယ် အီဘရာဟီမိုဗစ်ကို မန်ယူ၊ ချဲလ်ဆီးနှင့် အာဆင်နယ်တို့က ခေါ်ယူရန်စိတ်ဝင်စားနေသည်။ “စိတ်ဝင်စားနေတဲ့အသင်းတွေထဲက ဘယ်အသင်းကကမ်းလှမ်းလာမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ဒါပေမဲ့ အပြောင်းအရွှေ့ကတော့ ပီအက်စ်ဂျီဖက်ကရော ကမ်းလှမ်းမယ့်အသင်းဖက်ကပါ ၂ သင်းစလုံး လိုလိုချင်ချင်ရှိမှ ဖြစ်လာမှာပါ”ဟု...
Read More

လက်ရွေးစင်လေ့ကျင့်ခန်းအစီအစဉ်မှာ ချဲလ်ဆီးထက် အဆင့်မြင့်ဟု ကော်တိုရစ်ဆို

ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမား ကော်တိုရစ်က လက်ရွေးစင်လေ့ကျင့်ခန်းအစီအစဉ်မှာ ချဲလ်ဆီးထက် ပိုမိုအဆင့်အတန်းမြင့်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ အသက် ၂၃ နှစ်အရွယ် ထိုဂိုးသမားမှာ အင်္ဂါနေ့တွင်ကစားမည့် ပေါ်တူဂီနှင့်ခြေစမ်းပွဲအတွက် လက်ရွေးစင်အသင်းဖော်များနှင့် ပူးပေါင်းလေ့ကျင့်နေပြီး RTBF နှင့် တွေ့ဆုံမေးမြန်းခန်းတွင် “ဘယ်လ်ဂျီယံလေ့ကျင့်ခန်းအစီအစဉ်က ပိုအဆင့်မြင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းမှာက ကမ္ဘာ့အဆင့်လက်ရွေးစင်တွေချည်းပဲ ပါဝင်နေလို့ပါ။ ချဲလ်ဆီးမှာကတော့ အဓိက ကစားသမားတွေက တစ်ခါတလေကျရင် လူငယ်တွေနဲ့လည်း...
Read More

အိုင်ဝိုဘီကို လက်ရှိလုပ်ခထက် ၁၀ ဆတိုးပေးရန် အာဆင်နယ်စီစဉ်

အာဆင်နယ်အသင်းသည် ဆယ်ကျော်သက်ကစားသမား အဲလက်စ်အိုင်ဝိုဘီကို လက်ရှိတစ်ပတ်လုပ်ခ ပေါင် ၇၅၀ မှ ၈၅၀၀ အထိ တိုးမြှင့်ပေးရန် ကမ်းလှမ်းမှုခဲ့ကြောင်း သိရှိရသည်။ အသက် ၁၉ နှစ်အရွယ် အိုင်ဝိုဘီသည် ပြီးခဲ့သည့် ရက်သတ္တပတ်က အဲဗာတန်နှင့်ပွဲတွင် ခြေစွမ်းပြကစားခဲ့ပြီး ၎င်း၏ ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးကို ရယူနိုင်ခဲ့သူဖြစ်သည်။ အိုင်ဝိုဘီမှာ ပြီးခဲ့သည့် အောက်တိုဘာလက တစ်ပတ်လုပ်ခ...
Read More

ထိပ်ဆုံး ၄ သင်းစာရင်းဝင်ရန် အခွင့်အရေးရှိလာပြီဖြစ်ကြောင်း ဗန်ဟားလ်ဖွင့်ဟ

မန်စီးတီးကိုရှုံးနိမ့်ခဲ့ပါက ထိပ်ဆုံး ၄ သင်းနေရာသို့ရောက်ရှိရန် မဖြစ်နိုင်တော့ကြောင်းပြောကြားခဲ့သော မန်ယူနည်းပြဗန်ဟားလ်က ယမန်နေ့က မန်စီးတီးကို မားကပ်စ်ရက်ခ်ျဖို့ဒ်၏ဂိုးဖြင့် အနိုင်ရခဲ့သောကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် အခွင့်အရေးရှိလာပြီဟု ယုံကြည်ကြောင်း ဖွင့်ဟသွားခဲ့သည်။ မန်ယူသည်အမှတ်ပေးဇယားတွင် အဆင့် ၆ နေရာ၌သာရပ်တည်နေသော်လည်း အဆင့် ၄ နေရာမှ မြို့ခံပြိုင်ဘက်မန်စီးတီးနှင့် ၁ မှတ်သာကွာဟတော့သည်။ “မန်စီးတီးကို သရေ ဒါမှမဟုတ် ရှုံးခဲ့ရင်...
Read More

ဝက်စ်ဟမ်းနှင့်ပွဲတွင် ကော်စတာ၊ ဟာဇက်တို့ ချဲလ်ဆီးတွင် မပါဝင်နိုင်

ယနေ့ကစားမည့် ၀က်စ်ဟမ်းနှင့်ပွဲစဉ်တွင် ချဲလ်ဆီး၌ ဒီယေဂိုကော်စတာနှင့် အီဒင်ဟာဇက်တို့ ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရှိရသည်။ ကော်စတာမှာ အဲဗာတန်နှင့်ကစားခဲ့သည့် အက်ဖ်အေပွဲစဉ်တွင် ပြသခံခဲ့ရသော အနီကတ်ကြောင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရပြီး ဟာဇက်မှာ တင်ပါးဒဏ်ရာကြောင့် လွဲချော်ခြင်းဖြစ်သည်။ ကော်စတာနှင့်ပတ်သက်ပြီး ချဲလ်ဆီးယာယီနည်းပြဟစ်ဒင့်က”သူ့စိတ်က ပြောရရင်တော့ ကစားဖို့ စိတ်အားထက်သန်လွန်းနေတာပါ။ ပွဲပယ်ပြစ်ဒဏ်ကို သူလက်ခံပေမယ့် သိပ်တော့ စိတ်မကျေနပ်ပါဘူး”ဟု ဆိုသည်။ ချဲလ်ဆီးမှာ ဇူးမားကို...
Read More

အနားယူချိန်ပိုရခြင်းက မန်ချက်စတာဒါဘီအတွက် အကျိုးရှိမည်ဟု မန်စီးတီးနည်းပြဆို

မန်စီးတီးနည်းပြ ပယ်လီဂရီနီက မန်ချက်စတာဒါဘီအဖြစ်ကစားရမည့်ပွဲစဉ်အတွက် ပြိုင်ဘက်အသင်းထက် အနားယူချိန် ၄၈ နာရီပိုရခဲ့သည်က မန်စီးတီးအတွက် အကျိုးရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။ မန်စီးတီးမှာ အင်္ဂါနေ့က ဒိုင်နမိုကိဗ်ကို အနိုင်ယူကာ ချန်ပီယံလိဂ်နောက်တစ်ဆင့်တက်ခဲ့သော်လည်း ကြာသပတေးနေ့ညတွင်ကစားခဲ့သည့် ယူရိုပါလိဂ်ပွဲစဉ်တွင် မန်ယူမှာ လီဗာပူးကို သရေကျကာ နှစ်ကျော့ပေါင်းရလဒ်ဖြင့် ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။ ပယ်လီဂရီနီက”ကိုယ့်အသင်းက ၂၄ နာရီ၊ ၄၈ နာရီလောက် အနားယူချိန်...
Read More

ချန်ပီယံပြေးလမ်းမှာအသက်ဝင်နေဆဲဖြစ်ကြောင်း လက်စတာနည်းပြရေနီယာရီပြောကြား

လက်စတာနည်းပြရေနီယာရီက ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ စပါးနှင့်လက်စတာတို့အတွက်သာမဟုတ်ဘဲ အခြားအသင်းများအတွက်လည်း အသက်ဝင်နေသေးကြောင်း ဖွင့်ဟသွားခဲ့သည်။ လက်စတာသည် ယမန်နေ့ညက နယူးကာဆယ်ကို ၁-၀ ဖြင့်အနိုင်ရပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲကျန်ချိန်တွင် အမှတ်ပေးဇယားအား ၅ မှတ်အသာဖြင့် ဦးဆောင်နေသည်။ ချန်ပီယံဖြစ်နိုင်သည့်အသင်းမှာ လက်စတာနှင့် စပါးတို့သာရှိသည်လောဟု မေးမြန်းခဲ့မှုကို ရေနီယာရီက”မဟုတ်ပါဘူး။ ချန်ပီယံပြေးလမ်းက အားလုံးအတွက် အသက်ဝင်နေပါသေးတယ်။ လက်ရှိမှာ ဥရောပပြိုင်ပွဲအဆင့်အတွက်...
Read More
error: Content is protected !!