ပရီးမီးယားလိဂ်

မန်ယူနောက်ခံလူလုခ်ရှော အသင်းနှင့်အတူလေ့ကျင့်ခန်းပြန်ဆင်း

ဒဏ်ရာကြောင့် ၇ လခန့်အနားယူခဲ့ရသော မန်ယူနောက်ခံလူ လုခ်ရှောသည် တနင်္လာနေ့က အသင်းနှင့်အတူလေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။ အသက် ၂၀ အရွယ် အင်္ဂလန်နောက်ခံလူ လုခ်ရှောသည် စက်တင်ဘာလက ပီအက်စ်ဗီကိုရှုံးနိမ့်ခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် ခြေထောက်ကျိုးခဲ့ခြင်းဖြစ်သည်။ လုခ်ရှောမကြာမီပြန်ကစားနိုင်တော့မည်ဖြစ်ကြောင်းကို အသင်းဖော်မာတာကလည်း လူမှုကွန်ရက်စာမျက်နှာတွင် ၎င်းတို့နှစ်ယောက်တွဲဓာတ်ပုံကိုတင်၍ အတည်ပြုသွားခဲ့ကြောင်းသိရသည်။ လုခ်ရှောသည် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် အင်္ဂလန်အတွက်ပါဝင်လာဖွယ်ရှိသော်လည်း နည်းပြရွိုင်းဟော့ဆန်...
Read More

ယခုရာသီအကုန်တွင် မန်စီးတီးမှ ယာယာတိုရေးထွက်ခွာမည်ဟု အေးဂျင့် ဖွင့်ဟ

ယာယာတိုရေးသည် လာမည့်နွေရာသီတွင် မန်စီးတီးမှထွက်ခွာမည်ဖြစ်ပြီး ကမ်းလှမ်းမှုများလည်းရှိကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူ ဒီမီထရီဆီလက်ကဖွင့်ဟသွားခဲ့သည်။ အသက် ၃၂ နှစ်အရွယ်အိုင်ဗရီကို့စ်ကွင်းလယ်လူ ယာယာတိုရေးသည် ၂၀၁၀ ဇူလိုင်လက ဘာစီလိုနာမှ ပေါင် ၂၄ သန်းဖြင့် မန်စီးတီးသို့ပြောင်းရွှေ့ခဲ့ပြီး ထိုစဉ်က ၎င်းအားရောင်းချခဲ့သူမှာ လာမည့်နှစ်တွင် မန်စီးတီးကိုကိုင်တွယ်မည့် န ည်းပြဂွါဒီယိုလာဖြစ်သည်။ ယာယာတိုရေး၏ ဦးစားပေးရွေးချယ်မှုသည် မန်စီးတီးနည်းပြဟောင်း ရောဘတ်တိုမန်စီနီ၏ အင်တာမီလန်ဖြစ်လာဖွယ်ရှိနေသော်လည်း...
Read More

အဲဗာတန်နှင့်ပွဲမှာ မျှော်လင့်မထားသော အောင်ပွဲဖြစ်ခဲ့ဟု ဗန်ဟားလ်ဖွင့်ဟ

မန်ယူနည်းပြဗန်ဟားလ်က ယမန်နေ့က အဲဗာတန်ကို ၁-၀ ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲမှာ မျှော်လင့်မထားသောအောင်ပွဲဖြစ်ခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ အဲဗာတန်ကိုအနိုင်ရခဲ့ခြင်းနှင့်ပတ်သက်၍ နည်းပြဗန်ဟားလ်က ”ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့သလို အခွင့်အရေးတွေလည်း အများကြီးမဖန်တီးနိုင်ခဲ့ပါဘူး။ အဲဗာတန်ဟာ အိမ်ကွင်းထက် အဝေးကွင်းခြေစွမ်းပိုကောင်းတဲ့ အသင်းပါ။ ဒါကြောင့် အရမ်းကိုခက်ခဲတဲ့ပွဲဖြစ်ခဲ့ပါတယ်။ ဒီနေ့တော့ ကျွန်တော်တို့ကံကောင်းတဲ့အသင်းဖြစ်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။ အဆိုပါပွဲစဉ်တွင် အိမ်ရှင်မန်ယူအသင်းမှာ အဲဗာတန်ဘက်သို့ ပွဲချိန်တစ်လျှောက်လုံးတွင် ၂...
Read More

အိုဇဲလ်၏မှတ်ချက်ကြောင့် အာစင်ဝင်းဂါးစိတ်ပျက်နေ

အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက အသင်း၏ ယခုနှစ်အခြေအနေအပေါ် ကွင်းလယ်လူအိုဇဲလ် အဆိုးမြင်မှတ်ချက်ပေးမှုများကို မနှစ်သက်ကြောင်းဖွင့်ဟခဲ့သည်။ ပြီးခဲ့သည့် ကြားရက်က ယခုနှစ်ပရီးမီးယားလိဂ်ဖလားရရှိရေးမှာ ခက်ခဲလွန်းကြောင်း အိုဇဲလ်က မှတ်ချက်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ၎င်းနှင့်တွေ့ဆုံဆွေးနွေးရန် အာစင်ဝင်းဂါးက စီစဉ်နေသည်။ “သူပြောတဲ့စကားကိုကျွန်တော်မကြိုက်ပါဘူး။ အမှန်ဆို ချန်ပီယံဖြစ်ဖို့ ၁ ရာခိုင်နှုန်းပဲအခွင့်အရေးရှိရင်တောင် ကျွန်တော်တို့ ဒါကိုယုံကြည်မှုထားရမှာပါ။ ကျွန်တော် ဒီကိစ္စနဲ့ပတ်သက်ပြီး အိုဇဲလ်နဲ့တွေ့ဆုံဆွေးနွေးမှာပါ။ ဘ၀မှာ ယြုံ...
Read More

ယူရိုပြိုင်ပွဲကို ရှဝိန်းစတိုင်ဂါလွဲချော်နိုင်ကြောင်း ဗန်ဟားလ်ဖွင့်ဟ

ဂျာမနီအသင်းခေါင်းဆောင်ရှဝိန်းစတိုင်ဂါသည် ဒူးဒဏ်ရာကြောင့် လာမည့်ယူရိုပြိုင်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေကြောင်း မန်ယူနည်းပြဗန်ဟားလ်က ဖွင့်ဟသွားခဲ့သည်။ အသက် ၃၁ နှစ်အရွယ် ရှဝိန်းစတိုင်ဂါသည် ဂျာမနီက အင်္ဂလန်ကို ၃-၂ ဖြင့်ရှုံးနိမ့်ခဲ့သည့် ခြေစမ်းပွဲစဉ်မတိုင်မီ လေ့ကျင့်ခန်းအစီအစဉ်တစ်ခုတွင် ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ “သူ့ဒဏ်ရာအခြေအနေကြောင့် ယူရိုပြိုင်ပွဲမှာပါနိုင်ဖို့ မသေချာတော့ပါဘူး”ဟု ဗန်ဟားလ်က ဖွင့်ဟသွားခဲ့ပြီး မန်ယူနှင့်အင်္ဂလန်ဘယ်နောက်ခံလူလုခ်ရှောမှာမူ လာမည့်သီတင်းပတ်အတွင်း လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖွယ်ရှိကြောင်း ပြော ကြားခဲ့သည်။ “လုခ်ရှောဟာ...
Read More

တိုက်စစ်မှူးကော်စတာ ထပ်တိုးတစ်ပွဲပယ်ပြစ်ဒဏ်နှင့် ပေါင် ၂၀၀၀၀ ဒဏ်ရိုက်ခံရ

ချဲလ်ဆီးတိုက်စစ်မှူးဒီယေဂိုကော်စတာသည် ကစားသမားမပီသသည့်အပြုအမူကြောင့် ဒဏ်ကြေး ပေါင် ၂၀၀၀၀ နှင့် နောက်ထပ်တစ်ပွဲပယ်ပြစ်ဒဏ်ကို ခံယူရမည်ဖြစ်သည်။ အသက် ၂၇ နှစ်အရွယ်ကော်စတာသည် မတ်လ ၁၂ ရက်နေ့ကကစားခဲ့သော အဲဗာတန်နှင့်အက်ဖ်အေဖလားပွဲစဉ်၌ အဲဗာတန်ကွင်းလယ်လူဘယ်ရီနှင့် ဖြစ်ပွားခဲ့သောအချင်းများမှုအတွင်း ဘာရီ၏လည်ပင်းကို ကိုက်ဟန်ပြုခဲ့သောကြောင့် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီး အဆိုပါအပြုအမူအတွက် ဒဏ်ရိုက်ခံခဲ့ရခြင်းဖြစ်သည်။ ကော်စတာကို မူလက ၂ ပွဲပယ်ပြစ်ဒဏ်သာချမှတ်ခဲ့သော်လည်း ထပ်တိုးပြစ်ဒဏ်ကြောင့် စုစုပေါင်း...
Read More

ပါယက်ကြောင့် အပြောင်းအရွှေ့ဈေးကွက်တွင် နာမည်ကြီးများခေါ်ယူနိုင်ရန် အထောက်အပံ့ဖြစ်စေကြောင်း ဘီလစ်ဖွင့်ဟ

ပါယက်၏ပြင်သစ်လက်ရွေးစင်အသင်းတွင် အောင်မြင်မှုက နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် နာမည်ကြီးကစားသမားများကို ၀က်စ်ဟမ်းသို့ခေါ်ယူနိုင်ရန် အထောက်အပံ့ဖြစ်စေသည်ဟု ၀က်စ်ဟမ်းနည်းပြဘီလစ်က ဖွင့်ဟခဲ့သည်။ ၀က်စ်ဟမ်းအတွက် ယခုနှစ်ဘောလုံးရာသီတွင် စွမ်းဆောင်ရည်ကောင်းများပြသနေသည့် ပါယက်ကို ပြင်သစ်နည်းပြဒီဒီယာဒက်စ်ချမ့်က လက်ရွေးစင်အသင်းအတွက် ပြန်လည်ရွေးချယ်ခဲ့သည်။ လက်ရွေးစင်းအသင်းတွင်လည်း ထိုကစားသမားမှာ ၀က်စ်ဟမ်းမှခြေစွမ်းကိုထိန်းသိမ်းကာ အင်္ဂါနေ့ကရုရှားကို ၄-၂ ဖြင့်အနိုင်ရခဲ့သောပွဲစဉ်တွင် ပြင်သစ်အတွက်ဂိုးတစ်ဂိုးကို အလွတ်တည်ကန်ဘောမှတစ်ဆင့် သွင်းယူပေးနိုင်ခဲ့သည်။ ပါယက်၏အောင်မြင်မှုက အခြားနာမည်ကြီးကစားသမားများကိုခေါ်ယူရန် အထောက်အပံ့ဖြစ်စေသလားဟု မေးမြန်းမှုကို...
Read More

ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့လျှင် တစ်ပတ်လုပ်ခပေါင် ၆၀၀,၀၀၀ လိုချင်ကြောင်း အီဘရာမိုဗစ်ပြောကြား

ဘောလုံးရာသီအကုန်တွင် ပီအက်စ်ဂျီမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာမည့် အီဘရာဟီမိုဗစ်သည် ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့လျှင် တစ်ပတ်လုပ်ခပေါင် ၆၀၀,၀၀၀ လိုချင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ “သူ့ကိုကျွန်တော်တို့ ခေါ်ချင်ပါတယ်။ ဒါပေမဲ့ သူပြောတဲ့လခက များလွန်းပါတယ်။ ထူးခြားတဲ့ ခေါ်ယူမှုဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမဲ့ အသက် ၃၄ နှစ်အရွယ်ကစားသမားတစ်ယောက်ဟာ အဲဒီလောက်တန်လားဆိုတာ မေးခွန်းထုတ်စရာပါ”ဟု ပရီးမီးယားလိဂ်ကလပ်တစ်ခုမှ အတွင်းလူတစ်ဦးက ဖွင့်ဟခဲ့သည်။ အီဘရာဟီမိုဗစ်ကို တရုတ်အမှတ်ပေးလိဂ်မှ...
Read More

ဒါလီအလိုင်းသည်ဖိအားများကို အကောင်းဆုံးကိုင်တွယ်နိုင်ကြောင်း ပိုချက်တီနိုပြောကြား

ဒါလီအလိုင်းသည် ပေါလ်ဂက်စ်ကွိုင်နီနောက်ပိုင်း အလားအလာအရှိဆုံးကွင်းလယ်လူဖြစ်ကြောင်း ဆာအဲလက်စ်ဖာဂူဆန်ကပါ ထုတ်ဖော်ချီးကျူးထားခြင်းကြောင့် ချီးမွမ်းမှုများပြားလာ၍ ဖိအားများကာ ဒါလီအလိုင်းခြေစွမ်းမပြနိုင်မည်ကို စိုးရိမ်ခြင်းမရှိကြောင်း စပါးနည်းပြ ပိုချက်တီနိုက ဖွင့်ဟခဲ့သည်။ အသက် ၁၉ နှစ်အရွယ် ဒါလီအလိုင်းသည် ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်တွင် ၇ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁၂ ကြိမ်ရှိထားပြီး စနေနေ့က ဂျာမနီကိုအနိုင်ရခဲ့သော ပွဲစဉ်တွင်လည်း ရွိုင်းဟော့ဆန်၏အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့သည်။...
Read More

ထိန်းချုပ်ရခက်ခဲသော ဒေါ့မွန်ခြေစွမ်းကြောင့် ကလော့ပ်စိုးရိမ်နေ

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်သည် အသင်းဟောင်းနှင့်ပြန်လည်ရင်ဆိုင်ရမည့်ပွဲတွင် ဖြစ်ပေါ်လာမည့် စိတ်ခံစားမှုထက် ဒေါ့မွန်၏ ကွင်းတွင်းခြိမ်းခြောက်မှုများကို ပိုမိုစိုးရိမ်မိကြောင်းဖွင့်ဟခဲ့သည်။ ကလော့ပ်သည် ဒေါ့မွန်တွင် ၇ နှစ်ကြာ အောင်မြင်မှုရအောင်စွမ်းဆောင်ခဲ့ပြီးနောက် ပြီးခဲ့သည့်ရာသီကုန်က လီဗာပူးသို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး လာမည့်သီတင်းပတ်အတွင်း အသင်းဟောင်းဒေါ့မွန်နှင့်ယူရိုပါလိဂ်ပွဲအဖြစ် ပြန်လည်ရ င်ဆိုင်ရမည်ဖြစ်သည်။ လီဗာပူးမှာ ပရီးမီးယားလိဂ်တွင် အဆင့် ၉ ၌ရပ်တည်နေပြီး ဘွန်ဒက်စ်လီဂါတွင် ဒုတိယနေရာ၌ရပ်တည်နေသည့်ဒေါ့မွန်ကို ရင်ဆိုင်ရမည်ဖြစ်သော်လည်း အဆိုပါပွဲမှာ...
Read More
error: Content is protected !!