ပရီးမီးယားလိဂ်

ကြမ်းတမ်းစွာကစားမှုစွဲချက်ဖြင့် ဒါလီအလိုင်း ပွဲပယ်ခံရဖွယ်ရှိနေ

စပါးကွင်းလယ်လူ ဒါလီအလိုင်းသည် ကြမ်းတမ်းစွာကစားမှုစွဲချက်ဖြင့် အက်ဖ်အေမှချမှတ်သော ပွဲပယ်ပြစ်ဒဏ်ကို ခံယူရဖွယ်ရှိပြီး စပါး၏ ရာသီကျန်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေသည်။ တနင်္လာနေ့က ၀က်စ်ဘရွန်းနှင့် ၁-၁ သရေကျခဲ့သောပွဲစဉ်တွင် ဒါလီအလိုင်းသည် ၀က်စ်ဘရွန်းမှ ယာကော့ဘ်အား လက်သီးဖြင့်ထိုးခဲ့ကြောင်း ရုပ်သံပြကွက်များတွင် စစ်ဆေးတွေ့ရှိခဲ့သည်။ ပွဲစဉ်တစ်ခုအတွင်း ကြမ်းတမ်းစွာကစားမှုသည် ပုံမှန်အားဖြင့် ၃ ပွဲပယ်ပြစ်ဒဏ်ခံယူရလေ့ရှိသောကြောင့် အသက် ၂၀ နှစ်အရွယ် အလိုင်းသည်...
Read More

ချန်ပီယံဖြစ်နိုင်ခွင့် လက်မလွှတ်သေးဟု ပိုချက်တီနို ပြောကြား

စပါးနည်းပြပိုချက်တီနိုက ၀က်စ်ဘရွန်းနှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ၁-၁ သရေရလဒ်ထွက်ပေါ်ခဲ့ခြင်းကြောင့် ၂ မှတ်ဆုံးရှုံးခဲ့သော်လည်း ချန်ပီယံဖြစ်နိုင်ခွင့် လက်မလွှတ်သေးကြောင်း ပြောကြားလိုက်သည်။ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခွင့်နှင့်ပတ်သက်၍ နည်းပြပိုချက်တီနိုက ”သင်္ချာနည်းအရကြည့်မယ်ဆိုရင် စပါးအသင်း ချန်ပီယံဖြစ်ခွင့်ရှိနေပါသေးတယ်။ ရမှတ်တွေထပ်ရဖို့ ကျွန်တော်တို့ကြိုးပမ်းရမှာပါ။ ကျွန်တော်တို့ ယုံကြည်ချက်ရှိဖို့လိုပါ တယ်။ ၇ မှတ်ဆိုတာ ခက်ခဲတဲ့အနေအထားဖြစ်ပေမယ့် လာမယ့်ပွဲ ၃ ပွဲကို အကောင်းဆုံးကြိုးပမ်းသွားနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့စိတ်ဓာတ်တွေခိုင်မာအောင်လုပ်ဆောင်ပြီး...
Read More

ထပ်တိုး ၁ ပွဲပယ်ပြစ်ဒဏ်ကြောင့် မန်ယူနှင့်ပွဲကို ဗာဒီလွဲချော်မည်

လက်စတာတိုက်စစ်မှူးဗာဒီသည် ၀က်စ်ဟမ်းနှင့် ၂-၂ သရေရလဒ်ထွက်ပေါ်ခဲ့သည့်ပွဲတွင် ဟန်ဆောင်လှဲချသဖြင့် ကွင်းလယ်ဒိုင်ဂျွန်မို့စ်က ဒုတိယအ၀ါကတ်ပြ၍ ထုတ်ပယ်ခဲ့ခြင်းအပေါ် မကျေမနပ်ဖြစ်ကာ လက်ညှိုးထိုး အော်ဟစ်ခဲ့ခြင်းေ ကြာင့် ထပ်တိုး ၁ ပွဲပယ်ပြစ်ဒဏ်ထပ်မံကျခံရမည်ဖြစ်သည်။ ထို့ကြောင့် တနင်္ဂနွေနေ့တွင်ကစားမည့် မန်ယူနှင့်ပွဲကို ဆက်လက်လွဲချော်ရမည်ဖြစ်ပြီး နောက်ဆုံးပွဲစဉ် ၂ ပွဲဖြစ်သည့် အဲဗာတန်နှင့် ချဲလ်ဆီးပွဲတို့တွင်သာ ပြန်လည်ပါဝင်နိုင်မည်ဖြစ်သည်။ အသက် ၂၉ နှစ်ရှိ...
Read More

ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် လက်စတာအောင်ပွဲခံရန် နိုင်ပွဲ ၁ ပွဲသာလိုအပ်

ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်နေသည့် လက်စတာမှာ လာမည့်တနင်္ဂနွေနေ့တွင် မန်ယူနှင့် အိုးလ်ထရက်ဖို့ဒ်တွင်ကစားမည့်ပွဲ၌ အနိုင်ရခဲ့ပါက ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မည်ဖြစ်သည်။ ယမန်နေ့ညက ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အမှတ်ပေးဇယားအဆင့် ၂ မှ စပါးမှာ ၀က်စ်ဘရွန်းကို အိမ်ကွင်းတွင် ၁-၁ သရေကျခဲ့သဖြင့် လက်စတာအတွက် အင်္ဂလန်အမှတ်ပေးချန်ပီယံဘွဲ့ကို အကြိမ် ၂၀ ရရှိထားသည့် မန်ယူနှင့်ပွဲမှာ ချန်ပီယံဘွဲ့ခံယူနိုင်မည့်ပွဲ ဖြစ်လာခဲ့သည်။ စပါးမှာ...
Read More

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်စရာဖြစ်လာဟု အာစင်ဝင်းဂါးပြောကြား

အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ၁၉ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးနိုင်သည့် အလားအလာမှာ စိုးရိမ်စရာတစ်ခုဖြစ်လာကြောင်း ပြောကြားခဲ့သည်။ အာဆင်နယ်သည် ယမန်နေ့က ဆန်းဒါးလန်းနှင့်ကစားခဲ့သည့်ပွဲတွင် ၀-၀ သရေရလဒ်ထွက်ပေါ်ခဲ့သဖြင့် အမှတ်ပေးဇယား၌ အဆင့် ၃ နေရာမှ အဆင့် ၄ နေရာသို့ လျော့ကျခဲ့သည်။ ထို့ကြောင့် အာစင်ဝင်းဂါးက ချန်ပီယံလိဂ်ဝင်ခွင့်နှင့်ပတ်သက်၍ ”ခက်ခဲတဲ့အခြေအနေဖြစ်လာလို့ ဂရုစိုက်ရတော့မှာဖြစ်သလို စိုးရိမ်စရာလည်းဖြစ်လာပါတယ်။ စိတ်ပျက်စရာကောင်းပါတယ်။...
Read More

တစ်နှစ်တာအကောင်းဆုံး PFA ကစားသမားအဖြစ် မာရက်ဇ်ရွေးချယ်ခံရ

လက်စတာတိုက်စစ်မှူး ရီယက်ဒ်မာရက်ဇ်သည် ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း(PFA)မှပေးအပ်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သည်။ မာရက်ဇ်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၄ အပြီးအထိ ၃၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ပေးကာ လက်စတာကို မထင်မှတ်ထားသည့် ချန်ပီယံလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးခဲ့သည်။ စပါးကွင်းလယ်လူ ဒါလီအလိုင်းမှာ PFA တစ်နှစ်တာလူငယ်ကစားသမားဆုရရှိခဲ့ပြီး မာရက်ဇ်မှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊ အာဆင်နယ်ကွင်းလယ်လူ အိုဇဲလ်၊ ၀က်စ်ဟမ်းကွင်းလယ်လူ...
Read More

ယခုနှစ်မှချန်ပီယံမဖြစ်လျှင် နောက်တစ်ကြိမ်ဆိုသည်မှာ မသေချာတော့ကြောင်း ရေနီယာရီပြောကြား

လက်စတာနည်းပြ ရေနီယာရီက ပရီးမီးယားလိဂ်ဖလားကို ယခုနှစ်မှမဆွတ်ခူးနိုင်ခဲ့လျှင် နောက်တစ်ကြိမ်အခွင့်အရေးရရန် မလွယ်ကူတော့ကြောင်း ပြောကြားခဲ့သည်။ လက်စတာသည် လက်ကျန် ၄ ပွဲကျန်ရှိချိန်တွင် ဒုတိယနေရာမှစပါးကို ၅ မှတ်အသာဖြင့် ဦးဆောင်နေပြီး လာမည့်ဘောလုံးရာသီ ချန်ပီယံလိဂ်ဝင်ခွင့်သေချာသွားပြီလည်းဖြစ်သည်။ “ဒီနှစ်မှမရရင် နောက်ထပ်ဒီလိုအခွင့်အရေးမျိုးရဖို့ မလွယ်တော့ပါဘူး။ ချန်ပီယံလိဂ်ဝင်ခွင့် သေချာသွားပြီဖြစ်ပေမယ့် ဖလားရဖို့ကိုလည်း ရှိသမျှခွန်အားနဲ့ အစွမ်းကုန်ကြိုးစားသွားမှာပါ။ ချန်ပီယံဖြစ်ဖို့ ၈ မှတ်လိုနေပါတယ်။...
Read More

အိုဝင်ကို ကလပ်၏နိုင်ငံတကာသံတမန်အဖြစ် ခန့်အပ်မှုအပေါ် လီဗာပူးပရိသတ်များ ဒေါသတကြီးတုံ့ပြန်

လီဗာပူးပရိသတ်များသည် အဓိကပြိုင်ဘက် မန်ယူသို့ပြောင်းရွှေ့ခဲ့သည့် ကစားသမားဟောင်း မိုက်ကယ်အိုဝင်ကို ကလပ်၏ပထမဆုံးနိုင်ငံတကာသံတမန်အဖြစ် လီဗာပူးအသင်းမှခန့်အပ်ခဲ့မှုအပေါ် မကျေမနပ်ဖြစ်နေကြကြောင်းသိရသ ည်။ အိုဝင်ကို နိုင်ငံတကာသံတမန်အဖြစ်ခန့်အပ်ကြောင်း ကြာသပတေးနေ့က လီဗာပူးမှ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အသင်းပရိသတ်များက “မန်ယူရဲ့အိုဝင်လား။ ဒါဆိုရင်တော့ ကျေးဇူးမတင်နိုင်ပါဘူး” ဟူသည့် မှတ်ချက်အပါ အ၀င် အဆိုပါခန့်အပ်မှုကို သဘောမတူကြောင်းပြသသည့် မှတ်ချက်များ လူမှုကွန်ရက်တွင်တုံ့ပြန် ရေးသားခဲ့ကြသည်။ “ကျွန်တော် လီဗာပူးပရိသတ်တစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင်...
Read More

PFA ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးအသင်းတွင် လက်စတာနှင့်စပါးမှ ကစားသမားအများစုပါဝင်

PFA မှထုတ်ပြန်သော ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးအသင်းတွင် စပါးနှင့်လက်စတာတို့မှ ကစားသမား ၈ ဦးအထိရွေးချယ်ခံခဲ့ရသည်။ အဆိုပါ လူစာရင်းကို PFA က တနင်္ဂနွေနေ့တွင် ကျင်းပမည့် ဆုပေးပွဲတွင်မှ ထုတ်ပြန်ရန်စီစဉ်ထားခဲ့သော်လည်း အချက်အလက်များပေါက်ကြားခဲ့ဖွယ်ရှိသောကြောင့် စောစီးစွာထုတ်ပြန်ခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။ လက်စတာမှ ဗာဒီ၊ မော်ဂန်၊ ကန်တီနှင့် မာရက်ဇ်၊ စပါးမှ ဟယ်ရီကိန်း၊ အယ်ဒါဝီရယ်၊ ဒန်နီရို့စ်နှင့် ဒါလီအလိုင်းတို့မှာ...
Read More

လီဗာပူးတိုက်စစ်မှူးအိုရီဂီ ဒဏ်ရာရရှိခဲ့သော်လည်း ခြေကျင်းဝတ်မကျိုးခဲ့

ယမန်နေ့က အဲဗာတန်ကို ၄-၀ ဖြင့်အနိုင်ရခဲ့သောပွဲတွင် လီဗာပူးတိုက်စစ်မှူးအိုရီဂီ ရရှိခဲ့သောဒဏ်ရာကို စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ပြီး ခြေကျင်းဝတ်မှာမူ ကျိုးသွားခြင်းမရှိကြောင်းသိရသည်။ အသက် ၂၁ နှစ်အရွယ် ဘယ်လ်ဂျီယံလက်ရွေးစင် အိုရီဂီသည် အဆိုပါမာဆေးဆိုက်ဒါဘီပွဲစဉ်တွင် လီဗာပူးအတွက်အဖွင့်ဂိုး သွင်းယူပေးခဲ့သူလည်းဖြစ်သည်။ သို့သော် ဒုတိယပိုင်းတွင် အဲဗာတန်နောက်ခံလူမော်ရီ၏ ဖျက်ထုတ်ပုံကြမ်းတမ်းမှုကြောင့် အိုရီဂီမှာ ဒဏ်ရာရရှိခဲ့ပြီး ထမ်းစင်ဖြင့်သယ်ထုတ်ခံရကာ မော်ရီလည်းထုတ်ပယ်ခံခဲ့ရသည်။ “သူ့ဒဏ်ရာကို မြင်လိုက်ရတဲ့သူတိုင်းက ခြေကျင်းဝတ်ကျိုးသွားပြီလို့...
Read More
error: Content is protected !!