ပရီးမီးယားလိဂ်

ဟယ်ရီကိန်းကို စံချိန်တင် လုပ်ခလစာ ပေါင် ၁၀၀၀၀၀ ပေး၍ စာချုပ်သစ်ချုပ်ဆိုရန် စပါးစီစဉ်နေ

စပါးသည် တိုက်စစ်မှူးဟယ်ရီကိန်းကို အသင်းသမိုင်းတစ်လျှောက် လုပ်ခလစာအမြင့်ဆုံးကစားသမားအဖြစ် တစ်ပတ်လုပ်ခ ပေါင် ၁၀၀၀၀၀ ပေး၍ စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်းသိရသည်။ အဆိုပါ လစာသည် လက်ရှိဟယ်ရီကိန်းရရှိသော ပေါင် ၅၀၀၀၀ ၏ ၂ ဆဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် အမြင့်ဆုံးလစာဖြစ်သော ပေါင် ၈၀၀၀၀ ကိုလည်း ကျော်လွန်နေသည်။ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းသည် ၅ နှစ်သက်တမ်းရှိသော...
Read More

အဓိက ကစားသမားများကို ၁ နှစ်ထပ်ကစားပေးရန် ရေနီယာရီတောင်းဆို

လက်စတာနည်းပြ ကလော်ဒီယိုရေနီယာရီက ပရီးမီးယားလိဂ်ဖလားရကစားသမားများကို အသင်းတွင် ၁ နှစ်ဆက်ကစားပေးရန် တောင်းဆိုလိုက်သည်။ လက်စတာမှာ အားကစားလောကအတွက် အံ့သြသင့်စရာအကောင်းဆုံးအောင်မြင်မှုအဖြစ် ပရီးမီးယားလိဂ်ဖလားကို ပေါင် ၅၇ သန်းသာတန်ကြေးရှိသည့် ကစားသမားအင်အားဖြင့်ရရှိခဲ့ပြီး မာရက်ဇ်၊ ကန်တီနှင့် ဗာဒီတို့မှာလည်း နာမည်ကျော်ကြားလာကာ အခြားအသင်းကြီးများ၏စိတ်ဝင်စားမှု ခံလာရသည်။ ထိုအဖြစ်နှင့်ပတ်သက်၍ ရေနီယာရီက “ကျွန်တော် အရမ်းအရမ်းကို ယုံကြည်မှုရှိတယ်။ အသင်းကနေ မထွက်ကြပါနဲ့။...
Read More

ဒါဘီပွဲစဉ်တွင် အကျည်းတန်ခဲ့သော လုပ်ရပ်များအတွက် ဒန်နီရို့စ်တောင်းပန်စကားဆို

တနင်္လာနေ့က ချဲလ်ဆီးကွင်း၌ ၂-၂ သရေရလဒ်ထွက်ပေါ်ခဲ့သော လန်ဒန်ဒါဘီပွဲစဉ်တွင် ကစားသမားများကြမ်းတမ်းစွာကစားခဲ့ကြခြင်းနှင့်ပတ်သက်၍ စပါးနောက်ခံလူ ဒန်နီရို့စ်က တောင်းပန်စကားဆိုသွားခဲ့သည်။ အဆိုပါပွဲအတွင်း အ၀ါကတ်ပြသမှု ၁၂ ကြိမ်အထိရှိခဲ့ပြီး နှစ်ဖက်အသင်းကစားသမားများကြား ကြမ်းတမ်းသောပဋိပက္ခ ၂ ကြိမ်ဖြစ်ပွားခဲ့သည်။ ပဋိပက္ခတစ်ခုအတွင်း စပါးကွင်းလယ်လူ ဒမ်ဘီလီကလည်း ကော်စတာ၏မျက်စိကိုလက်ချောင်းများဖြင့် ကုတ်ခြစ်ခဲ့ဖွယ်ရှိပြီး အက်ဖ်အေမှ ချမှတ်မည့်စွဲချက်များကို ၂ သင်းစလုံးရင်ဆိုင်ရဖွယ်ရှိနေသည်။ “ကျွန်တော်တို့ပွဲကို ကလေးတွေကြည့်ဖို့တောင်...
Read More

ဖယ်လိုင်နီနှင့်ရောဘတ်ဟုသ်တို့ ၃ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ

မန်ယူကွင်းလယ်လူဖယ်လိုင်နီနှင့် လက်စတာနောက်ခံလူရောဘတ်ဟုသ်တို့အား ပွဲချိန်အတွင်းကြမ်းတမ်းစွာပြုမူသည့်စွဲချက်ဖြင့် အက်ဖ်အေမှ ၃ ပွဲစီ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်းသိရသည်။ တနင်္ဂနွေနေ့က အိုးထရက်ဖို့ဒ်ကွင်းတွင် ၁-၁ သရေရလဒ်ထွက်ပေါ်ခဲ့သော ပွဲစဉ်၌ လက်စတာနောက်ခံလူ ရောဘတ်ဟုသ်သည် ဖယ်လိုင်နီ၏ဆံပင်ကို ဆွဲခဲ့သောကြောင့် ဖယ်လိုင်နီက တံတောင်ကိုမြှောက်၍ပြန်လည် တုံ့ပြန်ခဲ့သည်။ အဆိုပါဖြစ်ရပ်ကို ပွဲကြီးကြပ်သူများက မြင်တွေ့ခဲ့ခြင်းမရှိသော်လည်း ရုပ်သံပြကွက်များတွင် ပြန်လည်စစ်ဆေးတွေ့ရှိခဲ့သည်။ ထို့ကြောင့် အဆိုပါကစားသမား ၂ ဦးအား...
Read More

ငွေကြေးကြွယ်ဝသောအသင်းများသာ အောင်မြင်မှုရတတ်ကြောင်း ရေနီယာရီဖွင့်ဟ

လက်စတာနည်းပြ ရေနီယာရီက ယခုနှစ်တွင် မိမိတို့အသင်းပရီးမီးလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သော်လည်း လာမည့်ဆယ်စုနှစ် ၂ ခု ခန့်အထိ ငွေကြေးအင်အားတောင့်တင်းသောအသင်းများသာ ပရီးမီးယားလိဂ်ကို စိုးမိုးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်စတာကစားသမားများ၏ စုစုပေါင်းတန်ကြေးမှာ ပေါင် ၅၇ သန်းခန့်သာရှိပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ပိုင်း ၁၀ သင်းအတွင်း အနည်းဆုံးလည်းဖြစ်သည်။ “ငွေကြေးအင်အားတောင့်တင်းရင် အသင်းကြီးဖြစ်အောင်လုပ်လို့ရပါတယ်။ ပြီးတော့ အများအားဖြင့် အသင်းကြီးတွေသာ...
Read More

ပရီးမီယားလိဂ်သို့ ဘန်လေ ပြန်လည်တန်းတက်နိုင်ခဲ့

ဘန်လေသည် ယမန်နေ့က ကျူပီအာအသင်းကို ၁-၀ ဖြင့်အနိုင်ရပြီး ပရီးမီယားလိဂ်သို့ ပြန်လည်တက်လှမ်းနိုင်ရန် သေချာသွားခဲ့ပြီဖြစ်သည်။ နည်းပြ ရှောင်ဒိုက်ခ်ျ၏ဘန်လေသည် မစ်ဒယ်ဘရော့နှင့် ဘရိုက်တန်အသင်းတို့ထက် ၂ မှတ်သာ အသာရနေသော်လည်း နောက်ဆုံးပွဲစဉ်တွင် အဆိုပါ ၂ သင်းထိပ်တိုက်တွေ့ဆုံမည်ဖြစ်သောကြာင့် ဘန်လေမှာ ထိပ်ဆုံး ၂ သင်းစာရင်း ၀င်ရန် သေချာသွားခဲ့ခြင်းဖြစ်သည်။ ဘန်လေသည် စနေနေ့တွင်ကစားမည့် ချာလ်တန်အသင်းနှင့်ပွဲစဉ်တွင်...
Read More

စပါးတွင် တောက်ပသောအနာဂတ်ရှိကြောင်း နည်းပြပိုချက်တီနိုဖွင့်ဟ

ပရီးမီးယားလိဂ်ဖလားနှင့် လွဲချော်ခဲ့ရသော်လည်း အသင်းတွင် တောက်ပသောအနာဂတ်ရှိကြောင်း စပါးနည်းပြပိုချက်တီနိုက ဖွင့်ဟသွားခဲ့သည်။ စပါးသည် ယမန်နေ့က ချဲလ်ဆီးနှင့် ၂-၂ သရေရလဒ်ထွက်ပေါ်ခဲ့ကာ ရမှတ်ဆုံးရှုံးခဲ့သောကြောင့် အမှတ်ပေးဇယားထိပ်မှ လက်စတာကို ချန်ပီယံဖြစ်ခွင့်ပေးခဲ့ရသည်။ “ကျွန်တော်တို့ သင်ယူစရာတွေရှိနေသေးပေမယ့် ကစားသမားတွေအတွက် တကယ်ကို ဂုဏ်ယူပါတယ်။ ဆုဖလားလက်လွှတ်ခဲ့ရတာ စိတ်ပျက်မိပေမယ့် တစ်နှစ်လုံးကစားခဲ့တဲ့ ခြေစွမ်းကတော့ ကျေနပ်စရာပါ။ ပရီးမီယားလိဂ်မှာ အ သက်အငယ်ဆုံးလူစာရင်းကို...
Read More

ဆောက်သမ်တန်နှင့်ပွဲကို ရှေ့မတိုးပေး၍ ပရီးမီးယားလိဂ်အား ပယ်လီဂရီနီအပြစ်တင်

ရီးရဲလ်နှင့် ဘာနေဗျူးတွင်ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မတိုင်မီ ၃ ရက်အလိုဖြစ်သည့် ယခုတနင်္ဂနွေနေ့တွင် ဆောက်သမ်တန်နှင့် ကစားရမည့်ပွဲစဉ်ကို တစ်ရက်ရှေ့မတိုးပေးသည့်အတွက် ပရီးမီးယားလိဂ်အား မန်စီးတီးနည်းပြပယ်လီဂရီနီက ဝေဖန်လိုက်သည်။ မန်စီးတီးမှာ ထိုပွဲကို ၂၄ နာရီရှေ့တိုးပေးရန် တောင်းဆိုခဲ့သော်လည်း ပယ်ချခံခဲ့ရပြီး ပြိုင်ဘက်ဖြစ်သည့်ရီးရဲလ်မှာမူ ယနေ့ညတွင် လာလီဂါပွဲစဉ်ကစားမည်ဖြစ်၍ မန်စီးတီးထက် နားချိန်နှင့် ပြင်ဆင်ချိန် ၂၄ နာရီပိုရမည်ဖြစ်သည်။ အဆင့်...
Read More

အသင်းတွင် ၎င်းရှိနေခဲ့၍သာ ကွင်းတည်ဆောက်ရန် ချေးငွေများရရှိခဲ့ခြင်းဖြစ်ကြောင်း ၀င်းဂါးပြောကြား

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အသင်းတွင်၎င်းရှိနေခဲ့၍သာ အမ်းမရိတ်စ်ကွင်းတည်ဆောက်ရန် လိုအပ်သောရန်ပုံငွေကို ဘဏ်များက ချေးငွေအဖြစ်ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဆင်နယ်သည် ယခုနှစ်တွင်လည်း ဖလားလက်မဲ့ဘောလုံးရာသီကို ထပ်မံကြုံတွေ့ရဖွယ်ရှိနေသောကြောင့် ၀င်းဂါးအပေါ်ဖိအားများမြင့်တက်နေပြီး ပရိသတ်များက ယခုသီတင်းပတ်တွင် ဆန္ဒထုတ်ဖော်သွားရန် စီစဉ်နေကြောင်းသိရသည်။ သို့သော် ၀င်းဂါးက “အမ်းမရိတ်စ်ကွင်းဆောက်ခဲ့တုန်းက အသင်းနဲ့ကျွန်တော် စာချုပ် ၅ နှစ်ချုပ်ဖို့ ဘဏ်တွေက တောင်းဆိုခဲ့ပါတယ်။ ဒီအတောအတွင်း တခြားအသင်းတွေရဲ့...
Read More

အက်ဖ်အေဗိုလ်လုပွဲကို ပဲလေ့စ်အတွက် ကံဆိုးမှုများယူဆောင်လေ့ရှိသည့် ကလက်တန်ဘက်ကြီးကြပ်မည်

မန်ယူနှင့် ခရစ္စတယ်ပဲလေ့စ်တို့ယှဉ်ပြိုင်မည့် အက်ဖ်အေဖလားဗိုလ်လုပွဲစဉ်ကို ဒိုင်လူကြီး မက်ခ်ကလက်တန်ဘက် တာဝန်ယူကိုင်တွယ်မည်ဖြစ်ပြီး အဆိုပါသတင်းသည် ခရစ္စတယ်ပဲလေ့စ်ပရိသတ်များအတွက် အံ့သြတုန်လှုပ်ဖွယ်ဖြစ်ခဲ့ ရသည်။ အဘယ်ကြောင့်ဆိုသော် ၂၀၁၃ ခုနှစ် ခရစ္စတယ်ပဲလေ့စ် တန်းတက်လာစဉ်ကတည်းက ကလက်တန်ဘက်ကိုင်တွယ်သော ပွဲစဉ်များတွင် ၎င်းတို့အသင်း ရလဒ်ဆိုးဝါးလေ့ရှိသောကြောင့်ဖြစ်သည်။ အသက် ၄၁ နှစ်အရွယ် ကလက်တန်ဘက်သည် ပရီးမီးယားလိဂ်ပွဲစဉ်များကို တာဝန်ယူကိုင်တွယ်သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်ပြီဖြစ်သော်လည်း အက်ဖ်ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ်ကိုင်တွယ်ခြင်းဖြစ်သည်။...
Read More
error: Content is protected !!