ဘွန်ဒက်စ်လီဂါ

ထိပ်တန်းလိဂ်ပြိုင်ပွဲများ၌ဘွန်ဒက်စ်လီဂါ လက်မှတ်ခမှာ အသင့်လျော်ဆုံးနှုန်းထားဖြစ်လာခဲ့

ကမ္ဘာ့ထိပ်တန်းအမှတ်ပေးပြိုင်ပွဲများအနက်ပရီးမီးယားလိဂ်မှာပရိသတ်များအတွက်လက်မှတ်ခပေးချေမှုနှုန်းထားနှင့်ထိုက်တန် သည့်အဆင့်သတ်မှတ်ချက်တွင် အဆင့် ၄ နေရာရပ်တည်ခဲ့ပြီး ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ပေးချေရသည့် လက်မှတ်ခနှင့် ထိုက်တန်မှုအရှိဆုံးပြိုင်ပွဲဖြစ်လာခဲ့ကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြသွားခဲ့သည်။ ယခုစစ်တမ်းမှာ ပျမ်းမျှလက်မှတ်ခနှုန်းထားချင်း နှိုင်းယှဉ်တွက်ချက်ခဲ့ခြင်းဖြစ်ပြီး အင်္ဂလန်အားကစားရပ်ဝန်းရှိပြိုင်ပွဲများ၏ လက်မှတ်ခဈေးနှုန်းမြင့်မားမှုနှင့်အတူ ပရီးမီးယားလိဂ်တစ်ပွဲပျမ်းမျှလက်မှတ်ခမှာ ပေါင် ၅၃.၇၆ ဖြစ်ခဲ့ပြီး ၎င်း၏နောက်တွင် စပိန်လာလီဂါပြိုင်ပွဲကြည့်ရှုခွင့်တစ်ပွဲပျမ်းမျှလက်မှတ်ခမှာပေါင်၅၀.၈၃ ဖြစ်ခဲ့သောကြောင့်လာရောက်ကြည့်ရှုသူပရိသတ်များအ တွက်ဒုတိယဈေးအကြီးဆုံး ပြိုင်ပွဲဖြစ်လာခဲ့သည်။ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ တစ်ပွဲပျမ်းမျှလက်မှတ်ခ ပေါင်...
Read More

ဝုဖ်ဘတ်နှင့်ပွဲတွင် ၉ မိနစ်အတွင်း ၅ ဂိုးသွင်းယူပြီး လီဝမ်ဒေါစကီးစံချိန်တင်

ဘွန်ဒက်စ်လီဂါပွဲစဉ် ၆ အဖြစ်ကစားခဲ့သော ၀ုဖ်ဘတ်နှင့်ပွဲတွင် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလီဝမ်ဒေါစကီးမှာ ၉ မိနစ်အတွင်း ၅ ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက် အချိန်အနည်းငယ်အတွင်း ဂိုးအများဆုံးသွင်းယူသူအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်းသိရှိရသည်။ လီဝမ်ဒေါစကီးမှာ ဒုတိယပိုင်း ၄၆ မိနစ်တွင် အယ်လ်ကန်တာရာအစား လူစားဝင်ခဲ့ပြီးနောက် ၅ ဂိုးသွင်းယူခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ၄ မိနစ်အတွင်းရယူနိုင်သည့် ဟက်ထရစ်ဂိုးမှာလည်း ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက်အမြန်ဆုံးဟက်ထရစ်ဂိုးဖြစ်ခဲ့သည့်အပြင် ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက် လူစားဝင်ကစားသမားအဖြစ်မှ...
Read More

ဂွါဒီယိုလာမှာ ဉာဏ်များသူဖြစ်ကြောင်း ၀ုဖ်ဘတ်အသင်းဖော်များကို နောက်ခံလူဒန်တီ သတိပေး

ဘွန်ဒက်စ်လီဂါပွဲကောင်းတစ်ပွဲအဖြစ် ယနေ့ညတွင်ကစားမည့် ဘိုင်ယန်မြူးနစ်နှင့်ဝုဖ်ဘတ်ပွဲတွင် ဘိုင်ယန်နည်းပြဂွါဒီယိုလာမှာ ထင်မှတ်မထားသည့်အနေအထားမှ တိုက်ခိုက်တတ်သူဖြစ်ကြောင်း ၀ုဖ်ဘတ်နောက်ခံလူဒန်တီက အသင်းဖော်များအား သတိပေးပြောကြားလိုက်သည်။ ဘိုင်ယန်မြူးနစ်နှင့် ၀ုဖ်ဘတ်တို့မှာ ပြီးခဲ့သည့်ဘောလုံးရာသီတွင် အမှတ်ပေးဇယား၌ အထက်၊ အောက်ရပ်တည်ခဲ့သူများဖြစ်ပြီး ယခုနှစ်တွင် ဒေါ့မွန်မှာ အမှတ်ပေးဇယားကိုဦးဆောင်ထားပြီး ဘိုင်ယန်မြူးနစ်က ဒုတိယနှင့် ၀ုဖ်ဘတ်မှာ တတိယနေရာတွင် ရပ်တည်နေသောကြောင့် ပြိုင်ဆိုင်မှုပြင်းထန်လျက်ရှိသည်။ ထို့ကြောင့် ဘိုင်ယန်ကစားသမားဟောင်းဒန်တီက ယနေ့ညတွင် အသင်းဟောင်းနှင့်...
Read More

ဘွန်ဒက်စ်လီဂါတွင် ရာနှုန်ပြည့်ရှုံးပွဲကြုံပြီးနောက် ဂလာဘတ်နည်းပြရာထူးမှ ဖေဗရီနုတ်ထွက်

ယခုနှစ်ဘောလုံးရာသီတွင် ဘွန်ဒက်စ်လီဂါ၌ ရလဒ်ဆိုးများနှင့်ကြုံတွေပြီး ရာနှုန်းပြည့်ရှုံးပွဲကြုံတွေ့နေသော ဂလာဘတ်အသင်း၏ နည်းပြဖေဗရီမှာ ရာထူးမှနုတ်ထွက်သွားခဲ့ကြောင်း သိရှိရသည်။ ဖေဗရီ၏နုတ်ထွက်စာတွင်”သေချာစဉ်းစားလိုက်တဲ့အချိန်မှာ အခုအခြေအနေက အရမ်းအရေးကြီးနေပါပြီ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဂလာဘတ်နည်းပြရာထူးကနေနုတ်ထွက်ဖို့အခြေအနေက အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်မယ်လို့ တွေးမိပါတယ်”ဟု ရေးသားသွားခဲ့သည်။ ပြီးခဲ့သည့် ၄ နှစ်တာကာလတွင် ဂလာဘတ်အသင်းမှာ ဥရောပပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သော်လည်း ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ဆီဗီလာနှင့်ကစားခဲ့ရာတွင် ရှုံးပွဲကြုံခဲ့ပြီး ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားတွင်လည်း...
Read More

ဗီဒယ်လ်ဘက်မှ ဂွါဒီယိုလာကာကွယ်တုံ့ပြန်

ဘိုင်ယန်မြူးနစ်နည်းပြဂွါဒီယိုလာသည်၎င်း၏ကစားသမားဗီဒယ်လ်ကိုချန်ပီယံလိဂ်ပွဲစဉ်ခြေစွမ်းနှင့်ပတ်သက်၍ အသင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌဘက်ကင်ဘောင်ဝါက ဝေဖန်ခဲ့သည့်အပေါ် ကာကွယ်တုံ့ပြန်လိုက်သည်။ ဘိုင်ယန်အပေါ်လွှမ်းမိုးမှုရှိသည့်ဘက်ကင်ဘောင်ဝါသည် ဗီဒယ်လ်ကိုယခင်ကလည်း စည်းကမ်းလိုက်နာရန် တိုက်တွန်းခဲ့ဖူးသူဖြစ်သည်။ ယခုတစ်ကြိမ်တွင်ဘက်ကင်ဘောင်ဝါကဗီဒယ်လ်အားအိုလံပီယာကော့စ်နှင့်ပွဲ၌ ခြေစွမ်းမပြနိုင်ဟု ဝေဖန်ခဲ့ခြင်းဖြစ်ပြီး၎င်းက”မလှုပ်မရှားဘဲကစားတဲ့ ဘောလုံးသမားမျိုးအသင်းမှာမလိုအပ်ပါဘူး။သူ့ကိုတော်တော်မျှော်လင့်ထားခဲ့တာပါ။သူကောင်းကောင်းကစားနိုင်ပါတယ်။ လူပေးမှားတာ၊ တစ်ဦးချင်းဖျက်ထုတ်မှုဆုံးရှုံးတာတွေမဖြစ်လို့မရဘူးလို့ မပြောပါဘူး။ဒါပေမဲ့ အားထုတ်မှုလေးတော့ ရှိရမှာပေါ့”ဟု ဝေဖန်ခဲ့ခြင်းဖြစ်သည်။ သို့သော် သတင်းထောက်များနှင့် သောကြာနေ့ကတွေ့ဆုံခဲ့သည့် ဂွါဒီယိုလာက”မစ္စတာဘက်ကင်ဘောင်ဝါရဲ့စကားကို ကျွန်တော်လက်မခံဘူး။ ဗီဒယ်လ်က ဘိုင်ယန်ကစားသမားပါ။သူတို့ကိုယ်တိုင်က စာချုပ်ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပဲ။ ပြီးတော့...
Read More

ဒရမ်စတက်နှင့်ပွဲတွင် အရန်အဖြစ်သာ ဟာနန်ဒက်ဇ်ပါဝင်နိုင်ဟု နည်းပြဆို

ဘွန်ဒက်စ်လီဂါပွဲစဉ် ၄ အဖြစ် ဒရမ်စတက်နှင့်ယှဉ်ပြိုင်ရမည့်ပွဲတွင် တိုက်စစ်မှူးဟာနန်ဒက်ဇ်မှာ အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရနိုင်သည်ဟု လေဗာကူဆင်အသင်းနည်းပြရော်ဂျာရှမစ်က ပြောကြား သွားခဲ့သည်။ အသက် ၂၇နှစ်ရှိဟာနန်ဒက်ဇ်သည် ယခုနွေရာသီအပြောင်းအရွှေ့ ကာလတွင် မန်ယူအသင်းမှ ပေါင် ၈.၇၅သန်း၊ ၃နှစ်စာချုပ်ဖြင့် လေဗာကူဆင်သို့ ရောက်ရှိခဲ့သူဖြစ်ပြီး အသင်းသစ်တွင် ပွဲထွက်ကစားသမားနေရာရရှိရန် အချိန်အနည်းငယ်စောင့်ဆိုင်းရဦးမည်ဖြစ်သည်ဟု နည်းပြရော်ဂျာရှမစ်က ဆိုခဲ့သည်။ ရှမစ်က”အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ ဟာနန်ဒက်ဇ်ကို...
Read More

နောက်ဆုံးခေါ်ယူမှုကို ကင်စလေကိုးမန်းဖြင့် ဘိုင်ယန်အဆုံးသတ်

ဘွန်ဒက်စ်လီဂါချန်ပီယံဘိုင်ယန်မြူးနစ်အသင်းသည် ယခုအပြောင်းအရွှေ့ကာလ၏ နောက်ဆုံးခေါ်ယူမှုအဖြစ် ဂျူဗင်တပ်တောင်ပံကစားသမား ကင်စလေကိုးမန်းကို ၂ နှစ် အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်းသိရှိရသည်။ အသက် ၁၉နှစ်ရှိ အဆိုပါပြင်သစ်လူငယ်ကစားသမားကိုခေါ်ယူရန် အပြောင်းအရွှေ့ပိတ်သိမ်းခါနီး သြဂုတ် ၃၀ရက်ရောက်မှ ဂျူဗင်တပ်နှင့်သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ ကိုမန်းက ယခုအပြောင်းအရွှေ့နှင့်ပတ်သက်၍ “ဘိုင်ယန်ကစားပုံက ကျွန်တော်နှစ်သက်တဲ့ပုံစံပါပဲ။ ပြီးတော့ ဒီအသင်းက အောင်မြင်မှုများစွာရရှိထားတဲ့အသင်းပါ။ ဥရောပအသင်းကြီးတချို့မှာ ကျွန်တော်ကစားခဲ့ဖူးပြီး ဘိုင်ယန်ကတော့ ကျွန်တော့်အတွက် အနားယူရမယ့်နေရာမဟုတ်လောက်ဘူး”ဟု...
Read More

အသင်းပြောင်းရွှေ့ခွင့်ဆုံးရှုံးပြီးနောက် ရှော်လ်ကေးတွင်သာ ဘိုတန်ဆက်ရှိမည်

ရှော်လ်ကေးကွင်းလယ်လူဘိုတန်သည် ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလတွင် စပို့တင်းလစ္စဘွန်းသို့ ပြောင်းရွှေ့ခွင့်ပျက်ပြယ်ပြီးနောက် လက်ကျန်စာချုပ်သက်တမ်းဖြင့် ရှော်လ်ကေး၌သာ ဆက်လက်ကစားရမည် ဖြစ်သည်။ ဘိုတန်သည် ပြီးခဲ့သည့်မေလက ကိုလုံးအသင်းနှင့်ကစားခဲ့သည့်ပွဲအရေးနိမ့်ခြင်းအတွက် အသင်းအား အပြင်းအထန်ဝေဖန်ပြောကြားခဲ့သောကြောင့် ရှော်လ်ကေး၏ အကန့်အသတ်မရှိပွဲပယ်ပြစ်ဒဏ်ခံထားရသူဖြစ်သည်။ ထို့ကြောင့် ၎င်းက အသင်းပြောင်းရွှေ့ရန်ကြိုးပမ်းခဲ့ပြီး စပို့တင်းလစ္စဘွန်းအပါအ၀င်၊ ယူအေအီးနှင့် ကာတာအခြေစိုက်ကလပ်အသင်းများမှ ခေါ်ယူရန်ရှိသည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း အပြောင်းအရွှေ့ပိတ်သိမ်းချိန်အထိ ထူးခြားမှုမရှိခဲ့ချေ။ ထို့အပြင် ဘိုတန်မှာ အသင်းဟောင်းအေစီမီလန်နှင့်...
Read More

(၂၀၁၈)ကမ္ဘာ့ဖလားမတိုင်မီ ကစားသမားဘ၀မှအနားယူမည်ဟု ဖီးလစ်လမ်းဆို

ဘိုင်ယန်မြူးနစ်အသင်းခေါင်းဆောင် ဖီးလစ်လမ်းက (၂၀၁၈)ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ကစားသမားဘ၀မှ အနားယူမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ အသက်(၃၄)နှစ်ရှိ အဆိုပါနောက်ခံလူသည် ပြီးခဲ့သည့်(၂၀၁၄)ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် နိုင်ငံလက်ရွေးစင် ကစားသမားဘ၀မှ အနားယူခဲ့သူဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း(၄၀၀)ကျော်ကစားပေးထားသူ ဖြစ်သည်။ ဖီလစ်လမ်းက “(၂၀၁၈)ထဲမှာ ကျွန်တော့်ကစားသမားဘ၀အဆုံးသတ်မှာပါ။ အခုလိုနောက်ဆုံးအချိန်ကို သတ်မှတ်လိုက်တာ ကျွန်တော့်အတွက်ကောင်းပါတယ်။ လက်ရွေးစင်အသင်းတုန်းကလည်း ဒီလိုပဲဆုံးဖြတ်ချက်ချခဲ့တာပါ။ နိုင်ငံအတွက် ရာနှုန်းပြည့်ပေးဆပ်နိုင်ခဲ့လို့ အဲဒီဆုံးဖြတ်ချက်အပေါ် ဘယ်တော့မှ နောင်တမရပါဘူး”ဟု...
Read More

ဘိုင်ယန်ကို ရင်ဆိုင်ရန် အသင့်ဖြစ်နေဟု ၀ုဖ်ဘတ်နောက်ခံလူ ဒန်တီပြော

ယခုအပြောင်းအရွှေ့နောက်ဆုံးရက်တွင် ဘိုင်ယန်မြူးနစ်အသင်းမှ ၀ုဖ်ဘတ်သို့ ပြောင်းရွှေ့လာသော နောက်ခံလူ ဒန်တီက ၎င်း၏အသင်းသစ်မှာ ဘိုင်ယန်ကိုရင်ဆိုင်ရန် အသင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။ ဒန်တီသည် ဘိုင်ယန်မြူးနစ်အသင်းနည်းပြဂွါဒီယိုလာလက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးခဲ့သဖြင့် ၀ုဖ်ဘတ် အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်ဘောလုံးရာသီတွင် ဒုတိယနေရာဖြင့်ရာသီသိမ်းနိုင်ခဲ့သောဝုဖ်ဘတ်သည် ပိုကယ်ဖလားချန်ပီယံဆု သိမ်းပိုက်ခဲ့ပြီးနောက် ယခုနှစ်ဘောလုံးရာသီတွင်လည်း အကောင်းဆုံးပုံစံရရှိရန် ထွက်ခွာသွားသည့် တောင်ပံ ကစားသမားဒီဘရူနီနေရာတွင် ဒရက်စ်လာကို အစားထိုးခေါ်ယူအားဖြည့်ခဲ့သည်။ ထို့ကြောင့်...
Read More
error: Content is protected !!