ဘွန်ဒက်စ်လီဂါ

ဘိုင်ယန်မြူးနစ်နှင့် ပြန်လည်ပွဲထွက်ရန် ရီဘာရီ ကြံ့ခိုင်မှုမပြည့်ဝသေး

ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား ဖရန့်ရီဘာရီမှာ ခြေကျင်းဝတ်ဒဏ်ရာ ပြန်လည်နာကျင်လာသောကြောင့် ထပ်မံအနားယူရမည်ဖြစ်ကြောင်း သိရှိရသည်။ အသက် ၃၂ နှစ်ရှိ ပြင်သစ်လက်ရွေးစင် အဆိုပါကစားသမားမှာ မတ်လက ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ကာ ပြီးခဲ့သည့် ၂ ပတ်ခန့်က ပုံမှန်လေ့ကျင့်ခန်း ဆင်းနိုင်ခဲ့သော်လည်း ယမန်နေ့ကပြုလုပ်သည့် လေ့ကျင့်ခန်းအစီအစဉ်စတင်ပြီး ၁၇ မိနစ်တွင် ဒဏ်ရာရရှိခဲ့သော ခြေကျင်းဝတ်မှာ ပြန်လည်နာကျင်ခဲ့သောကြောင့် ဘိုင်ယန်မြူးနစ်ဆေးအဖွဲ့၏ ကုသမှုခံယူခဲ့ရသည်။ ရီဘာရီ၏...
Read More

ပေါင် ၃၅ သန်းဖြင့် လီဗာပူးသို့ အူဘာမီယန် ပြောင်းရွှေ့ဖွယ်ရှိ

လီဗာပူးအသင်း နည်းပြအဖြစ် ယာဂင်ကလော့ပ် တာဝန်ယူပြီးချိန်တွင် ဒေါ့မွန်အသင်း ကစားသမား အများစုကို ခေါ်ယူရန်ပြင် ဆင်နေကြောင်း သတင်းထွက်ပေါ် လာခဲ့ပြီးနောက် တိုက်စစ်မှူး အူဘာမီယန်သည် ပေါင် ၃၅ သန်းဖြင့် ရောက်ရှိနိုင်ကြောင်း သိရှိရသည်။ အဆိုပါ ဒေါ့မွန်နည်းပြဟောင်းမှာ လာမည့်ဇန်န၀ါရီ အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များကို အပြင်းအထန်ရှာဖွေမည် မဟုတ်ကြောင်း ပြောကြား ထားသော်လည်း လီဗာပူးအသင်းကို...
Read More

ပရီးမီးယားလိဂ်အသင်းများ၏ လစာပေးချေမှုမှာ အလွန်ဆွဲဆောင်မှုရှိကြောင်း မူလာဖွင့်ဟ

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးမူလာက ပရီးမီးယားလိဂ်အသင်းများ၏ လစာပေးချေမှုမှာ အလွန်ဆွဲဆောင်မှုရှိသည်ဟု ဆိုခဲ့ပြီး စိတ်မ၀င်စားကြောင်းပြောကြားသူများမှာ သူတော်ကောင်းယောင်ဆောင်သူများသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘိုင်ယန်မြူးနစ်မှာ ယခုနွေရာသီအပြောင်းအရွှေ့တွင် တိုက်စစ်မှူးမူလာကို မန်ယူက ပေါင်သန်း ၆၀ ဖြင့် ခေါ်ယူရန်ကမ်းလှမ်းမှုအား ပယ်ချခဲ့ပြီး အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ အသင်းအမှုဆောင်အရာရှိချုပ် ရူမင်နစ်ဂီက ”သူဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်လို့ ကျွန်တော်တို့ တန်ဖိုးသတ်မှတ်ပေးလို့မရပါဘူး” ဟု ပြောကြားခဲ့သည်။ ထို့အပြင် အသက်...
Read More

ပေါင်ဒဏ်ရာကြောင့် ဂျာမနီကွင်းလယ်လူ ဂေါ့ဇီ ၃လခန့် အနားယူရမည်

ဂျာမနီလက်ရွေးစင်ကွင်းလယ်ကစားသမားဖြစ်သူ မာရီယိုဂေါ့ဇီသည် အိုင်ယာလန်အသင်းအား ၁-၀ ဖြင့်အရေးနိမ့်ခဲ့သည့်ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမား မက္ကာသီနှင့် ထိခိုက်မိခဲ့ပြီး ရရှိခဲ့သည့် ပေါင်ဒဏ်ရာကြောင့် ၃ လခန့် အနားယူရမည်ဖြစ်ကြောင်း ဂျာမနီဘောလုံးအဖွဲ့ချုပ်မှ အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။ ယခုနှစ်ဘောလုံးရာသီတွင် ဂျာမနီအသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းများအတွက်အကောင်းဆုံးခြေစွမ်းပြနိုင်နေသည့် ကွင်းလယ်လူဂေါ့ဇီ၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ လက်ရွေးစင်အသင်းဆရာဝန်ဟန်းစ်ဝီလျံမူလာက  ဂေါ့ဇီ၏ ဒဏ်ရာအခြေအနေကို စစ်ဆေးမှုများထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်း၊ ဂေါ့ဇီအနေနှင့် ပေါင်ဒဏ်ရာကြောင့် အနည်းဆုံး ၃...
Read More

ဂွါဒီယိုလာကို အလျင်စလိုသက်တမ်းတိုးမည်မဟုတ်ဟု ဘိုင်ယန်ဥက္ကဋ္ဌ ပြောကြား

ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ ရူမင်နစ်ဂီက နည်းပြဂွါဒီယိုလာ၏ သက်တမ်းတိုးစာချုပ်နှင့်ပတ်သက်၍ အလျင်စလိုပြုလုပ်မည်မဟုတ်ကြောင်း ပြောကြားကာ အသင်းတွင် အဆိုပါနည်းပြဆက်ရှိမည်ဟု ယုံကြည်ကြောင်း ဖွင့်ဟခဲ့သည်။ နည်းပြဂွါဒီယိုလာ၏ စာချုပ်သက်တမ်းမှာ ယခုနှစ်ဘောလုံးရာသီကုန်ဆုံးချိန်တွင် အဆုံးသတ်မည်ဖြစ်သော်လည်း အသက် ၄၄ နှစ်ရှိ အဆိုပါနည်းပြအပေါ် စာချုပ်သစ်ချုပ်ဆိုရန် ဖိအားပေးမည်မဟုတ်ကြောင်း ထပ်မံပြောကြားခဲ့သည်။ အဆိုပါနည်းပြနှင့်ပတ်သက်၍ ”ကျွန်တော်အမြဲတမ်းပြောခဲ့တဲ့အတိုင်း ဘောလုံးရာသီပြီးဆုံးတဲ့အထိ သူအတူရှိနေမှာပါ။ ဘိုင်ယန်မြူးနစ်အတွက် ကစားရမယ့်ပွဲစဉ်တွေလည်း အများကြီးကျန်ပါသေးတယ်။...
Read More

ဘိုင်ယန်အတွက် ရော်ဘင် မကြာမီပြန်လာမည်ဟု ဂွါဒီယိုလာပြောကြား

ပေါင်ခြံကြွက်သားဒဏ်ရာရရှိထားသော ဘိုင်ယန်မြူးနစ်တောင်ပံကစားသမားရော်ဘင်မှာ မကြာမီကာလတွင် အသင်းနှင့်ပြန်လည်ပွဲထွက်လာနိုင်သည်ဟု နည်းပြဂွါဒီယိုလာက ပြောကြားသွားခဲ့သည်။ ရော်ဘင်မှာ စက်တင်ဘာလ ၃ ရက်နေ့က ဟော်လန်လက်ရွေးစင်အသင်းအတွက်ပါဝင်ကစားပေးခဲ့သည့်ပွဲ၌ အဆိုပါပေါင်ခြံဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ယခုအချိန်မှာ ရော်ဘင်၏ ဒဏ်ရာမှာတိုးတက်ကောင်းမွန်လာခဲ့ပြီး တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်သော်လည် ရာနှုန်းပြည့်ကြံ့ခိုင်မှုမရရှိသေးသဖြင့် တနင်္ဂနွေနေ့တွင် ဒေါ့မွန်နှင့်ကစားမည့်ပွဲ၌ ပါဝင်ရန်မသေချာကြောင်း ဂွါဒီယိုလာက ပြောကြားခဲ့သည်။ ရော်ဘင်၏ ဒဏ်ရာပြဿနာနှင့်ပတ်သက်၍ ”အသင်းလိုက်လေ့ကျင့်ခန်းအစီအစဉ်မှာတော့ ရော်ဘင်မပါဝင်နိုင်သေးပါဘူး။ သူ့ရဲ့အခြေအနေကို ကျွန်တော်စောင့်ကြည့်နေပါတယ်။...
Read More

ဘိုင်ယန်မြူးနစ်နှင့် ထိပ်တိုက်မဆုံမီ လီဝမ်ဒေါစကီးကို ဂိုးသွင်းစက်ဟု ဟမ်မဲလ်ချီးကျူး

ပြီးခဲ့သည့်သီတင်းပတ်ကြားရက်ပွဲစဉ်တွင် ၀ုဖ်ဘတ်ကို ၅ ဂိုးသွင်းယူကာ မိန့်ဇ်နှင့်ပွဲ၌လည်း ၂ ဂိုးသွင်းယူပြီး ဘွန်ဒက်စ်လီဂါပွဲ ၁၆၈ ပွဲကစားကာ ၁၀၁ ဂိုးသွင်းယူနိုင်ခဲ့သည့် လီဝမ်ဒေါစကီးအား ဒေါ့မွန်အသင်းဖော်ဟောင်း ဟမ်မဲလ်က ထုတ်ဖော်ချီးကျူးလိုက်သည်။ လီဝမ်ဒေါစကီးသည် ဘွန်ဒက်စ်လီဂါသွင်းဂိုး ၇၄ ဂိုးအား ဟမ်မဲလ်နှင့်အတူ ဒေါ့မွန်တွင်ကစားစဉ်က သွင်းယူခဲ့ခြင်းဖြစ်ပြီး နည်းပြယာဂင်ကလော့ပ်လက်အောက်တွင် ဂျာမန်ချန်ပီယံအဖြစ် ၂ ကြိမ်အောင်ပွဲခံနိုင်ခဲ့သည်။ ယခုသီတင်းပတ်တွင်...
Read More

မိန့်ဇ်အားအနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ဘိုင်ယန်တိုက်စစ်မှူး လီဝမ်ဒေါစကီး လိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝမ်ဒေါစကီးသည် မိန့်ဇ်အသင်းအား ၀-၃ ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် အသင်းအတွက် ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါသွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး လိဂ် ၁၆၈ ပွဲတွင် သွင်းဂိုး ၁၀၁ ဂိုးသွင်းယူနိုင်ခဲ့သည့် ကစားသမားဖြစ်လာခဲ့သည်။ ပိုလန်လက်ရွေးစင်တိုက်စစ်မှူး လီဝမ်ဒေါစကီးသည် ယခုနှစ်ဘောလုံးရာသီအစက ပွဲစဉ် ၁၀ မတိုင်မီ လိဂ် သွင်းဂိုး ၁၀၀...
Read More

အင်္ဂလန်နည်းပြရာထူးနှင့်ပတ်သက်၍ မေးမြန်းမှုကို ဂွါဒီယိုလာရှောင်လွှဲခဲ့

ဘိုင်ယန်မြူးနစ်နည်းပြဂွါဒီယိုလာသည့် ယနေ့ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များက အင်္ဂလန်နည်းပြရာထူးနှင့်ပတ်သက်၍ မေးမြန်းမှုကို ရှောင်ထွက်ခဲ့ကြောင်းသိရှိရသည်။ ဘိုင်ယန်မြူးနစ်နှင့် ဂွါဒီယိုလာတို့ ချုပ်ဆိုထားသည့် စာချုပ်မှာ ယခုနှစ်နွေရာသီတွင်ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သက်တမ်းတိုးရန်လိုအပ်နေသည့်အချိန်တွင် အဆိုပါနည်းပြက အနာဂတ်နှင့်ပတ်သက်၍ ပြောကြားရန်ဆန္ဒမရှိခဲ့ကြောင်း သိရသည်။ ဂွါဒီယိုလာကိုခေါ်ယူရန် မန်စီးတီးအသင်းမှ ဆက်သွယ်မှုများရှိနေကြောင်းသိရပြီး အင်္ဂလန်နည်းပြ ရွိုင်းဟော့ဆန်နေရာတွင်လည်း ၎င်းနှင့်အစားထိုး၍ အောင်မြင်မှုရယူရန်ပြင်ဆင်နေကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းမှုများရှိခဲ့သည့်အပေါ် ရှောင်ထွက်ခဲ့ခြင်းဖြစ်သည်။...
Read More

ဘိုင်ယန်မြူးနစ်နှင့်အတူ မူလာဆက်ရှိမည်ဟု ဥက္ကဋ္ဌရူမင်နစ်ဂီ ပြောကြား

ဘိုင်ယန်မြူးနစ်ဥက္ကဋ္ဌရူမင်နစ်ဂီက အသင်းမှ တိုက်စစ်မှူးမူလာထွက်ခွာရန် မည်သည့်အကြောင်းမှမရှိကြောင်း ပြောကြားခဲ့သည့်အတွက် ပရီးမီးယားလိဂ်ထိပ်သီးမန်ယူက ခေါ်ယူရန်ပြင်ဆင်ထားသော မျှော်လင့်ချက်မှာ အဆုံးသတ်ခဲ့ကြောင်း သိရှိရသည်။ မန်ယူအသင်းမှာ မူလာ ၁၀ နှစ်အရွယ်ကတည်းက ခေါ်ယူရန်ပြင်ဆင်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ကြောင်း ယခုတစ်ပတ်တွင် နည်းပြဟောင်းဖာဂူဆန်က ထုတ်ဖော်ပြောကြားခဲ့ပြီး ယခုနှစ်နွေရာသီတွင် ထပ်မံဆက်သွယ်ခဲ့သည့် ဗန်ဟားလ်အတွက်လည်း မျှော်လင့်ချက်ကုန်ဆုံးခဲ့ရသည်။ မူလာနှင့်ပတ်သက်၍ ရူမင်နစ်ဂီက မက်ဆီ၊ ရွန်နီတို့ကဲ့သို့ပင် အဆိုပါတိုက်စစ်မှူးမှာ...
Read More
error: Content is protected !!