ဘွန်ဒက်စ်လီဂါ
ဘွန်ဒက်စ်လီဂါ
မန်ယူအသင်း ပစ်မှတ်ထားနေသည့် ဂျာမနီနောက်ခံလူ ဟန်မဲလ်သည် ယခုရာသီ အကုန်တွင်အသင်းပြောင်းရန် ဒေါ့မွန်အသင်းထံ တောင်းဆိုခဲ့ကြောင်း ဂျာမနီအခြေစိုက် Bild သတင်းဌာနကဖော်ပြသည်။ ဟန်မဲလ်သည် ဒေါ့မွန်နည်းပြသစ် သောမတ်စ်တူချယ် လက်အောက်တွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရခြင်းကြောင့် ဒေါ့မွန်တွင် မပျော်မွေ့တော့ကြောင်း အဆိုပါသတင်းဌာန၏ သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။ ဟန်မဲလ်သည် မန်ယူနည်းပြ ဗန်ဟားလ်သဘောကျသည့် ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်ရာသီကတည်းက မန်ယူက ၎င်းကိုခေါ်ရန်...
Read More
စီးရီးအေ
ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေက ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် တစ်သက်တာအကောင်းဆုံးကစားသမား ၁၁ ဦး စာရင်းထုတ်ပြန်ခဲ့ရာတွင် လာလီဂါမှ ကစားသမား ၆ ဦးအထိ အများဆုံးပါဝင်ခဲ့ပြီး ပရီးမီးယားလိဂ်မှ ၃ဦးရွေးချယ်ခံခဲ့ရကာ စီးရီးအေနှင့်ဘွန်ဒက်စ်လီဂါတို့မှာ ၁ ဦးစီရွေးချယ်ခံခဲ့ရသည်။ လာလီဂါကိုယ်စားပြုကစားသမား ၆ ဦးတွင် ဘာစီလိုနာကစားသမားများဖြစ်သည့် မက်ဆီ၊ အင်နီယေစတာ၊ ဇာဗီ၊ ပူယိုးလ်တို့ ပါဝင်ခဲ့ပြီး ရီးရဲလ်အသင်းမှ ရာမို့စ်နှင့်...
Read More
ပရီးမီးယားလိဂ်
မန်ယူအသင်းသည် ဇန်န၀ါရီလတွင် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး အာဂျန်ရော်ဘင်အား ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဟု Daily Express သတင်းဌာနက ဖော်ပြခဲ့သည်။ ရော်ဘင်မှာ မန်ယူ၏စိတ်ဝင်စားမှုခံနေရပြီး ဘိုင်ယန်မြူးနစ်အသင်းဖော် လီဝမ်ဒေါစကီးနှင့် အဆင်မပြေဖြစ်နေသည်ဟုလည်း သိရှိရသည်။ ထိုကဲ့သို့ သတင်းများထွက်ပေါ်နေချိန်တွင် Daily Express သတင်းဌာနက ရော်ဘင်မှာ မန်ယူသို့ပြောင်းရွှေ့ရန် အပြီးသတ်သဘောတူခဲ့သည်ဟု ဖော်ပြလိုက်ခြင်းဖြစ်သည်။ ထိုသတင်းဌာန၏ဖော်ပြချက်အရ မန်ယူနည်းပြဗန်ဟားလ်မှာ အသင်းကိုထပ်မံအားဖြည့်လိုနေပြီး...
Read More
ဘွန်ဒက်စ်လီဂါ
ဘိုင်ယန်မြူးနစ်နည်းပြဂွါဒီယိုလာကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သော ချဲလ်ဆီးနှင့် မန်စီးတီးတို့မှ ခေါ်ယူရန်ဆက်သွယ်နေသည်ဆိုသည့် သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်မှ သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန်ပြင်ဆင်နေကြောင်း Daily Mirror သတင်းစာမှ ဖော်ပြသွားခဲ့သည်။ အဆိုပါဘာစီလိုနာနည်းပြဟောင်း၏ လက်ရှိစာချုပ်သက်တမ်းမှာ ယခုနှစ်ဘောလုံးရာသီပြီးဆုံးချိန်တွင် ကုန်ဆုံးမည်ဖြစ်သောကြောင့် ပရီးမီးယားလိဂ်အသင်းကြီးများမှ ခေါ်ယူရန်ဆက်သွယ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအပြောင်းအရွှေ့ကို ဟန့်တားနိုင်ရန်အတွက် ဘိုင်ယန်မြူးနစ်မှ တစ်နှစ်လုပ်ခ ပေါင် ၁၇ သန်းပေးချေ၍ သက်တမ်းတိုးဖွယ်ရှိကြောင်း သိရသည်။...
Read More
ဘွန်ဒက်စ်လီဂါ
ဖရန့်ဖတ်ရဲတပ်ဖွဲ့သည် ဂျာမန်ဘောလုံးအဖွဲ့ချုပ်(DFB) ရုံးချုပ်အား ၂၀၀၆ ကမ္ဘာ့ဖလားနှင့်ဆက်စပ်သည့် အခွန်တိမ်းရှောင်မှုများကြောင့် ၀င်ရောက်စီးနင်းခဲ့ကြောင်း သိရှိရသည်။ ဂျာမန်ဘောလုံးအဖွဲ့ချုပ် လက်ရှိဥက္ကဋ္ဌဖြစ်သူ ၀ုဖ်ဂန်းနှင့် ယခင်ဥက္ကဋ္ဌဟောင်းတို့၏ အိမ်များမှာလည်း ၀င်ရောက်ရှာဖွေခံခဲ့ရပြီး ထိုကဲ့သို့ စီးနင်းရှာဖွေမှုများမှာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲအား ဂျာမနီက အိမ်ရှင်အဖြစ်ကျင်းပခွင့်ရရန် မဲများဝယ်ယူရေးအတွက် ယူရို ၆.၇ သန်းရှိ လျှို့ဝှက်ရန်ပုံငွေ စုဆောင်းထားခဲ့မှုကြောင့်ဖြစ်ကြောင်း သိရှိရသည်။ ထိုစွပ်စွဲချက်ကို...
Read More
ဘွန်ဒက်စ်လီဂါ
ယခုဘောလုံးရာသီတွင် ဘွန်ဒက်စ်လီဂါ၌ ရာနှုန်းပြည့်နိုင်ပွဲရထားသည့် ဘိုင်ယန်မြူးနစ်မှာ ပွဲစဉ် ၁၁ အဖြစ်ကစားခဲ့သော ဖရန့်ဖတ်နှင့်ပွဲစဉ်တွင် ဂိုးမရှိသရေကျခဲ့သောကြောင့် နိုင်ပွဲဆက်စံချိန် ကျိုးပျက်သွားခဲ့ပြီဖြစ်သည်။ ထိုပွဲစဉ်တွင် ဘွန်ဒက်စ်လီဂါဂိုးသွင်းဘုရင်စာရင်းတွင် ၁၃ ဂိုးဖြင့် ထိပ်ဆုံး၌ ပူးတွဲရပ်တည်နေသည့် လီဝမ်ဒေါစကီးမှာ ၈၉ မိနစ်တွင် ဂိုးပေါက်ရှာတွေ့ခဲ့သော်လည်း လူကျွံအနေအထားမှ သွင်းယူခဲ့သည်ဟု သတ်မှတ်ခံခဲ့ရသည်။ ထို့အပြင် ဗီဒယ်လ်၏ခေါင်းတိုက်ချက်ကိုလည်း ဖရန့်ဖတ်ဂိုးသမား ကာကွယ်သွားနိုင်သဖြင့်...
Read More
ဘွန်ဒက်စ်လီဂါ
ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာမှာ ယခုဘောလုံးရာသီကုန်ဆုံးချိန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးနေကြောင်း သတင်းဌာနများက ဖော်ပြခဲ့သည်။ ဂွါဒီယိုလာသည် ယခုဘောလုံးရာသီတွင် ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက် ဘိုင်ယန်မြူးနစ်ကို ၁၀ ပွဲဆက် နိုင်ပွဲရရှိစေရန် စွမ်းဆောင်ပေးခဲ့ပြီး ဒုတိယနေရာမှ ဒေါ့မွန်ကို ၇ မှတ်ဖြတ်ထားနိုင်ခဲ့သည်။ ထို့အပြင် အဆိုပါစပိန်လူမျိုးနည်းပြသည် ဘိုင်ယန်မြူးနစ်ကို ၂ နှစ်အတွင်း ဘွန်ဒက်စ်လီဂါချန်ပီယံ ၂...
Read More
ဘွန်ဒက်စ်လီဂါ
ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်က အနာဂတ်တွင် စပိန်တွင်ကစားလိုသည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။ ထိုတိုက်စစ်မှူးမှာ ဒေါ့မွန်နည်းပြဟောင်း ယာဂင်ကလော့ပ်က လီဗာပူးကို တာဝန်ယူချိန်မှစပြီး အင်္ဂလန်သို့ပြောင်းရွှေ့လိမ့်မည်ဟု သတင်းများတွင်ဖော်ပြခံနေရသူဖြစ်သော်လည်း ၎င်းကမူ ပရီးမီယားလိဂ်ထက် လာလီဂါတွင်ကစားရန် ပိုမိုဆန္ဒရှိသည်ဟု ဆိုသည်။ “တစ်နေ့ကျရင် တခြားအမှတ်ပေးပြိုင်ပွဲတစ်ခုမှာ ကစားမယ်။ ကျွန်တော့်အိပ်မက်က စပိန်မှာ ကစားဖို့ပဲ။ လောလောဆယ်တော့ ဒေါ့မွန်အတွက် ရာခိုင်နှုန်းပြည့် အာရုံစိုက်ထားတယ်။ ဒါပေမဲ့...
Read More
ဘွန်ဒက်စ်လီဂါ
ရလဒ်ဆိုးများနှင့်ဆက်တိုက်ကြုံတွေ့နေရပြီး ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယား တန်းဆင်းဇုန်အတွင်းရောက်ရှိနေသော ဟော့ဖန်ဟိန်းအသင်းမှာ နည်းပြမားကပ်စ်ဂစ်ဒေါလ်ကို ရာထူးမှထုတ်ပယ်၍ စတုဂတ်နည်းပြဟောင်း ဟတ်စတီဗင်ကို ခန့်အပ်လိုက်သည်ဟု တရားဝင်ထုတ်ပြန်ခဲ့သည်။ အသက် ၆၁ နှစ်ရှိ အဆိုပါဟော်လန်လူမျိုးနည်းပြနှင့် ဟော့ဖန်ဟိန်းအသင်းမှာ ယခုဘောလုံးရာသီကုန်ဆုံးချိန်အထိရှိနေမည့် စာချုပ်ချုပ်ဆိုခဲ့ကြောင်းသိရှိရသည်။ ဟော့ဖန်ဟိန်းအသင်းမှာ ယခုဘောလုံးရာသီတွင် ဘွန်ဒက်စ်လီဂါ၌ ၁၀ ပွဲကစားခဲ့ရာတွင် ရမှတ် ၆ မှတ်သာပိုင်ဆိုင်ခဲ့ပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် အိမ်ကွင်းပွဲတွင် ဟမ်းဘတ်အသင်းကို...
Read More
ဘွန်ဒက်စ်လီဂါ
ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒက်စ်လီဂါနိုင်ပွဲ ၁၀၀၀ ပြည့်မြောက်သည့်အထိမ်းအမှတ်အဖြစ် ပရိသတ်များကို ဘီယာအခမဲ့တိုက်မည်ဟု ကြေညာခဲ့သည်။ ဘိုင်ယန်မြူးနစ်သည် ယမန်နေ့က ကစားခဲ့သည့်ပွဲစဉ်တွင် ကိုလုံးကို ၄ ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ဘီယာအခမဲ့တိုက်မည်ဟူသော စာတန်းကို ဧရာမရုပ်သံမျက်နှာပြင်တွင် ဖော်ပြခဲ့သည်။ ယခုနိုင်ပွဲကြောင့် ဘိုင်ယန်မြူးနစ်သည် ဒုတိယနေရာမှ ဒေါ့မွန်ကို ၇ မှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဆက်လက်သိမ်းပိုက်ထားနိုင်ခဲ့သည်။ ဘိုင်ယန်မြူးနစ်သည် သက်သာသော အိမ်ကွင်းလက်မှတ်ခနှင့်...
Read More