ဘွန်ဒက်စ်လီဂါ

နည်းပြဟောင်းကလော့ပ်နှင့်ရင်ဆိုင်ရန် ကြောက်ရွံ့နေမည်မဟုတ်ဟု ဒေါ့မွန်နည်းပြပြောကြား

ဒေါ့မွန်နည်းပြတူချယ်က လာမည့်ယူရိုပါလိဂ် ၃၂ သင်းရှုံးထွက်အဆင့်တွင် နည်းပြဟောင်းကလော့ပ်၏ လီဗာပူးအသင်းနှင့်တွေ့ဆုံခဲ့မည်ဆိုပါက ကြောက်ရွံ့နေမည်မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း ထိပ်တိုက်မတွေ့ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ လီဗာပူးမှာ ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဆီယွန်ကို ဂိုးမရှိသရေရလဒ်သာကစားနိုင်ခဲ့သော်လည်း ရမှတ် ၁၀ မှတ်ဖြင့် ရှုံးပွဲမရှိကစားကာ အုပ်စုပထမအဖြစ် နောက်တစ်ဆင့်တက်ရောက်ခဲ့ပြီး ဒေါ့မွန်မှာ ဂရိကလပ် PAOK ကိုအရေးနိမ့်ခဲ့သောကြောင့် ဒုတိယနေရာဖြင့် ၃၂ သင်းအဆင့်သို့...
Read More

ဘိုတန်ကို ရှော်လ်ကေးမှ စာချုပ်ဖျက်သိမ်းကာ ထွက်ခွာခွင့်ပေး

ဂျာမန်ကလပ်ရှော်လ်ကေးသည် ကစားသမားကီဗင်ပရင့်စ်ဘိုတန်အား စာချုပ်ဖျက်သိမ်းကာ အသင်းမှထွက်ခွာခွင့်ပေးလိုက်သည့်အတွက် ၎င်းကစားသမားသည် အေစီမီလန်နှင့် လက်မှတ်ရေးထိုးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။ ဂါနာလက်ရွေးစင်ဘိုတန်သည် အေစီမီလန်နှင့် လေ့ကျင့်ခန်းဆင်းနေသည်မှာ လအနည်းငယ်ကြာပြီဖြစ်ပြီး ခြေစမ်းပွဲများတွင်လည်း ပါဝင်ကစားလျက်ရှိသည်။ ထိုကစားသမားသည် အေစီမီလန်သို့ပြောင်းရွှေ့ရန်အတွက် ရှော်လ်ကေးက အငှားချထားမှု သို့မဟုတ် ၂ ဖက် စာချုပ်ဖျက်သိမ်းမှုလိုအပ်ခဲ့ပြီး ယခုအချိန်တွင် စာချုပ်ဖျက်သိမ်းလိုက်ကြောင်း ရှော်လ်ကေးဘက်မှ ကြေညာခဲ့ခြင်းဖြစ်သည်။ အေစီမီလန်နှင့် စာချုပ်ချုပ်ဆိုနိုင်တော့မည့်...
Read More

ပင်နယ်တီအမှတ်အသား ဖျက်ဆီးမှုအတွက် အော့စ်ဘတ်ဂိုးသမား ပြင်ဆင်ခတောင်းခံရ

အော့စ်ဘတ်ဂိုးသမား မာဝင်ဟစ်ဇ်မှာ ပြီးခဲ့သည့် စနေနေ့ဘွန်ဒက်စ်လီဂါပွဲစဉ်တွင် ကိုလုံးအသင်းအိမ်ကွင်းမှ ပင်နယ်တီအမှတ်အသားကို ပျက်စီးစေခဲ့သည့်အတွက် ပြင်ဆင်ခ ယူရို ၁၂၂.၉၂ တောင်းခံလွှာ လက်ခံရရှိခဲ့ကြောင်း သိရှိရသည်။ ထိုဂိုးသမားသည် အိမ်ရှင်အသင်းက ပင်နယ်တီကန်ခွင့်ရချိန်တွင် ပင်နယ်တီအမှတ်အသားကို ခြေထောက်ဖြင့် ခြေမွဖျက်ဆီးခဲ့ပြီး ထိုပင်နယ်တီအား ပြိုင်ဘက်ကစားသမား မိုဒက်စ်တီကန်ချိန်တွင် ခြေချော်သွားကာ မာဝင်ဟစ်ဇ်ကလည်း ဂိုးမ၀င်အောင် ကာကွယ်နိုင်ခဲ့သည်။ ဟစ်ဇ်မှာ ၎င်း၏အပြုအမူအတွက်...
Read More

မန်ယူပစ်မှတ်ဟမ်မဲလ် ပွဲထွက်ခွင့်ရရန်ရုန်းကန်နေရ

မန်ယူကပစ်မှတ်ထားနေသော နောက်ခံလူဟမ်မဲလ်မှာ ဒေါ့မွန်တွင် ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်နေရသည်ဟု ဂျာမန်သတင်းစာ Bild မှ ဖော်ပြသွားခဲ့သည်။ အဆိုပါဒေါ့မွန်အသင်းခေါင်းဆောင်သည် ပြီးခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲစဉ်အဖြစ် ၀ုဖ်ဘတ်နှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲကို အဖျားဝေဒနာကြောင့်လွဲချော်ခဲ့ရပြီး စတုဂတ်နှင့်ပွဲတွင်လည်း အရန်ကစားသမားအဖြစ်သာပါဝင်ခဲ့ရသည်။ နောက်ခံလူဟမ်မဲလ်မပါဝင်နိုင်သည့်ပွဲများတွင် ကွင်းလယ်လူဘန်ဒါက ဗဟိုခံစစ်နေရာတွင်ခြေစွမ်းပြနိုင်ခဲ့သောကြောင့် ယခုအချိန်၌ ပုံမှန်ပွဲထွက်ခွင့်ရရန်ရုန်းကန်နေရခြင်းဖြစ်သည်။ အသက် ၂၆ နှစ်ရှိ အဆိုပါခံစစ်မှူးသည် နည်းပြကလော့ပ်လက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သော်လည်း ယခုနည်းပြသစ်တူချယ်လက်ထက်၌...
Read More

မန်ယူနှင့်ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ်ပွဲတွင် ဂတ်စ်တာဗို ပါဝင်ရန်မသေချာ

ဝုဖ်ဘတ်ကွင်းလယ်လူဂတ်စ်တာဗိုမှာ မန်ယူနှင့်ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်ကို ဒူးဒဏ်ရာကြောင့် ကြံ့ခိုင်မှုမပြည့်ဝသဖြင့် ပါဝင်ကစားရန် မသေချာကြောင်း သိရှိရသည်။ အဆိုပါဘိုင်ယန်မြူးနစ်ကစားသမားဟောင်း၏ ဒဏ်ရာပြဿနာနှင့်ပတ်သက်၍ ၀ုဖ်ဘတ်အားကစားဒါရိုက်တာ အောလော့ဖ်က အပြည့်အ၀ကြံ့ခိုင်မှုမရှိသေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ၀ုဖ်ဘတ်နည်းပြဟက်ကင်းက အဆိုပါဘရာဇီးကစားသမားကို မန်ယူနှင့်ပွဲတွင်ထည့်သွင်းရန်စီစဉ်ခဲ့သော်လည်း အားကစားဒါရိုက်တာ အောလော့ဖ်က ဒဏ်ရာအခြေအနေဆိုးရွားမှုမရှိစေရေးအတွက် ချန်လှပ်ရန် ပြောကြားထားသည်။ ဂတ်စ်တာဗိုသည် ပြီးခဲ့သည့်ဇွန်လတွင် အဆိုပါဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် ကြံ့ခိုင်မှုအပြည့်အ၀ရရှိရန်အတွက် ရုန်းကန်နေရသူဖြစ်သည်။...
Read More

လေ့ကျင့်ခန်းပြန်ဆင်းနိုင်တော့မည်ဟု အယ်လ်ကန်တာရာ ပြောကြား

နိုင်ငံတကာပွဲစဉ်ရက်သတ္တပတ်တွင် အင်္ဂလန်အသင်းနှင့်ခြေစမ်းပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့သော စပိန်လက်ရွေးစင်ကွင်းလယ်လူ သီယာဂိုအယ်လ်ကန်တာရာမှာ ဒဏ်ရာရရှိခဲ့ပြီးနောက် ၃ ပတ် သို့မဟုတ် ၄ ပတ်ခန့်အထိ အနားယူရမည်ဟု ဘိုင်ယန်မြူးနစ်က ထုတ်ပြန်ခဲ့သည်။ ယခုအချိန်တွင် အယ်လ်ကန်တာရာ၏ ဒဏ်ရာမှာ ပြန်လည်သက်သာလာသဖြင့် လာမည့်တစ်ပတ်တွင်ပြုလုပ်မည့် ဘိုင်ယန်မြူးနစ်လေ့ကျင့်ခန်းအစီအစဉ်၌ ပါဝင်နိုင်ရန်မျှော်လင့်ထားကြောင်း အဆိုပါကစားသမားက ဖွင့်ဟခဲ့သည်။ ကွင်းလယ်လူအယ်လ်ကန်တာရာသည် ဒဏ်ရာပြဿနာများကြောင့် လပေါင်းများစွာ အနားယူခဲ့ဖူးသူဖြစ်ပြီး ယခုဒဏ်ရာမှာ...
Read More

ဘာစီလိုနာ၊ ချဲလ်ဆီးတို့နှင့်အပြိုင် အူဘာမီယန်ကိုခေါ်ယူရန် မန်ယူကြိုးပမ်းမည်ဟုသတင်းထွက်ပေါ်

လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာ၊ ချဲလ်ဆီး၊ အာဆင်နယ်တို့မှ ခေါ်ယူရန်စိတ်ဝင်စားလျက်ရှိသော ဒေါ့မွန်တိုက်စစ်မှူးအူဘာမီယန်ကို မန်ယူအသင်းကလည်း ခေါ်ယူရန်ကြိုးပမ်းလိမ့်မည်ဖြစ်ကြောင်း ဗြိတိန်နေ့စဉ်ထုတ်သတင်းစာ Mirror ၏ဖော်ပြချက်အရသိရသည်။ အူဘာမီယန်သည် ယခုနှစ်ဘောလုံးရာသီတွင် ဒေါ့မွန်အသင်းအတွက် ၁၈ ပွဲကစားခဲ့ရာတွင် ၂၂ ဂိုးသွင်းယူပေးနိုင်ခဲ့သောကြောင့်နည်းပြဗန်ဟားလ်က မန်ယူတိုက်စစ်နေရာဖြည့်တင်းရန် ခေါ်ယူလိုနေခြင်းဖြစ်သည်။ အသက်၂၆ နှစ်ရှိအဆိုပါ ဂါဘွန်လက်ရွေးစင်ကစားသမား၏ ပြောင်းရွှေ့ကြေးမှာ ပေါင် ၄၂ သန်းခန့်ကြောင်းသိရပြီးလက်ရှိစာချုပ်သက်တမ်းမှာ ၂၀၂၀...
Read More

ဘိုင်ယန်မြူးနစ်တွင်ဆက်ရှိနိုင်သည်ဟု ဂွါဒီယိုလာ အရိပ်အမြွက်ပြောကြား

မန်စီးတီးမှ ခေါ်ယူရန်စိတ်ဝင်စားနေသော နည်းပြဂွါဒီယိုလာက ဘိုင်ယန်မြူးနစ်တွင် ဆက်ရှိနေနိုင်သည်ဟုအရိပ်အမြွက်ပြောကြားလိုက်သည်။ စပိန်လူမျိုးနည်းပြဂွါဒီယိုလာက ”ဒီမြို့က စွဲမက်စရာကောင်းတဲ့မြို့ပါ။ ဒီမှာနေရာတာ ကျွန်တော်နဲ့ မိသားစုအတွက်အရမ်းစိတ်ကျေနပ်စရာကောင်းပါတယ်။ ဒီအချက်က ဘိုင်ယန်မြူးနစ်မှာ ဆက်ရှိဖို့အဓိက အကြောင်းအရင်းပါပဲ။ ဒီဇင်ဘာ၁၂ ရက်နေ့မှာကစားမယ့် ဟန်နိုဗာနဲ့ပွဲပြီးရင် ကျွန်တော်နဲ့ဘိုင်ယန်မြူးနစ်တို့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုချဖို့ ပြောကြားသွားမှာပါ” ဟု ပြောကြားခဲ့သည်။ ဘိုင်ယန်မြူးနစ်အမှုဆောင်အရာရှိချုပ်ရူမင်နစ်ဂီက အကယ်၍ အသင်းမှဂွါဒီယိုလာထွက်ခွာမည်ဆိုပါက ၎င်း၏နေရာတွင်အစားထိုးရန်အခက်အခဲမရှိကြောင်း ပြီးခဲ့သည့်တစ်ပတ်က...
Read More

လီဝမ်ဒေါစကီးအား ဂင်းနစ်စံချိန်အဖွဲ့က ဂုဏ်ပြု

ဘွန်ဒက်စ်လီဂါပွဲစဉ်တစ်ခုအတွင်း ၅ ဂိုးသွင်းယူပြီး စံချိန် ၄ ခုတင်နိုင်ခဲ့သည့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝမ်ဒေါစကီးအား ဂင်းနစ်စံချိန်အဖွဲ့က တရားဝင်ဂုဏ်ပြုပွဲကို ယမန်နေ့က ပြုလုပ်ခဲ့သည်။ လီဝမ်ဒေါစကီးမှာ ၀ုဖ်ဘတ်ကို ၅-၁ ဖြင့်အနိုင်ရခဲ့သည့်ပွဲစဉ်တွင် လူစားဝင်လာပြီး သွင်းဂိုး ၅ ဂိုးကို ၈ မိနစ် ၅၉ စက္ကန့်ဖြင့် ရယူပေးခဲ့သူဖြစ်ကာ ၃ မိနစ် ၂၂...
Read More

ပရီးမီးယားလိဂ်သို့လာခဲ့ပါက ဂွါဒီယိုလာ မန်ယူအသင်းနည်းပြဖြစ်လာဖွယ်ရှိကြောင်း Daily Mail သတင်းစာဖော်ပြ

ဘိုင်ယန်မြူးနစ် အသင်းနှင့်လာမည့်နွေရာသီတွင် စာချူပ်သက်တမ်း ကုန်ဆုံး တော့မည်ဖြစ်သောနည်းပြဂွါဒီယိုလာသည် ပရီးမီးယားလိဂ်တွင်နည်းပြရန်ဆုံးဖြတ်ခဲ့ပါကာ  မန်ယူအသင်းကိုသာနည်းပြဖွယ်ရှိနေကြောင်း ယင်းနည်းပြနှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းမှ ထွက်ပေါ်လာ သောသတင်းများအား အင်္ဂလန်နေ့စဉ်ထုတ်သတင်းစာ Daily Mail ကဖော်ပြခဲ့သည်။ ဘိုင်ယန်မြူးနစ်အနေဖြင့် စာချုပ်သက်တမ်းအနည်းငယ်သာကျန်တော့သည့် နည်းပြဂွါဒီယိုလာအား သက်တမ်းတိုးလိုနေပြီး ပြီးခဲ့သည့်ရက်သတ္တပတ်က ဘိုင်ယန်မြူးနစ်အထွေထွေအစည်းအဝေးတွင် အထွေထွေအမှုဆောင်ချုပ် ကားလ်ရူမင်နစ်ဂီက ဂွါဒီယိုလာနေရာအခြားနည်းပြနှင့် အစားထိုးရန်မှာ ခက်ခဲမည်ဖြစ်ကြောင်းသိရသည်။ မန်စီးတီးအသင်းသည် ဘာစီလိုနာတွင်...
Read More
error: Content is protected !!