ဘွန်ဒက်စ်လီဂါ
ပရီးမီးယားလိဂ်
မန်ယူနည်းပြ လူးဝစ်ဗန်ဟားလ်က ပရီးမီးယားလိဂ်တွင် နည်းပြတာဝန်ယူလိုသည့် ဂွါဒီယိုလာ၏ဆန္ဒကို မအံ့သြမိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာသည် ထိုအသင်းကို ၃ ရာသီကြာကိုင်တွယ်ခဲ့ပြီးနောက် ယခုရာသီအကုန်တွင် ထွက်ခွာတော့မည်ဟု ကြေညာထားကာ မန်ချက်စတာကလပ်များအပါအ၀င် ချဲလ်ဆီး၊ အာဆင်နယ်တို့၏ စိတ်ဝင်စားမှုခံနေရသူဖြစ်သည်။ “သူ့မှာ အဲဒီရည်မှန်းချက်ရှိတယ်။ သူက အင်္ဂလိပ်ယဉ်ကျေးမှုနဲ့ ပရီးမီးယားလိဂ်အရသာကို မြည်းစမ်းချင်နေတယ်။ သူအဲဒီလိုဖြစ်ချင်နေတာ ကောင်းပါတယ်။ ကျွန်တော်ကတော့...
Read More
ကမ္ဘာ့သတင်း
ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်သည် အာဖရိကဘောလုံးအဖွဲ့ချုပ်၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို အိုင်ဗရီကို့စ်ကစားသမားယာယာတိုရေးအား အမှတ်အနည်းငယ်အသာဖြင့် ရရှိသွားခဲ့ကြောင်း သိရှိရသည်။ အာဖရိကဘောလုံးအဖွဲ့ချုပ်ဝင်နိုင်ငံများမှ နည်းပြများ၊ နည်းစနစ်ဒါရိုက်တာများက မဲပေးမှုအရ အူဘာမီယန်မှာ ၁၄၃ မှတ်၊ မန်စီးတီးကွင်းလယ်လူ ယာယာတိုရေးက ၁၃၆ မှတ် ရရှိခဲ့ကြပြီး အသက် ၂၆ နှစ်အရွယ် အူဘာမီယန်မှာ ထိုဆုရရှိသည့် ပထမဆုံးဂါဘွန်ကစားသမားဖြစ်လာခဲ့ပြီး ဂါနာနှင့် ဆွမ်ဆီးကွင်းလယ်လူ...
Read More
ဘွန်ဒက်စ်လီဂါ
ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာသည် ၎င်းပြောင်းရွှေ့မည့်အသင်းအား ရွေးချယ်ထားပြီးဖြစ်ကြောင့် ဘိုင်ယန်မြူးနစ်အမှုဆောင်ချုပ် ရူမင်နစ်ဂီက ပြောကြားလိုက်သည်။ ယခုရာသီအကုန်တွင် ဘိုင်ယန်မြူးနစ်မှ ထွက်ခွာတော့မည်ဟု တနင်္ဂနွေနေ့က အတည်ပြုခဲ့သော ဂွါဒီယိုလာမှာ မန်စီးတီး၊ မန်ယူ၊ ချဲလ်ဆီးနှင့် အာဆင်နယ်တို့၏ ဆက်သွယ်မှုခံနေရပြီး ဂွါဒီယိုလာ၏အနာဂတ်နှင့်ပတ်သက်၍ ရူမင်နစ်ဂီက”သူဘယ်သွားမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ အဲဒီကြေညာချက်ကို သူနဲ့ သူ့အသင်းသစ်က ထုတ်ပြန်မှာဖြစ်လို့ ကျွန်တော်မပြောတော့ပါဘူး။ လွန်ခဲ့တဲ့...
Read More
ဘွန်ဒက်စ်လီဂါ
ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား ရီဘာရီသည်သည် ဒဏ်ရာပြဿနာကြောင့် နောက်ထပ် ၂ လခန့်အနားယူရမည်ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၉ လခန့်အနားယူရာမှ ပြန်လည်သက်သာလာသည့်ရီဘာရီသည် ယခုရာသီတွင် ၂ ပွဲသာကစားနိုင်ခဲ့ပြီး ဒိုင်နမိုဇာဂရက်နှင့် ချန်ပီယံလိဂ်ပွဲစဉ်၌ ကြွက်သားဒဏ်ရာထပ်မံရရှိခဲ့ခြင်းဖြစ်သည်။ ဂျာမန်မဂ္ဂဇင်း Kicker ၏ဖော်ပြချက်အရ အဆိုပါပြင်သစ်လက်ရွေးစင်ကစားသမားသည် ၈ ပတ်ခန့်အနားယူရမည်ဖြစ်ပြီး ဆောင်းရာသီအားလပ်ရက်အပြီး ပြန်လည်ယှဉ်ပြိုင်မည့် ဟမ်းဘတ်နှင့် ပွဲစဉ်ကိုလွဲချော်မည်ဖြစ်သည်။...
Read More
ဘွန်ဒက်စ်လီဂါ
နည်းပြဂွါဒီယိုလာသည် ဘိုင်ယန်မြူးနစ်နှင့်စာချုပ်သစ်ချုပ်ဆိုမည့်ကိစ္စကို လာမည့်ခရစ္စမတ်နေ့မတိုင်မီ တရားဝင်ပြောကြားမည်ဟု ယမန်နေ့ကကြေညာခဲ့ပြီးနောက် ယနေ့တွင် ဂျာမန်မဂ္ဂဇင်း Sport Bild မှ အဆိုပါနည်းပြမှာ အသင်းအမှုဆောင်အရာရှိချုပ်ရူမင်နစ်ဂီထံသို့ စာချုပ်သစ်ချုပ်ဆိုမည်မဟုတ်ကြောင်း အကြောင်းကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။ ယခုသတင်းမှာ ဂွါဒီယိုလာကိုခေါ်ယူလိုသည့် ဥရောပထိပ်သီးကလပ်များအတွက် ခြေလှမ်းပြင်စရာဖြစ်လာခဲ့ပြီး ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းသို့ရောက်ရှိရန်နီးစပ်နေကြောင်းနှင့် မန်ယူနည်းပြဟောင်းဖာဂူဆန်ကလည်း ၎င်းကို မန်ယူသို့ပြောင်းရွှေ့ရန်ပြောကြားခဲ့ဖူးသဖြင့် မန်ယူသို့ရောက်ရှိဖွယ်ရှိကြောင်း သိရသည်။ နည်းပြဂွါဒီယိုလာသည် ဘိုင်ယန်မြူးနစ်အတွက်...
Read More
ပရီးမီးယားလိဂ်
ပရီးမီးယားလိဂ်၌ တိုက်စစ်ပြဿနာကြုံတွေ့နေရသော မန်ယူအသင်း၏ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သည့် ဟာနန်ဒက်ဇ်က ဗန်ဟားလ်သည် မိမိအား ပွဲကစားခွင့်ပေးရန် ဆန္ဒမရှိခဲ့ကြောင်း စပိန်တီဗီအစီအစဉ်တစ်ခု၌ ထုတ်ဖော်ပြောဆိုခဲ့သည်။ မန်ယူမှထွက်ခွာခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဟာနန်ဒက်ဇ်က “ကျွန်တော်က အိုးထရက်ဖို့ဒ်ကနေထွက်ခွာဖို့ ဆန္ဒမရှိခဲ့ပါဘူး။ ဒါပေမဲ့ မန်ယူမှာ လုံလောက်တဲ့ပွဲထွက်ခွင့်လိုချင်ပါတယ်။ ဗန်ဟားလ်က အသင်းမှာ တိုက်စစ်မှူးတွေအလုံအလောက်ရှိနေပြီမို့ ကျွန်တော်မန်ယူမှာဆက်နေမယ်ဆိုရင် ပွဲထွက်ခွင့်ခက်ခဲမှာဖြစ်ပြီး အခွင့်အရေးတစ်ခုခုရရင် အသင်းပြောင်းရွှေ့သင့်တဲ့အကြောင်း ပြောခဲ့ပါတယ်။...
Read More
ပရီးမီးယားလိဂ်
ဘာစီလိုနာမှထွက်ခွာရန်ဆုံးဖြတ်ပြီးနောက် မိမိအား နိုင်ငံအသင်းဖော်တစ်ဦးဖြစ်သည့် ဒီဂီယာက မန်ယူအသင်းသို့ပြောင်းရွှေ့တိုက်တွန်းခဲ့သော်လည်း ဘိုင်ယန်မြူးနစ်သို့ပြောင်းရွှေ့ရန်မတုံ့ဆိုင်းခဲ့ကြောင်း စပိန်လူငယ်ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်သည့် အယ်လ်ကန်တာရာက ဖွင့်ဟပြောဆိုခဲ့သည်။ အယ်လ်ကန်တာရာသည် ဘာစီလိုနာမှ ဘိုင်ယန်မြူးနစ်သို့ ပေါင် ၂၅ သန်းဖြင့် ၂၀၁၃ ခုနှစ်ကပြောင်းရွှေ့ခဲ့ပြီး ထိုစဉ်က မန်ယူအသင်းကို ကိုင်တွယ်ခဲ့သည့် နည်းပြမိုယက်စ်ခေါ်ယူလိုခဲ့သော လူငယ်ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သည်။ Daily Mail သတင်းစာနှင့်တွေ့ဆုံရာတွင် အယ်လ်ကန်တာရာက “အဲဒီအချိန်တုန်းက မန်ယူကနေ...
Read More
ဘွန်ဒက်စ်လီဂါ
ဘိုင်ယန်မြူးနစ်နည်းပြဂွါဒီယိုလာက လာမည့် ဒီဇင်ဘာ ၂၅ ရက်၊ ခရစ္စမတ်နေ့ မတိုင်မီ စာချုပ်သစ်ချုပ်ဆိုမည်၊ မချုပ်ဆိုမည်ကို တရားဝင်ကြေညာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌရူမင်နစ်ဂီက အသက် ၄၄ နှစ်ရှိ အဆိုပါနည်းပြကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပြီး အသင်းခေါင်းဆောင်ဖီးလစ်လမ်းနှင့် ကွင်းလယ်လူ အလွန်ဆိုတို့ကလည်း နည်းပြဂွါဒီယိုလာကို ဆက်ရှိစေလိုသည်ဟု ပြောကြားခဲ့သည်။ ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့သော ပိုကယ်ဖလားပြိုင်ပွဲတွင်...
Read More
ဘွန်ဒက်စ်လီဂါ
လေဗာကူဆင်တိုက်စစ်မှူးကစ်လင်းက ပြီးခဲ့သည့်ဘွန်ဒက်စ်လီဂါပွဲစဉ် ၁၆ အဖြစ် ဂလာဘတ်နှင့်ကစားခဲ့သောပွဲမှာ အသင်းအတွက် ကစားပေးသည့် နောက်ဆုံးပွဲဖြစ်နိုင်ကြောင်း ပြောကြားလိုက်သည်။ ထို့ကြောင့် လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် လီဗာပူးသို့ လေဗာကူဆင်တိုက်စစ်မှူး ကစ်လင်းရောက်ရှိနိုင်သည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။ လေဗာကူဆင်တိုက်စစ်မှူးကီစလင်းက ”၁၀ နှစ်နီးပါးကစားခဲ့တဲ့ ဒီအသင်းကို ကျွန်တော်မြတ်နိုးသလို ဒီမှာနေရတာပျော်တာကို လူတိုင်းသိပါတယ်။ ကျွန်တော်နဲ့ ပရိသတ်တွေကြားမှာ ခင်တွယ်စရာကောင်းတဲ့ ဆက်ဆံရေးရှိသလို အသင်းနဲ့လည်း...
Read More
ဘွန်ဒက်စ်လီဂါ
ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၉ လခန့်အနားယူခဲ့ရသည့် ဘိုင်ယန်မြူးနစ်ကစားသမား ရီဘာရီသည် ဗုဒ္ဓဟူးနေ့ကယှဉ်ပြိုင်ခဲ့သည့် ဒိုင်နမိုဇာဂရက်နှင့်ပွဲစဉ်တွင် ၄၅ မိနစ်ခန့်ကစားပြီးနောက် ကြွက်သားဒဏ်ရာထပ်မံရရှိခဲ့ကြောင်းသိရသည်။ ရီဘာရီသည် ယခင်အပတ်စနေ့နေ့က ယှဉ်ပြိုင်ခဲ့သည့် မိုချန်ဂလာဘတ်နှင့်ပွဲစဉ်တွင် လူစားဝင်ကစားသမားအဖြစ် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ယခုဒဏ်ရာကြောင့် ဘိုင်ယန်မြူးနစ်အတွက် ဆောင်းရာသီအားလပ်ရက်မရောက်မီ ယှဉ်ပြိုင်ရမည့်ပွဲစဉ် ၃ ပွဲလုံး လွဲချော်မည်ဖြစ်သည်။ ဒိုင်နမိုဇာဂရက်နှင့်ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်နောက်ခံလူ ဘီနက်တီယာလည်းအလားတူဒဏ်ရာရခဲ့သောကြောင့် ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာက”အရေးပါတဲ့ကစားသမား...
Read More