ဘွန်ဒက်စ်လီဂါ

ဂွါဒီယိုလာနှင့် ဘိုင်ယန်မြူးနစ်ဆေးအဖွဲ့ ပြဿနာဖြစ်ပွားခဲ့

ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာက အသင်းတွင်းအချင်းများခဲ့မှုအကြောင်း အသေးစိတ်ဖွင့်ဟခဲ့ပြီးနောက် ဂျာမနီ၏အအောင်မြင်ဆုံးကလပ်အား အတွင်းသူလျှိုက ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဂျာမန်သတင်းစာ Bild က ဂွါဒီယိုလာမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် အက်သလက်တီကိုအား အရေးနိမ့်ခဲ့ပြီးနောက် အသင်းဆေးအဖွဲ့ကို ကစားသမားများဒဏ်ရာရပြီးနောက် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝအောင်ဆောင်ရွက်ပေးရန် အချိန်ဆွဲလွန်းသည်ဟု ဒေါသတကြီးစွပ်စွဲခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ သောကြာနေ့ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဂွါဒီယိုလာက”အများအားဖြင့်တော့ အသင်းတွင်းဖြစ်တဲ့ကိစ္စက အသင်းတွင်းမှာပဲ ထားရမှာပါ။ ဒါပေမဲ့...
Read More

ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့လိုသည်ဟု ဟမ်မဲလ် ဖွင့်ဟထားကြောင်း ဒေါ့မွန်အတည်ပြု

ဒေါ့မွန်အသင်းခေါင်းဆောင် မတ်စ်ဟမ်မဲလ်သည် လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာ၍ ဘွန်ဒက်စ်လီဂါပြိုင်ဘက် ဘိုင်ယန်မြူးနစ်သို့ပြောင်းရွှေ့မည်ဟု ဖွင့်ဟခဲ့ကြောင်း အသင်းကအတည်ပြုသွားခဲ့သည်။ အသက် ၂၇ နှစ်အရွယ်ဟမ်မဲလ်သည် ဒေါ့မွန်တွင် ၈ နှစ်ကစားထားပြီး စာချုပ်သက်တမ်း ၁ နှစ်ကျန်ရှိနေသော်လည်း ၎င်း၏အသင်းဟောင်း ဘိုင်ယန်မြူးနစ်တွင် ပြန်လည်ခြေချရန် ဆန္ဒရှိနေခြင်းဖြစ်သည်။ ဘိုင်ယန်မြူးနစ်မှ သင့်တော်သော ကမ်းလှမ်းမှုပြုလုပ်ခဲ့လျှင် ဟမ်မဲလ်ကိုအသင်းပြောင်းခွင့်ပြုမည်ဖြစ်ကြောင်း ဒေါ့မွန်အသင်းဝက်ဘ်ဆိုက်၌ တရားဝင်ထုတ်ပြန်ခဲ့ကာ အဆိုပါ...
Read More

ဟာသာဘာလင်ကို အနိုင်ယူကာ ၄ နှစ်ဆက်ချန်ပီယံဖြစ်ရန် ဘိုင်ယန်မြူးနစ်နီးစပ်

ယနေ့ညတွင်ကစားမည့် ဟာသာဘာလင်နှင့်ပွဲစဉ်တွင် အနိုင်ရခဲ့လျှင် ဘိုင်ယန်မြူးနစ်သည် ၄ နှစ်ဆက် ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ရန် အခွင့်အရေးရရှိမည်ဖြစ်သည်။ သို့သော် ပွဲချိန်တူကစားမည့် ဒုတိယနေရာမှဒေါ့မွန်နှင့် စတုဂတ်တို့ပွဲစဉ်တွင် ဒေါ့မွန်အသင်းရှုံးနိမ့်ကာ ဘိုင်ယန်မြူးနစ်က ဟာသာဘာလင်ကိုအနိုင်ရမှသာ ဆုဖလားကိုဆွတ်ခူးနိုင်မည်လည်းဖြစ်သည်။ အကယ်၍ ဘိုင်ယန်မြူးနစ်သည် ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်လာခဲ့လျှင် လာမည့်နွေရာသီတွင် မန်စီးတီးသို့ပြောင်းရွှေ့မည့် နည်းပြဂွါဒီယိုလာမှာ ၎င်းတာဝန်ယူကိုင်တွယ်သော ၃ နှစ်စလုံး အမှတ်ပေးဖလားဆွတ်ခူးနိုင်သည့် နည်းပြတစ်ဦြး ဖစ်လာမည်ဖြစ်သည်။...
Read More

ဘွန်ဒက်စ်လီဂါမှာ ရင်ခုန်စရာပိုဖြစ်လာဟု ဂွါဒီယိုလာသုံးသပ်

ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာက အမှတ်ပေးဇယားကိုဦးဆောင်နေသည့် မိမိတို့အသင်း အံ့အားသင့်ဖွယ်အရှုံးကြုံခဲ့ပြီးနောက် ပရိသတ်များတောင့်တသည့်အတိုင်း ဘွန်ဒက်စ်လီဂါဘောလုံးရာသီမှာ ပိုမိုစိတ်လှုပ်ရှားစရာဖြစ်လာသည်ဟု သုံးသပ်လိုက်သည်။ ဘိုင်ယန်မြူးနစ်မှာ ဇန်န၀ါရီ ၂၂ ရက်နေ့က အမှတ်ပေးဇယားတွင် ဒုတိယနေရာမှ ဒေါ့မွန်အား ၁၁ မှတ်ဖြတ်ထားနိုင်ခဲ့သော်လည်း ယနေ့ပွဲတွင် ဒေါ့မွန်ကို အရေးနိမ့်ခဲ့ပါက ၂ မှတ်အသာဖြင့်သာ ဦးဆောင်နိုင်တော့မည်ဖြစ်သည်။ “အားလုံးက ဘွန်ဒက်စ်လီဂါမှာ ပြိုင်ဆိုင်မှုပြင်းထန်တာ ပိုလိုချင်ကြတယ်။...
Read More

လေဗာကူဆင်နည်းပြကြောင့် ဒေါ့မွန်နှင့်ပွဲတွင် ကွင်းလယ်ဒိုင်က ၈ မိနစ်ကြာ ပွဲရပ်နား

ယမန်နေ့ညက ကစားခဲ့သည့် လေဗာကူဆင်အား ဒေါ့မွန်က ၁-၀ ဖြင့်အနိုင်ရခဲ့သောပွဲစဉ်တွင် ကွင်းလယ်ဒိုင် ဖီးလစ်ဝါယာမှာ အနိုင်ဂိုးနှင့်ပတ်သက်ပြီး လေဗာကူဆင်နည်းပြ ရှမစ်က စောဒကတက်မှုကြောင့် ထိုပွဲအား ၈ မိနစ်ကြာ ရပ်နားခဲ့ကြောင်း သိရှိရသည်။ ထိုပွဲစဉ်တွင် ဒေါ့မွန်က အာဘူမီယန်သွင်းယူခဲ့သော အနိုင်ဂိုးမှာ ဒေါ့မွန်ကွင်းဘက်ခြမ်းတွင်ရရှိသော ပြစ်ဒဏ်ဘောမှတစ်ဆင့်ရရှိခဲ့ခြင်းဖြစ်ကာ ထိုပြစ်ဒဏ်ဘောကို အမှန်တကယ်ပြစ်ဒဏ်ကျူးလွန်ခဲ့သောနေရာမှ စတင်ကန်ခဲ့ခြင်းမဟုတ်သဖြင့် လေဗာကူဆင်နည်းပြ ရှမစ်က...
Read More

ပိုကယ်ဖလားဆီမီးဖိုင်နယ်တွင် ဘိုင်ယန်-၀ါဒါဘရီမင်နှင့် ဟာသာဘာလင်-ဒေါ့မွန်တွေ့ဆုံမည်

ပြီးခဲ့သည့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဘိုချမ်အသင်းကို လီဝမ်ဒေါစကီး၏သွင်းဂိုး ၂ ဂိုးအပါအ၀င် ၃-၀ အဖြင့်အနိုင်ရရှိခဲ့သော ဘိုင်ယန်မြူးနစ်မှာ ဂျာမန်ပိုကယ်ဖလားဆီမီးဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ပြီး ၀ါဒါဘရီမင်နှင့်တွေ့ဆုံရမည်ဖြ စ်သည်။ အနိုင်ဂိုးများသွင်းယူပေးခဲ့သည့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလီဝမ်ဒေါစကီးက ကွာတားဖိုင်နယ်ဖြတ်သန်းခဲ့ရမှုနှင့်ပတ်သက်၍ “ပထမဂိုးမရခင်ထိ ကျွန်တော်တို့ခက်ခက်ခဲခဲကစားခဲ့ရတာပါ။ ဘိုချမ်က ကစားပုံကောင်းမွန်ခဲ့ပြီး အခုဖလာြး ပိုင်ပွဲမှာ အမြဲတမ်းအန္တရာယ်ပေးနိုင်ခဲ့တဲ့ သင်းတစ်သင်းဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ ဘိုင်ယန်မြူးနစ်သည် အကြိုဗိုလ်လုပွဲကို ၇ နှစ်ဆက်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး...
Read More

ပယ်လီဂရီနီ၏မန်စီးတီးနည်းပြရာထူးကို ဂွါဒီယိုလာဆက်ခံမည်

ဘိုင်ယန်မြူးနစ်အား လက်ရှိကိုင်တွယ်နေသည့် အသက် ၄၅ နှစ်အရွယ် ဂွါဒီယိုလာသည် လာမည့်ဇွန်လ ၃၀ ရက်နေ့တွင် မန်စီးတီးမှထွက်ခွာတော့မည့် ပယ်လီဂရီနီ၏နည်းပြရာထူးကို အစားထိုးဝင်ရောက်ကိုင်တွယ်မည်ဖြစ်ပြီး ၃ နှစ်စာချုပ် ချုပ်ဆိုရန် သဘောတူထားကြောင်း သိရှိရသည်။ မန်စီးတီးက ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် ယခုဆုံးဖြတ်ချက်အား အသက် ၆၂ နှစ်အရွယ် ပယ်လီဂရီနီကလည်း အပြည့်အ၀ထောက်ခံထားကြောင်း သိရကာ ဂွါဒီယိုလာကို မန်စီးတီးက...
Read More

ဘိုင်ယန်မြူးနစ်နောက်ခံလူ ဂျရုန်းဘိုတန် ကာလရှည်နားရမည်

ဘိုင်ယန်မြူးနစ်နောက်ခံလူ ဂျရုန်းဘိုတန်မှာ သောကြာနေ့က ကစားခဲ့သည့် ဟမ်းဘတ်နှင့်ပွဲစဉ်တွင် ဒူးခေါင်းဒဏ်ရာရရှိခဲ့သောကြောင့် ကာလရှည်အနားယူရမည်ဟု ဘိုင်ယန်မြူးနစ်က ကြေညာခဲ့သည်။ ဓာတ်မှန်ရိုက်စစ်ဆေးမှုများအရ ဘိုတန်မှာ ဘယ်ဘက်ဒူးခေါင်းကြွက်သားဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဘွန်ဒက်စ်လီဂါတွင် ဖျက်ထုတ်မှုစုစုပေါင်း ၇၂ ရာခိုင်နှုန်းအောင်မြင်မှုရှိထားသည့် ထိုကစားသမားမပါဝင်နိုင်မည့်ပွဲများအတွက် ဘိုင်ယန်မြူးနစ်နောက်တန်းမှာ အင်အားလျော့နည်းသွားဖွယ်ရှိနေသည်။ ဂျာမန်သတင်းစာ Bild က ဖော်ပြချက်အရ ဘိုတန်မှာ ရာသီကုန်အထိအနားယူရမည်ဟု သိရှိရ၍ ရီဘာရီ၊ ဂေါ့ဇီ၊...
Read More

မန်ယူ၊ ချဲလ်ဆီး၊ မန်စီးတီးသို့ရောက်ရှိနိုင်သည်ဟု ထင်မြင်စေခဲ့ခြင်းအပေါ် ဂွါဒီယိုလာတောင်းပန်

ယခုနှစ်ဘောလုံးရာသီကုန်ဆုံးချိန်တွင် ဘိုင်ယန်မြူးနစ်မှထွက်ခွာမည့် နည်းပြဂွါဒီယိုလာက ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့မည်ဟုပြောကြားခဲ့ပြီးနောက် မန်ယူ၊ ချဲလ်ဆီး၊ မန်စီးတီးစသည့် အသင်းများအနက် တစ်သင်းသင်းကို ကိုင်တွယ်ဖွယ်ရှိသည်ဟု ထင်မြင်စေခဲ့သည့်အတွက် တောင်းပန်လိုကြောင်း ပြောကြားခဲ့သည်။ ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ ဂွါဒီယိုလာက ”ကျွန်တော်အသင်းတစ်သင်းနဲ့ သဘောတူညီချက်ရရင် ချက်ခြင်းထုတ်ပြန်သွားမှာပါ။ အင်္ဂလန်မှာနည်းပြဖို့အတွက် နောက် ၂ နှစ်စောင့်ဆိုလည်း စောင့်နိုင်ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့အတူ အတွေ့အကြုံကောင်းတွေရခဲ့လို့ ကျွန်တော်ပျော်ရွှင်ပါတယ်။ ကျွန်တော့်ရဲ့...
Read More

ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကြောင့် ဂွါဒီယိုလာအခက်တွေ့နိုင်သည်ဟု ကလော့ပ်သတိပေး

လီဗာပူးနည်းပြယာဂင်ကလော့ပ်က ပရီးမီးယားလိဂ်ပွဲစဉ်ဇယားမှာ ဂွါဒီယိုလာအတွက် ကြီးမားသည့်စိန်ခေါ်မှုဖြစ်လာလိမ့်မည်ဟု သတိပေးပြောကြားလိုက်သည်။ အသက် ၄၄ နှစ်ရှိဂွါဒီယိုလာသည် ယခုဘောလုံးရာသီကုန်ဆုံးချိန်တွင် ဘိုင်ယန်မြူးနစ်မှထွက်ခွာ၍ ပရီးမီးယားလိဂ်သို့ လာရောက်နည်းပြရန်ရှိသည်ဟုပြောကြားထားပြီး မန်စီးတီး၊ ချဲလ်ဆီး၊ မန်ယူတို့မှခေါ်ယူရန် ဆက်သွယ်နေကြောင်းသိရသည်။ ထို့ကြောင့် နည်းပြကလော့ပ်က များပြားသည့်ပြိုင်ပွဲများကြောင့် ကြီးမားသောခြားနားမှုများနှင့် ဂွါဒီယိုလာရင်ဆိုင်ရမည်ဟု သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါလီဗာပူးနည်းပြက ”ကျွန်တော်ဒီကိုစရောက်တုန်းက ကက်ပီတယ်ဝမ်းပြိုင်ပွဲကို နှစ်ကျော့ကစားရမှန်းမသိပါဘူး။ ဂျာမနီကလူတွေကို အက်ဖ်အေဖလားမှာသရေကျရင်...
Read More
error: Content is protected !!