
အာဆီယံ
ဂျော်ဒန်ကိုခြေစွမ်းအသာနဲ့(၂)ဂိုးပြတ်အနိုင်ယူပြီး အုပ်စုဦးဆောင်သူနေရာ မြန်မာရယူ
14/09/2015
|
မြန်မာ ၂-၀ ဂျော်ဒန် ခင်မိုးဝေ-၁၈ မိနစ် နော်အားလိုဝါဖော(၇၁) ဘရာဇီးအိုလံပစ်အမျိုးသမီး အာရှဇုန်ခြေစစ်ပွဲ ဒုတိယအဆင့်၏ဒုတိယပွဲစဉ်ဖြစ်တဲ့ အိမ်ရှင်မြန်မာနဲ့ ဂျော်ဒန် အသင်းပွဲစဉ်မှာ မြန်မာအမျိုးသမီးအသင်းဟာ အတွေ့အကြုံရင့်ကစားသမားတွေဖြစ်တဲ့ စန်းစန်းမော်၊ နော်အားလိုဝါဖော၊ ရီရီဦး၊ခင်မိုးဝေ၊ မြဖူးငုံတို့နဲ့ ပွဲထွက်ခဲ့ပြီး ပွဲဦးထွက်နိုင်ပွဲရရှိအောင် ပွဲစကတည်းကဖိအားပေးကစားဖို့ကြိုးစားခဲ့တယ်။ ဂျော်ဒန်အမျိုးသမီးအသင်းကစားသမားအများစုက မြန်မာကစားသမားတွေထက် ခန္ဓာကိုယ်တောင့်တင်းမှုရှိပေမယ့် လျင်မြန်မှု၊အနီးကပ်အပေးအယူတိကျမှုတို့နဲ့ မြန်မာအသင်း ရဲ့အကွက်ကျကျထိုးဖောက်မှုကို ခက်ခက်ခဲခဲကာကွယ်ခဲ့ကြရပါတယ်။...
Read More