အာဆီယံ

ရန်ကုန်ယူနိုက်တက်နှင့်ယှဉ်ပြိုင်ရမည့်နေရာကို ဆူဖန်ဘူရီအစား ချောင်ဘူရီအက်ဖ်စီရရှိ

အာရှချန်ပီယံလိဂ်ရှုံးထွက်ခြေစစ်ပွဲအဖြစ် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်နှင့် ယှဉ်ပြိုင်ရမည့် အေအက်ဖ်စီကလပ်လိုင်စင်မရှိသည့် ဆူဖန်ဘူရီအသင်းအစား ထိုင်းပရီးမီယားလိဂ်တွင် အဆင့် ၄ နေရာဖြင့် ရာသီသိမ်းခဲ့သည့် ချောင်ဘူရီအက်ဖ်စီ ပါဝင်ကစားခွင့်ရခဲ့ကြောင်း သိရှိရသည်။ အာရှဘောလုံးအဖွဲ့ချုပ်(အေအက်ဖ်စီ)သည် ချောင်ဘူရီအက်ဖ်စီအား ၂၀၁၆ အာရှချန်ပီယံလိဂ်ဝင်ရောက်ခွင့်နှင့်ပတ်သက်ပြီး တရားဝင်အကြောင်းကြားထားကာ ထိုင်းပရီးမီယားလိဂ်တွင် အဆင့် ၄ နေရာရခဲ့သည့် ချောင်ဘူရီမှာ အာရှချန်ပီယံလိဂ်ရှုံးထွက်ခြေစစ်ပွဲအဖြစ် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ရာ...
Read More

ဂျပန်အသင်းကို ဂိုးမရှိသရေကစားနိုင်ခဲ့ရာမှာ အံအားသင့်ဖွယ်လက်စွမ်းပြခဲ့တဲ့ စင်ကာပူလက်ရွေးစင်ဂိုးသမားအစ်ဇ်ဝမ်မက်ဘက်နဲ့ တွေ့ဆုံခြင်း

တွေ့ဆုံမေးမြန်းသူ – ဆီဆာပိုလန်ဂီ Football Channel Myanmarမှ ဆီလျော်အောင်ပြန်ဆိုဖော်ပြလိုက်သည်။ ၂၀၁၅ခုနှစ် ဇွန်လ ၁၆ ရက်နေ့က ဆိုင်တာမာဘောလုံးကွင်းမှာ ၂၀၁၈ ဖီဖာကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ်ကစားခဲ့တဲ့ ဂျပန်နဲ့ စင်ကာပူတို့ပွဲစဉ်ဟာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့လို့ ၂ ဖက်ပရိသတ်တွေနဲ့ စောင့်ကြည့်သူတွေအတွက် အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ သွင်းဂိုးပေးဂိုးမရှိတဲ့ အဲဒီပွဲမှာ အဓိကအကျိုးအမြတ်ရခဲ့တာကတော့ စင်ကာပူဂိုးသမားအစ်ဇ်ဝမ်မက်ဘက်ဖြစ်ပြီး ဆာမူရိုင်းအပြာရောင်တွေရဲ့တိုက်စစ်တွေကို တားဆီးပိတ်ပင်နိုင်ခဲ့တဲ့သူ့ကို ဂျေလိဂ်ကလပ်...
Read More

ဗီယက်နမ်လက်ရွေးစင်ကစားသမားNguyen Cong Phuong အား ဂျေလိဂ်၂ကလပ်mito hollyhock ခေါ်ယူ

ဂျပန်ဂျေလိဂ်-၂ကလပ် mito hollyhockအသင်းသည် အသက်၂၀အရွယ်ရှိ ဟောင်အန်းဂိုင်လိုင်တိုက်စစ်မှူး Nguyen Cong Phuong အား စာချုပ်ချုပ်ခေါ်ယူရန်သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။ ဗီယက်နမ်လက်ရွေးစင်အသင်းတိုက်စစ်မှူး Nguyen Cong Phuong အား mito hollyhockအသင်းမှ စာချုပ်ခြင်းကို ဒီဇင်ဘာ၂၃ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စာချုပ်မှာ တစ်ရာသီအငှားစာချုပ်ဖြစ်ကြောင်း ဟောင်အန်းဂိုင်လိုင် အသင်းကထုတ်ပြန်ကြေညာခဲ့သည်။ ဂျပန်ဂျေလိဂ်-၂ကလပ်mito hollyhockအသင်းနှင့် စာချုပ်နိုင်ရန်...
Read More

လာအိုအသင်းကို အနိုင်ကစားသွားမည်ဟု ရန်​ကုန်​ယူနိုက်တက်နည်းပြချုပ်ပြော

နိုဝင်​ဘာ ၂၁။ အောင်သော်ဖြိုး။ တိုယိုတာမဲ​ခေါင်​ ပြိုင်​ပွဲ အဖွင့်​ပွဲစဉ်​အဖြစ်​ လာအိုကလပ် တိုယိုတာအသင်းနှင့်​ နိုဝင်​ဘာလ ၂၂ရက်​​ တနင်္ဂနွေနေ့တွင်​ ယှဉ်​ပြိုင်​ ကစားမည်​ဖြစ်​ပြီး အဆိုပါ ပွဲစဉ်​တွင်​ ဂိုးပြတ်​အနိုင်​ရ​ရေး ကြိုးပမ်းမည်​ဟုရန်​ကုန်​ယူနိုက်တက်နည်းပြချုပ်​ အီမာဆင်​က ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင် ​ပြောကြားခဲ့သည်​။ “အနိုင်​ရ​အောင်​ကစားမှာပါ။ ဂိုးဘယ်လောက်နဲ့နိုင်​မယ်​ဆိုတာ​တော့ ​ပြောမပြတတ်​ပါဘူး။ ဂိုးပြတ်​အနိုင်​ရမှသာ ​နောက်​ကန်​မယ့်​အ​ဝေးကွင်းပွဲစဉ်​မှာ သက်​သက်​သာသာ ကစားရမှာပါ”...
Read More

ပြင်ဆင်ချိန်အနည်းငယ်ဖြင့် အဆင့်အတန်းမြင့်မားသည့် အသင်းများကိုအနိုင်ယူရန်မဖြစ်နိုင်ဟု မြန်မာယူ၁၉နည်းပြပြော

အောက်တိုဘာ ၆။ အောင်သော်ဖြိုး။ AFC U-19 ချန်ပီယံရှစ်ခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်တွင် ဗီယက်နမ်အသင်းအားရှုံးနိမ့်ပြီးနောက် မြန်မာယူ-၁၉အသင်းနည်းပြဂတ်ဖရိုင်းဒရစ်ခ်ျ ယခုပြိုင်ပွဲအတွင် ပြင်ဆင်ချိန်နည်းပါးခဲ့ခြင်းက အဆင့်အတန်းမြင့်မား သည့်အသင်းမျိုးကိုယှဉ်ပြိုင်အနိုင်ယူရန်မှာ မဖြစ်နိုင်ကြောင်းပြောကြားလိုက်သည်။ အိမ်ရှင် မြန်မာယူ-၁၉အသင်းမှာ ဗီယက်နမ်အသင်းမှာ ပွဲချိန်(၁၉)မိနစ်တွင် သွင်းယူခဲ့သည့် တစ်လုံးတည်း သောဂိုးဖြင့် ရှုံးနိုင်ခဲ့ခြင်းဖြစ်သည့်အပြင် ဗီယက်နမ်အသင်းက ဖိအားပေးနိုင်မှု မြောက်များစွာပြုလုပ်နိုင်ခဲ့သည်။ ထို့အပြင် ကစားသမားများမှာ သင်ကြားထားသည့်အတိုင်း ကွင်းထဲတွင်...
Read More

ရာနှုန်းပြည့်နိုင်ပွဲဖြင့် ဗီယက်နမ်အသင်း ခြေစစ်ပွဲအောင်မြင်

ရန်ကုန်၊အောက်တိုဘာ ၆။ အောင်သော်ဖြိုး။ အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စု-(ဆ)၊ နောက်ဆုံးပွဲစဉ် အဖြစ် မြန်မာအသင်း နှင့် ဗီယက်နမ် အသင်းတို့အောက်တိုဘာလ ၆ရက်နေ့၊ညနေ ၆:၃ဝတွင် ယှဉ်ပြိုင်ခဲ့ကြပြီး ဗီယက်နမ် က မြန်မာအသင်းကို ၁-၀ဖြင့် အနိုင်ရခဲ့ကာ အုပ်စုပထမဖြင့် နောက်တစ်ဆင့်တက်ခဲ့သည်။ မြန်မာအသင်းတွင် တီမော အသင်းနှင့်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့သည်...
Read More

မြန်မာနှင့်ပွဲတွင် အိမ်ရှင်ပရိသတ်ကြောင့် ဖိအားတစ်ခုဖြစ်လာနိုင်ကြောင်း ဗီယက်နမ်နည်းပြသုံးသပ်

အောက်တိုဘာ၎။ အောင်သော်ဖြိုး။ AFC U-19 CHAMPIONSHIP BAHRAIN 2016 QUALIFIERS အုပ်စု(ဆ)ခြေစစ်ပွဲစဉ်တွင် ဗီယက်နမ်ယူ၁၉ အသင်းမှာ အရှေ့တီမောယူ၁၉အသင်းအား (၂-၁)ဂိုးဖြင့်အနိုင်ရကာ ခြေစစ်ပွဲအောင်မြင်ရန် အကောင်းဆုံးအနေ အထားသို့ရောက်ရှိလာခဲ့ပြီး အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်သည့် အိမ်ရှင်မြန်မာအသင်းနှင့်ပွဲစဉ်တွင် အိမ်ရှင်ပရိသတ် အင်အားမှာ ဖိအားတစ်ခုအဖြစ်ရှိလာမည်ဟု ဗီယက်နမ်အသင်းနည်းပြကပြောလိုက်သည်။ မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ပွဲစဉ်မှာ ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ရန် အဆုံးအဖြတ်ပေးမည့်ပွဲစဉ် ဖြစ်ပြီး အိမ်ရှင်အသင်းအား...
Read More

စီနီယာ ကစားသမားနေရာတွင် ဖြည့်တင်းနိုင်မည့် ကစားသမားမရှိဟု မြန်မာအသင်းနည်းပြချုပ်ဆို

ရန်ကုန်၊စက်တင်ဘာ ၁၆။ အောင်သော်ဖြိုး။ မြန်မာအမျိုးသမီး ဘောလုံးအသင်းရှိ လက်ရွေးစင် စီနီယာ ကစားသမားများမှာ အသက်အရွယ် ကြီးလာပြီး ၎င်းတို့ နေရာတွင် အစားထိုးရန်ကစားသမားများ ရှားပါးနေသေးကြောင်း မြန်မာအမျိုးသမီး ဘောလုံးအသင်း နည်းပြ ဒေါ်သက်သက်ဝင်းက ထိုင်းအသင်းကိုရှုံးနိမ့်ခဲ့သည့်အိုလံပစ် ခြေစစ်ပွဲ အပြီးတွင် ပြောကြားခဲ့သည်။ ထိုင်းအသင်း ကို အရေးနိမ့်ခဲ့သည့် အတွက် စိတ်မကောင်း ဖြစ်မိသော်လည်း...
Read More

ထိုင်းအမျိုးသမီးအသင်းကို မြန်မာအမျိုးသမီးအသင်း ထပ်မံအရေးနိမ့်

စက်တင်ဘာ၁၆။ အောင်သော်ဖြိုး။ ၂ဝ၁၆အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲအဖြစ် မြန်မာနှင့် ထိုင်းအသင်းတို့ စက်တင်ဘာလ ၁၆ရက်မန္တလာသီရိ အားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းက ထိုင်းအသင်းကို ၂-၁ ဖြင့် အရေးနိမ့်ခဲ့ခြင်းကြောင့် အုပ်စုပထမနေရာမှနာက်ဆုံးအဆင့်ခြေစစ်ပွဲအဆင့်သို့ တက်ရောက်နိုင်ရန်မှာ အခက်အခဲရှိလာခဲ့ပြီဖြစ်သည်။ ၂၀၁၅ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ထားသည့် ထိုင်းအမျိုးသမီး အသင်းသည် မြန်မာအသင်းကို ကစားကွက်အသာဖြင့် ဦးဆောင်ကစားခဲ့ပြီး...
Read More

အာရှ ခြေစစ်ပွဲအတွက် ယူ-၁၉ အသင်း စခန်းသွင်း လေ့ကျင့်မှု စတင်ပြုလုပ်

အောင်သော်ဖြိုး။ ရန်ကုန်၊စက်တင်ဘာ ၁၅။ မြန်မာ ယူ-၁၉အသင်း ဝင်ရောက် ယှဉ်ပြိုင်မည့် အာရှ ယူ-၁၉ ခြေစစ်ပွဲကို စက်တင်ဘာလ ၂၈ရက်နေ့ တွင် ကျင်းပမည် ဖြစ်ပြီး ပဏာမ ယူ-၁၉ လက်ရွေးစင် အသင်းကို နိုဝင်ဘာလ ၁၄ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် Goal ဟိုတယ်တွင် စတင်စခန်းသွင်း လေ့ကျင့်နေပြီဖြစ်ကြောင်း...
Read More
error: Content is protected !!