ALL POSTS BY thuya zaw

ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ ကျောက်ကပ်စစ်ဆေးမှုခံယူနေရ

ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလတွင် နာကျင်မှုခံစားခဲ့ရသော ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ၏ ကျောက်ကပ်အခြေအနေကို ယမန်နေ့က စစ်ဆေးမှုများစတင်ပြုလုပ်ခဲ့သဖြင့် အသင်းလေ့ကျင့်ခန်းအစီအစဉ်နှင့် လွဲချော်ခဲ့ရကြောင်း သိရသည်။ အဆိုပါအာဂျင်တီးနားတိုက်စစ်မှူးသည် ဒီဇင်ဘာလတွင် ကျင်းပခဲ့သော ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံ ဆီမီးဖိုင်နယ်ပွဲစဉ်ကို အဆိုပါဝေဒနာကြောင့် လွဲချော်ခဲ့သော်လည်း ၃ ရက်အကြာတွင်ကျင်ပခဲ့သည့် ဗိုလ်လုပွဲ၌ ပြန်လည်ပါဝင်ကစားနိုင်ခဲ့ပြီး ယခုနှစ်ဘောလုံးရာသီတစ်လျှောက် ပါဝင်ကစားပေးနိုင်ခဲ့သည်။ အသက် ၂၈ နှစ်ရှိ တိုက်စစ်မှူးမက်ဆီနှင့်ပတ်သက်၍ ဘာစီလိုနာအသင်းက...
Read More

မန်ယူဘက်မှ ၎င်း၏အနာဂတ်အပေါ် ရှင်းချက်ထုတ်စရာမလိုအပ်ဟု ဗန်ဟားလ် ပြောကြား

မန်ယူအသင်းမှာ ချဲလ်ဆီးနည်းပြဟောင်းမော်ရင်ညိုနှင့် တွေ့ဆုံဆွေးနွေးသည်ဟု သတင်းထွက်ပေါ်ပြီးနောက် နည်းပြဗန်ဟားလ်က ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ အသင်းဘက်မှ ရှင်းချက်ထုတ်ရန် မလိုအပ်ဟု ပြောကြားလိုက်သည်။ ယမန်နေ့ညက ချဲလ်ဆီးနှင့် ၁-၁ သရေရလဒ်ထွက်ပေါ်ခဲ့သည့် ပွဲပြီးသတင်းစာရှင်းလင်းပွဲ၌ ဂျာနယ်လစ်ဟာရစ်၏ မေးမြန်းမှုကို နည်းပြဗန်ဟားလ်က ”အမှုဆောင်ချုပ်အက်ဒ်ဝုဒ်ဝက်ဒ်နဲ့ ခင်ဗျားပြောပြီးပြီလား။ အခုထွက်ပေါ်နေတဲ့သတင်းတွေကို အသင်းဘက်က ဘာငြင်းစရာလိုလို့လဲ။ ဒီကိစ္စကို ကျွန်တော်ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး။ ကလပ်ဘက်က ဘာလို့မငြင်းတာလဲဆိုပြီး ခင်ဗျားတို့ပုံပြင်တွေဖန်တီးမလို့လား။...
Read More

ပြည်တွင်းကလပ်များသို့ ပြောင်းရွှေ့မည်မဟုတ်ဟု အောင်သူဆို

အောင်သော်ဖြိုး ဖေဖော်ဝါရီ ၅။ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းအချို့မှ ခေါ်ယူရန်စိတ်ဝင်စားနေသည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ရတနာပုံအသင်းတို့၏ တိုက်စစ်ကစားသမားအောင်သူသည် ၎င်းအနေဖြင့် ရတနာပုံအသင်းမှထွက်ခွာကာ မြန်မာနေရှင်နယ်လိဂ်ကလပ်များသို့ပြောင်းရွှေ့ရန် အစီအစဉ်မရှိကြောင်း ပြောဆိုလိုက်သည်။ အောင်သူမှာ ပြည်တွင်းကလပ်အချို့၏ ကမ်းလှမ်းမှုကိုရရှိခဲ့သော်လည်း ရတနာပုံအသင်းတွင်သာ ဆက်လက်ကစားမည်ဖြစ်ပြီး ပြည်ပကလပ်များမှခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများကြားသိရကာ တရားဝင်ကမ်းလှမ်းမှုမရရှိသေးဘဲ တရားဝင်ကမ်းလှမ်းလာပါက ပြည်ပသို့ ထွက်ခွာကစားရန်ဆန္ဒရှိနေကြောင်း ၎င်းကဆိုသည်။ အောင်သူသည် မန္တလေးဘောလုံးအကယ်ဒမီထွက်...
Read More

ချန်ပီယံလိဂ်လူစာရင်းမှ ချဲလ်ဆီးတိုက်စစ်မှူးဖယ်လ်ကာအို ချန်လှပ်ခံရ

ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်များအတွက် ချဲလ်ဆီးအသင်းမှ ကစားသမား ၂၅ ယောက်စာရင်းထုတ်ပြန်ခဲ့ရာ တိုက်စစ်မှူးဖယ်လ်ကာအိုမှာ လူစာရင်းမှ ချန်လှပ်ခံခဲ့ရကြောင်း သိရသည်။ ပေါင်ခြံဒဏ်ရာကြောင့် အောက်တိုဘာလကတည်းက အနားယူနေရသော ကိုလံဘီယာလက်ရွေးစင်တိုက်စစ်မှူးဖယ်ကာအိုနေရာတွင် အငှားစာချုပ်ဖြင့် ခေါ်ယူထားသော တိုက်စစ်မှူးသစ်ပါတိုဖြင့် အစားထိုးခဲ့ခြင်းဖြစ်သည်။ အသက် ၂၉ နှစ်အရွယ်ရှိ အဆိုပါတိုက်စစ်မှူးမှာ ၂၀၁၅ ဇူလိုင်လတွင် မိုနာကိုမှ ချဲလ်ဆီးသို့ တစ်ရာသီအငှားစာချုပ်ဖြင့်ပြောင်းရွှေ့ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ၁...
Read More

ပွဲပန်းနေတဲ့ ရန်ကုန်ယူနိုက်တက် ရလဒ်ဆိုးတွေထဲက ရုန်းထွက်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၅)

အောင်သော်ဖြိုး ရန်ကုန်ယူနိုက်တက် – ချင်းယူနိုက်တက် (ဖေဖော်ဝါရီ ၅။ ညနေ ၃ နာရီ ၃ဝ မိနစ်၊ ရန်ကုန်ယူနိုက်တက် မြက်ခင်းတုကွင်း) ——————————————————————————————————————————————- ရန်ကုန်ယူနိုက်တက်ဟာ တစ်ပတ်အတွင်း ၃ပွဲမြောက်ကစားရမယ့်ပွဲဖြစ်တာကြောင့် အနည်းငယ်ပွဲပန်းမှုဒဏ်ရှိနေမှာပါ။ ချင်းယူနိုက်တက်ကလည်း တစ်ပွဲထက်တစ်ပွဲ ခြေစွမ်းကောင်းမွန်လာတဲ့အသင်းဖြစ်ပါတယ်။ ရန်ကုန်ယူနိုင်တက်ဟာ ပြီးခဲ့တဲ့ ထိုင်းကလပ်ချောင်ဘူရီနဲ့ပွဲစဉ်မှာ ကောင်းမွန်တဲ့ခြေစွမ်းပြန်လည်ရရှိလာတယ်ဆိုပေမယ့် မြန်မာနေရှင်နယ်လိဂ်မှာတော့ ၄ ပွဲကစား၊...
Read More

ချန်ပီယံဖြစ်ရန် အမီလိုက်ရတော့မည်ဟု အာစင်ဝင်းဂါးပြောကြား

ဆောက်သမ်တန်နှင့် အိမ်ကွင်းပွဲတွင် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းတွင် ထိပ်ဆုံးသို့ရောက်ရှိရန် အမီလိုက်ကစားရတော့မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ “ကျွန်တော်တို့ အမီလိုက်ဖို့လိုပါတယ်။ ခက်ခဲတဲ့ပွဲစဉ်တွေလည်း ကစားရဖို့ရှိတယ်။ အထူးသဖြင့် အဝေးကွင်းပွဲစဉ်တွေကို ကျွန်တော်တို့ဂရုစိုက်ရပါမယ်”ဟု အာစင်ဝင်းဂါး က အသင်း၏ ၀က်ဘ်ဆိုက်တွင် ပြောကြားသွားခဲ့သည်။ အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲတွင် ၁ ပွဲမျှ အနိုင်ရရှိခဲ့ခြင်းမရှိဘဲ...
Read More

ရွန်နီ ဆက်လက်ခြေစွမ်းပြနိုင်ရန် ဗန်ဟားလ်မျှော်လင့်

တိုက်စစ်မှူးရွန်နီသည် လက်ရှိပြသနေသော ၎င်း၏ခြေစွမ်းကောင်းကို ဆက်လက်ထိန်းသိမ်းကာ ဘော်ဘီချာလ်တန်၏ မန်ယူတစ်သက်တာဂိုးသွင်းအများဆုံးစံချိန်ကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု နည်းပြဗန်ဟားလ်က မျှော်လင့်လျက်ရှိသည်။ ရွန်နီသည် ဖိအားများဖြင့်ကြုံတွေ့ကြုံနေရပြီး နိုင်ပွဲရရှိရန်လိုအပ်နေသော နည်းပြဗန်ဟားလ်အတွက် စတုတ်စီးတီးကို ၃-၀ ဖြင့်အနိုင်ရရှိသည့်ပွဲတွင် အနိုင်ဂိုးထပ်မံသွင်းယူပေးခဲ့သည်။ အဆိုပါပွဲတွင် အနိုင်ဂိုးရယူနိုင်ခဲ့သဖြင့် ရွန်နီမှာ မန်ယူဂန္ထ၀င်ကစားသမား ဘော်ဘီချာလ်တန်၏ ၂၄၉ ဂိုးစံချိန်ကိုမီရန် ၅ဂိုး သာလိုတော့သည်။ ရွန်နီနှင့်ပတ်သက်၍ နည်းပြဗန်ဟားလ်က...
Read More

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင်အသင်းများသို့ ငွေကြေးထောက်ပံ့မှုနှုန်းတိုးမြှင့်ရန် MFF စီစဉ်

အောင်သော်ဖြိုး ဖေဖော်ဝါရီ ၂။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင်အသင်းများသို့ ငွေကြေးခွဲဝေထောက်ပံ့မှု (Subsidy)နှုန်းကို ယခင်နှစ်များထက် ပိုမိုတိုးမြှင့်ပေးအပ်နိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဋ္ဌဒေါက်တာစိုင်းဆမ်ထွန်းက ဖေဖော်ဝါရီလ ၁ ရက်နေ့ Novotel Yangon Max Hotel တွင် ကျင်းပသည့် လိဂ်ကော်မတီအစည်းအဝေး၌ ပြောကြားခဲ့ကြောင်း သိရသည်။ ယခုနှစ်ဘောလုံးရာသီတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင်အသင်းများကို ငွေကြေးခွဲဝေထောက်ပံ့မှု သိန်း...
Read More

ပရီးမီးယားလိဂ်သည် ခက်ခဲသောပြိုင်ပွဲတစ်ခုဖြစ်ကြောင်း ဂွါဒီယိုလာကို ကလော့ပ် သတိပေး

မန်စီးတီးအသင်း၏ နည်းပြသစ်ဖြစ်လာမည့် ဂွါဒီယိုလာကို ယာဂင်ကလော့ပ်က ဂုဏ်ပြုစကားဆိုခဲ့ပြီးနောက် ပရီးမီးယားလိဂ်သည် ဘွန်ဒက်စ်လီဂါနှင့် လာလီဂါတို့ထက် ပြိုင်ဆိုင်မှုပိုမိုပြင်းထန်ပြီး ခက်ခဲသောပြိုင်ပွဲတစ်ခုဖြစ်ကြောင်း သတိပေးလိုက်သည်။ ဂွါဒီယိုလာသည် မန်စီးတီးအတွက် အောင်မြင်အောင်စွမ်းဆောင်နိုင်မည်လော ဟူသောမေးခွန်းနှင့်ပတ်သက်၍ နည်းပြကလော့ပ်က “ဂွါဒီယိုလာက တကယ်တော်တဲ့နည်းပြတစ်ယောက်ဖြစ်ပြီး မန်စီးတီးကလည်း ငွေကြေးတောင့်တင်းတဲ့ အသင်းတစ်သင်းပါ။ ဘာတွေဖြစ်လာမလဲဆိုတာကတော့ ကျွန်တော်တို့စောင့်ကြည့်ရပါမယ်။ ဒါပေမဲ့ ဒီအကြောင်းတွေကို ကျွန်တော်သိပ်စိတ်မ၀င်စားပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အသင်းဟာ...
Read More

ဗလင်စီယာသို့ ရီးရဲလ်တောင်ပံကစားသမားရှရီရှက်ဗ် အငှားဖြင့်ရောက်ရှိ

ဗလင်စီယာအသင်းသည် ရီးရဲလ်မက်ဒရစ်မှ ရုရှားတောင်ပံကစားသမား ဒန်းနစ်ရှရီရှက်ဗ်ကို ရာသီကုန်အထိရှိနေမည့် အငှားစာချုပ်ဖြင့်ခေါ်ယူလိုက်ကြောင်း သိရသည်။ အသက် ၂၅ နှစ်ရှိ အဆိုပါကစားသမားသည် ဒီဇင်ဘာလအတွင်း စပိန်ဘုရင့်ဖလားပြိုင်ပွဲအဖြစ် ကာဒစ်ဇ်နှင့်ပွဲစဉ်တွင် ကစားခွင့်ပိတ်ပင်ခံထားရသော်လည်း ရီးရဲလ်အတွက် ပါဝင်ကစားခဲ့ပြီး ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် ရီးရဲလ်အသင်းသည် ကစားခွင့်ပိတ်ပင်ခံထားရသော ကစားသမားအား ထည့်သွင်းကစားခဲ့မှုကြောင့် ဘုရင့်ဖလားပြိုင်ပွဲမှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ဗလင်စီယာသည် ပြီးခဲ့သည့်ဒီဇင်ဘာလတွင် မန်ယူနောက်ခံလူဟောင်း...
Read More
error: Content is protected !!