ALL POSTS BY thuya zaw

ရလဒ်များဆိုးရွားနေမှုကြောင့် နည်းပြရူသာကို ရှမ်းယူနိုက်တက် ထုတ်ပယ်

မြန်မာနေရှင်နယ်လိဂ် ၂၀၁၆ ရာသီတွင် ပြင်ဆင်မှုအားအကောင်းဆုံးဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းသည် ၆ ပွဲကစားပြီးချိန်တွင် ၆ မှတ်သာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ဘရာဇီးလူမျိုးနည်းပြရူသာကို နည်းပြချုပ်ရာထူးမှ ဖယ်ရှားပြီး ဦးစိုးမြတ်မင်းကို နည်းပြချုပ်အဖြစ် ပြန်လည်ကိုင်တွယ်စေခဲ့ကြောင်း သိရှိရသည်။ ဘရာဇီးနည်းပြရူသာနှင့် ရှမ်းယူနိုက်တက်တို့သည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့နံနက်ပိုင်းတွင် နှစ်ဦးသဘောတူလမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း ရှမ်းယူနိုက်တက်အသင်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။ နည်းပြချုပ်ရူသာသည်...
Read More

လက်စတာကိုအနိုင်ရခဲ့ခြင်းက စိတ်ဓာတ်ပိုင်းဆိုင်ရာ စာမေးပွဲတစ်ခုကို ဖြတ်ကျော်နိုင်ခဲ့ခြင်းဟု အာစင်ဝင်းဂါးပြောကြား

အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်မှဦးဆောင်နေသော လက်စတာကိုအနိုင်ရပြီးနောက် ၎င်း၏အသင်းသည် ခက်ခဲသောစိတ်ဓာတ်ပိုင်းဆိုင်ရာ စာမေးပွဲတစ်ခုကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီဟု ယုံကြည်ကြောင်းပြောကြားခဲ့သည်။ ၂၀၁၅ ခုနှစ်၊ ဧပြီလကတည်းက ဒဏ်ရာကြောင့်ပါဝင်ကစားခွင့်မရခဲ့သော တိုက်စစ်မှူးဝဲလ်ဘတ်သည် ၎င်းပွဲစဉ်ဒုတိယပိုင်းပွဲချိန်အတွင်း လူစားဝင်ရောက်ခဲ့ပြီး နာကျင်အချိန်ပိုတွင် အဖိုးတန်အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့သည်။ “ဒီပွဲဟာ အရေးကြီးတဲ့စိတ်ဓာတ်စစ်ဆင်ရေးပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ခံစစ်အရမ်းမာကျောတဲ့အသင်းတစ်သင်းကို ၁ ဂိုးရှုံးနိမ့်နေတဲ့အနေအထားကနေ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ မဆုတ်မနစ်ကြိုးစားပြီး ပြန်လည်ရုန်းထွ က်နိုင်ခဲ့တာပါ”ဟု အာစင်ဝင်းဂါးကပြောကြားသွားသည်။...
Read More

ယူရိုပါလိဂ်ချန်ပီယံဖြစ်မှသာလျှင် ချန်ပီယံလိဂ်ဝင်ခွင့်လွယ်ကူမည်ဟု ဗန်ဟားလ်ပြောကြား

မန်ယူနည်းပြဗန်ဟားလ်က ယူရိုပါလိဂ်ဖလားကိုရရှိအောင်စွမ်းဆောင်နိုင်မှသည်သာလျှင် လာမည့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်အတွက် အလွယ်ကူဆုံးလမ်းကြောင်းဖြစ်နိုင်ကြောင်း ပြောဆိုသွားခဲ့သည်။ လွန်ခဲ့သောဘောလုံးရာသီကစတင်၍ ပြောင်းလဲခဲ့သောစည်းမျဉ်းအရ ယူရိုပါလိဂ်ဖလားကိုဆွတ်ခူးနိုင်သောအသင်းသည် ချန်ပီယံလိဂ်ခြေစစ်ပွဲနောက်ဆုံးအဆင့် သို့မဟုတ် အုပ်စုအဆင့်သို့ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ချန်ပီယံလိဂ်ဝင်ခွင့်နေရာသို့ ရောက်ရှိနိုင်သေးသလောဟူသော မေးခွန်းနှင့်ပတ်သက်၍ ဗန်ဟားလ်က “တော်တော်ကိုခက်ခဲပါတယ်။ ဒီပွဲရှုံးသွားတော့ ယူရိုပါလိဂ်ဖလားကို အနိုင်ရအောင်ကစားပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ကြိုးစားတာ အကောင်းဆုံးလမ်းကြောင်းပါ။ ဒါပေမဲ့ ယူရိုပါလိဂ်မှာလည်း အသင်းကောင်းတွေအများကြီးပါဝင်တဲ့အတွက် လွယ်ကူမှာတော့မဟုတ်ပါဘူး”ဟု ပြောကြားသွားခဲ့သည်။ မန်ယူအသင်းသည် စနေနေ့က...
Read More

ရန်ကုန်ဒါဘီနဲ့ အညာဒါဘီမှာ ဘယ်သူတွေ နိုင်ပွဲရသွားမလဲဆိုတာ စောင့်ကြည့်ရမယ့် Ooredoo MNL-1 ပွဲစဉ် (၆)

ရခိုင်ယူနိုက်တက် – ဟံသာဝတီ (၁၃-၂-၂၀၁၆) ညနေ ၄ နာရီ၊ သုဝဏ္ဏ ပြီးခဲ့တဲ့ပွဲစဉ်မှာ မကွေးအသင်းကို သရေကစားနိုင်ခဲ့ပေမယ့် ရခိုင်အသင်းရဲ့ခြေစွမ်းဟာ အကောင်းမွန်ဆုံးပုံစံမှာရှိမနေသေးပါဘူး။ ဘရာဇီးတိုက်စစ်မှူးအန်ဒရေ ပုံမှန်ခြေစွမ်းမရှိသေးလို့ တိုက်စစ်ပိုင်းက အားရစရာအနေအထားမှာမရှိ တာဟာ ရခိုင်အသင်းရဲ့ အဓိကလိုအပ်ချက်ပါ။ ဟံသာဝတီကတော့ ဒီရာသီမှာ လက်ရှိအချိန်အထိ စိတ်ဓာတ်အမြင့်ဆုံးရောက်နေတဲ့အသင်းဖြစ်တာကြောင့် အိမ်ရှင်ရခိုင်အသင်းအတွက်ခက်ခဲလာပါလိမ့်မယ်။ ရခိုင်အသင်းအတွက် အားသာချက်အနေနဲ့တော့ ဟံသာဝတီအသင်းရဲ့...
Read More

လာလီဂါ ၁ လတာအကောင်းဆုကို တိုက်စစ်မှူးမက်ဆီ ပထမဆုံးအကြိမ်ဆွတ်ခူး

ဘာစီလိုနာတိုက်စစ်မှူးမက်ဆီသည် စပိန်လာလီဂါ၏ ၁ လတာအကောင်းဆုံးဆုကို ပထမဦးဆုံးအကြိမ်အဖြစ် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ ၎င်းဆုကို ၂၀၁၃-၂၀၁၄ ရာသီကမှစ၍ ၂၂ ကြိမ်ပေးအပ်ခဲ့ပြီးဖြစ်ရာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ၅ ကြိမ်ရရှိထားသည့် လီယွန်နယ်မက်ဆီသည် ၁ ကြိမ်မှရရှိခဲ့ဖူးခြင်းမရှိဘဲ ယခုမှပထမဦးဆုံးအကြိမ်အဖြစ် ဆွတ်ခူးနိုင်ခဲ့ခြင်ြး ဖစ်သည်။ အသက် ၂၈ နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးမက်ဆီသည် ဇန်န၀ါရီလအတွင်း လာလီဂါ ၅...
Read More

စင်ကာပူနှင့်ခြေစမ်းပွဲတွင် ငြိမ်းချမ်းအောင် ပါဝင်နိုင်ဦးမည်မဟုတ်

အောင်သော်ဖြိုး ဖေဖော်ဝါရီ ၁၁။ မြန်မာ့လက်ရွေးစင်အသင်းအတွက် လက်ရှိဖွဲ့စည်းထားသည့် ပဏာမလက်ရွေးစင်စာရင်း၌ ပါဝင်လာခဲ့သည့် ဒူးဒဏ်ရာကြောင့်ကာလရှည်အနားယူနေရသော ကွင်းလယ်လူငြိမ်းချမ်းအောင်မှာ မတ်လအတွင်း သွားရောက်ယှဉ်ပြိုင်မည့် စင်ကာပူနှင့်ခြေစမ်းပွဲတွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးကဆိုသည်။ “စင်ကာပူနဲ့ပွဲမှာ အသုံးပြုဖို့အတွက် စောသေးပါတယ်။ ငြိမ်းချမ်းအောင် ဘောလုံးနဲ့ပြန်ထိတာ သိပ်မကြာသေးပါဘူး” ဟု မြန်မာ့လက်ရွေးစင်နည်းပြချုပ် ဂက်ဖရိုင်းဒရ်ခ်ျက ပြောကြားခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်း၏ ပဏာမလက်ရွေးစင်အသင်းသည် ဖေဖော်ဝါရီလ၊...
Read More

ပိုကယ်ဖလားဆီမီးဖိုင်နယ်တွင် ဘိုင်ယန်-၀ါဒါဘရီမင်နှင့် ဟာသာဘာလင်-ဒေါ့မွန်တွေ့ဆုံမည်

ပြီးခဲ့သည့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဘိုချမ်အသင်းကို လီဝမ်ဒေါစကီး၏သွင်းဂိုး ၂ ဂိုးအပါအ၀င် ၃-၀ အဖြင့်အနိုင်ရရှိခဲ့သော ဘိုင်ယန်မြူးနစ်မှာ ဂျာမန်ပိုကယ်ဖလားဆီမီးဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ပြီး ၀ါဒါဘရီမင်နှင့်တွေ့ဆုံရမည်ဖြ စ်သည်။ အနိုင်ဂိုးများသွင်းယူပေးခဲ့သည့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလီဝမ်ဒေါစကီးက ကွာတားဖိုင်နယ်ဖြတ်သန်းခဲ့ရမှုနှင့်ပတ်သက်၍ “ပထမဂိုးမရခင်ထိ ကျွန်တော်တို့ခက်ခက်ခဲခဲကစားခဲ့ရတာပါ။ ဘိုချမ်က ကစားပုံကောင်းမွန်ခဲ့ပြီး အခုဖလာြး ပိုင်ပွဲမှာ အမြဲတမ်းအန္တရာယ်ပေးနိုင်ခဲ့တဲ့ သင်းတစ်သင်းဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ ဘိုင်ယန်မြူးနစ်သည် အကြိုဗိုလ်လုပွဲကို ၇ နှစ်ဆက်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး...
Read More

ချန်ပီယံလိဂ်ကို ပြောင်းလဲမှုအချို့ပြုလုပ်ရန် ဥရောပအသင်းကြီးများအလိုရှိနေ

ဥရောပထိပ်သီးကလပ်များက ချန်ပီယံလိဂ်ကို သင့်လျော်သောအပြောင်းအလဲအချို့ပြုလုပ်ရန် ဆွေးနွေးတိုင်ပင်လျက်ရှိကြောင်း သိရသည်။ ဥရောပအသင်းများအဖွဲ့အစည်း (ECA) က ၂၀၁၈ ခုနှစ်မတိုင်မီ ပိုမိုကောင်းမွန်သော ပြောင်းလဲမှုများကို UEFA နှင့်တိုင်ပင်၍ ပြုလုပ်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။ ECA၏ ဥက္ကဋ္ဌတစ်ဦးဖြစ်သူ ရူမင်နစ်ဂီက အီတလီ၊ အင်္ဂလန်၊ စပိန်၊ ဂျာမနီနှင့် ပြင်သစ်စသော ထိပ်သီးလိဂ် ၅ ခုမှ အသင်းပေါင်း...
Read More

ကွင်းလယ်လူပါယက်ကို စာချုပ်သက်တမ်းတိုးရန် ၀က်စ်ဟမ်းဆွေးနွေးနေ

ကွင်းလယ်လူပါယက်သည် လာမည့်နွေရာသီတွင် ၀က်စ်ဟမ်းနှင့် ၅ နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုရန်အတွက် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။ ၀က်စ်ဟမ်းအသင်းက အသက် ၂၈ နှစ်အရွယ်ရှိ အဆိုပါပြင်သစ်ကစားသမားဘက်မှ စာချုပ်သစ်ချုပ်ဆိုရန် တောင်းဆိုထားသည်ဆိုသည့် သတင်းများကို ငြင်းဆန်ခဲ့ပြီး ၎င်း၏ ခြေစွမ်းကောင်းမွန်မှုကြောင့် ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။ “သူဟာဒီမှာပျော်ရွှင်နေပြီး မကြာခင်မှာပဲ စာချုပ်သက်တမ်းတိုးနိုင်တော့မှာပါ။ အသင်းမှာရှိတဲ့အကောင်းဆုံးကစားသမားတွေကို ထိန်းသိမ်းနိုင်ဖို့...
Read More

အသင်းကြီးတွေ အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ ကျွန်တော်တို့အဆင်သင့်ဖြစ်နေခဲ့လို့ နိုင်ပွဲတွေရခဲ့တာပါ (မစ္စတာဆီဗာဂျီနှင့် တွေ့ဆုံမေးမြန်းမှု)

Ooredoo MNL 2016 ရာသီမှာ ခြေစွမ်းတွေကောင်းမွန်နေပြီး အသင်းကြီးတွေကိုကျော်ဖြတ်ခဲ့တဲ့ ဟံသာဝတီအသင်းကို မြန်မာပရိသတ်တချို့က မြန်မာ လက်စတာအသင်းလို့ခေါ်နေကြပါပြီ။ ပြုပြင်မှုတွေ အများကြီးမလုပ်ထားတဲ့ အသင်းရဲ့ခြေစွမ်းဟာ မနှစ်ကထက် ပိုကောင်းလာတာ ဘာကြောင့်လဲ။ ဟံသာဝတီအသင်းရဲ့ နည်းစနစ်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ မစ္စတာဆီဗာဂျီကို ဟော်ရီဇွန်အသင်းကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ATP – ဟံသာဝတီအသင်းက ဒီနှစ်မှာ...
Read More
error: Content is protected !!