ALL POSTS BY thuya zaw
ပြည်တွင်းသတင်း
ဟော်ရီဇွန် – ချင်းယူနိုက်တက် ၂၆-၆-၂၀၁၆၊ ညနေ ၄နာရီ၊ သုဝဏ္ဏကွင်း ခြေရည်တူ အသင်းနှစ်သင်းဖြစ်တာကြောင့် ဒီပွဲဟာ ကြည့်ကောင်းမယ်ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ။ ရှုံးပွဲတွေဆက်နေတဲ့ ဟော်ရီဇွန်အသင်း ဒီပွဲမှာ အားနည်းချက်တွေကို ပြင်နိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ။ ချင်းယူနိုက်တက်အသင်း ဟာလည်း ပုံမှန်ခြေစွမ်းမတည်ငြိမ်သေးပေမယ့် ဒီပွဲမှာအနိုင်ရဖို့ အနည်းငယ်အားသာနေပါတယ်။ ဘယ်အသင်းအနိုင်ရမလဲဆိုတာ ဒီကနေ့ညနေပိုင်း သုဝဏ္ဏကွင်းမှာ အဖြေထုတ်ကြပါလိမ့်မယ်။ ဟံသာဝတီ – ဇေယျာရွှေမြေ...
Read More
အာရှ
အောင်သော်ဖြိုး ဖေဖော်ဝါရီ ၂၃။ AFC Cup 2016 အုပ်စု-ဆ ပွဲစဉ် အဖွင့်ပွဲအဖြစ် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ညနေတွင် ရန်ကုန်ယူနိုက်တက်နှင့် ယှဉ်ပြိုင်ရမည့်ပွဲစဉ်၌ အအေးပိုင်းမှ လာရောက်ယှဉ်ပြိုင်သည့် South China အသင်းအနေဖြင့်ြ မန်မာနိုင်ငံ၏ ရာသီဥတုမှာ ပူပြင်းသော်လည်း ယှဉ်ပြိုင်မည့်ပွဲစဉ်အတွက် စိုးရိမ်ခြင်းမရှိကြောင်း South...
Read More
ပြည်တွင်းသတင်း
အောင်သော်ဖြိုး။ ဖေဖော်ဝါရီ ၂၃။ Ooredoo MNL 2016 တွင် နိုင်ငံခြားသားခေါ်ယူခဲ့ခြင်းမရှိဘဲ ပြည်တွင်းကစားသမားဖြင့်သာ ယှဉ်ပြိုင်နေသည့် ဆောက်သမ်းမြန်မာအသင်းမှာ မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့တွင် နိုင်ငံခြားကစားသမားခေါ်ယူမှုမရှိပါက ရာသီ ကုန်တွင် တန်းမဆင်းရရေး အာမမခံနိုင်ဟု ဆောက်သမ်းမြန်မာနည်းပြချုပ် ဦးမြလွင်က ဆိုသည်။ ဆောက်သမ်းမြန်မာအသင်းတာဝန်ရှိသူများထံသို့ မြန်မာနေရှင်နယ်လိဂ်ဒုတိယအကျော့၌ နိုင်ငံခြားသားခေါ်ယူပေးရန် တောင်းဆိုထားပြီး လက်ရှိမြန်မာနေရှင်နယ်လိဂ်အသင်းများတွင် အရေးကြီးသည့်အဆုံးအဖြတ်ဂိုးများကို ပြည်ပကစားသမားများကသာ...
Read More
လာလီဂါ
ဂရန်နာဒါအသင်းသည် ရလဒ်များဆက်တိုက်ဆိုးရွားနေပြီး လာလီဂါအမှတ်ပေးဇယားအောက်ဆုံးတွင်ရပ်တည်နေရသဖြင့် ယမန်နေ့က အသင်းနည်းပြဆန်ဒိုဗယ်ကိုထုတ်ပယ်လိုက်ပြီး နာရီပိုင်းအကြာတွင် နည်းပြသစ်ဂွန်ဇာလက်ဇ်ကို အစားထိုးခန့်အပ်ကြောင်း ကြေညာခဲ့သည်။ နည်းပြဆန်ဒိုဗယ်ကို ထုတ်ပယ်ခဲ့ခြင်းနှင့်ပတ်သက်၍ ဂရန်နာဒါအသင်းက ”နည်းပြရာထူးမှ ဆန်ဒိုဗယ်ကို ထုတ်ပယ်လိုက်ကြောင်း ဂရန်နာဒါဘက်မှ အတည်ပြုသည်။ မကြာမီကထွက်ပေါ်ခဲ့သော ရလဒ်များကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်” ဟု ထုတ်ပြန်ခဲ့သည်။ ဂရန်နာဒါမှ နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့သည့် ဂွန်ဇာလက်ဇ်မှာ တရုတ်စူပါလိဂ်ကလပ် ဘေဂျင်းဂိုအန်၏...
Read More
ဥရောပသတင်း
ဒိုင်လူကြီးကိုအနီကတ်ပြသဖြင့် ထုတ်ပယ်ခံခဲ့ရသော နောက်ခံလူဆာလီဒါဆမ်ကို ထောက်ခံကြောင်း ထရက်ဇွန်စပါးအသင်း၏ပရိသတ်များက ဆန္ဒထုတ်ဖော်ခဲ့သည်။ ထရက်ဇွန်စပါးအသင်းမှ ဆာလီဒါဆမ်သည် ဂါလာတာစာရေးအသင်းကို ၂-၁ ဖြင့်ရှုံးနိမ့်ခဲ့သည့်ပွဲ၌ ဒိုင်လူကြီးဒန်းနစ်ဘစ်နယ်ကို အနီကတ်ပြန်လည်ပြသခဲ့သဖြင့် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။ အနီကတ်မှာ မြေကြီးပေါ်သို့လွတ်ကျချိန်တွင် ၎င်းကကောက်ယူကာ ဒိုင်လူကြီးကိုပြသခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ထိုပွဲအတွင်း ၄ ယောက်မြောက်ထုတ်ပယ်ခံရသော ကစားသမားလည်းဖြစ်သည်။ သို့သော်ဒါဆမ်၏အပြုအမူကို ပရိသတ်များကထောက်ခံခဲ့ပြီး အဆိုပါပွဲအတွင်း ဒိုင်လူကြီးဘစ်နယ်၏ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍လည်း ဝေဖန်ခဲ့ကြသည်။...
Read More
ပြည်တွင်းသတင်း
အောင်သော်ဖြိုး ဖေဖော်ဝါရီ ၂၂။ မြန်မာနေရှင်နယ်လိဂ် ၂ဝ၁၅ ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်း၏ခြေစွမ်းသည် တစ်ပွဲထက်တစ်ပွဲပိုမိုကောင်းမွန်လာသဖြင့် ဘောလုံးရာသီကုန်ဆုံးချိန်တွင် လက်ရှိချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဟု ယုံကြည်ကြောင်း ရန်ကုန်နည်းပြချုပ်မာယန်က ရခိုင်ယူနိုက်တက်အသင်းနှင့်ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “လိဂ်ပွဲတွေ အများကြီးကျန်ပါသေးတယ်။ ရာသီကုန်မှာ ချန်ပီယံဖြစ်မယ်လို့ယုံကြည်ထားတယ်။ မယုံကြည်ရင် ဒီနည်းပြချုပ်ရာထူးမှာတောင် ရှိနေမှာမဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် Ooredoo MNL...
Read More
ပြည်တွင်းသတင်း
အောင်သော်ဖြိုး။ ဖေဖော်ဝါရီ ၁၉။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှခေါ်ယူခဲ့သည့် ဟော်လန်အမျိုးသမီးလက်ရွေးစင်နည်းပြဟောင်းရော်ဂျာသည် မြန်မာအမျိုးသမီးအသင်းမှာ ၎င်းနှင့်အတူ နေ့စဉ်လေ့ကျင့်ခန်းပြုလုပ်နိုင်ခွင့်ရခြင်းသည် အားသာချက်ဖြစ်စေသည်ဟု ယမန်နေ့က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင်ကျင်းပခဲ့သည့် စာချုပ်ချုပ်ဆိုပွဲတွင် ပြောကြားခဲ့သည်။ ဟော်လန်အမျိုးသမီးလက်ရွေးစင်အသင်းတွင် တာဝန်ယူခဲ့စဉ်က ဟော်လန်အမျိုးသမီးလိဂ်ပြိုင်ပွဲရှိနေခြင်းကြောင့် ကစားသမားများကို ပြိုင်ပွဲနီးမှသာ ခေါ်ယူလေ့ကျင့်ခွင့်ရပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီအသင်းမှာ လိဂ်ပြိုင်ပွဲများမရှိသဖြင့် ကစားသမားများနှင့် နေ့စဉ်တွေ့ဆုံပြီး အားနည်းချက်များကိုအဖြေရှာနိုင်ခြင်းသည် မိမိအတွက်အားသာချက်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ နည်းပြချုပ်အနေဖြင့်...
Read More
ဆောင်းပါးနှင့် အင်တာဗျုးများ
အောင်သော်ဖြိုးမေးမြန်းသည်။ ATP – လက်ရှိလူစာရင်းကို အားရကျေနပ်မှုရှိရဲ့လား။ လက်ရှိလူစာရင်းကို အားရပါတယ်။ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွေကို လိုက်ကြည့်နေပါတယ်။ ရှေ့လမှာထုတ်တဲ့ အပြီးသတ်လူစာရင်းမှာ လက်ရှိလိဂ်မှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေကို ထပ်မံရွေးချယ်သွားဦးမှာပါ။ အခုက ပဏာမ ကစားသမားစုစုပေါင်း ၃၄ ယောက်နဲ့ လေ့ကျင့်နေပါတယ်။ ATP – လက်ရွေးစင်အသင်းအတွက်လူရွေးချယ်ရာမှာ ဘယ်လိုအခက်အခဲတွေရှိလဲ။ ဘယ်နေရာတွေအတွက် ကစားသမားတွေရှားပါးနေလဲ။ ကျွန်တော်တို့မှာ...
Read More
ဥရောပသတင်း
ကွင်းလယ်လူဗာရာတီသည် ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းတိုးခဲ့သဖြင့် အသင်းနှင့်အတူ ၂၀၂၀ ခုနှစ်အထိဆက်လက်ရှိနေမည်ဖြစ်သည်။ ပီအက်စ်ဂျီ၏အဓိကကစားသမားတစ်ဦးဖြစ်သော အသက် ၂၃ နှစ်အရွယ်ရှိ အဆိုပါကစားသမားသည် ၂၀၁၂ ခုနှစ်က ပက်စ်ကာရာအသင်းမှ ပြောင်းရွှေ့လာခဲ့ပြီး ယခုဘောလုံးရာသီတွင် အသင်းအတွက် ၂၆ ပွဲထိပါဝင်ကစားပေးထားခဲ့သည်။ “အသင်းနဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် ကျွန်တော်အရမ်းပျော်ပါတယ်။ စရောက်ကတည်းက ကျွန်တော့်ကို ယုံကြည်မှုရှိရှိ နေရာပေးခဲ့တဲ့အတွက်လည်း အသင်းကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ပဲရစ်မြို့ကိုရော ပီအက်စ်ဂျီအသင်းကိုရော...
Read More
ဆောင်းပါးနှင့် အင်တာဗျုးများ
Ooredoo MNL-2016 Week -6 အပြီး ရှမ်းယူနိုက်တက်အသင်း၏ နည်းပြချုပ်ဖြစ်လာသူ ယခင်နည်းစနစ်ဒါရိုက်တာ ဦးစိုးမြတ်မင်းအား ဇွဲကပင်အသင်းကို ၁-ဝ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲအပြီး၌ တွေ့ဆုံမေးမြန်ထားသည်ကို ဖော်ပြလိုက်ပါ သည်။ ATP – အသင်းက လက်ရှိရလဒ်တွေမကောင်းဘူး။ အဲ့ဒီအပေါ် တာဝန်ရှိသူတစ်ယောက်အနေနဲ့ဘာပြောချင်လဲ။ SMM – အသင်းက လက်ရှိရလဒ်မကောင်းဘူး။ အဲဒါ...
Read More