ALL POSTS BY thuya zaw

ပရီးမီးယားလိဂ်ဖလားကို လက်မလျှော့သေးကြောင်း အာစင်ဝင်းဂါးဖွင့်ဟ

အာဆင်နယ်သည် အမှတ်ပေးဇယားဦးဆောင်သူလက်စတာနှင့် ၈ မှတ်ကွာဟနေသော်လည်း နည်းပြအာစင်ဝင်းဂါးက ပရီးမီးယားလိဂ်ချန်ပီယံလုပွဲမှာ မပြီးဆုံးသေးကြောင်း ပြောကြားခဲ့သည်။ အာဆင်နယ်သည် မန်ယူနှင့်ဆွမ်ဆီးတို့ကိုရှုံးနိမ့်ခဲ့ကာ စနေနေ့ကစပါးနှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ၂-၂ ဖြင့်သရေရလဒ်ထွက်ပေါ်ခဲ့သဖြင့် ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲ၌ ၈ မှတ်ဆုံးရှုံးထားခဲ့သည်။ သို့သော်နည်းပြအာစင်ဝင်းဂါးက “ပရီးမီးယားလိဂ်ဖလားကို ကျွန်တော်တို့လက်မလျှော့သေးပါဘူး။ နောက်ဆုံးပွဲစဉ်အထိယှဉ်ပြိုင်သွားမှာပါ။ ပရီးမီးယားလိဂ်က ပြီးဆုံးဖို့လိုပါသေးတယ်”ဟု ပြောကြားခဲ့သည်။ အာဆင်နယ်ကိုနည်းပြခဲ့သည်မှာ နှစ် ၂၀...
Read More

ဥရောပ၏ လက်ရှိလုပ်သက်အရှည်ဆုံးနည်းပြဖြစ်လာသည့် အာစင်ဝင်းဂါး

ပို့တ်ဒေါင်းအသင်းနည်းပြ ရွန်နီမက်ဖောလ်သည် ၎င်း၏အသင်းမှနုတ်ထွက်သွားပြီးနောက် အာဆင်နယ်နည်းပြအာစင်ဝင်းဂါးမှာ ဥရောပ၏အလုပ်သက်တမ်းအရှည်ဆုံးနည်းပြဖြစ်လာခဲ့သည်။ အိုင်ယာလန်ကလပ်အသင်းတစ်သင်းဖြစ်သော ပို့တ်ဒေါင်းအသင်းကို ၂၉ နှစ်ကြာကိုင်တွယ်ခဲ့သောမက်ဖောလ်သည် အိုင်ယာလန်ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်တွင် ဘာဂန်ဆဲတစ်အသင်းကိုရှုံးနိမ့်ခဲ့ပြီးနောက် စနေနေ့တွင်အသင်းမှ နုတ်ထွက်ခဲ့သည်။ မက်ဖောလ်သည် ပို့တ်ဒေါင်းအသင်းကို ၁၉၈၆ ခုနှစ်၊ ဒီဇင်ဘာလကစတင်ကိုင်တွယ်ခဲ့ပြီး အသင်းနှင့်အတူအမှတ်ပေးချန်ပီယံ ၄ ကြိမ်နှင့် ဆုဖလားပေါင်း ၂၀ ကျော်ဆွတ်ခူးနိုင်ခဲ့သည်။ မက်ဖောလ်သည် မန်ယူကိုကိုင်တွယ်ခဲ့သော ဆာအဲလက်စ်ဖာဂူဆန်...
Read More

မာတာကိုထုတ်ပယ်ခြင်းမပြုမီ ၎င်း၏စိတ်နေသဘောထားကို ထည့်သွင်းစဉ်းစားသင့်ဟု ဗန်ဟားလ်ပြောကြား

ကွင်းလယ်လူမာတာကို ထုတ်ပယ်ခြင်းမပြုမီ ၎င်းကစားသမား၏စိတ်နေစိတ်ထားကို ကွင်းလယ်ဒိုင်မိုက်ဒင်း ထည့်သွင်းစဉ်းစားသင့်ကြောင်း မန်ယူနည်းပြဗန်ဟားလ်က ပြောကြားခဲ့သည်။ ယမန်နေ့ညကကစားခဲ့သော ၀က်စ်ဘရွန်းအသင်းနှင့်ပွဲစဉ်တွင် ကွင်းလယ်ကစားသမားမာတာသည် ပွဲချိန် ၂၆ မိနစ်၌ ထုတ်ပယ်ခံခဲ့ရသဖြင့် မန်ယူအသင်းမှာ လက်ကျန်ပွဲချိန်များကို ၁၀ ယောက်ဖြင့်သာ ဆက်လက်ယှဉ်ပြိုင်ခဲ့ရပြီး ပွဲပြီး ချိန်တွင် ၁-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။ မာတာထုတ်ပယ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ နည်းပြဗန်ဟားလ်က “မာတာဟာ ဘယ်တော့မှပြိုင်ဘက်တစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ...
Read More

ပီအက်စ်ဂျီနှင့်ပွဲကို နောက်ခံလူတယ်ရီလွဲချော်နိုင်

ချဲလ်ဆီးအသင်းခေါင်းဆောင်ဂျွန်တယ်ရီမှာ ယခုတစ်ပတ်တွင် ပီအက်စ်ဂျီနှင့်ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်နိုင်ကြောင်း နည်းပြဟစ်ဒင့်က အတည်ပြုပြောကြားလိုက်သည်။ အသက် ၃၅ နှစ်ရှိ အဆိုပါနောက်ခံလူသည် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်ကို ၅-၁ ဂိုးဖြင့်အနိုင်ရခဲ့သောပွဲတွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် ပီအက်စ်ဂျီအိမ်ကွင်းတွင် ၂-၁ ဂိုးဖြင့်အရေးနိမ့်ခဲ့သော ပွဲစဉ်အပါအ၀င် ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲကိုလွဲချော်ခဲ့ရသည်။ တယ်ရီ၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍...
Read More

မော်ဒိုက်မတ်ဇီယာနှင့်ပွဲတွင် ယာမာရှိတ ပြန်လည်ပါဝင်နိုင်သော်လည်း ကျော်မင်းဦး လွဲချော်မည်

အောင်သော်ဖြိုး။ မတ် ၅။ ရန်ကုန်ယူနိုက်တက်၏ ဒဏ်ရာရကစားသမားများဖြစ်ကြသည့် ကျော်မင်းဦးနှင့် ဂျပန်လူမျိုးနောက်ခံလူ ယာမာရှိတတို့အနက် လာမည့် မတ်လ ၉ ရက်နေ့တွင် ယှဉ်ပြိုင်မည့် မော်ဒိုက်မတ်ဇီယာနှင့်ပွဲစဉ်၌ ယာမာရှိတ ပြန်လည် ပါဝင်လာနို င်ပြီး ကျော်မင်းဦး ပါဝင်နိုင်မည်မဟုတ်ဟု ရန်ကုန်အသင်းအုပ်ချုပ်သူ ဦးမြင့်သိန်းက ပြောကြားခဲ့သည်။ ရန်ကုန်ကွင်းလယ်လူ ကျော်မင်းဦးသည် ၂၀၁၆ နေရှင်နယ်လိဂ်အဖွင့်ပွဲစဉ်ဖြစ်သည့် မကွေးအသင်းနှင့်ပွဲစဉ်တွင်...
Read More

ချန်ပီယံဆုအတွက် အနည်းဆုံး ၉ ပွဲအနိုင်ရရန်လိုအပ်ဟု ပယ်လီဂရီနီပြောကြား

မန်စီးတီးနည်းပြပယ်လီဂရီနီက ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားသိမ်းပိုက်ရန် လက်ကျန် ၁၁ ပွဲ၌ အနည်းဆုံး ၉ ပွဲအနိုင်ရရှိအောင် ကစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိအမှတ်ပေးဇယားအဆင့် ၄ နေရာတွင်ရပ်တည်လျက်ရှိသော မန်စီးတီးသည် ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲရှုံးပွဲကြုံပြီးနောက် ဦးဆောင်သူလက်စတာနှင့် ၁၀ အထိကွာဟသွားခဲ့သည်။ သို့သော် နည်းပြပယ်လီဂရီနီက ၇၅ မှတ်ရရှိလျှင် ချန်ပီယံဖြစ်နိုင်သည်ဟု ထင်မှတ်ထားကာ လက်ရှိတွင် ၄၇...
Read More

ဒဏ်ရာကြောင့် စပါးနှင့်ယှဉ်ပြိုင်မည့် လန်ဒန်ဒါဘီပွဲကို ပီတာချက်လွဲချော်ဖွယ်ရှိ

အာဆင်နယ်ဂိုးသမားပီတာချက်သည် ဆွမ်ဆီးကို ၂-၁ ဂိုးဖြင့်အရေးနိမ့်ခဲ့သောပွဲတွင် တံကောက်ကြောဒဏ်ရာရရှိခဲ့သဖြင့် ယခုတစ်ပတ်စနေနေ့၌ လန်ဒန်မြောက်ပိုင်းဒါဘီအဖြစ် စပါးနှင့်ကစားမည့်ပွဲကို လွဲချော်ဖွယ်ရှိကြောင်း နည်းပြအာ စင်ဝင်းဂါးက ပြောကြားခဲ့သည်။ ဒဏ်ရာရရှိခဲ့သော ဂိုးသမားပီတာချက်နှင့်ပတ်သက်၍ နည်းပြအာစင်ဝင်းဂါးက ”ပီတာချက်ဒဏ်ရာရခဲ့ပါတယ်။ ကျွန်တော့်အထင်ပြောရရင် ဒီဒဏ်ရာကြောင့် စပါးနဲ့ပွဲကို သူလွဲချော်နိုင်ပါတယ်။ ဒါပေမဲ့ အော့စ်ပီနာကို ထည့်သွင်းကစားရမယ် ဆိုရင်လည်း သူ့အပေါ်မှာ ယုံကြည်မှုအပြည့်အ၀ရှိပြီးသားပါ” ဟု ပြောကြားခဲ့သည်။...
Read More

ချန်ပီယံဖြစ်နိုင်ဆုံးအသင်းမှာ စပါးဖြစ်ကြောင်း ရေနီယာရီဖွင့်ဟ

လက်စတာနည်းပြရေနီယာရီက အမှတ်ပေးဇယားဒုတိယနေရာမှ စပါးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ဆုံးအသင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပွဲစဉ် ၁၁ ပွဲကျန်ရှိချိန်တွင် အမှတ်ပေးဇယားထိပ်ဆုံးမှဦးဆောင်သူ လက်စတာ၏နောက် ၂ မှတ်အကွာတွင်ရပ်တည်ထားနိုင်သောစပါးသည် အဆင့် ၁ နေရာကို ၂၀၀၉-၂၀၁၀ ဘောလုံးရာသီပထမရက်သတ္တပတ်က နောက်ဆုံးအကြိ မ်တက်လှမ်းနိုင်ခဲ့ဖူးသည်။ “စပါးဟာ အခြေအနေအရပ်ရပ်အတွက် အင်အားကြီးမားတဲ့အသင်းတစ်သင်းပါ။ လူတိုင်းဟာလက်စတာအကြောင်းပဲပြောနေကြတယ်။ စပါးအကြောင်းတော့မပြောကြပါဘူး။ ဒါပေမဲ့ ကျွန်တော့်အထင်ပြောရရင် စပါးဟာ ချန်ပီယံဆုအ...
Read More

ဒဏ်ရာကြောင့် လက်စတာကွင်းလယ်လူကန်တီ ပွဲစဉ် ၂ ပွဲလွဲချော်ဖွယ်ရှိ

လက်စတာကွင်းလယ်လူအန်ဂိုလိုကန်တီသည် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် လာမည့်ပွဲစဉ် ၂ ပွဲကို လွဲချော်ဖွယ်ရှိကြောင်း သိရသည်။ အသက် ၂၄ နှစ်ရှိ အဆိုပါကွင်းလယ်လူသည် ၁-၀ ဂိုးဖြင့် နောဝစ်ခ်ျကို အနိုင်ရရှိခဲ့သောပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကာ ယနေ့ညတွင်ကစားမည့် ၀က်စ်ဘရွန်းနှင့်ပွဲအပါအ၀င် စနေနေ့ပွဲစဉ်ဖြစ်သော ၀က်ဖို့ဒ်နှင့်အဝေးကွင်းပွဲကိုပါ လွဲ ချော်နိုင်ဖွယ်ရှိကြောင်း သိရသည်။ ကွင်းလယ်လူကန်တီသည် ယခုနှစ်ဘောလုံးရာသီတွင် လိဂ်ပွဲစဉ်အားလုံးပါဝင်ကစားထားသူဖြစ်ပြီး ပြိုင်ပွဲစုံ ပွဲ...
Read More

မက်ဒရစ်ဒါဘီတွင် ရှုံးပွဲကြုံပြီးနောက် ချန်ပီယံမျှော်လင့်ချက်ပြီးဆုံးခဲ့သည်ဟု ဇီဒန်းဖွင့်ဟ

ရီးရဲလ်နည်းပြဇီဒန်းက အက်သလက်တီကိုနှင့်ယှဉ်ပြိုင်ခဲ့သော မက်ဒရစ်ဒါဘီပွဲတွင် ၁-၀ ဂိုးဖြင့်အရေးနိမ့်ခဲ့သဖြင့် လာလီဂါချန်ပီယံဆုရရှိတော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါပွဲတွင် ဂရစ်ဇ်မန်း၏သွင်းဂိုးဖြင့် အက်သလက်တီကိုအနိုင်ရခဲ့ခြင်းဖြစ်ပြီး ရှုံးပွဲကြုံခဲ့သည့်ရီးရဲလ်မှာ အမှတ်ပေးဇယားဦးဆောင်သူဘာစီလိုနာနှင့် ရမှတ် ၁၂ မှတ်အထိကွာဟသွားသောကြောင့် ရီးရဲလ်နည်းပြဇီဒန်းက ယခုကဲ့သို့ပြော ကြားခဲ့ခြင်းဖြစ်သည်။ အသက် ၄၃ နှစ်ရှိ နည်းပြဇီဒန်းက ”ချန်ပီယံမဖြစ်နိုင်တော့ပါဘူး။ ဒီပြိုင်ပွဲက အမြဲတမ်းခက်ခဲခဲ့တဲ့ပြိုင်ပွဲပါ။ အက်သလက်တီကိုနဲ့ပွဲမှာ ရှုံးမယ်ဆိုရင် ပိုပြီးခက်ခဲသွားလိမ့်မယ်လို့...
Read More
error: Content is protected !!