ALL POSTS BY thuya zaw

ယူရိုပြိုင်ပွဲကို ရှဝိန်းစတိုင်ဂါလွဲချော်နိုင်ကြောင်း ဗန်ဟားလ်ဖွင့်ဟ

ဂျာမနီအသင်းခေါင်းဆောင်ရှဝိန်းစတိုင်ဂါသည် ဒူးဒဏ်ရာကြောင့် လာမည့်ယူရိုပြိုင်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေကြောင်း မန်ယူနည်းပြဗန်ဟားလ်က ဖွင့်ဟသွားခဲ့သည်။ အသက် ၃၁ နှစ်အရွယ် ရှဝိန်းစတိုင်ဂါသည် ဂျာမနီက အင်္ဂလန်ကို ၃-၂ ဖြင့်ရှုံးနိမ့်ခဲ့သည့် ခြေစမ်းပွဲစဉ်မတိုင်မီ လေ့ကျင့်ခန်းအစီအစဉ်တစ်ခုတွင် ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ “သူ့ဒဏ်ရာအခြေအနေကြောင့် ယူရိုပြိုင်ပွဲမှာပါနိုင်ဖို့ မသေချာတော့ပါဘူး”ဟု ဗန်ဟားလ်က ဖွင့်ဟသွားခဲ့ပြီး မန်ယူနှင့်အင်္ဂလန်ဘယ်နောက်ခံလူလုခ်ရှောမှာမူ လာမည့်သီတင်းပတ်အတွင်း လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖွယ်ရှိကြောင်း ပြော ကြားခဲ့သည်။ “လုခ်ရှောဟာ...
Read More

တိုက်စစ်မှူးကော်စတာ ထပ်တိုးတစ်ပွဲပယ်ပြစ်ဒဏ်နှင့် ပေါင် ၂၀၀၀၀ ဒဏ်ရိုက်ခံရ

ချဲလ်ဆီးတိုက်စစ်မှူးဒီယေဂိုကော်စတာသည် ကစားသမားမပီသသည့်အပြုအမူကြောင့် ဒဏ်ကြေး ပေါင် ၂၀၀၀၀ နှင့် နောက်ထပ်တစ်ပွဲပယ်ပြစ်ဒဏ်ကို ခံယူရမည်ဖြစ်သည်။ အသက် ၂၇ နှစ်အရွယ်ကော်စတာသည် မတ်လ ၁၂ ရက်နေ့ကကစားခဲ့သော အဲဗာတန်နှင့်အက်ဖ်အေဖလားပွဲစဉ်၌ အဲဗာတန်ကွင်းလယ်လူဘယ်ရီနှင့် ဖြစ်ပွားခဲ့သောအချင်းများမှုအတွင်း ဘာရီ၏လည်ပင်းကို ကိုက်ဟန်ပြုခဲ့သောကြောင့် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီး အဆိုပါအပြုအမူအတွက် ဒဏ်ရိုက်ခံခဲ့ရခြင်းဖြစ်သည်။ ကော်စတာကို မူလက ၂ ပွဲပယ်ပြစ်ဒဏ်သာချမှတ်ခဲ့သော်လည်း ထပ်တိုးပြစ်ဒဏ်ကြောင့် စုစုပေါင်း...
Read More

၎ နိုင်ငံဖိတ်ခေါ်ဖလားကစားရန် ညှိနှိုင်းဆဲဖြစ်ကြောင်း ဦးကိုကိုသိန်းပြော

Ray Kin မတ် ၃၁။ မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလားတွင်အောင်မြင်မှုများရရှိနိုင်ရေး ကြိုတင်ပြင်ဆင်မှုတစ်ရပ်အဖြစ် လာမည့်ဇွန်လတွင် အာဆီယံ ၄ နိုင်ငံဖိတ်ခေါ်ဖလားကို မြန်မာနိုင်ငံ၌ ပြုလုပ်ရန်ရှိသော်လည်း ညှိနှိုင်းဆဲဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းထံမှ သိရှိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အောင်မြင်မှုများနှင့်ဝေးကွာနေသော လက်ရွေးစင်အသင်းအား နိုင်ငံတကာပွဲအတွေ့အကြုံများပိုမိုရရှိစေရန်နှင့် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဆူဇူကီးဖလားတွင် အောင်မြင်မှုများရရှိနိုင်ရေး ရည်ရွ ယ်၍...
Read More

ဂျူဗင်တပ်နောက်ခံလူ ဘိုနူချီ၏ဒဏ်ရာ စိုးရိမ်ဖွယ်မရှိ

ဂျာမနီနှင့်ခြေစမ်းပွဲစဉ်တွင်ရရှိခဲ့သော အီတလီနှင့်ဂျူဗင်တပ်ဝါရင့်နောက်ခံလူ ဘိုနူချီ၏ ပေါင်ဒဏ်ရာမှာ စိုးရိမ်ဖွယ်မရှိကြောင်း ဂျူဗင်တပ်အသင်းက ထုတ်ပြန်ခဲ့သည်။ ဘိုနူချီသည် အင်္ဂါနေ့က ဂျာမနီကို ၄-၁ ဖြင့်ရှုံးနိမ့်ခဲ့သောခြေစမ်းပွဲစဉ် ပွဲချိန် ၆၁ မိနစ်တွင်ဒဏ်ရာရရှိခဲ့ကာ ထမ်းစင်ဖြင့်သယ်ထုတ်ခဲ့ရသော်လည်း ဓာတ်မှန်စစ်ဆေးမှုခံယူပြီးနောက် ၎င်း၏ဒဏ်ရာမှာမပြင်းထန်ကြောင်း ဂျူဗင်တပ်အသင်းမှ အတည်ပြုခဲ့သည်။ အဆိုပါသတင်းမှာ ယူရို ၂၀၁၆ ပြိုင်ပွဲကစားရန် ၂ လကျော်ခန့်သာလိုတော့သည့် အီတလီအတွက်သတင်းကောင်းတစ်ခုဖြစ်ပြီး ဘိုနူချီသည်...
Read More

ထိန်းချုပ်ရခက်ခဲသော ဒေါ့မွန်ခြေစွမ်းကြောင့် ကလော့ပ်စိုးရိမ်နေ

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်သည် အသင်းဟောင်းနှင့်ပြန်လည်ရင်ဆိုင်ရမည့်ပွဲတွင် ဖြစ်ပေါ်လာမည့် စိတ်ခံစားမှုထက် ဒေါ့မွန်၏ ကွင်းတွင်းခြိမ်းခြောက်မှုများကို ပိုမိုစိုးရိမ်မိကြောင်းဖွင့်ဟခဲ့သည်။ ကလော့ပ်သည် ဒေါ့မွန်တွင် ၇ နှစ်ကြာ အောင်မြင်မှုရအောင်စွမ်းဆောင်ခဲ့ပြီးနောက် ပြီးခဲ့သည့်ရာသီကုန်က လီဗာပူးသို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး လာမည့်သီတင်းပတ်အတွင်း အသင်းဟောင်းဒေါ့မွန်နှင့်ယူရိုပါလိဂ်ပွဲအဖြစ် ပြန်လည်ရ င်ဆိုင်ရမည်ဖြစ်သည်။ လီဗာပူးမှာ ပရီးမီးယားလိဂ်တွင် အဆင့် ၉ ၌ရပ်တည်နေပြီး ဘွန်ဒက်စ်လီဂါတွင် ဒုတိယနေရာ၌ရပ်တည်နေသည့်ဒေါ့မွန်ကို ရင်ဆိုင်ရမည်ဖြစ်သော်လည်း အဆိုပါပွဲမှာ...
Read More

လာလီဂါဖလားကို ဆွတ်ခူးနိုင်သေးကြောင်း ဂါရတ်ဘေးလ်ဖွင့်ဟ

ရီးရဲလ်မက်ဒရစ်သည် စနေနေ့တွင်ယှဉ်ပြိုင်မည့် အမှတ်ပေးဇယားဦးဆောင်သူ ဘာစီလိုနာနှင့် ၁၀ မှတ်ကွာဟနေသော်လည်း ဂါရတ်ဘေးက လာလီဂါဖလားဆွတ်ခူးနိုင်သေးကြောင်း ပြောကြားခဲ့သည်။ ဘာစီလိုနာသည် နိုဝင်ဘာလ ၂၁ ရက်နေ့က ဘာနေဗျူးကွင်း၌ ရီးရဲလ်မက်ဒရစ်ကို ၄-၀ ဖြင့်အနိုင်ရခဲ့ပြီး လာလီဂါနှင့်ဖလားပြိုင်ပွဲများတွင် ၃၉ ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်ထားခဲ့သည်။ သို့သော်ဂါရတ်ဘေးလ်က “ဘောလုံးလောကမှာ ဘာမဆိုဖြစ်နိုင်ပါတယ်”ဟု ပြောကြားခဲ့ပြီး ပြီးခဲ့သောဘောလုံးရာသီကထက် အသင်းတွင် ပို၍အခြေကျနေပြီဖြစ်ကြောင်းလည်း...
Read More

ပွဲထွက်ခွင့်အာမခံချက်ရရန် မမျှော်လင့်ခဲ့ကြောင်း ရွန်နီဖွင့်ဟ

အင်္ဂလန်အသင်းခေါင်းဆောင်ဝိန်းရွန်နီက ပွဲထွက်လူစာရင်းအတွက်အာမခံချက်ရရန် မည်သည့်အခါကမှ မမျှော်လင့်ခဲ့ကြောင်း ဖွင့်ဟခဲ့ပြီး ယူရို ၂၀၁၆ တွင် အင်္ဂလန်အသင်း၏အလားအလာနှင့်ပတ်သက်၍ စိတ်လှုပ်ရှားနေကြောင်း ပြော ကြားခဲ့သည်။ ရွန်နီသည်လက်ရှိအချိန်တွင် ဒူးဒဏ်ရာကြောင့် ပွဲထွက်ကစားနိုင်ခြင်းမရှိသော်လည်း တစ်ပတ် သို့မဟုတ် ၁၀ ရက်အတွင်း လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖွယ်ရှိနေသည်။ ဟယ်ရီကိန်းနှင့်ဗာဒီတို့ခြေစွမ်းပြနေခြင်း၊ စတာရစ်ခ်ျဒဏ်ရာမှသက်သာလာခြင်းတို့က ရွန်နီ၏အင်္ဂလန်ပွဲထွက်ခွင့်အတွက် ခြိမ်းခြောက်မှုဖြစ်ခဲ့သော်လည်း ထိုကဲ့သို့ ၎င်းအပေါ်ဖိအားများရှိလာခြင်းကိုကျေနပ်ကြောင်း ရွန်နီကဖွင့်ဟခဲ့သည်။ “ကျွန်တော်စိတ်လှုပ်ရှားမိပါတယ်။...
Read More

အင်တာမီလန်မှထွက်ခွာမည်မဟုတ်ဟု မန်စီနီပြောကြား

အင်တာမီလန်နည်းပြမန်စီနီက လာမည့်ဘောလုံးရာသီအထိ အသင်းတွင်ဆက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့်ဘောလုံးရာသီတွင် အင်တာမီလန်သို့ ပြန်လည်ရောက်ရှိခဲ့သော မန်စီနီက ရလဒ်ဆိုးများနှင့်ကြုံတွေ့နေရသော်လည်း လာမည့်ပွဲစဉ်များတွင် ပိုမိုကောင်းမွန်အောင် ကြိုးပမ်းနိုင်မည်ဟုယုံကြည်ကြောင်း ပြောကြားခဲ့သည်။ အနာဂတ်နှင့်ပတ်သက်၍ နည်းပြမန်စီနီက “ကျွန်တော်ကအင်တာမီလန်နည်းပြပါ။ လာမယ့်နှစ်မှာလည်း ဆက်ရှိနေဦးမှာပါ။ ကျွန်တော်တို့အမှတ်ပေးဇယားထိပ်ဆုံးမှာ ကာလတစ်ခုအထိနေခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ အင်တာမီလန်ဟာ အသင်းကြီးတစ်သင်းပါ။ အခုအချိန်မှာလည်း အဆင့်...
Read More

မက်ဆီ၊ ရော်နယ်ဒိုကိစ္စ အငြင်းပွားရာမှ လူသတ်မှုဖြစ်ပွား

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းခရိုင်အတွင်းရှိ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် မက်ဆီနှင့်ရော်နယ်ဒို မည်သူက ပိုကောင်းသည်နှင့်ပတ်သက်၍ သူငယ်ချင်းနှစ်ဦး စကားများရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် စနေနေ့ညက ပါတီပွဲတစ်ခုတွင် အသက် ၂၁ နှစ်အရွယ် နိုင်ဂျီးရီးယားလူမျိုး မိုက်ကယ်ချုကူမာဆိုသူက တစ်နယ်တည်းသား အိုဘီနာဒူရမ်ချူကူအား ဖန်ခွက်ကွဲ အပိုင်းအစဖြင့် ထိုးသတ်ခဲ့ကြောင်း အိန္ဒိယရဲအရာရှိတစ်ဦးကေ ပြာကြားခဲ့သည်။ “သူတို့ ဘောလုံးသမားတွေအကြောင်း ဆွေးနွေးငြင်းခုံနေကြတာပါ။...
Read More

ရိုးမားကိုသတိထားကစားရန် အသင်းသားများကို ဇီဒန်းတိုက်တွန်း

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်၌ ၂-၀ ဖြင့်အနိုင်ရထားခဲ့သော်လည်း ရီးရဲလ်နည်းပြဇီဒန်းက ဒုတိယအကျော့ပွဲစဉ်တွင် ရိုးမားအသင်းကို လျှော့တွက်၍ပေါ့ဆစွာမကစားရန် အသင်းသားများကိုတိုက်တွန်းပြောကြားလိုက်သည်။ “ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့အခွင့်အရေးရှိနေပြီဖြစ်လို့ စိတ်လှုပ်ရှားမိတာတော့အမှန်ပါပဲ။ ဒါပေမဲ့ လာမယ့်ပွဲအတွက် အာရုံစိုက်ထားဖို့လိုပါတယ်။ ရိုးမားဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး သူတို့ရဲ့တိုက်စစ်မှူးတွေကလည်း အရမ်းကောင်းကြပါတယ်။ ကောင်းကောင်းမကစားနိုင်ရင် ကျွန်တော်တို့ကျန်ခဲ့နိုင်ပါတယ်။ ရိုးမားမှာအခွင့်အရေးမရှိတော့ဘူးလို့ပြောလို့မရပါဘူး”ဟု ဇီဒန်းကဖွင့်ဟသွားခဲ့သည်။ စီးရီးအေပြိုင်ပွဲတွင် နောက်ဆုံး ၇...
Read More
error: Content is protected !!