ALL POSTS BY thuya zaw
ဥရောပသတင်း
မန်စီးတီးသည် ယမန်နေ့က ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ပီအက်စ်ဂျီကို အဝေးကွင်း၌ ၂-၂ ဖြင့်သရေရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် နည်းပြပယ်လီဂရီနီက ၎င်း၏အသင်းသည် နောက်တစ်ဆင့်သို့တက်ရောက်နိုင်ရန် ရေပန်းစားသောအသင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်မန်စီးတီးသည် အဝေးဂိုး ၂ ဂိုးရခဲ့သောကြောင့် လာမည့်တစ်ပတ်အင်္ဂါနေ့တွင်ကစားမည့် အိမ်ကွင်းပွဲစဉ်တွင် ၁-၁ ရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်နိုင်လျှင်ပင် ဆီမီးဖိုင်နယ်သို့ရောက်ရှိမည်ဖြစ်သည်။ သို့ရာတွင် ပယ်လီဂရီနီက “ကျွန်တော်တို့ဟာ ဒီပွဲမကန်ခင်ကရော ကန်ပြီးတော့ရော...
Read More
စီးရီးအေ
နာပိုလီတိုက်စစ်မှူးဟီဂူအင်သည် တနင်္ဂနွေနေ့က အူဒီးနိစ်အသင်းနှင့်ကစားခဲ့သည့်ပွဲစဉ်အတွင်း ဒေါသတကြီးကျူးလွန်ခဲ့သောအပြုအမူကြောင့် ၄ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ အသက် ၂၈ နှစ်အရွယ် စီးရီးအေထိပ်တန်းဂိုးသွင်းရှင်တစ်ဦးဖြစ်သူဟီဂူအင်သည် အူဒီးနီစ်ကွင်း၌ ၃-၁ ဖြင့်ရှုံးနိမ့်ခဲ့သော အဆိုပါပွဲစဉ်တွင် အနီကတ်ဖြင့်ထုတ်ပယ်ခံခဲ့ရသည်။ ထိုသို့ထုတ်ပယ်ခံရချိန်တွင် ဟီဂူအင်က ဒိုင်လူကြီးကို တွန်းခဲ့ပြီး အော်ဟစ်ပြောဆိုခြင်းကြောင့် အသင်းဖော်များက ၎င်းအားကွင်းတွင်းမှ ဆွဲထုတ်ခဲ့ရသည်။ နာပိုလီနည်းပြ မာရီဇီယိုဆာရီသည်လည်း ဒိုင်အဖွဲ့ကိုစိန်ခေါ်ခဲ့သည့် အပြုအမူကြောင့် ပွဲကြီးကြပ်ခွင့်...
Read More
ကမ္ဘာ့သတင်း
ချဲလ်ဆီးနည်းပြသစ်ဖြစ်လာမည့် အန်တိုနီယိုကွန်တီအား လုပ်ပွဲကစားမှုနှင့်ပတ်သက်၍ ထောင်ဒဏ် ၆ လနှင့် ဒဏ်ကြေးပေးဆောင်စေရန် အီတလီနိုင်ငံအစိုးရရှေ့နေတစ်ဦးက လိုလားနေကြောင်း ကွန်တီ၏ရှေ့နေကပြောကြားခဲ့သည်။ အဆိုပါကိစ္စမှာ ၂၀၁၁ ခုနှစ်က အီတလီစီးရီးဘီမှ ဆီနာအသင်းကို ကွန်တီကိုင်တွယ်စဉ်က ကျူးလွန်ခဲ့ဖွယ်ရှိသော ကိစ္စရပ်များကို ရည်ရွယ်ခြင်းဖြစ်သည်။ အသက် ၄၆ နှစ်အရွယ် ဂျူဗင်နည်းပြဟောင်းကွန်တီသည် လက်ရှိတွင်အီတလီလက်ရွေးစင်းအသင်းကိုကိုင်တွယ်နေပြီး ယူရို ၂၀၁၆ အပြီး ချဲလ်ဆီးနည်းပြအဖြစ်တာဝန်ယူမည်ဖြစ်သည်။...
Read More
ဥရောပသတင်း
အက်သလက်တီကိုနောက်ခံလူ ဖိလစ်ပီလူးဝစ်က ဘာစီလိုနာ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာရမည်ကို မလိုလားမှုများရှိနေပြီး ယမန်နေ့ကယှဉ်ပြိုင်ခဲ့သည့်ပွဲ၌ ၎င်းတို့အသင်း မမျှမတဆက်ဆံခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ အက်သလက်တီကိုသည် ယမန်နေ့က ဘာစီလိုနာနှင့် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ၁-၀ ဖြင့်ဦးဆောင်နေရာမှ ဂိုးသွင်းယူခဲ့သော တိုက်စစ်မှူးတောရက်စ် ထုတ်ပယ်ခံခဲ့ရပြီး ၂-၁ ဖြင့်ရှုံးနိမ့်ခဲ့သည်။ “ကျွန်တော်တို့အသင်းက ထုတ်ခံရသလိုမျိုး ဘာစီလိုနာကစားသမားတွေ ဘာဖြစ်လို့အထုတ်မခံရလဲဆိုတာ စဉ်းစားလို့မရပါဘူး။ လုံးဝမမျှတတဲ့ပွဲဖြစ်ခဲ့ပါတယ်။...
Read More
ပရီးမီးယားလိဂ်
ဒဏ်ရာကြောင့် ၇ လခန့်အနားယူခဲ့ရသော မန်ယူနောက်ခံလူ လုခ်ရှောသည် တနင်္လာနေ့က အသင်းနှင့်အတူလေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။ အသက် ၂၀ အရွယ် အင်္ဂလန်နောက်ခံလူ လုခ်ရှောသည် စက်တင်ဘာလက ပီအက်စ်ဗီကိုရှုံးနိမ့်ခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် ခြေထောက်ကျိုးခဲ့ခြင်းဖြစ်သည်။ လုခ်ရှောမကြာမီပြန်ကစားနိုင်တော့မည်ဖြစ်ကြောင်းကို အသင်းဖော်မာတာကလည်း လူမှုကွန်ရက်စာမျက်နှာတွင် ၎င်းတို့နှစ်ယောက်တွဲဓာတ်ပုံကိုတင်၍ အတည်ပြုသွားခဲ့ကြောင်းသိရသည်။ လုခ်ရှောသည် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် အင်္ဂလန်အတွက်ပါဝင်လာဖွယ်ရှိသော်လည်း နည်းပြရွိုင်းဟော့ဆန်...
Read More
ပရီးမီးယားလိဂ်
ယာယာတိုရေးသည် လာမည့်နွေရာသီတွင် မန်စီးတီးမှထွက်ခွာမည်ဖြစ်ပြီး ကမ်းလှမ်းမှုများလည်းရှိကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူ ဒီမီထရီဆီလက်ကဖွင့်ဟသွားခဲ့သည်။ အသက် ၃၂ နှစ်အရွယ်အိုင်ဗရီကို့စ်ကွင်းလယ်လူ ယာယာတိုရေးသည် ၂၀၁၀ ဇူလိုင်လက ဘာစီလိုနာမှ ပေါင် ၂၄ သန်းဖြင့် မန်စီးတီးသို့ပြောင်းရွှေ့ခဲ့ပြီး ထိုစဉ်က ၎င်းအားရောင်းချခဲ့သူမှာ လာမည့်နှစ်တွင် မန်စီးတီးကိုကိုင်တွယ်မည့် န ည်းပြဂွါဒီယိုလာဖြစ်သည်။ ယာယာတိုရေး၏ ဦးစားပေးရွေးချယ်မှုသည် မန်စီးတီးနည်းပြဟောင်း ရောဘတ်တိုမန်စီနီ၏ အင်တာမီလန်ဖြစ်လာဖွယ်ရှိနေသော်လည်း...
Read More
ဥရောပသတင်း
ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ယနေ့ညတွင် ဘာစီလိုနာနှင့်ယှဉ်ပြိုင်မည့်ပွဲ၌ အက်သလက်တီကိုခံစစ်အတွဲဖြစ်သော ဂိုဒင်နှင့် ဆာဗစ်တို့ ပါဝင်ကစားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဥရုဂွေးလက်ရွေးစင်နောက်ခံလူသည် အက်သလက်တီကိုခံစစ်၏ အရေးပါသူတစ်ဦးဖြစ်ကာ ၂၀၁၄ ခုနှစ်၊ မေလ၌ ဘာစီလိုနာအိမ်ကွင်းနူးကမ့်တွင် အဆုံးအဖြတ်ဂိုးသွင်းယူ၍ အသင်းအတွက် လာလီဂါချန်ပီယံဆုဆွတ်ခူးပေးနို င်ခဲ့သူလည်းဖြစ်သည်။ ထို့အပြင် ဂိုဒင်သည် ၂၀၁၄ ခုနှစ်၊ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဖြစ် ဘာစီလိုနာနှင့်ရင်ဆိုင်ခဲ့ရာတွင်လည်း နှစ်ကျော့စလုံးပါဝင်ကစားခဲ့သူဖြစ်သည်။...
Read More
ကမ္ဘာ့သတင်း
အသက် ၈၄ နှစ်ရှိ အီတလီနှင့် အေစီမီလန်ဂန္ထ၀င်နောက်ခံလူ ဆီဆာရီမာလ်ဒီနီသည် ယမန်နေ့က ကွယ်လွန်သွားခဲ့ကြောင်းသိရှိရသည်။ ဆီဆာရီမာလ်ဒီနီ၏ သားဖြစ်သူ အေစီမီလန်ဂန္ထ၀င်နောက်ခံလူဖြစ်သည့် ပါအိုလိုမာလ်ဒီနီသည်လည်း ဖခင်၏ခြေရာနင်းနိုင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်တွင် မြေးဖြစ်သူ ခရစ္စတီယန်မာလ်ဒီနီမှာ အေစီမီလန် ယူ-၁၉ အသင်းတွင် ကစားလျက်ရှိ သည်။ ဆီဆာရီမာလ်ဒီနီနှင့်ပတ်သက်၍ အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တာဗက်ချီယိုက ”အီတလီဘောလုံးလောကရဲ့ တကယ့်ဂန္ထ၀င်တစ်ဦးဖြစ်တဲ့ ဆီဆာရီမာလ်ဒီနီကတော့ ကျွန်တော်တို့ကို...
Read More
ပရီးမီးယားလိဂ်
မန်ယူနည်းပြဗန်ဟားလ်က ယမန်နေ့က အဲဗာတန်ကို ၁-၀ ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲမှာ မျှော်လင့်မထားသောအောင်ပွဲဖြစ်ခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ အဲဗာတန်ကိုအနိုင်ရခဲ့ခြင်းနှင့်ပတ်သက်၍ နည်းပြဗန်ဟားလ်က ”ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့သလို အခွင့်အရေးတွေလည်း အများကြီးမဖန်တီးနိုင်ခဲ့ပါဘူး။ အဲဗာတန်ဟာ အိမ်ကွင်းထက် အဝေးကွင်းခြေစွမ်းပိုကောင်းတဲ့ အသင်းပါ။ ဒါကြောင့် အရမ်းကိုခက်ခဲတဲ့ပွဲဖြစ်ခဲ့ပါတယ်။ ဒီနေ့တော့ ကျွန်တော်တို့ကံကောင်းတဲ့အသင်းဖြစ်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။ အဆိုပါပွဲစဉ်တွင် အိမ်ရှင်မန်ယူအသင်းမှာ အဲဗာတန်ဘက်သို့ ပွဲချိန်တစ်လျှောက်လုံးတွင် ၂...
Read More
ပရီးမီးယားလိဂ်
အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက အသင်း၏ ယခုနှစ်အခြေအနေအပေါ် ကွင်းလယ်လူအိုဇဲလ် အဆိုးမြင်မှတ်ချက်ပေးမှုများကို မနှစ်သက်ကြောင်းဖွင့်ဟခဲ့သည်။ ပြီးခဲ့သည့် ကြားရက်က ယခုနှစ်ပရီးမီးယားလိဂ်ဖလားရရှိရေးမှာ ခက်ခဲလွန်းကြောင်း အိုဇဲလ်က မှတ်ချက်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ၎င်းနှင့်တွေ့ဆုံဆွေးနွေးရန် အာစင်ဝင်းဂါးက စီစဉ်နေသည်။ “သူပြောတဲ့စကားကိုကျွန်တော်မကြိုက်ပါဘူး။ အမှန်ဆို ချန်ပီယံဖြစ်ဖို့ ၁ ရာခိုင်နှုန်းပဲအခွင့်အရေးရှိရင်တောင် ကျွန်တော်တို့ ဒါကိုယုံကြည်မှုထားရမှာပါ။ ကျွန်တော် ဒီကိစ္စနဲ့ပတ်သက်ပြီး အိုဇဲလ်နဲ့တွေ့ဆုံဆွေးနွေးမှာပါ။ ဘ၀မှာ ယြုံ...
Read More