ALL POSTS BY thuya zaw

ဟာသာဘာလင်ကို အနိုင်ယူကာ ၄ နှစ်ဆက်ချန်ပီယံဖြစ်ရန် ဘိုင်ယန်မြူးနစ်နီးစပ်

ယနေ့ညတွင်ကစားမည့် ဟာသာဘာလင်နှင့်ပွဲစဉ်တွင် အနိုင်ရခဲ့လျှင် ဘိုင်ယန်မြူးနစ်သည် ၄ နှစ်ဆက် ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ရန် အခွင့်အရေးရရှိမည်ဖြစ်သည်။ သို့သော် ပွဲချိန်တူကစားမည့် ဒုတိယနေရာမှဒေါ့မွန်နှင့် စတုဂတ်တို့ပွဲစဉ်တွင် ဒေါ့မွန်အသင်းရှုံးနိမ့်ကာ ဘိုင်ယန်မြူးနစ်က ဟာသာဘာလင်ကိုအနိုင်ရမှသာ ဆုဖလားကိုဆွတ်ခူးနိုင်မည်လည်းဖြစ်သည်။ အကယ်၍ ဘိုင်ယန်မြူးနစ်သည် ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်လာခဲ့လျှင် လာမည့်နွေရာသီတွင် မန်စီးတီးသို့ပြောင်းရွှေ့မည့် နည်းပြဂွါဒီယိုလာမှာ ၎င်းတာဝန်ယူကိုင်တွယ်သော ၃ နှစ်စလုံး အမှတ်ပေးဖလားဆွတ်ခူးနိုင်သည့် နည်းပြတစ်ဦြး ဖစ်လာမည်ဖြစ်သည်။...
Read More

ယနေ့ညကစားမည့် ဗယ်လီကာနိုနှင့်ပွဲကို ရော်နယ်ဒိုလွဲချော်မည်

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို၏ ညာဘက်ပေါင်ကြွက်သားဒဏ်ရာကို စစ်ဆေးမှုများပြုလုပ်ပြီးနောက် ၎င်းသည်ယနေ့ညတွင်ကစားမည့် ဗယ်လီကာနိုနှင့်ပွဲစဉ်၌ ပါဝင်နိုင်မည်မဟုတ်ကြောင်းသိရသည်။ ရော်နယ်ဒို၏ဒဏ်ရာနှင့်ပတ်သက်၍ မည်မျှခန့်အနားယူရန်လိုအပ်ကြောင်းကို အင်္ဂါနေ့တွင် မန်စီးတီးနှင့်ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မတိုင်မီ ထပ်မံစစ်ဆေးမည်ဖြစ်သည်။ ရီးရဲလ်မက်ဒရစ်သည် လက်ကျန် ၄ ပွဲကျန်ရှိချိန်တွင် အမှတ်ပေးဇယားဦးဆောင်သူဘာစီလိုနာနှင့် ဒုတိယနေရာမှ အက်သလက်တီကိုတို့၏နောက် ၁ မှတ်လျော့ဖြင့် တတိယနေရာတွင်ရပ်တည်နေသည်။ ဗီလာရီးရဲလ်ကို ၃-၀ ဖြင့်အနိုင်ရခဲ့သောပွဲတွင် နောက်ကျောဒဏ်ရာကြောင့်...
Read More

ယခုနှစ်မှချန်ပီယံမဖြစ်လျှင် နောက်တစ်ကြိမ်ဆိုသည်မှာ မသေချာတော့ကြောင်း ရေနီယာရီပြောကြား

လက်စတာနည်းပြ ရေနီယာရီက ပရီးမီးယားလိဂ်ဖလားကို ယခုနှစ်မှမဆွတ်ခူးနိုင်ခဲ့လျှင် နောက်တစ်ကြိမ်အခွင့်အရေးရရန် မလွယ်ကူတော့ကြောင်း ပြောကြားခဲ့သည်။ လက်စတာသည် လက်ကျန် ၄ ပွဲကျန်ရှိချိန်တွင် ဒုတိယနေရာမှစပါးကို ၅ မှတ်အသာဖြင့် ဦးဆောင်နေပြီး လာမည့်ဘောလုံးရာသီ ချန်ပီယံလိဂ်ဝင်ခွင့်သေချာသွားပြီလည်းဖြစ်သည်။ “ဒီနှစ်မှမရရင် နောက်ထပ်ဒီလိုအခွင့်အရေးမျိုးရဖို့ မလွယ်တော့ပါဘူး။ ချန်ပီယံလိဂ်ဝင်ခွင့် သေချာသွားပြီဖြစ်ပေမယ့် ဖလားရဖို့ကိုလည်း ရှိသမျှခွန်အားနဲ့ အစွမ်းကုန်ကြိုးစားသွားမှာပါ။ ချန်ပီယံဖြစ်ဖို့ ၈ မှတ်လိုနေပါတယ်။...
Read More

ယူရို ၂၀၁၆ အတွက် ရက်ခ်ျဖို့ဒ်ကိုခေါ်ရန်မသင့်ကြောင်း ရွိုင်းဟော့ဆန်ပြောကြား

အင်္ဂလန်နည်းပြ ရွိုင်းဟော့ဆန်က ယူရို ၂၀၁၆ လူစာရင်းတွင် မားကပ်စ်ရက်ခ်ျဖို့ဒ်ကိုထည့်သွင်းရန်အတွက် ၎င်းထက်ပိုမိုသင့်တော်သောကစားသမားတစ်ဦးကို မချန်ထားခဲ့လိုကြောင်း ပြောကြားခဲ့သည်။ အသက် ၁၉ နှစ်ပြည့်ရန်ပင် ၆ လခန့်လိုသေးသော မန်ယူလူငယ်တိုက်စစ်မှူးရက်ခ်ျဖို့ဒ်သည် ပွဲဦးထွက်ခွင့်ရစဉ်ကတည်းက ခြေစွမ်းပြလျက်ရှိပြီး ၁၃ ပွဲတွင် ၇ ဂိုးသွင်းယူနိုင်ခဲ့သည်။ ရွိုင်းဟော့ဆန်သည် ရက်ခ်ျဖို့ဒ်၏ခြေစွမ်းကိုသဘောကျသော်လည်း အင်္ဂလန်တိုက်စစ်တွင် ၀ိန်းရွန်နီ၊ ဟယ်ရီကိန်း၊ ဗာဒီ၊ စတာရစ်ခ်ျ၊...
Read More

အိုဝင်ကို ကလပ်၏နိုင်ငံတကာသံတမန်အဖြစ် ခန့်အပ်မှုအပေါ် လီဗာပူးပရိသတ်များ ဒေါသတကြီးတုံ့ပြန်

လီဗာပူးပရိသတ်များသည် အဓိကပြိုင်ဘက် မန်ယူသို့ပြောင်းရွှေ့ခဲ့သည့် ကစားသမားဟောင်း မိုက်ကယ်အိုဝင်ကို ကလပ်၏ပထမဆုံးနိုင်ငံတကာသံတမန်အဖြစ် လီဗာပူးအသင်းမှခန့်အပ်ခဲ့မှုအပေါ် မကျေမနပ်ဖြစ်နေကြကြောင်းသိရသ ည်။ အိုဝင်ကို နိုင်ငံတကာသံတမန်အဖြစ်ခန့်အပ်ကြောင်း ကြာသပတေးနေ့က လီဗာပူးမှ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အသင်းပရိသတ်များက “မန်ယူရဲ့အိုဝင်လား။ ဒါဆိုရင်တော့ ကျေးဇူးမတင်နိုင်ပါဘူး” ဟူသည့် မှတ်ချက်အပါ အ၀င် အဆိုပါခန့်အပ်မှုကို သဘောမတူကြောင်းပြသသည့် မှတ်ချက်များ လူမှုကွန်ရက်တွင်တုံ့ပြန် ရေးသားခဲ့ကြသည်။ “ကျွန်တော် လီဗာပူးပရိသတ်တစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင်...
Read More

PFA ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးအသင်းတွင် လက်စတာနှင့်စပါးမှ ကစားသမားအများစုပါဝင်

PFA မှထုတ်ပြန်သော ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးအသင်းတွင် စပါးနှင့်လက်စတာတို့မှ ကစားသမား ၈ ဦးအထိရွေးချယ်ခံခဲ့ရသည်။ အဆိုပါ လူစာရင်းကို PFA က တနင်္ဂနွေနေ့တွင် ကျင်းပမည့် ဆုပေးပွဲတွင်မှ ထုတ်ပြန်ရန်စီစဉ်ထားခဲ့သော်လည်း အချက်အလက်များပေါက်ကြားခဲ့ဖွယ်ရှိသောကြောင့် စောစီးစွာထုတ်ပြန်ခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။ လက်စတာမှ ဗာဒီ၊ မော်ဂန်၊ ကန်တီနှင့် မာရက်ဇ်၊ စပါးမှ ဟယ်ရီကိန်း၊ အယ်ဒါဝီရယ်၊ ဒန်နီရို့စ်နှင့် ဒါလီအလိုင်းတို့မှာ...
Read More

အိုလံပစ်ပြိုင်ပွဲတွင် ဘရာဇီးအတွက် နေမာပါဝင်မည်ဖြစ်သော်လည်း ကိုပါအမေရိကပြိုင်ပွဲကိုလွဲချော်

နေမာသည် လာမည့်နွေရာသီတွင် ရီယိုဒီဂျနေရိုးမြို့၌ ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲတွင် ဘရာဇီးအတွက်ပါဝင်ကစားမည်ဖြစ်သော်လည်း ကိုပါအမေရိကပြိုင်ပွဲတွင်မူ ပါဝင်မည်မဟုတ်ကြောင်း ဘာစီလိုနာက ဒီပို့တီဗိုကို ၈-၀ ဖြင့်အနိုင်ရခဲ့ သောပွဲစဉ်အပြီးတွင် ထုတ်ပြန်ကြေညာခဲ့သည်။ နေမာက ပြိုင်ပွဲ ၂ ရပ်လုံးတွင် ပါဝင်ကစားလိုကြောင်း ဖွင့်ဟထားသော်လည်း ဘာစီလိုနာက ၎င်းတို့၏ထိပ်တန်းတိုက်စစ်မှူးကို အချိန်ကြာမြင့်စွာ လက်လွတ်မခံလိုသဖြင့် ဘာစီလိုနာနှင့်ဘရာဇီးအသင်းတို့မှာ နေမာကိစ္စနှင့်ပတ်သက်၍ လအတန်ကြာဆွေးနွေးခဲ့ကြပြီး ယခုမှသဘောတူညီမှုရရှိခဲ့ကြခြင်းဖြစ်သည်။...
Read More

လီဗာပူးတိုက်စစ်မှူးအိုရီဂီ ဒဏ်ရာရရှိခဲ့သော်လည်း ခြေကျင်းဝတ်မကျိုးခဲ့

ယမန်နေ့က အဲဗာတန်ကို ၄-၀ ဖြင့်အနိုင်ရခဲ့သောပွဲတွင် လီဗာပူးတိုက်စစ်မှူးအိုရီဂီ ရရှိခဲ့သောဒဏ်ရာကို စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ပြီး ခြေကျင်းဝတ်မှာမူ ကျိုးသွားခြင်းမရှိကြောင်းသိရသည်။ အသက် ၂၁ နှစ်အရွယ် ဘယ်လ်ဂျီယံလက်ရွေးစင် အိုရီဂီသည် အဆိုပါမာဆေးဆိုက်ဒါဘီပွဲစဉ်တွင် လီဗာပူးအတွက်အဖွင့်ဂိုး သွင်းယူပေးခဲ့သူလည်းဖြစ်သည်။ သို့သော် ဒုတိယပိုင်းတွင် အဲဗာတန်နောက်ခံလူမော်ရီ၏ ဖျက်ထုတ်ပုံကြမ်းတမ်းမှုကြောင့် အိုရီဂီမှာ ဒဏ်ရာရရှိခဲ့ပြီး ထမ်းစင်ဖြင့်သယ်ထုတ်ခံရကာ မော်ရီလည်းထုတ်ပယ်ခံခဲ့ရသည်။ “သူ့ဒဏ်ရာကို မြင်လိုက်ရတဲ့သူတိုင်းက ခြေကျင်းဝတ်ကျိုးသွားပြီလို့...
Read More

ကလော့ပ်မှာ မိမိတို့ကို သက်ညှာမည်မဟုတ်ကြောင်း ဒေါ့မွန်နည်းပြတူချယ် သတိပေး

နည်းပြဟောင်းယာဂင်ကလော့ပ်သည် မိမိတို့ဒေါ့မွန်အသင်းကို ညှာတာမည်မဟုတ်ကြောင်း ဒေါ့မွန်နည်းပြတူချယ်က အသင်းသားများကိုသတိပေးသွားခဲ့သည်။ ဒေါ့မွန်ကိုကိုင်တွယ်ခဲ့သော ၇ နှစ်တာကာလအတွင်း အမှတ်ပေးဖလား ၂ ကြိမ်၊ ပိုကယ်ဖလား ၁ ကြိမ်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဖိုင်နယ်သို့ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ဖူးသော ယာဂင်ကလော့ပ်အတွက် အသင်းဟောင်းနှင့်ရင်ဆိုင်မ ည်ပွဲတွင် နွေးထွေးစွာကြိုဆိုမည်ဖြစ်ကြောင်း တူချယ်ကဖွင့်ဟခဲ့သည်။ “ယာဂင်ကလော့ပ်ကို ကျွန်တော်တို့ နွေးနွေးထွေးထွေး ကြိုဆိုမှာပါ။ ယာဂင်ကလော့ပ်က ဒီပွဲကိုအနိုင်ရဖို့ အကောင်းဆုံးကြိုးစားမယ်ဆိုတာသိပါတယ်။...
Read More

အသင်းဟောင်းနှင့် ရင်ဆိုင်ရမည့်အတွက် စိတ်လှုပ်ရှားမှုမရှိကြောင်း ကလော့ပ်ဖွင့်ဟ

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က အသင်းဟောင်းနှင့်ရင်ဆိုင်ရမည့်အပေါ် စိတ်လှုပ်ရှားမှုမရှိကြောင်းနှင့် ဒေါ့မွန်ကွင်းတွင်သွားရောက်ကစားရခြင်းသည် မြောက်ကိုရီးယားသို့သွားရခြင်းထက် ပိုမိုကောင်းမွန်ကြောင်းပြောကြားခဲ့သည်။ လီဗာပူးသည် ယနေ့ညတွင် ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမကျော့ပွဲစဉ်ကို ဒေါ့မွန်ကွင်းတွင်သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ “အသင်းဟောင်းနဲ့ ပြန်ကစားရမယ့်အပေါ် လူတွေကအမျိုးမျိုးပြောနေကြပေမယ့် ကျွန်တော့်အတွက်တော့ ဘာမှမခက်ခဲပါဘူး။ ဒီမှာ သူငယ်ချင်းတွေလည်းရှိပါတယ်။ ကျွန်တော် ဘေးကျပ်နံကျပ်မဖြစ်သလို စိတ်ခံစားမှုလည်း ကြီးကြီး မားမားမရှိပါဘူး။ ဒီမှာကစားရတာ မြောက်ကိုရီးယား ဒါမှမဟုတ် တစ်နေရာမှာ...
Read More
error: Content is protected !!