ALL POSTS BY thuya zaw
ဘွန်ဒက်စ်လီဂါ
ဒေါ့မွန်အသင်းခေါင်းဆောင် မတ်စ်ဟမ်မဲလ်သည် လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာ၍ ဘွန်ဒက်စ်လီဂါပြိုင်ဘက် ဘိုင်ယန်မြူးနစ်သို့ပြောင်းရွှေ့မည်ဟု ဖွင့်ဟခဲ့ကြောင်း အသင်းကအတည်ပြုသွားခဲ့သည်။ အသက် ၂၇ နှစ်အရွယ်ဟမ်မဲလ်သည် ဒေါ့မွန်တွင် ၈ နှစ်ကစားထားပြီး စာချုပ်သက်တမ်း ၁ နှစ်ကျန်ရှိနေသော်လည်း ၎င်း၏အသင်းဟောင်း ဘိုင်ယန်မြူးနစ်တွင် ပြန်လည်ခြေချရန် ဆန္ဒရှိနေခြင်းဖြစ်သည်။ ဘိုင်ယန်မြူးနစ်မှ သင့်တော်သော ကမ်းလှမ်းမှုပြုလုပ်ခဲ့လျှင် ဟမ်မဲလ်ကိုအသင်းပြောင်းခွင့်ပြုမည်ဖြစ်ကြောင်း ဒေါ့မွန်အသင်းဝက်ဘ်ဆိုက်၌ တရားဝင်ထုတ်ပြန်ခဲ့ကာ အဆိုပါ...
Read More
ပရီးမီးယားလိဂ်
မန်ယူနှင့် ခရစ္စတယ်ပဲလေ့စ်တို့ယှဉ်ပြိုင်မည့် အက်ဖ်အေဖလားဗိုလ်လုပွဲစဉ်ကို ဒိုင်လူကြီး မက်ခ်ကလက်တန်ဘက် တာဝန်ယူကိုင်တွယ်မည်ဖြစ်ပြီး အဆိုပါသတင်းသည် ခရစ္စတယ်ပဲလေ့စ်ပရိသတ်များအတွက် အံ့သြတုန်လှုပ်ဖွယ်ဖြစ်ခဲ့ ရသည်။ အဘယ်ကြောင့်ဆိုသော် ၂၀၁၃ ခုနှစ် ခရစ္စတယ်ပဲလေ့စ် တန်းတက်လာစဉ်ကတည်းက ကလက်တန်ဘက်ကိုင်တွယ်သော ပွဲစဉ်များတွင် ၎င်းတို့အသင်း ရလဒ်ဆိုးဝါးလေ့ရှိသောကြောင့်ဖြစ်သည်။ အသက် ၄၁ နှစ်အရွယ် ကလက်တန်ဘက်သည် ပရီးမီးယားလိဂ်ပွဲစဉ်များကို တာဝန်ယူကိုင်တွယ်သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်ပြီဖြစ်သော်လည်း အက်ဖ်ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ်ကိုင်တွယ်ခြင်းဖြစ်သည်။...
Read More
ဥရောပသတင်း
လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ယမန်နေ့ပွဲရှုံးကြွေးကို ဒုတိယကျော့ပွဲစဉ်တွင် ပြန်ဆပ်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လီဗာပူးသည် ယမန်နေ့က ဗီလာရီးရဲလ်ကွင်းတွင် သွားရောက်ကစားခဲ့သော ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ အက်ဒရီယန်လိုပက်ဇ်၏နောက်ကျဂိုးကြောင့် ၁-၀ ဖြင့်အရေးနိမ့်ခဲ့ရသည်။ “စိတ်ပျက်နေရမယ့် အချိန်မဟုတ်ပါဘူး။ ကစားသမားတွေ ဒေါသထွက်ချင်ရင် ၁၀ မိနစ်လောက်ထွက်ပါ။ ပြီးရင်တော့ လုပ်စရာရှိတာလုပ်ရမှာပါ။ အစကတော့ ကျွန်တော်လည်း စိတ်မကောင်းပါဘူး။...
Read More
လာလီဂါ
အက်သလက်တီကိုနည်းပြ ဆီမြွန်နီသည် လက်ရှိဘောလုံးရာသီ လာလီဂါလက်ကျန် ၃ ပွဲစလုံးတွင် အနီးကပ်ပွဲကြီးကြပ်ခွင့် ပိတ်ပင်ခံခဲ့ရသည်။ အသက် ၄၅ နှစ်အရွယ် ဆီမြွန်နီသည် ပြီးခဲ့သည့်စနေနေ့က မာလာဂါကို ၁-၀ ဖြင့်အနိုင်ရခဲ့သည့်ပွဲစဉ်တွင် မာလာဂါအသင်းမှ လက်ပစ်ဘောရရှိချိန်၌ တိုက်စစ်ဆင်နေမှုနှောင့်နှေးစေရန် ဘောလုံးကောက်သည့် လူငယ်အား ဘောလုံးကို ကွင်းတွင်းသို့ ပစ်ချရန်တိုက်တွန်းခဲ့သည်။ အဆိုပါအပြုအမူကြောင့် ဒိုင်လူကြီးက ဆီမြွန်နီကို ကွင်းတွေမှထုတ်ပယ်ကာ...
Read More
ဥရောပသတင်း
လီဗာပူးနည်းပြယာဂင်ကလော့ပ်က ဒေါ့မွန်နှင့်ပွဲ၌ နောက်ကျဂိုးများဖြင့်အနိုင်ရခဲ့ခြင်းကို အလဟဿအဖြစ်မခံဘဲ ထိုအတွေ့အကြုံဖြင့် ယနေ့ညပွဲစဉ်တွင် ဗီလာရီးရဲလ်ကို ကျော်ဖြတ်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းသင့်ကြောင်း အသင်းသား များကို တိုက်တွန်းသွားခဲ့သည်။ လီဗာပူးသည် ဒေါ့မွန်နှင့်ကစားခဲ့သည့် ယူရိုပါလိဂ် ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် ဦးဆောင်ဂိုးများခွင့်ပြုခဲ့ရပြီး ၃-၁ ဖြင့်ရှုံးနိမ့်နေရာမှ ဒုတိယပိုင်းပွဲချိန်အတွင်း၌ အဖိုးတန်ချေပဂိုးနှင့်အနိုင်ဂိုးများ ပြန်လည်သွင်းယူကာ ဆီမီးဖို င်နယ်အဆင့်သို့တက်လှမ်းနိုင်ခဲ့သည်။ “ခက်ခဲတဲ့ပွဲတွေကို အနိုင်ရတာဟာ အကောင်းဆုံးအတွေ့အကြုံတစ်ခုဖြစ်ပြီးတော့ အဲဒီကနေ...
Read More
ဥရောပသတင်း
အက်သလက်တီကိုနည်းပြ ဆီမြွန်နီ —————————————- “ပထမပိုင်းမှာ ကျွန်တော်တို့ လိုချင်တဲ့အတိုင်းဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ သူတို့ပိုအသာရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ယုံကြည်မှုအပြည့်နဲ့ ပိတ်ဆို့ကစားနိုင်ခဲ့ပါတယ်။ ဆောနီဂွက်ဇ်ဟာ အများကြီးတိုးတက်လာပြီး သူ့ရဲ့တ စ်ကိုယ်တော်စွမ်းရည်နဲ့ ဖန်တီးနိုင်မှုကို တွေ့မြင်ခဲ့ရပါတယ်။ နောက်တစ်ပတ်ရောက်ရင် သူတို့ရဲ့ပရိသတ်တွေရှေ့မှာ ယှဉ်ပြိုင်ရမှာဆိုတော့ သူတို့မှာပိုပြီးအခွင့်အရေးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း အဝေးဂိုးသွင်းနိုင်ရင် အခြေ အနေကောင်းပါတယ်။ အခုကစားခဲ့တဲ့ပွဲလိုပဲ...
Read More
ဥရောပသတင်း
မန်စီးတီးနည်းပြပယ်လီဂရီနီက အသင်းအဓိက ကစားသမားများ ဒဏ်ရာပြဿနာနှင့်ကြုံတွေ့နေရသော်လည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ရီးရဲလ်အိမ်ကွင်း ဘာနေဗျူး၌ ကစားရမည်ကို ကြောက်ရွံ့နေမည်မ ဟုတ်ကြောင်း ပြောကြားလိုက်သည်။ မန်စီးတီးသည် ယမန်နေ့ကယှဉ်ပြိုင်ခဲ့သော ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်တွင် ပွဲပြီးဆုံးချိန်အထိ ရီးရဲလ်ဘက်သို့ ထိရောက်သောဂိုးပေါက်ခြိမ်းခြောက်မှုမပြုလုပ်နိုင်ခဲ့သော်လည်း ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သဖြင့် ဗို လ်လုပွဲရောက်ရန် မျှော်လင့်ချက်ကျန်ရှိနေသေးသည်။ ထိုပွဲတွင် မန်စီးတီး၏ အဓိကကွင်းလယ်လူတစ်ဦးဖြစ်သော ဒေးဗစ်ဆေးလ်ဗားမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့သဖြင့် လာမည့်...
Read More
ပရီးမီးယားလိဂ်
စပါးနည်းပြပိုချက်တီနိုက ၀က်စ်ဘရွန်းနှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ၁-၁ သရေရလဒ်ထွက်ပေါ်ခဲ့ခြင်းကြောင့် ၂ မှတ်ဆုံးရှုံးခဲ့သော်လည်း ချန်ပီယံဖြစ်နိုင်ခွင့် လက်မလွှတ်သေးကြောင်း ပြောကြားလိုက်သည်။ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခွင့်နှင့်ပတ်သက်၍ နည်းပြပိုချက်တီနိုက ”သင်္ချာနည်းအရကြည့်မယ်ဆိုရင် စပါးအသင်း ချန်ပီယံဖြစ်ခွင့်ရှိနေပါသေးတယ်။ ရမှတ်တွေထပ်ရဖို့ ကျွန်တော်တို့ကြိုးပမ်းရမှာပါ။ ကျွန်တော်တို့ ယုံကြည်ချက်ရှိဖို့လိုပါ တယ်။ ၇ မှတ်ဆိုတာ ခက်ခဲတဲ့အနေအထားဖြစ်ပေမယ့် လာမယ့်ပွဲ ၃ ပွဲကို အကောင်းဆုံးကြိုးပမ်းသွားနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့စိတ်ဓာတ်တွေခိုင်မာအောင်လုပ်ဆောင်ပြီး...
Read More
ပရီးမီးယားလိဂ်
လက်စတာတိုက်စစ်မှူးဗာဒီသည် ၀က်စ်ဟမ်းနှင့် ၂-၂ သရေရလဒ်ထွက်ပေါ်ခဲ့သည့်ပွဲတွင် ဟန်ဆောင်လှဲချသဖြင့် ကွင်းလယ်ဒိုင်ဂျွန်မို့စ်က ဒုတိယအ၀ါကတ်ပြ၍ ထုတ်ပယ်ခဲ့ခြင်းအပေါ် မကျေမနပ်ဖြစ်ကာ လက်ညှိုးထိုး အော်ဟစ်ခဲ့ခြင်းေ ကြာင့် ထပ်တိုး ၁ ပွဲပယ်ပြစ်ဒဏ်ထပ်မံကျခံရမည်ဖြစ်သည်။ ထို့ကြောင့် တနင်္ဂနွေနေ့တွင်ကစားမည့် မန်ယူနှင့်ပွဲကို ဆက်လက်လွဲချော်ရမည်ဖြစ်ပြီး နောက်ဆုံးပွဲစဉ် ၂ ပွဲဖြစ်သည့် အဲဗာတန်နှင့် ချဲလ်ဆီးပွဲတို့တွင်သာ ပြန်လည်ပါဝင်နိုင်မည်ဖြစ်သည်။ အသက် ၂၉ နှစ်ရှိ...
Read More
ပရီးမီးယားလိဂ်
အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ၁၉ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးနိုင်သည့် အလားအလာမှာ စိုးရိမ်စရာတစ်ခုဖြစ်လာကြောင်း ပြောကြားခဲ့သည်။ အာဆင်နယ်သည် ယမန်နေ့က ဆန်းဒါးလန်းနှင့်ကစားခဲ့သည့်ပွဲတွင် ၀-၀ သရေရလဒ်ထွက်ပေါ်ခဲ့သဖြင့် အမှတ်ပေးဇယား၌ အဆင့် ၃ နေရာမှ အဆင့် ၄ နေရာသို့ လျော့ကျခဲ့သည်။ ထို့ကြောင့် အာစင်ဝင်းဂါးက ချန်ပီယံလိဂ်ဝင်ခွင့်နှင့်ပတ်သက်၍ ”ခက်ခဲတဲ့အခြေအနေဖြစ်လာလို့ ဂရုစိုက်ရတော့မှာဖြစ်သလို စိုးရိမ်စရာလည်းဖြစ်လာပါတယ်။ စိတ်ပျက်စရာကောင်းပါတယ်။...
Read More