ALL POSTS BY thuya zaw

ဇန်န၀ါရီအပြောင်းအရွှေ့နောက်ဆုံးရက် အပြီးသတ်ရောက်ရှိမှု အနှစ်ချုပ် (ပရီးမီးယားလိဂ်)

အမ်ဘူလာ(ကွင်းလယ်)၊ ပေါ်တိုမှ စတုတ်စီးတီးသို့ (ပေါင် ၁၈.၃ သန်း) နီရက်စီ(တောင်ပံတိုက်စစ်)၊ လိုကိုမိုးတစ်မော်စကိုမှ အဲဗာတန်သို့ (ပေါင် ၁၃.၅ သန်း) ဒေါ်ကော်ရီ(ကွင်းလယ်)၊ ရန်းနက်စ်မှ ၀က်ဖို့ဒ်သို့ (မဖော်ပြ) ပီနာရန်ဒါ(တိုက်စစ်)၊ ဂရန်နာဒါမှ ၀က်ဖို့ဒ်သို့ (မဖော်ပြ) ဒွန်ဘီယာ(တိုက်စစ်)၊ ရိုးမားမှ နယူးကာဆယ်သို့ (အငှား) အီဒါ(တိုက်စစ်)၊ ဆွမ်ဆီးမှ လိုင်လီသို့ (အငှား)...
Read More

အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်များထွက်ပေါ်လာရာ ချဲလ်ဆီး-မန်စီးတီးနှင့် အာဆင်နယ်-ဟူးလ်စီးတီးတို့တွေ့ဆုံနေ

အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်များထွက်ပေါ်လာခဲ့ရာ ဗီလာကို ၄ ဂိုးပြတ်အနိုင်ရရှိခဲ့သော မန်စီးတီးအသင်းမှာ MKဒွန်းစ်အိမ်ကွင်းတွင် ၁-၅ ဂိုးဖြင့်အနိုင်ရခဲ့သည့် ချဲလ်ဆီးအိမ်ကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအိမ်ကွင်း၌ ၃-၀ ဂိုးဖြင့်အရေးနိမ့်ခဲ့သော ချဲလ်ဆီးနည်းပြ ဂုဒ်ဟစ်ဒင့်က အဆိုပါပွဲမှာ ပွဲကြီးပွဲကောင်းဖြစ်လာမည်ဟု မှတ်ချက်ပြုခဲ့ပြီး ဗိုလ်လုပွဲတစ်ပွဲကဲ့သို့ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိအက်ဖ်အေဖလားချန်ပီယံအာဆင်နယ်အသင်းမှာ ၂၀၁၄ ခုနှစ်၊ ဗိုလ်လုပွဲတွင်...
Read More

ဆမ်ဒိုးရီးယားတိုက်စစ်မှူးအီဒါ ၂ နှစ်အငှားစာချုပ်ဖြင့် အင်တာမီလန်သို့ ပြောင်းရွှေ့

ယခုတစ်ပတ်တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားမည့် မီလန်ဒါဘီပွဲစဉ်မတိုင်မီတွင် ဆမ်ဒိုးရီးယားတိုက်စစ်မှူးအီဒါကို အင်တာမီလန်က ၂ နှစ်အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။ ယခုအပြောင်းအရွှေ့နှင့်ပတ်သက်၍ အသက် ၂၉ နှစ်ရှိအဆိုပါတိုက်စစ်မှူးက အသင်းကြီးတစ်သင်းဖြစ်သော အင်တာမီလန်အတွက် ၂ နှစ်တာကာလအတွင်း အကောင်းဆုံးကြိုးပမ်းပေးသွားမည်ဟု ပြောကြားခဲ့သည်။ အင်တာမီလန်ဘက်ကလည်း တိုက်စစ်မှူးအီဒါမှာ အတွေ့အကြုံရင့်ကျက်သည့် ထိပ်တန်းကစားသမားတစ်ဦးဖြစ်သောကြောင့် အသင်းနှင့် နည်းပြမန်စီနီအတွက် အကျိုးဖြစ်ထွန်းစေမည့် ကစားသမားဖြစ်သည်ဟု ပြောကြားခဲ့သည်။...
Read More

ချဲလ်ဆီးသို့ အငှားစာချုပ်ဖြင့် တိုက်စစ်မှူးပါတိုအပြီးသတ်ရောက်ရှိ

ကိုရင်သီယန်တိုက်စစ်မှူးပါတိုမှာ ချဲလ်ဆီးအသင်းသို့ ယခုဘောလုံးရာသီကုန်ဆုံးချိန်အထိရှိနေမည့် အငှားစာချုပ်ဖြင့် အပြီးသတ်ပြောင်းရွှေ့ရောက်ရှိခဲ့ကြောင်း သိရသည်။ ချဲလ်ဆီးသို့ရောက်ရှိမှုနှင့်ပတ်သက်၍ အသက် ၂၆ နှစ်ရှိ အဆိုပါအေစီမီလန်တိုက်စစ်မှူးဟောင်းက ”ချဲလ်ဆီးနဲ့စာချုပ်ချုပ်လိုက်ရတဲ့အတွက် ကျွန်တော်အရမ်းဝမ်းသာပါတယ်။ ဒါက ကျွန်တော့်အတွက် အိပ်မက်တစ်ခုပါ။ ကစားဖော်သစ် တွေနဲ့နားလည်မှုရှိရှိကစားနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ချဲလ်ဆီးရဲ့ ဖြည့်ဆည်းမှုကို ကျွန်တော်ကျေးဇူးတင်ရှိသလို ပြန်ပြီးပေးဆပ်သွားနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သော...
Read More

ဒါဘီနှင့်ပွဲတွင် ရှုံးနိမ့်မည်ဆိုပါက ထုတ်ပယ်ပေးရန် ရှုတ်ချခံရဦးမည်ဟု ဗန်ဟားလ်ဆို

မန်ယူနည်းပြဗန်ဟားလ်က အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်အဖြစ် ယနေ့ညတွင်ယှဉ်ပြိုင်ကစားမည့် ဒါဘီနှင့်ပွဲတွင် ရှုံးနိမ့်ခဲ့မည်ဆိုပါက ထုတ်ပယ်ပေးရန် စတုတ္ထအကြိမ်မြောက် ရှုတ်ချခံရဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အသက် ၆၄ နှစ်ရှိဗန်ဟားလ်က ယခုနှစ်ဘောလုံးရာသီတွင် အသင်းမှထုတ်ပယ်ပေးရန် ၃ ကြိမ်မြောက် ရှုတ်ချခံခဲ့ရပြီး ယနေ့ညပွဲတွင် အရေးနိမ့်မည်ဆိုပါက ထိုကဲ့သို့ ထပ်မံတောင်းဆိုခံရဦးမည်ဟု ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ပြောကြားသွားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ၎င်းက အသင်းမှထွက်ခွာမည်မဟုတ်ဘဲ ဘောလုံးရာသီကုန်ဆုံးချိန်အထိ ဆက်လက်တာဝန်ယူသွားမည်ဖြစ်ကြောင်းကို...
Read More

တိုက်စစ်မှူးအဒီဘာယောကို ကာလတိုစာချုပ်ဖြင့် ပဲလေ့စ်ခေါ်ယူ

ပရီးမီးယားလိဂ်နှင့် ၅ လခန့်ကင်းကွာခဲ့သော တိုက်စစ်မှူးအဒီဘာယောကို ခရစ္စတယ်ပဲလေ့စ်အသင်းက လာမည့်ဘောလုံးရာသီကုန်ဆုံးချိန်အထိရှိနေမည့် ကနဦးကာလတိုစာချုပ်ဖြင့် ခေါ်ယူခဲ့ပြီးနောက် နံပါတ် ၂၅ ဂျာစီဝတ်ဆင်ကစား ရမည်ဖြစ်ကြောင်းအတည်ပြုကြေညာခဲ့သည်။ လိဂ်ပွဲပေါင်း ၂၃၀ ကစားခဲ့ရာတွင် သွင်းဂိုး ၉၆ ဂိုးသွင်းယူထားနိုင်သည့် အဆိုပါတိုဂိုတိုက်စစ်မှူးသည် စပါးအသင်းနှင့်စာချုပ်ဖျက်သိမ်းခဲ့သည့် စက်တင်ဘာလမှစ၍ အသင်းလက်မဲ့ဖြစ်ခဲ့သူဖြစ်သည်။ ယင်းကာလမှစ၍ အဒီဘာယောမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်သည့် ကစားသမားဖြစ်ခဲ့သော်လည်း စပါးအသင်းနှင့်ချုပ်ဆိုခဲ့သည့် မူလစာချုပ်အရ...
Read More

ဟံသာဝတီနဲ့ ချင်းယူနိုက်တက်တို့ အံ့သြဖွယ်နိုင်ပွဲရခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၃ အနှစ်ချုပ်

အောင်သော်ဖြိုး ရှမ်းယူနိုက်တက် ၁-၁ ရန်ကုန်ယူနိုက်တက် ======================= မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၃ ၏ စိတ်ဝင်စားစရာ အကောင်းဆုံးပွဲစဉ်ဖြစ်သည့် ရှမ်းယူနိုက်တက် အိမ်ကွင်းတွင် ရန်ကုန်ယူနိုက်တက်အသင်း သွားရောက်ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်၌ ရန်ကုန်အသင်းက ၆၅ မိနစ်တွင် ကျော်ကိုကို၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုးရယူနိုင်ခဲ့သော်လည်း ပွဲပြီးဆုံးကာနီး ၈၇ မိနစ်တွင် ရှမ်းယူနိုက်တက်အတွက် စိုင်းမင်းထွန်းက ချေပဂိုးသွင်းယူပြီး ၁-၁...
Read More

အနာဂတ်ကို ယာယာတိုရေးတွေးနေမည်မဟုတ်ဟု ပယ်လီဂရီနီပြောကြား

မန်စီးတီးနည်းပြပယ်လီဂရီနီက ကွင်းလယ်လူယာယာတိုရေးမှာ အသင်းအပေါ်အာရုံစူးစိုက်ထားသူဖြစ်ပြီး ယခုအပြောင်းအရွှေ့ကာလတွင် အသင်းပြောင်းရန် တွေးနေမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ယာယာတိုရေး၏ အေးဂျင့်ဖြစ်သူက ယခုတစ်ပတ်တွင် ၎င်း၏ကစားသမားနှင့်ပတ်သက်၍ အခြားအသင်းများ၏ ကမ်းလှမ်းမှုကို နားစွင့်နေသည်ဟု ဆိုခဲ့သဖြင့် နည်းပြပယ်လီဂရီနီက အဆိုပါအိုင်ဗရီကို့စ်ကစားသမားမှာ အနာဂတ်ကိုေ တွးနေမည်မဟုတ်ကြောင်းနှင့် လက်ရှိကိုသာ စဉ်းစားသင့်ကြောင်း ပြောကြားခဲ့သည်။ အသက် ၃၂ နှစ်ရှိအဆိုပါကွင်းလယ်လူနှင့်ပတ်သက်၍ နည်းပြပယ်လီဂရီနီက ”အခုနှစ်ဘောလုံးရာသီမှာ...
Read More

လူငယ်​ပြိုင်​ပွဲများအတွက်​ ​ဘောလုံးကွင်း ၂ကွင်း MFF တောင်းဆိုထား

ဇန်​နဝါရီ ၂၂။ ​အောင်​​သော်​ဖြိုး။ မြန်​မာနိုင်​ငံ​ဘောလုံးအဖွဲ့ချုပ်​မှ ကျင်းပ​နေသည့်​ လူငယ်ပြိုင်​ပွဲများနှင့်​ အ​ပျော်​တမ်းလိဂ်ပြိုင်​ပွဲများ ကျင်းပနိုင်​​ရေးအတွက်​ ​​​​​​ကျိုက္ကဆံကွင်း နှင့်​ ပ​ဒေသာကွင်း အသုံးပြုခွင့်​ကို အားကစားဝန်​ကြီးဌာနမှ ​တောင်းဆိုထား​ကြောင်း မြန်​မာနိုင်​ငံ​ ဘောလုံးအဖွဲ့ချုပ်​ တာဝန်ရှိသူတစ်​ဦးကဆိုသည်​။ အဆိုပါတာဝန်ရှိသူက ”အဆင်​​ပြေဖို့များပါတယ်​။ ကျင်းပ​နေတဲ့ပြိုင်​ပွဲနဲ့ ရှိတဲ့ကွင်းအ​ရေအတွက်​မမျှတလို့ ​တောင်းဆိုရတာပါ” ဟု ပြောကြားခဲ့သည်။ မြန်​မာနိုင်​ငံ​ဘောလုံးအဖွဲ့ချုပ်​က မြန်​မာ​နေရှင်​နယ်​လိဂ်​၊ မြန်​မာ​နေရှင်​နယ်​လိဂ်​ ၂၊...
Read More
error: Content is protected !!