ALL POSTS BY Nyi Min Han

အင်္ဂလန်ရိုးရာ အက်ဖ်အေပြန်ကန်ပွဲစဉ်များကို မဖျက်သိမ်းသင့်ဟု အာစင်ဝင်းဂါးယူဆ

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပရီးမီးယားလိဂ်အသင်းတိုင်းသည် ဘောလုံးပြက္ခဒိန်တွင်မပါဝင်သော အပိုပွဲစဉ်များအား ယှဉ်ပြိုင်နိုင်သည့် လုံလောက်သောကစားသမားအင်အားရှိသဖြင့် အက်ဖ်အေပြန်ကန်ပွဲများကို ဖျက်သိမ်းရန်မလိုဟု ယူဆကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ “ဒီပွဲစဉ်တွေက အင်္ဂလန်ရဲ့ရိုးရာဖြစ်နေပြီ။ ဒါကို အလေးထားပြီး ဒီလိုပဲ ဆက်ထိန်းသိမ်းသင့်တယ်။ အသင်းတိုင်းကလည်း ပွဲစဉ်အများကြီးကို ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ ကျွန်တော်ထင်တယ်”ဟု အာစင်ဝင်းဂါးက ဆိုသည်။ ပြီးခဲ့သည့်နှစ်ရာသီ အက်ဖ်အေဖလားချန်ပီယံ အာဆင်နယ်မှာ ယနေ့တွင် ချန်ပီယံရှစ်ကလပ်...
Read More

အက်ဖ်အေပွဲစဉ်ထက် ချန်ပီယံလိဂ်ကို ပိုမိုဦးစားပေးမည်ဟု ပယ်လီဂရီနီဖွင့်ဟ

မန်စီးတီးနည်းပြ ပယ်လီဂရီနီက တနင်္ဂနွေနေ့တွင်ကစားမည့် ချဲလ်ဆီးနှင့် အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်ထက် ချန်ပီယံလိဂ်ပွဲစဉ်အား ပိုမိုဦးစားပေးသွားမည်ဟု ဖွင့်ဟပြောကြားလိုက်သည်။ မန်စီးတီးသည် ကက်ပီတယ်ဝမ်းဖလားဗိုလ်လုပွဲမကစားမီ ၄ ရက်အလို လာမည့်ဗုဒ္ဓဟူးနေ့တွင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် ဒိုင်နမိုကိဗ်နှင့် ပထမအကျော့ အဝေးကွင်းပွဲစဉ်ကစားရမည်ဖြစ်သည်။ ပယ်လီဂရီနီက”နောက်တစ်ပွဲအတွက်က အမြဲတမ်းဦးစားပေးပါပဲ။ ဒါပေမဲ့ ဒဏ်ရာရကစားသမားများနေလို့ ခြွင်းချက်တော့ ထားရပါမယ်။ ကျွန်တော်တို့အသင်းမှာ...
Read More

ဘာစီလိုနာသမိုင်းတစ်လျှောက်သွင်းဂိုးစုစုပေါင်း၏ ၄.၃၉ ရာခိုင်နှုန်းကို မက်ဆီသွင်းယူထား

မက်ဆီသည် ၁၈၉၉ ခုနှစ်ကစတင်တည်ထောင်ခဲ့ကာ သက်တမ်း ၁၁၇ နှစ်ရှိပြီဖြစ်သော ဘာစီလိုနာသမိုင်းတစ်လျှောက်သွင်းဂိုးစုစုပေါင်း၏ ၄.၃၉ ရာခိုင်နှုန်းကိုသွင်းယူနိုင်ခဲ့ပြီးဖြစ်ကာ ထိုကိန်းဂဏန်းမှာ ဘာစီလိုနာသွင်းယူထားသောဂိုး ၂၀ တိုင်းတွင် ၁ ဂိုးနှုန်းခန့်ဖြစ်သည်။ ဗုဒ္ဓဟူးနေ့ကကစားခဲ့သော စပို့တင်းဂီဂျွန်နှင့်ပွဲစဉ်တွင် မက်ဆီသည် ၎င်းအတွက် လာလီဂါသွင်းဂိုး ၃၀၀ နှင့်ဘာစီလိုနာသမိုင်းတစ်လျှောက် ဂိုးပေါင်း ၁၀၀၀၀ ပြည့်မြောက်သောဂိုး အပါအ၀င် ၂ ဂိုးသွင်းယူနိုင်ခဲ့သည်။...
Read More

ဖာဘရီဂတ်စ်နှင့် အီဘရာမိုဗစ်တို့ ပွဲအပြီးတွင် အပြန်အလှန်စကားများခဲ့

အင်္ဂါနေ့ညက ပီအက်စ်ဂျီကို ၂-၁ ဖြင့်ရှုံးနိမ့်ခဲ့သောပွဲစဉ်အပြီးတွင် ချဲလ်ဆီးကစားသမား ဖာဘရီဂတ်စ်နှင့် ပြိုင်ဘက်တိုက်စစ်မှူး အီဘရာမိုဗစ်တို့ အပြန်အလှန်စကားများခဲ့ကြကြောင်း သိရှိရသည်။ အီဘရာမိုဗစ်သည် ပွဲကစားချိန်အတွင်း ချဲလ်ဆီးကစားသမားများကို ပြောဆိုခဲ့ခြင်းများနှင့်ပတ်သက်၍ ချဲလ်ဆီးအသင်းသားများက မကျေမနပ်ဖြစ်ခဲ့ပြီး ကွင်းတွင်းမှထွက်ခွာချိန်တွင် ဖာဘရီဂတ်စ်က အီဘရာမိုဗစ်ကို ပြန်လည်ရှင်းလင်းပြောဆိုရန် ဒေါသတကြီးတောင်းဆိုခဲ့သည်။ ဖာဘရီဂတ်စ်၏ပြောဆိုမှုကို အီဘရာမိုဗစ်က ကနဦးတွင်နှုတ်ဆိတ်နေခဲ့ပြီးနောက် ပြန်လည်ချေပပြောဆိုခဲ့ပြီး အခြားချဲလ်ဆီးကစားသမားများနှင့်လည်း အပြန်အလှန်စကားများခဲ့ကြောင်းသိရသည်။ ထိုပွဲတွင်ပီအက်စ်ဂျီအတွက်...
Read More

မစ်ဂျေလန်းကိုရှုံးနိမ့်ခဲ့ခြင်းမှာ မာဖီဥပဒေသအရဖြစ်ကြောင်း ဗန်ဟားဆို

မန်ယူနည်းပြဗန်ဟားလ်က ၎င်း၏အသင်းသည် မစ်ဂျေလန်းကို ၂-၁ ရှုံးနိမ့်ခဲ့ရခြင်းမှာ မာဖီဥပဒေသအရဖြစ်ကြောင်း ပြောကြားခဲ့သည်။ မာဖီဥပဒေသဆိုသည်မှာ မကောင်းသည့်ကိစ္စတစ်ခုခုကြုံရမည်ဟု ကံကြမ္မာကသတ်မှတ်ထားပါက ရှောင်လွှဲ၍မရခြင်း သို့မဟုတ် မည်သည့်ကိစ္စရပ်တွင်မဆို မထင်မှတ်ထားသည့်လွဲချော်မှုများ ဖြစ်လာနိုင်သည်ဟူသော အတွေးအခေါ်ပင်ဖြစ်သည်။ မန်ယူသည် ထိုပွဲတွင် ဒီပေး၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အိမ်ရှင်အသင်းမှ ဆစ်တို၏ချေပဂိုး၊ လူစားဝင်ကစားသမား အိုနူအာချူ၏အနိုင်ဂိုးများကို ပြန်လည်ခွင့်ပြုခဲ့ရပြီး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရကစားသမား ၁၃...
Read More

စပါးဂိုးသမား ဟူဂိုလိုရစ် ယူရိုပါလိဂ်ပွဲစဉ်ကို လွဲချော်မည်

စပါးဂိုးသမား ဟူဂိုလိုရစ်သည် ပခုံးဒဏ်ရာကြောင့် ဖီအိုရင်တီးနားနှင့် ယနေ့ကစားမည့် ယူရိုပါလိဂ် ၃၂ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း သိရှိရသည်။ ပြင်သစ်လက်ရွေးစင် အသက် ၂၉ နှစ်အရွယ် ထိုဂိုးသမားသည် မန်စီးတီးအနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ယခုဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး တနင်္ဂနွေနေ့တွင် အက်ဖ်အေဖလား ပဉ္စမအဆင့်အဖြစ် ခရစ္စတယ်ပဲလေ့စ်နှင့်ကစားရမည့်ပွဲကိုလည်း လွဲချော်မည်ဖြစ်သည်။ စပါးနည်းပြ ပိုချက်တီနိုက”ဒဏ်ရာအကြီးစား မဟုတ်ပါဘူး။ အသေးစားဒဏ်ရာလေးပါ။...
Read More

ပထမဆုံးလာလီဂါသွင်းဂိုး ၃၀၀ ပြည့်ကစားသမားအဖြစ် မက်ဆီမှတ်တမ်းဝင်

ဘာစီလိုနာတိုက်စစ်မှူးမက်ဆီသည် စပို့တင်းဂီဂျွန်နှင့်ကစားခဲ့သည့် ယမန်နေ့က လာလီဂါပွဲကျန်တွင် ၂ ဂိုးသွင်းယူခဲ့သဖြင့် လာလီဂါသွင်းဂိုး ၃၀၀ ပြည့်မြောက်သည့် ပထမဆုံးကစားသမားဖြစ်လာခဲ့သည်။ ဘာစီလိုနာမှာလည်း ထိုပွဲအနိုင်ကြောင့် အမှတ်ပေးဇယားဒုတိယနေရာမှအသင်းကို ၆ မှတ်ဖြတ်ထားနိုင်ခဲ့ပြီး ၃၁ ပွဲရှုံးပွဲမရှိစံချိန်ရရှိကာ စပိန်ပြည်တွင်းစံချိန် ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ မက်ဆီမှာ ၎င်း၏ ၃၀၀ ပြည့်ဂိုးကို ဂိုးဧရိယာပြင်ပမှသွင်းယူခဲ့ပြီး ဆွာရက်ဇ်၏ပေးပို့မှုမှတစ်ဆင့် ဒုတိယဂိုးသွင်းယူခဲ့သည်။ သို့သော် မက်ဆီအတွက်...
Read More

မန်ယူတိုက်စစ်မှူးရွန်နီ ၆ ပတ်နားရမည်

မန်ယူနှင့် အင်္ဂလန်အသင်းခေါင်းဆောင် ၀ိန်းရွန်နီသည် ဒူးဒဏ်ရာကြောင့် ၆ ပတ်ကြာအနားယူရမည်ဖြစ်ကြောင်း သိရှိရသည်။ ရွန်နီမှာ ထိုဒဏ်ရာကို ဆန်းဒါးလန်းအား အရေးနိမ့်ခဲ့သည့်ပွဲစဉ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး မန်ယူနှင့်ပွဲစဉ် ၈ ပွဲကို လွဲချော်ရမည်ဖြစ်သည်။ “သူက ဂိုးအများကြီးသွင်းထားတာဖြစ်လို့ ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့သူပါ။ ကျွန်တော်တို့ အဲဒီပြဿနာကို ဖြေရှင်းရပါလိမ့်မယ်”ဟု မန်ယူနည်းပြ ဗန်ဟားလ်က ပြောကြားခဲ့သည်။ အသက် ၃၀...
Read More

၂+၁ စည်းမျဉ်းသစ်သည် AFC ပြိုင်ပွဲဝင်အသင်းများကို အခက်တွေ့စေဟု ရန်ကုန်နည်းပြချုပ်ဆို

အောင်သော်ဖြိုး။ ဖေဖော်ဝါရီ ၁၇။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယခုနှစ်တွင် စတင်ကျင့်သုံးခဲ့သည့် ပွဲကစားချိန်အတွင်း နိုင်ငံခြားသား ကစားသမား ၃ ဦးသာ အသုံးပြုခွင့်ပေးသည့်စည်းမျဉ်းသည် AFC ၊ ACL ပြိုင်ပွဲများသွားရောက်ယှဉ်ပြိုင်မည့် ရန်ကုန်ယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်တို့ကို အခက်တွေ့စေကြောင်း ရန်ကုန်ယူနိုက်တက်နည်းပြ မာယန်က ပြောကြားလိုက်သည်။ AFC ၊ ACL ပွဲစဉ်များတွင် ကျင့်သုံးနေသည့် နိုင်ငံခြားသားကစားသမားခွင့်ပြုသည့်...
Read More

ရော်နယ်ဒိုကို လူကပ်ကစားရန်အစီအစဉ်မရှိကြောင်း ရိုးမားနည်းပြစပယ်လက်တီပြော

ရိုးမားနည်းပြစပယ်လက်တီက ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်တွင် ရီးရဲလ်ကစားသမားရော်နယ်ဒိုကို ပိတ်ဆို့ကစားရန်အစီအစဉ်မရှိကြောင်း ပြောကြားလိုက်သည်။ ရိုးမားသည်ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်များတွင် ၁၆ ဂိုးအထိခွင့်ပြုထားရသော်လည်း စပယ်လက်တီက ရော်နယ်ဒို တစ်ဦးတည်းကို လူကပ်ကစားစေခြင်းဖြင့် ရိုးမားကစားသမားများ၏အင်အားကို အလဟဿအဖြစ်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော့်ကစားသမား ၃ ယောက်လောက်သုံးပြီး ရော်နယ်ဒိုကိုလူကပ်ကစားခိုင်းမှာမဟုတ်ပါဘူး။ ကျွန်တော့်ကစားသမားတစ်ယောက်ဟာ ရော်နယ်ဒိုရဲ့ခြေစွမ်း ၃ ပုံ ၁ ပုံပဲရှိတာမဟုတ်ပါဘူး။ အဲဒီလိုသာဆိုရင် သူတို့နဲ့ကစားဖို့ ကျွန်တော်တို့ကစားသမား...
Read More
error: Content is protected !!