ALL POSTS BY Nyi Min Han

၁-၃ ဖြင့်အနိုင်ရခဲ့သော်လည်း အပိုင်တွက်မရသေးကြောင်း မန်စီးတီးနည်းပြပယ်လီဂရီနီပြော

မန်စီးတီးသည် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပထမအကျော့ပွဲစဉ်တွင် ဒိုင်နမိုကိဗ်အသင်းကို အဝေးကွင်းတွင် ၁-၃ ဖြင့်အနိုင်ရခဲ့သော်လည်း နည်းပြပယ်လီဂရီနီက အပိုင်တွက်မရသေးသဖြင့် ဒုတိယအကျော့တွင် ပေါ့ဆစွာမကစားရန် ပြောကြားခဲ့သည်။ အဆိုပါပွဲတွင် ယာယာတိုရေး၏နောက်ကျဂိုးဖြင့် အဝေးဂိုး ၃ ဂိုး ရရှိခဲ့သောကြောင့်  မန်စီးတီးသည် ကွာတားဖိုင်နယ်အဆင့်သို့ ပထမဆုံးအကြိမ်တက်ရောက်နိုင်ရန် နီးစပ်သွားခဲ့ပြီဖြစ်သည်။ “ကျွန်တော်အရမ်းပျော်ပါတယ်။ ဒီရလဒ်ဟာ အရမ်းကောင်းတဲ့ရလဒ်ပါ။ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပြီး...
Read More

ယူရိုပါလိဂ်တွင် စတာရစ်ခ်ျနှင့် ကော်တင်ညိုတို့ကို ယာဂင်ကလော့ပ်စွန့်စားအသုံးပြုဖွယ်ရှိ

လီဗာပူးနည်းပြယာဂင်ကလော့ပ်သည် တနင်္ဂနွေနေ့တွင်ကစားမည့် လိဂ်ဖလားဗိုလ်လုပွဲမတိုင်မီ ဒဏ်ရာမှပြန်လည်သက်သာလာသော တိုက်စစ်မှူးစတာရစ်ခ်ျနှင့် ကွင်းလယ်တိုက်စစ်ကော်တင်ညိုတို့ကို ယူရိုပါလိဂ်ပွဲစဉ်တွင် စွန့်စားအသုံးပြုဖွယ်ရှိနေသည်။ လီဗာပူးသည် မန်စီတီးနှင့်ယှဉ်ပြိုင်ကစားမည့်အဆိုပါဗိုလ်လုပွဲမတိုင်မီ ဂျာမနီကလပ်အော့စ်ဘက်အသင်းနှင့် ယနေ့ည၌ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့ကစားရန်ရှိနေသည်။ “အချိန်အကြာကြီးနားနေခဲ့ရတဲ့ စတာရစ်ခ်ျနဲ့ ကော်တင်ညိုတို့ဟာ အခုကစားမယ့်ပွဲစဉ်တွေမှာ အသင်းဟန်ချက်ထိန်းဖို့အတွက် အရေးကြီးတဲ့ကစားသမားတွေပါ”ဟု ပြောကြားခဲ့သည်။ ယခုတစ်ပတ်အတွင်းကစားမည့်ပွဲစဉ်များသည် လီဗာပူး၏ ယခုနှစ်ရာသီအောင်မြင်မှုကို အဆုံးအဖြတ်ပေးဖွယ်ရှိနေသော...
Read More

တစ်ပွဲချင်းစီအတွက်သာ အာရုံစိုက်ရန် အသင်းသားများအား အက်သလက်တီကိုနည်းပြတိုက်တွန်း

အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီက လာလီဂါနှင့် ချန်ပီယံလိဂ်မျှော်မှန်းချက်များ ဟန်ချက်မျှစေရန်အတွက် တစ်ပွဲချင်းစီကိုသာ အာရုံစိုက်ကစားရန် အသင်းသားများအား တိုက်တွန်းလိုက်သည်။ အက်သလက်တီကိုမှာ ယခုရာသီတွင် လာလီဂါ၌ ဒုတိယနေရာတွင် ရပ်တည်နေသော်လည်း ဥရောပတွင် အောင်မြင်မှုရရန်မှာ ပိုမိုအလားအလာကောင်းသည်ဟု ယူဆထားသည့် ဆီမြွန်နီက ၎င်းအနေဖြင့် တစ်ပွဲချင်းစီအတွက်သာ တွေးတောသွားမည်ဟု ဖွင့်ဟခဲ့သည်။ “ဗိုလ်လုပွဲကိုရောက်ဖို့အတွက်က ပြည်တွင်းအမှတ်ပေးပွဲမှာ ဗိုလ်စွဲဖို့ထက် ကစားရတဲ့ပွဲ ပိုနည်းပါတယ်။...
Read More

၃ ရက်အတွင်း အရေးကြီးပွဲစဉ် ၂ ပွဲ အာဆင်နယ်ကစားရမည်

အာဆင်နယ်အသင်းသည် လာမည့်လတွင် ယခုဘောလုံးရာသီ၏အရေးကြီးပွဲစဉ် ၂ ပွဲကို ၃ ရက်အတွင်း ကစားရမည်ဖြစ်ကြောင်း သိရှိရသည်။ တနင်္လာနေ့တွင် အက်ဖ်အေက မတ်လ ၇ ရက်နေ့မှာ အာဆင်နယ်နှင့် ဟူးလ်စီးတီးတို့ အက်ဖ်အေဖလားပဉ္စမအဆင့် ပြန်ကန်ပွဲကစားရမည့်ရက်ဟု ကြေညာထားသဖြင့် အာဆင်နယ်မှာ မတ်လ ၅ ရက်နေ့တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အရေးကြီးသည့်ပွဲစဉ်ဖြစ်သော စပါးနှင့်ပွဲအပြီး ၄၈ နာရီအကြာတွင်...
Read More

အီတလီနည်းပြကွန်တီကို ခန့်အပ်ရန် ချဲလ်ဆီးဆွေးနွေးနေ

ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျသည် အသင်းနည်းပြရာထူးအတွက် ရေရှည်အစီအမံအဖြစ် လက်ရှိအီတလီနည်းပြကွန်တီအားခေါ်ယူရေးအတွက် ထိုနည်းပြနှင့် ယခုလအစောပိုင်းက ပြင်သစ်နိုင်ငံ မိုနာကိုတွင် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ ထိုနည်းပြမှာ ယူရို-၂၀၁၆ အပြီးတွင် အီတလီလက်ရွေးစင်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ထိုပြိုင်ပွဲအပြီးတွင် ကလပ်နည်းပြဘ၀သို့ တစ်ကျော့ပြန်ဝင်ရောက်လိုနေသူဖြစ်သည်။ ကွန်တီနှင့် အေဘရာမိုဗစ်ခ်ျတို့သည် မိုနာကိုတွင်တွေ့ဆုံခဲ့ကြပြီး ထိုတွေ့ဆုံမှုဖြစ်မြောက်စေရန် အီတလီအေးဂျင့်တစ်ဦးက ဆောင်ရွက်ပေးခဲ့ကြောင်းသိရပြီး ကွန်တီမှာ အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)တာဝန်ရှိသူများနှင့်လည်း...
Read More

ဒီရာသီ ၁၆၄ ရက်မှာ ပျမ်းမျှ ၃.၇၄ ရက်ကို ၁ ပွဲနှုန်းကစားထားတဲ့ ဘာစီလိုနာနဲ့ အာဆင်နယ်အတွက် မျှော်လင့်နိုင်တဲ့အနေအထား

မန်စီးတီး၊ လီဗာပူးနဲ့ အာဆင်နယ်တို့က ပွဲစဉ်တွေများပြားလွန်းလို့ စိုးရိမ်ကြတဲ့အကြောင်းတွေပြောနေချိန်မှာ ဥရောပဘောလုံးလောကရဲ့ပွဲကျပ်ဘုရင်ဖြစ်တဲ့ ဘာစီလိုနာကိုလည်း မေ့ထားလို့တော့ မရပါဘူး။ ခရစ္စမတ်ကာလနဲ့ နိုင်ငံတကာပွဲစဉ်ရက်သတ္တပတ်တွေမှာ ရက်အနည်းငယ်အနားရခဲ့ပေမယ့် စပိန်အင်အားကြီးကလပ်ဟာ သြဂုတ်လနှောင်းပိုင်းကစပြီး စနေ၊ တနင်္ဂနွေတိုင်း၊ ကြားရက်တိုင်းမှာ ပွဲကစားခဲ့ရပါတယ်။ အဲဒီပွဲစဉ်တွေထဲမှာ လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ ချန်ပီယံလိဂ်ပွဲတွေပါဝင်ပြီး ဒီဇင်ဘာလတုန်းကလည်း ဂျပန်မှာ ကမ္ဘာ့ကလပ်ချန်ပီယံဖလားပြိုင်ပွဲ ကစားခဲ့ရပါတယ်။ ဒါပေမဲ့ အခုလိုများပြားတဲ့ပွဲတွေနဲ့...
Read More

ဘာစီလိုနာမှပြောင်းရွှေ့ခဲ့သည့်အတွက် နောင်တမရကြောင်း အာဆင်နယ်ကစားသမားဆန်းချက်ဇ်ပြော

အင်္ဂါနေ့တွင်ကစားမည့် ဘာစီလိုနာနှင့်ပွဲစဉ်တွင် အာဆင်နယ်အတွက်ပွဲထွက်ကစားမည့် ဆန်းချက်ဇ်က ဘာစီလိုနာမှ အာဆင်နယ်သို့ပြောင်းရွှေ့ခဲ့သည့်အတွက် နောင်တမရကြောင်း ပြောဆိုသွားခဲ့သည်။ ဆန်းချက်ဇ်သည် ၂၀၁၄ ဇူလိုင်လက ဘာစီလိုနာမှ အာဆင်နယ်သို့ ပေါင် ၃၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းဟောင်းနှင့်ထိပ်တိုက်ရင်ဆိုင်ရမည်မှာ စိတ်လှုပ်ရှားစရာကောင်းကြောင်း ၀န်ခံသွားခဲ့သည်။ “ကျွန်တော့်ဆုံးဖြတ်ချက်အတွက် နောင်တမရပါဘူး။ ဘာစီလိုနာကိုစွန့်ခွာဖို့ မလွယ်ကူခဲ့ပါဘူး။ ဒါပေမဲ့ အသင်းတစ်သင်းတည်းမှာပဲ အနားယူတဲ့အထိကစားတဲ့ ကစားသမားမျိုးက...
Read More

လေဗာကူဆင်နည်းပြကြောင့် ဒေါ့မွန်နှင့်ပွဲတွင် ကွင်းလယ်ဒိုင်က ၈ မိနစ်ကြာ ပွဲရပ်နား

ယမန်နေ့ညက ကစားခဲ့သည့် လေဗာကူဆင်အား ဒေါ့မွန်က ၁-၀ ဖြင့်အနိုင်ရခဲ့သောပွဲစဉ်တွင် ကွင်းလယ်ဒိုင် ဖီးလစ်ဝါယာမှာ အနိုင်ဂိုးနှင့်ပတ်သက်ပြီး လေဗာကူဆင်နည်းပြ ရှမစ်က စောဒကတက်မှုကြောင့် ထိုပွဲအား ၈ မိနစ်ကြာ ရပ်နားခဲ့ကြောင်း သိရှိရသည်။ ထိုပွဲစဉ်တွင် ဒေါ့မွန်က အာဘူမီယန်သွင်းယူခဲ့သော အနိုင်ဂိုးမှာ ဒေါ့မွန်ကွင်းဘက်ခြမ်းတွင်ရရှိသော ပြစ်ဒဏ်ဘောမှတစ်ဆင့်ရရှိခဲ့ခြင်းဖြစ်ကာ ထိုပြစ်ဒဏ်ဘောကို အမှန်တကယ်ပြစ်ဒဏ်ကျူးလွန်ခဲ့သောနေရာမှ စတင်ကန်ခဲ့ခြင်းမဟုတ်သဖြင့် လေဗာကူဆင်နည်းပြ ရှမစ်က...
Read More

အက်ဖ်အေဖလားကွာတားဖိုင်နယ်တွင် ချဲလ်ဆီးနှင့် အဲဗာတန်ရင်ဆိုင်ရမည်

မန်စီးတီးကိုအနိုင်ယူပြီး အက်ဖ်အေဖလားနောက်တစ်ဆင့်တက်ရောက်ခဲ့သည့် ချဲလ်ဆီးသည် ပရီးမီးယားလိဂ်ပြိုင်ဘက် အဲဗာတန်နှင့် ကွာတားဖိုင်နယ်အဝေးကွင်းပွဲစဉ် ကစားရမည်ဖြစ်သည်။ ယနေ့ညတွင် ပဉ္စမအဆင့်ပွဲစဉ်ကစားမည့် မန်ယူနှင့် ရှရူးဘယ်ရီတို့မှ အနိုင်ရသည့်အသင်းမှာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ၀က်စ်ဟမ်းကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်ပြီး ချန်ပီယံရှစ်ကလပ် ရီဒင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းတွင် ဧည့်ခံရမည်ဖြစ်ကာ ၀က်ဖို့ဒ်မှာ အာဆင်နယ်-ဟူးလ်စီးတီးပွဲစဉ်မှ အနိုင်ရသောအသင်းနှင့် အဝေးကွင်းပွဲစဉ်ကစားရမည်ဖြစ်သည်။ အဆိုပါပွဲများကို လာမည့်လ ၁၁...
Read More

မန်ယူဂိုးသမားဒီဂီယာ၏ဒူးဒဏ်ရာ ပြင်းထန်မှုမရှိ

မန်ယူဂိုးသမားဒီဂီယာသည် ဒူးဒဏ်ရာကို ဓာတ်မှန်ရိုက်စစ်ဆေးခဲ့ပြီးနောက် ပြင်းထန်မှုမရှိဟူသော ရလဒ်ထွက်ပေါ်လာသဖြင့် ဒဏ်ရာပြဿနာကြုံနေရသော မန်ယူအတွက် စိတ်သက်သာရာရစေခဲ့သည်ဟု သိရှိရသည်။ အဆိုပါစပိန်ဂိုးသမားသည် မစ်ဂျေလန်းနှင့်ကစားခဲသည့် ယူရိုပါလိဂ်ပွဲစဉ်မတိုင်မီ သွေးပူလေ့ကျင့်ခန်းဆင်းရာ၌ ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး သောကြာနေ့က ဓာတ်မှန်ရိုက်စစ်ဆေးရာတွင် ဒူးဒဏ်ရာမှာပြင်းထန်မှုမရှိကြောင်း မန်ယူဆေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ ဒီဂီယာသည် ယခုဒဏ်ရာကြောင့် တနင်္လာနေ့အက်ဖ်အေပွဲစဉ်တွင် ပါဝင်ရန် မသေချာသေးသော်လည်း လာမည့်ကြာသပတေးနေ့တွင် အိမ်ကွင်း၌ကစားရမည့် မစ်ဂျေလန်းနှင့် ယူရိုပါလိဂ်ဒုတိယအကျော့ပွဲစဉ်တွင်...
Read More
error: Content is protected !!