ALL POSTS BY Nyi Min Han

ရာသီဝက်တွင် ပြည်ပကစားသမားများ အပြောင်းအလဲလုပ်မည်မဟုတ်ဟု မကွေးနည်းပြချုပ်ဆို

အောင်သော်ဖြိုး။ ဖေဖော်ဝါရီ ၂၉။ မြန်မာနေရှင်နယ်လိဂ်ကလပ် မကွေးအက်ဖ်စီမှ လက်ရှိပြည်ပကစားသမားများမှာ အသင်းနှင့် အံဝင်နေသည့်အတွက် ရာသီဝက်တွင် အပြောင်းအလဲပြုလုပ်မည်မဟုတ်ကြောင်း မကွေးနည်းပြချုပ် ဦးကြည်လွင်က ဆိုသည်။ “ဒီကစားသမားတွေက မကွေးအသင်းနဲ့ မိသားစုလိုဖြစ်နေပါပြီ။ အသင်းနည်းစနစ်နဲ့လည်း အံဝင်နေတာကြောင့် အပြောင်းအလဲလုပ်မှာမဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။ မကွေးအက်ဖ်စီသည် ၂၀၁၆ ဘောလုံးရာသီအစတွင် ရန်ကုန်၊ ဧရာဝတီစသည့်အသင်းများကို အနိုင်ရခဲ့သော်လည်း ချင်းယူနိုက်တက်နှင့်...
Read More

ရက်ခ်ျဖို့ဒ်သည် ထူးခြားသောခြေစွမ်းခြေစရှိသည့် လူငယ်တစ်ဦးဖြစ်ကြောင်း နည်းပြဗန်ဟားလ်ချီးကျူး

မန်ယူဆယ်ကျော်သက်တိုက်စစ်မှူး မားကပ်စ်ရက်ခ်ျဖို့ဒ်သည် ထူးခြားကောင်းမွန်သော ခြေစွမ်းခြေစရှိသည့် လူငယ်ကစားသမားတစ်ဦးဖြစ်ကြောင်း နည်းပြဗန်ဟားလ်က ချီးကျူးခဲ့သည်။ အသက် ၁၈ နှစ်သာရှိသေးသောရက်ခ်ျဖို့ဒ်သည် ယမန်နေ့ညက အာဆင်နယ်ကို ၃-၂ ဖြင့်အနိုင်ရခဲ့သောပွဲစဉ်တွင် မန်ယူအတွက် ၃ မိနစ်အတွင်း ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး မန်ယူအသင်းကြီးအတွက် ပွဲဦးထွက်အဖြစ်ကစားခဲ့သော မစ်ဂျေလန်းနှင့် ယူရိုပါလိဂ်ပွဲစဉ်တွင်လည်း ၂ ဂိုးသွင်းယူနိုင်ခဲ့သည်။ “လူငယ်ကစားသမားအများစုဟာ သူတို့ရဲ့ပွဲဦးထွက်မှာအကောင်းဆုံး ကစားပြကြပေမယ့်...
Read More

ဂန်းနားနဲ့ မပတ်သက်သေးတဲ့ နိုင်လိုစိတ်နဲ့ စိတ်ဓာတ်ခိုင်မာမှု

မန်ယူကွင်းမှာ အာဆင်နယ်ရဲ့အရှုံးက စိတ်ပျက်စရာပိုဖြစ်လာစေတာကတော့ ချန်ပီယံလောင်းစာရင်းထဲပါနေပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမရှိလို့ပါပဲ။ ဒီရာသီပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့အတွက် အကောင်းဆုံးအခွင့်အရေးရှိနေတယ်ဆိုတာ ဂန်းနားပရိသတ်တွေက သိနေပေမယ့် အာဆင်နယ်ကစားသမားတွေကတော့ သူတို့အခြေအနေနဲ့ပတ်သက်ပြီး လိုအပ်နေတဲ့ သဘောပေါက်နားလည်မှုမရှိပါဘူး။ ရာသီကုန်ဖို့ ၁၁ ပွဲကျန်သေးပေမယ့် လက်ရှိအခြေအနေအရ ဒီအသင်းက ချန်ပီယံဖြစ်ဖို့အရည်အသွေးပြည့်မီတဲ့အသင်းအဖြစ် စိတ်ကူးမြင်ယောင်လို့ မရသေးပါဘူး။ လက်စတာနဲ့ စပါး ၂ သင်းထဲက ဘယ်အသင်း...
Read More

ဖီဖာဥက္ကဋ္ဌအဖြစ် ယူအီးအက်ဖ်အေအထွေထွေအတွင်းရေးမှူး အင်ဖန်တီနို ရွေးကောက်ခံရ

ယူအီးအက်ဖ်အေအထွေထွေအတွင်းရေးမှူး ဂျီယန်နီအင်ဖန်တီနိုမှာ တစ်နိုင်ငံတည်းသားဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာ၏နေရာကို ဆက်ခံရမည့် ဥက္ကဋ္ဌသစ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရကြောင်း သိရှိရသည်။ အင်ဖန်တီနိုမှာ ဆန္ဒမဲပေးမှုတွင် ၁၁၅ မဲရရှိခဲ့ပြီး ဒုတိယနေရာမှ ရှိတ်ဆယ်လ်မန်ဘင်အီဘရာဟင်အယ်လ်ခါလီဖာထက် ၂၇ မဲ အသာရခဲ့ကာ မင်းသားအလီဘင်အယ်လ်ဟူစိန်က ၄ မဲ၊ ဂျရုန်းရှန်ပိန်က မဲမရရှိခဲ့ပေ။ အသက် ၄၅ နှစ်အရွယ် ရှေ့နေတစ်ဦးဖြစ်သူ အင်ဖန်တီနိုမှာ ယူအီးအက်ဖ်အေဥက္ကဋ္ဌ...
Read More

လက်စတာတိုက်စစ်မှူးဗာဒီကို အစွဲပြုပြီး ရင်သွေးနာမည်ပေးမယ့် လက်စတာပရိသတ်

လက်စတာပရိသတ်တစ်ယောက်ဟာ တိုက်စစ်မှူးဂျာမိန်းဗာဒီရဲ့နာမည်ကိုအစွဲပြုပြီး ရင်သွေးကိုနာမည်ပေးဖို့အတွက် အွန်လိုင်းမှာဆန္ဒကောက်ခံပြီးနောက် အဲဒီအစီအစဉ်အတိုင်းလုပ်ဖို့ သူ့ချစ်သူကို စည်းရုံးနိုင်ခဲ့တယ်လို့ သိရပါတယ်။ လက်စတာမြို့က အက်ရှ်လေမာရီရော့လို့အမည်ရတဲ့ ပရိသတ်ဟာ အွန်လိုင်းဆန္ဒမဲကောက်ခံမှုမှာ လက်မှတ်ပေါင်း ၅၀၀၀ ရရှိခဲ့ပြီးနောက် မွေးလာမယ့် သူ့သမီးလေးရဲ့အလယ်နာမည်ကို ဗာဒီဆိုပြီး ထည့်သွင်းကင်ပွန်းတပ်သွားမှာပါ။ သူ့အကြောင်းကို Leicester Mercury ၀က်ဘ်ဆိုက်မှာ သတင်းအဖြစ်ဖော်ပြခဲ့ပြီးနောက်မှာ ဆန္ဒမဲကောက်ခံမှုမှာ သတ်မှတ်အရေအတွက်ပြည့်သွားခဲ့တာဖြစ်ပြီး တစ်ကမ္ဘာလုံးက သူ့ကိုထောက်ခံကြတယ်လို့...
Read More

လာလီဂါဖလားရရှိရေး လက်မလျှော့သေးဟု ရီးရဲလ်နည်းပြ ဇီဒန်းဆို

ရီးရဲလ်နည်းပြ ဇီဒန်းက ယနေ့ကစားမည့် အက်သလက်တီကိုနှင့် မက်ဒရစ်ဒါဘီတွင် အရေးနိမ့်ခဲ့လျှင်လည်း လာလီဂါဖလားရရှိရေးအတွက် လက်လျှော့သွားမည်မဟုတ်ဟု ပြောကြားလိုက်သည်။ မက်ဒရစ်ဒါဘီကစားရမည့် ရီးရဲလ်တွင် ဒဏ်ရာရနေသော ဂါရတ်ဘေးလ်ပါဝင်နိုင်မည်မဟုတ်ဘဲ လက်ရှိအမှတ်ပေးဇယားရပ်တည်မှုတွင် ပွဲစဉ် ၁၃ ပွဲကျန်ချိန်၌ အဆင့် ၁ နေရာမှ ဘာစီလိုနာနှင့် ၉ မှတ်အကွာ၊ အက်သလက်တီကိုနှင့် ၁ မှတ်အကွာ အဆင့် ၃...
Read More

မက်ဆီလက်မှတ်ထိုးထားတဲ့ဂျာစီ ပိုင်ဆိုင်သွားပြီဖြစ်တဲ့ အာဖဂန်ကလေးငယ်

လီယွန်နယ်မက်ဆီရဲ့ နာမည်ကျော် ကျောနံပါတ် ၁၀ ကို အိမ်လုပ်ဂျာစီအဖြစ်ဖန်တီးဝတ်ဆင်ခဲ့တဲ့ အာဖဂန်ကလေးငယ်ဟာ အခုအချိန်မှာတော့ အာဂျင်တီးနားလက်ရွေးစင်ရဲ့ ဂျာစီအစစ်ကို အမှန်တကယ်ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ မက်ဆီရဲ့အမာခံပရိသတ်ဖြစ်တဲ့ အာဖဂန်နစ္စတန်နိုင်ငံ ဂါဇ်နီပြည်နယ်အရှေ့ပိုင်း ဂျက်ဂရီခရိုင်က အသက် ၅ နှစ်အရွယ် မာတာဇာအာမက်ဒီကို ရှာဖွေတွေ့ရှိဖို့အတွက် ဘီဘီစီကကူညီပေးခဲ့တာဖြစ်ပြီး မက်ဆီရဲ့စီမံခန့်ခွဲမှုအဖွဲ့က မာတာဇာအတွက် မက်ဆီလက်မှတ်ထိုးထားတဲ့ အာဂျင်တီးနားဂျာစီနဲ့ဘောလုံးကို ပေးပို့လိုက်ပြီလို့ ကြာသပတေးနေ့မှာ အတည်ပြုခဲ့ပါတယ်။...
Read More

မိုးလိုက်ရွာခံနေရတဲ့ဗန်ဟားလ်အတွက် ကြယ်တစ်ပွင့်မွေးဖွားခြင်း

အားကစားရဲ့အလှအပတွေထဲမှာ ဘယ်အရာမဆို ခဏတာအတွက်ပဲဖြစ်တတ်တဲ့အချက် ပါဝင်ပါတယ်။ ဆိုးရွားစုတ်ပြတ်မှုကြုံရတဲ့တစ်နေ့တာဟာ နောက်တစ်နေ့မှာ ကောင်းမွန်ချောမွေ့မှုတွေ မယုံနိုင်လောက်အောင် ကြုံတတ်တာက အားကစားလောကမှာလည်း ကြုံတွေ့နေကျအရာတစ်ခုပါ။ မန်ယူပရိသတ်တွေက နည်းပြဗန်ဟားလ်နဲ့ပတ်သက်တဲ့ အနာဂတ်အကြောင်းကို တစ်ခွန်းမှ မဖွင့်ဟချင်တော့ချိန်မှာ သူတို့အတွက် စိတ်ဖြေစရာရလိုက်တာကတော့ မားကပ်စ်ရက်ခ်ျဖို့ဒ်နဲ့ ဒီပေးတို့လို လူငယ်တွေရဲ့အနာဂတ်လမ်းကြောင်းနဲ့ပတ်သက်ပြီး ဆွေးနွေးနိုင်တဲ့အကြောင်းအရာတွေ ပေါ်ပေါက်လာမှုပါပဲ။ မန်ယူအသင်းသားတွေရဲ့ ဘောလုံးထိချက်တိုင်းမှာ ရင်ခုန်စိတ်လှုပ်ရှားခဲ့ရပေမယ့် ဆာအဲလက်စ်ဖာဂူဆန်ရဲ့ နည်းပြဘ၀ကန့်လန့်ကာချပြီးနောက်ပိုင်း...
Read More

ဆူဇူကီးပြိုင်ပွဲပူးတွဲအိမ်ရှင်အဖြစ်မှ ဖိလစ်ပိုင်နုတ်ထွက်သွား၍ မတ် ၁၂ တွင် ပူးတွဲအိမ်ရှင်အသစ်ရွေးချယ်မည်

အောင်သော်ဖြိုး ဖေဖော်ဝါရီ ၂၅။ မြန်မာနိုင်ငံနှင့်အတူ ဆူဇူကီးပြိုင်ပွဲ ပူးတွဲကျင်းပခွင့်ရရှိထားသည့် ဖိလစ်ပိုင်နိုင်ငံသည် ဘောလုံးကွင်းပြဿနာကြောင့် ပူးတွဲအိမ်ရှင်အဖြစ်မှနုတ်ထွက်ကြောင်း ဖိလစ်ပိုင်ဘောလုံးအဖွဲ့ချုပ်မှ တရားဝင်ထုတ်ပြန်ခဲ့ပြီးနောက် မတ်လ ၁၂ရက်နေ့တွင် ပူးတွဲအိမ်ရှင်သစ် ထပ်မံရွေးချယ်သွားမည်ဟု အာဆီယံဘောလုံးအဖွဲ့ချုပ် AFF က ထုတ်ပြန်သည်။ ဖိလစ်ပိုင်နိုင်ငံနုတ်ထွက်သွားပြီးနောက် စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှားတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရေး စိတ်ဝင်စားနေပြီး မည်သည့်နိုင်ငံကို ကျင်းပခွင့်ပေးမည်ကို...
Read More

Sexy ကျကျကစားရန်တိုက်တွန်းသည့် ဗန်ဟားလ်ကို ရီယိုဖာဒီနန် အရွှန်းဖောက်

မန်ယူနည်းပြ ဗန်ဟားလ်က မစ်ဂျေလန်းနှင့်ကစားမည့် ယူရိုပါလိဂ်ပွဲစဉ်တွင် အနိုင်ရရေးအတွက် ကစားသမားများကို Sexy ကျကျကစားရန်တိုက်တွန်းထားကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ ဗန်ဟားလ်က”စိတ်ဓာတ်၊ နိုင်လိုစိတ်၊ ခဏခဏသုံးဖြစ်တာကတော့ Sexy ကျကျဆိုတဲ့ စကားပါပဲ”ဟု ကစားသမားများအား မည်သို့စိတ်ဓာတ်မြှင့်တင်ပေးသည်ဆိုသောအချက်ကို ဖွင့်ဟခဲ့သည်။ သို့သော် ဗုဒ္ဓဟူးနေ့အစောပိုင်းက ပြောကြားခဲ့သည့် ထိုစကားအား မန်ယူနောက်ခံလူဟောင်း ရီယိုဖာဒီနန်က ဗန်ဟားလ်၏တိုက်ပွဲခေါ်သံမှာ ဖာဂူဆန်နှင့် လုံးဝကွဲပြားနေကြောင်း သုံးသပ်ခဲ့သည်။...
Read More
error: Content is protected !!