ALL POSTS BY Nyi Min Han

လာအိုတိုယိုတာနှင့်ပွဲမှာ AFC Cup အုပ်စုမှတက်ရန် အရေးပါဟု ဧရာဝတီနည်းပြချုပ်ဆို

Ray Kin။ မတ် ၈။ AFC Cup 2016 ဝင်ရောက်ယှဉ်ပြိုင်နေသည့် ဧရာဝတီယူနိုက်တက်သည် ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် မတ်လ ၉ ရက်နေ့ ညနေပိုင်းတွင် လာအိုတိုယိုတာနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါပွဲ အနိုင်ရမှသာ အုပ်စုအဆင့်မှတက်ရန် အခြေအနေကောင်းမည်ဟု မတ်လ ၈ရက်နေ့ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်  ဧရာဝတီယူနိုက်တက်နည်းပြချုပ် ဦးကျော်လွင်က ပြောကြားခဲ့သည်။ “ဒီပွဲမှာ တစ်ခုခု...
Read More

ယနေ့ညပွဲတွင် ရီးရဲလ်အတွက် ဂါရတ်ဘေးလ်ပြန်ကစားနိုင်မည်

ရီးရဲလ်တိုက်စစ်မှူး ဂါရတ်ဘေးလ်သည် ခြေသလုံးကြွက်သားဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် ၂ လအတွင်း ပထမဆုံးပွဲအဖြစ် ဆဲလ်တာဗီဂိုနှင့်ကစားမည့် ယနေ့ညပွဲတွင် ပြန်လည်ပါဝင်လာမည်ဖြစ်သည်။ ဘေးလ်သည် လာလီဂါ ၈ ပွဲနှင့် ချန်ပီယံလိဂ်ပွဲစဉ်များကို လွဲချော်ခဲ့ရသော်လည်း ဆဲလ်တာဗီဂိုနှင့်ပွဲလူစာရင်းတွင် ရီးရဲလ်နည်းပြ ဇီဒန်းက ထည့်သွင်းထားသည်။ ရီးရဲလ်မှာ ဂါရတ်ဘေးလ်မပါဝင်သော လာလီဂါပွဲစဉ် ၇ ပွဲတွင် ၄ ပွဲအနိုင်ရခဲ့ပြီး လာလီဂါရာသီကုန်ရန်...
Read More

ဘွန်ဒက်စ်လီဂါမှာ ရင်ခုန်စရာပိုဖြစ်လာဟု ဂွါဒီယိုလာသုံးသပ်

ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာက အမှတ်ပေးဇယားကိုဦးဆောင်နေသည့် မိမိတို့အသင်း အံ့အားသင့်ဖွယ်အရှုံးကြုံခဲ့ပြီးနောက် ပရိသတ်များတောင့်တသည့်အတိုင်း ဘွန်ဒက်စ်လီဂါဘောလုံးရာသီမှာ ပိုမိုစိတ်လှုပ်ရှားစရာဖြစ်လာသည်ဟု သုံးသပ်လိုက်သည်။ ဘိုင်ယန်မြူးနစ်မှာ ဇန်န၀ါရီ ၂၂ ရက်နေ့က အမှတ်ပေးဇယားတွင် ဒုတိယနေရာမှ ဒေါ့မွန်အား ၁၁ မှတ်ဖြတ်ထားနိုင်ခဲ့သော်လည်း ယနေ့ပွဲတွင် ဒေါ့မွန်ကို အရေးနိမ့်ခဲ့ပါက ၂ မှတ်အသာဖြင့်သာ ဦးဆောင်နိုင်တော့မည်ဖြစ်သည်။ “အားလုံးက ဘွန်ဒက်စ်လီဂါမှာ ပြိုင်ဆိုင်မှုပြင်းထန်တာ ပိုလိုချင်ကြတယ်။...
Read More

ချန်ပီယံလိဂ်ကိုပြောင်းလဲရန် ပရီးမီးယားလိဂ်ထိပ်သီး ၅ သင်း တွေ့ဆုံမှုများပြုလုပ်ခဲ့ကြောင်း ဖွင့်ဟ

ချဲလ်ဆီး၊ မန်ယူ၊ မန်စီးတီး၊ လီဗာပူးနှင့် အာဆင်နယ်စသော ပရီးမီးယားလိဂ်ထိပ်သီးအသင်းများသည် ချန်ပီယံလိဂ်ပြိုင်ပွဲအနာဂတ်နှင့် အသင်းကြီးများကိုတိုက်ရိုက်ဝင်ခွင့်ပြုစေမည့် အဆိုပြုချက်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း ဖွင့်ဟသွားခဲ့သည်။ ဥရောပအသင်းကြီးအချို့ကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင်မူလအတိုင်း အမှတ်ပေးဇယားအဆင့်သတ်မှတ်ချက်ဖြင့် ၀င်ရောက်သောအသင်းများသာမက ဘောလုံးလောက၏နာမည်ကြီးအသင်းများအား အဆင့်သတ်မှတ်ချက်ကိုမကြည့်ဘဲ ၀င်ခွင့်ပြုစေရန်အတွက် အကြံပြုချက်များရှိခဲ့သည်။ သို့သော် မန်ယူ၊ လီဗာပူးနှင့် ချဲလ်ဆီးတို့မှာ ပရီးမီးယားလိဂ်တွင် ထိပ်ဆုံး ၄ စာရင်းဝင်ရန်...
Read More

ချန်ပီယံဖြစ်လိုလျှင် ထပ်မံခြေချော်၍မရဟု ကွန်ပနီသတိပေး

မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီက မိမိတို့အသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လိုလျှင် ထပ်မံခြေချော်၍မရနိုင်တော့ကြောင်း သတိပေးပြောကြားလိုက်သည်။ မန်စီးတီးမှာ လီဗာပူးကို ဗုဒ္ဓဟူးနေ့က ၃-၀ ဖြင့် အရှုံးပေးခဲ့ရပြီးနောက် ပရီးမီးယားလိဂ် ၃ ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ရပြီး ပြိုင်ဘက် အာဆင်နယ်၊ စပါးတို့လည်း အသီးသီးရှုံးပွဲကြုံခဲ့သော်လည်း အမှတ်ပေးဇယားထိပ်မှ လက်စတာနှင့် ၁၀ မှတ်ကွာဟသွားခဲ့သည်။ “နောက်ထပ် ထပ်မှားလို့မဖြစ်တော့ဘူး။ ဒါပေမဲ့ တခြားအသင်းတွေလည်း...
Read More

အာဆင်နယ်တွင် နိုင်လိုစိတ်ပျောက်ဆုံးနေဟု ဆန်းချက်ဇ်ဆို

အာဆင်နယ်ကစားသမား အဲလက်စ်ဆန်းချက်ဇ်က မိမိတို့အသင်းသည် မန်ယူနှင့် ဆွမ်ဆီးတို့ကို ၂ ပွဲဆက် မရှုံးနိမ့်မီကတည်းက ပရီးမီးယားလိဂ်ဖလားချန်ပီယံဖြစ်ရန် ယုံကြည်ချက်ကင်းမဲ့နေခဲ့သည်ဟု ပြောကြားလိုက်သည်။ အာဆင်နယ်မှာ အိုးထရက်ဖို့ဒ်တွင် အရှုံးကြုံတွေ့ပြီးနောက် အမ်းမရိတ်စ်တွင် ဆွမ်ဆီးကို ထပ်မံဒူးထောက်ခဲ့ရသည့်အတွက် အမှတ်ပေးဇယားအဆင့် ၁ မှ လက်စတာနှင့် ၆ မှတ်ကွာဟနေသည်။ “တစ်ခါတရံမှာ ကျွန်တော်တို့ ၁-၀ နဲ့နိုင်နေတာတောင် နိုင်လိုစိတ်ပျောက်ဆုံးနေတတ်တယ်။...
Read More

အပြိုင်အဆိုင်ရှိမယ့် Ooredoo MNL-2016 ပွဲစဉ်-၉ ပွဲကြို သုံးသပ်ချက်များ

အောင်သော်ဖြိုး။ မတ် ၃။ ဇေယျာရွှေမြေ – ရန်ကုန်ယူနိုက်တက် (မုံရွာ၊ ၃နာရီ ၃ဝမိနစ်) မတ်လ ၃ ရက်နေ့ ———————————————————————————————- မြန်မာနေရှင်နယ်လိဂ် စတင်သည့်အချိန်တည်းက အပြိုင်အဆိုင်ရှိခဲ့ကြတယ် အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှုပါ။ ဇေယျာရွှေမြေအသင်း ဒီရာသီမှာ ပုံစံကောင်းတခု မရသေးပေမယ့် အိမ်ကွင်း ၄ ပွဲမှာ ၃ ပွဲသရေ ၁...
Read More

ရော်နယ်ဒို၏ညာခြေထက် မက်ဆီ၏ဘယ်ခြေကိုရွေးချယ်မည်ဟု နေမာပြောကြား

ဘာစီလိုနာတိုက်စစ်မှူးနေမာသည် မက်ဆီ၏ဘယ်ခြေထောက်နှင့် ရော်နယ်ဒို၏ညာခြေထောက်တို့အနက် မည်သူ၏ခြေထောက်ကိုရွေးချယ်မည်နည်းဟု အင်တာဗျူးတစ်ခုတွင်မေးမြန်းခံခဲ့ရချိန်၌ “ရော်နယ်ဒိုကိုမလေးစားတာမဟုတ်ပါဘူး။ ဒါပေမဲ့ မက်ဆီရဲ့ဘယ်ခြေကို ကျွန်တော်ရွေးပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ညာခြေကလည်း အရမ်းအသုံးဝင်တယ်လေ”ဟု ရယ်ရယ်မောမောဖြေကြားသွားခဲ့သည်။ ပီလီနှင့်မက်ဆီ ၂ ဦးအနက် တစ်ဦးကိုရွေးချယ်ခိုင်းချိန်တွင် နေမာက”ပီလီကစားတာကို မမြင်ဖူးပါဘူး။ ကျွန်တော့်အဖိုးက ပီလီဘယ်လိုကစားတယ်ဆိုတာ အမြဲပြောပြလေ့ရှိပါတယ်။ ကျွန်တော့်အဖိုးပြောပြသလောက်ပဲ သူ့အကြောင်းကိုကျွန်တော်သိတာပါ။ မက်ဆီနဲ့က အတူတူတွဲကစားရတဲ့အတွက် သူ့ခြေစွမ်းကိုကောင်းကောင်းသိပါတယ်။ အဲဒါကြောင့်...
Read More

အသင်းရလဒ်များနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း အာစင်ဝင်းဂါးဖွင့်ဟ

ယမန်နေ့ညက ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၃ ပွဲဆက်အရှုံးကြုံတွေ့ခဲ့သော ချန်ပီယံပြေးလမ်းပေါ်မှ အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက လတ်တလောအသင်းရလဒ်များနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။ စပါးက ၀က်စ်ဟမ်းကိုလည်းကောင်း၊ မန်စီးတီးက လီဗာပူးကိုလည်းကောင်း အသီးသီရှုံးနိမ့်ခဲ့ခြင်းကို အာဆင်နယ်အသင်းအခွင့်ကောင်းမယူနိုင်ခဲ့ဘဲ ဆွမ်ဆီးကို ၂-၁ ဖြင့်ရှုံးနိမ့်ခဲ့ကာ အမှတ်ပေးဇယားဦးဆောင်သူလက်စတာနှင့် ၆ မှတ်ကွာဟသွားခဲ့ပြီး ၀င်းဂါးက ရလဒ်ကောင်းများရအောင်ပြန်လည်စွမ်းဆောင်ရန်လိုကြောင်း ဖွင့်ဟသွားခဲ့သည်။ “အခုလတ်တလော အသင်းရလဒ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်စိုးရိမ်နေပါတယ်။...
Read More

ဟော်ရီဇွန်လက်ထောက်နည်းပြ အူဘေးနေရာတွင် တူရကီနိုင်ငံသားနည်းပြတစ်ဦး အစားထိုးမည်

အောင်သော်ဖြိုး။ မတ် ၁။ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင်အသင်းတစ်သင်းဖြစ်သည့် ဟော်ရီဇွန်အသင်း၏ လက်ထောက်နည်းပြတစ်ဦးဖြစ်သူ တူရကီနိုင်ငံသား အူဘေးနေရာတွင် တူရကီနိုင်ငံသားနည်းပြတစ်ဦးကို ရခိုင်ယူနိုက်တက်နှင့်ယှဉ်ပြိုင်မည့်  ပွဲစဉ်မတိုင်မီ အစားထိုးသွားမည်ဟု ဟော်ရီဇွန်အသင်းမန်နေဂျာ ဦးကျော်ကျော်ဦးကဆိုသည်။ “ရောက်လာမယ့်နည်းပြအကြောင်းကို သေချာမသိရသေးပါဘူး။ သူက ရခိုင်နဲ့ပွဲကစပြီး လက်ထောက်နည်းပြအဖြစ်တာဝန်ယူသွားမှာပါ”ဟု ၎င်းက ဆိုသည်။ တူရကီအခြေစိုက် ဟော်ရီဇွန်နိုင်ငံတကာကျောင်းမှတည်ထောင်ထားသည့် ဟော်ရီဇွန်ကလပ်မှာ လက်ထောက်နည်းပြဖြစ်သူ အူဘေးကို လာအိုနိုင်ငံ ဟော်ရီဇွန်နိုင်ငံတကာကျောင်းမှ...
Read More
error: Content is protected !!