ALL POSTS BY Nyi Min Han

ထိပ်ဆုံး ၄ သင်းစာရင်းဝင်ရန် အခွင့်အရေးရှိလာပြီဖြစ်ကြောင်း ဗန်ဟားလ်ဖွင့်ဟ

မန်စီးတီးကိုရှုံးနိမ့်ခဲ့ပါက ထိပ်ဆုံး ၄ သင်းနေရာသို့ရောက်ရှိရန် မဖြစ်နိုင်တော့ကြောင်းပြောကြားခဲ့သော မန်ယူနည်းပြဗန်ဟားလ်က ယမန်နေ့က မန်စီးတီးကို မားကပ်စ်ရက်ခ်ျဖို့ဒ်၏ဂိုးဖြင့် အနိုင်ရခဲ့သောကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် အခွင့်အရေးရှိလာပြီဟု ယုံကြည်ကြောင်း ဖွင့်ဟသွားခဲ့သည်။ မန်ယူသည်အမှတ်ပေးဇယားတွင် အဆင့် ၆ နေရာ၌သာရပ်တည်နေသော်လည်း အဆင့် ၄ နေရာမှ မြို့ခံပြိုင်ဘက်မန်စီးတီးနှင့် ၁ မှတ်သာကွာဟတော့သည်။ “မန်စီးတီးကို သရေ ဒါမှမဟုတ် ရှုံးခဲ့ရင်...
Read More

ဝက်စ်ဟမ်းနှင့်ပွဲတွင် ကော်စတာ၊ ဟာဇက်တို့ ချဲလ်ဆီးတွင် မပါဝင်နိုင်

ယနေ့ကစားမည့် ၀က်စ်ဟမ်းနှင့်ပွဲစဉ်တွင် ချဲလ်ဆီး၌ ဒီယေဂိုကော်စတာနှင့် အီဒင်ဟာဇက်တို့ ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရှိရသည်။ ကော်စတာမှာ အဲဗာတန်နှင့်ကစားခဲ့သည့် အက်ဖ်အေပွဲစဉ်တွင် ပြသခံခဲ့ရသော အနီကတ်ကြောင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရပြီး ဟာဇက်မှာ တင်ပါးဒဏ်ရာကြောင့် လွဲချော်ခြင်းဖြစ်သည်။ ကော်စတာနှင့်ပတ်သက်ပြီး ချဲလ်ဆီးယာယီနည်းပြဟစ်ဒင့်က”သူ့စိတ်က ပြောရရင်တော့ ကစားဖို့ စိတ်အားထက်သန်လွန်းနေတာပါ။ ပွဲပယ်ပြစ်ဒဏ်ကို သူလက်ခံပေမယ့် သိပ်တော့ စိတ်မကျေနပ်ပါဘူး”ဟု ဆိုသည်။ ချဲလ်ဆီးမှာ ဇူးမားကို...
Read More

အနားယူချိန်ပိုရခြင်းက မန်ချက်စတာဒါဘီအတွက် အကျိုးရှိမည်ဟု မန်စီးတီးနည်းပြဆို

မန်စီးတီးနည်းပြ ပယ်လီဂရီနီက မန်ချက်စတာဒါဘီအဖြစ်ကစားရမည့်ပွဲစဉ်အတွက် ပြိုင်ဘက်အသင်းထက် အနားယူချိန် ၄၈ နာရီပိုရခဲ့သည်က မန်စီးတီးအတွက် အကျိုးရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။ မန်စီးတီးမှာ အင်္ဂါနေ့က ဒိုင်နမိုကိဗ်ကို အနိုင်ယူကာ ချန်ပီယံလိဂ်နောက်တစ်ဆင့်တက်ခဲ့သော်လည်း ကြာသပတေးနေ့ညတွင်ကစားခဲ့သည့် ယူရိုပါလိဂ်ပွဲစဉ်တွင် မန်ယူမှာ လီဗာပူးကို သရေကျကာ နှစ်ကျော့ပေါင်းရလဒ်ဖြင့် ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။ ပယ်လီဂရီနီက”ကိုယ့်အသင်းက ၂၄ နာရီ၊ ၄၈ နာရီလောက် အနားယူချိန်...
Read More

အသင်းဟောင်းဘိုင်ယန်မြူးနစ်နှင့်ပွဲတွင် ဂျူဗင်တပ်တိုက်စစ်မှူးမန်ဇူကစ်ပါဝင်နိုင်ရန် မသေချာ

ဂျူဗင်တပ်တိုက်စစ်မှူး မာရီယိုမန်ဇူကစ်သည် အသင်းဟောင်းဘိုင်ယန်မြူးနစ်နှင့်ကစားမည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ပွဲထွက်ကစားနိုင်ရန် မသေချာကြောင်း သိရသည်။ ဂျူဗင်တပ်သည် ပထမအကျော့အိမ်ကွင်းပွဲစဉ်တွင် ၀-၂ ဖြင့်ရှုံးနိမ့်နေရာမှ ပွဲပြီးချိန်တွင် ၂-၂ သရေရလဒ်ထွက်ပေါ်အောင် ကစားနိုင်ခဲ့သော်လည်း ယနေ့ညကစားမည့် ဒုတိယအကျော့ပွဲစဉ်တွင် အဓိကကစားသမားများဖြစ်သော ဒိုင်ဘာလာနှင့် မာချီစီယိုတို့လည်း ပါဝင်နိုင်ခြင်းမရှိသောကြောင့် အနည်းငယ်အားလျော့ဖွယ်ရှိနေသည်။ ဘိုင်ယန်မြူးနစ်မှာ ၎င်း၏အားထားရသောကစားသမားများဖြစ်သည့် ရော်ဘင်နှင့်လီဝန်ဒေါစကီးတို့ကို...
Read More

နည်းပြများကို ၆ လစာချုပ်ဖြင့်သာ ခန့်အပ်သင့်ဟု ဘာစီလိုနာနည်းပြသုံးသပ်

ဘာစီလိုနာနည်းပြ လူးဝစ်အန်းနရစ်က နည်းပြများကို ကာလရှည်စာချုပ်များ ချုပ်ဆိုခန့်အပ်ခြင်းအား အဆုံးသတ်ကာ ၆ လစာချုပ်များဖြင့် ခန့်အပ်သင့်သည်ဟု ၎င်း၏အမြင်ကို ထုတ်ဖော်ပြောကြားခဲ့သည်။ ရိုးမားနှင့် ဆဲလ်တာဗီဂိုတို့တွင် နည်းပြတာဝန်ယူခဲ့ဖူးသူ အန်းနရစ်မှာ ၂၀၁၄ မှစ၍ တာဝန်ယူခဲ့သည့် ဘာစီလိုနာ၌ ဖလား ၅ လုံးရယူပေးထားသူဖြစ်ကာ”၆ လထက် မပိုတဲ့စာချုပ်နဲ့သာ အဲဒီအသင်းတွေမှာ တာဝန်ယူခဲ့ရရင် အခုအချိန်မှာလိုပဲ အောင်မြင်မှာပါ။...
Read More

မန်စီးတီးနောက်ခံလူ ကွန်ပနီ ဒဏ်ရာကြောင့် အနည်းဆုံး ၁ လ နားရမည်

မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီသည် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဒိုင်နမိုကိဗ်နှင့်ယှဉ်ပြိုင်သည့်ပွဲ၌ ခြေသလုံးဒဏ်ရာရရှိခဲ့သဖြင့် အနည်းဆုံး ၁ လ နားရမည်ဖြစ်ကြောင်း သိရှိရသည်။ ဘယ်လ်ဂျီယံလက်ရွေးစင် ကွန်ပနီသည် ယခုရာသီပရီးမီးယားလိဂ်တွင် ၁၃ ပွဲသာ ပွဲထွက်ကစားထားပြီး ၂၀၀၈ ခုနှစ်က မန်စီးတီးသို့ရောက်ရှိလာပြီးနောက် ခြေသလုံးဒဏ်ရာ ၁၄ ကြိမ်ရရှိထားသည်။ “ကွန်ပနီက ခြေသလုံးကြွက်သားဒဏ်ရာ ထပ်ရခဲ့ပါတယ်။ အရင်ကရခဲ့တဲ့ ဒဏ်ရာမျိုးပါပဲ။ ရာသီကျန်ပွဲစဉ်...
Read More

ချန်ပီယံပြေးလမ်းမှာအသက်ဝင်နေဆဲဖြစ်ကြောင်း လက်စတာနည်းပြရေနီယာရီပြောကြား

လက်စတာနည်းပြရေနီယာရီက ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ စပါးနှင့်လက်စတာတို့အတွက်သာမဟုတ်ဘဲ အခြားအသင်းများအတွက်လည်း အသက်ဝင်နေသေးကြောင်း ဖွင့်ဟသွားခဲ့သည်။ လက်စတာသည် ယမန်နေ့ညက နယူးကာဆယ်ကို ၁-၀ ဖြင့်အနိုင်ရပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲကျန်ချိန်တွင် အမှတ်ပေးဇယားအား ၅ မှတ်အသာဖြင့် ဦးဆောင်နေသည်။ ချန်ပီယံဖြစ်နိုင်သည့်အသင်းမှာ လက်စတာနှင့် စပါးတို့သာရှိသည်လောဟု မေးမြန်းခဲ့မှုကို ရေနီယာရီက”မဟုတ်ပါဘူး။ ချန်ပီယံပြေးလမ်းက အားလုံးအတွက် အသက်ဝင်နေပါသေးတယ်။ လက်ရှိမှာ ဥရောပပြိုင်ပွဲအဆင့်အတွက်...
Read More

အက်ဖ်အေဆီမီးဖိုင်နယ်တွင် မန်ယူ သို့မဟုတ် ၀က်စ်ဟမ်းနှင့် အဲဗာတန်ရင်ဆိုင်ရမည်

အက်ဖ်အေဖလားဆီမီးဖိုင်နယ်အဆင့်တွင် အဲဗာတန်မှာ မန်ယူ သို့မဟုတ် ၀က်စ်ဟမ်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်မှာ ၀က်ဖို့ဒ်နှင့် ကစားရမည်ဖြစ်သည်။ ထိုပွဲစဉ်များမှာ ၀င်ဘလေကွင်းတွင် ဧပြီ ၂၃-၂၄ ရက်နေ့များတွင် ကစားမည်ဖြစ်ပြီး မန်ယူမှာ အိုးထရက်ဖို့ဒ်တွင် ၀က်စ်ဟမ်းနှင့်သရေကျခဲ့သဖြင့် ကွာတားဖိုင်နယ်ပြန်ကန်ပွဲစဉ်တွင် ၀က်စ်ဟမ်းကွင်းတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ကွာတားဖိုင်နယ်ပြန်ကန်ပွဲ ကစားရမည့်ရက်ကို လာမည့်ကြာသပတေးနေ့တွင် မန်ယူနှင့် လီဗာပူးတို့ ယူရိုပါလိဂ် ၁၆...
Read More

အဲဗာတန်နှင့်ပွဲမှ အနီကတ်အတွက် ကော်စတာစွဲချက်တင်ခံရ

ချဲလ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာသည် စနေနေ့က ကစားခဲ့သော အဲဗာတန်နှင့် အက်ဖ်အေပွဲစဉ်တွင် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီးနောက် ၎င်း၏အပြုအမူအတွက် အက်ဖ်အေက စွဲချက်တင်လိုက်ကြောင်း သိရှိရသည်။ စပိန်တိုက်စစ်မှူး ကော်စတာသည် ပွဲချိန် ၈၄ မိနစ်တွင် အဲဗာတန်ကစားသမား ဂါရတ်ဘာရီနှင့် အချင်းများခဲ့ပြီး ထိုဖြစ်စဉ်တွင် ဘာရီအား ကော်စတာက ကိုက်ခဲ့သည့်ဟန်ပန်ပေါ်ခဲ့သော်လည်း ကာယကံရှင်ကစားသမား ၂ ဦးလုံးက မဟုတ်မှန်ကြောင်း ငြင်းဆန်ထားသည်။...
Read More

အက်ဖ်အေနိုင်ပွဲမှာ နည်းပြဘ၀အမြင့်ဆုံးမှတ်တမ်းဟု ၀က်ဖို့ဒ်နည်းပြဆို

ဝက်ဖို့ဒ်နည်းပြ ဆန်းချက်ဇ်ဖလိုရက်စ်က အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင် လက်ရှိချန်ပီယံအာဆင်နယ်ကို အနိုင်ရခဲ့ခြင်းမှာ ၎င်း၏နည်းပြဘ၀တွင် အမြင့်ဆုံးအခိုက်အတန့်ဖြစ်ကြောင်း ၀န်ခံပြောကြားလိုက်သည်။ ၀က်ဖို့ဒ်ကို အိမ်ကွင်းတွင် ၂-၁ ဖြင့် အရှုံးပေးခဲ့ရသော အာဆင်နယ်မှာ ၃၇ လအတွင်း ပထမဆုံး အက်ဖ်အေရှုံးပွဲကြုံတွေ့ခဲ့ရခြင်းဖြစ်ကာ ၀က်ဖို့ဒ်မှာမူ ခြေစွမ်းပြရာသီတွင် မှတ်တမ်းသစ်ထပ်မံရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။ “ဒီအချိန်၊ ဒီအသင်း၊ ဒီခရီးအတွက် အရမ်းဂုဏ်ယူတယ်။ ကျွန်တော်တို့က အခုဆိုရင်...
Read More
error: Content is protected !!